ပင်လယ်ဝက် ဆိုတဲ့အကောင်လေး အကြောင်း

Posted on

ပင်လယ်ဝက်တွေဟာ တကယ်တော့ သံပခြုပ် ၊ ကြယ်ငါး စတဲ့အကောင်တွေလိုပဲ ရေသတ္တဝါအုပ်စုထဲတွင်အပါအဝင်ဖြစ်ပါတယ်။

ပင်လယ်ဝက်များကို ကမ္ဘာအနှံ့အပြားက သမုဒ္ဒရာများတွင်တွေ့နိုင်ပါတယ်။ အချို့နေရာတွေမှာဆိုရင်တော့ ပင်လယ်ရေအောက်မှာရှိတဲ့ သတ္တဝါတွေရဲ့ ၉၅% ကျော်လောက်ဟာ ပင်လယ်ဝက်တွေဖြစ်ကြပါတယ်။

သူတို့ရဲ့ သိပ္ပံအမည်ကတော့ Scotoplanes ဖြစ်ပါတယ်။ ၎င်းသတ္တဝါတွေဟာပေါများသော်လည်း ပင်လယ်ရဲ့အအေးဆုံးနဲ့ အနက်ဆုံးအပိုင်းတွေမှာ နေထိုင်ကြတဲ့အတွက် မြင်ဖူးတဲ့သူရှားပါတယ်။

ပင်လယ်ဝက်တွေဟာ ပင်လယ်ရေအောက်သက်ရှိအဖွဲ့အစည်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ၎င်းရဲ့ခန္ဓာကိုယ်ဟာ ဥပုံသဏ္ဍာန်ဖြစ်ပြီး ပန်းနုရောင်သန်းနေပါတယ်။ ဖောင်းကြွတဲ့ခြေချောင်းလေးများလည်းရှိပါတယ်။

ပင်လယ်ဝက်များဟာ အရှည် ၄ လက်မ မှ ၆ လက်မအထိရှိနိုင်ပါတယ်။ ၎င်းတို့ဟာ ပုံမှန်အားဖြင့် ပင်လယ်ရေမျက်နှာပြင်အောက် ၃.၇ မိုင်နက်သောချောက်များတွင်နေထိုင်ကြလေ့ရှိပါတယ်။

၎င်းသတ္တဝါတွေကို ဆွီဒင် တိရစ္ဆာန်ဗေဒပညာရှင် Hjalmar Théel က ၁၈၈၂ ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ဝက်တို့ရဲ့ခေါင်းပိုင်းဟာ အာရုံခံနိုင်တဲ့အစိတ်အပိုင်းဖြစ်သော်လည်း တကယ်တော့ခြေထောက်ဖြစ်ပါတယ်။

၎င်းအစိတ်အပိုင်းများဟာ သူတို့ကိုရေထဲမှာ ရွေ့လျားနိုင်ရန်အတွက် တွန်းအားကိုပေးပါတယ်။ ဒါ့အပြင်အစာကိုလည်း၎င်းအင်္ဂါများဖြင့် အရသာခံပြီး ရှာဖွေနိုင်ပါတယ်။

ပင်လယ်ဝက်များဟာ ပင်လယ်ရေအောက်ရှိနက်ရှိုင်းသော ရွံ့မြေများပေါ်ရှိ အပင်နှင့်သတ္တဝါတို့ရဲ့ ဆွေးမြေ့ပျက်စီးရာမှထွက်ပေါ်လာသည့် အလွန်သေးငယ်သော အရာများကိုစားကြပါတယ်။ ၎င်းတို့ရဲ့ပါးစပ်တွင် စက်ကွင်းတစ်ခုရှိပြီး ရွံ့ထဲမှအစာကိုစစ်ယူရာတွင် ဇကာအဖြစ်အသုံးပြုပါတယ်။

၎င်းသတ္တဝါများဟာ ဝေလငါးကဲ့သို့သော သေပြီးပင်လယ်ရေမျက်နှာပြင်ပေါ်မှ ချက်ချင်းကျလာနိုင်တဲ့ အစာများကို စားရတာနှစ်သက်ကြပါတယ်။ ပင်လယ်ရေဝက်များကို တစ်ခါတစ်ရံတွင် အုပ်စုလိုက်တွေ့မြင်ရပါတယ်။သူတို့တွေဟာ တကယ်တော့ အစုလိုက်နေရတာကို နှစ်သက်လို့မဟုတ်ပါဘူး။ သူတို့တွေဟာ အစာအရင်းအမြစ်ပေါများတဲ့နေရာတွေမှာသာ စုရုန်းကြတာပါ။

ဒါကြောင့် ဝေလငါးအသေကောင်ဟာ ပင်လယ်ကြမ်းပြင်ပေါ်သို့ ကျလာတာနှင့် ရာနဲ့ချီတဲ့ပင်လယ်ရေဝက်တွေဟာ စားသောက်ဖို့အတွက် စုရုန်းရောက်ရှိလာမှာဖြစ်ပါတယ်။ ရာပေါင်းများစွာသောပင်လယ်ရေဝက်များဟာ စုရုန်းနေချိန်တွင် အရပ်မျက်နှာတစ်ဖက်တည်းကိုပဲအကုန်လှည့်နေတတ်ကြပါတယ်။

ဒါဟာတကယ်တော့ သူတို့ဟာကောင်းမွန်တဲ့ အစာကိုရှာဖွေတွေ့ရှိသွားပြီး အစာရှိရာသို့သွားခြင်းကြောင့်သာ ဖြစ်နိုင်ပါတယ်။ ၎င်းတို့ဟာ ခရုနှင့် အခြားအခွံမာသတ္တဝါများပေါ်တွင်ကပ်းပါးကောင်အဖြစ်နေပြီး ၎င်းသတ္တဝါများရဲ့ခန္ဓကိုယ်ကိုဖောက်ကာ အတွင်းမှာရှိတဲ့ အရာများကိုစားသုံးကြပါတယ်။ သူတို့ရဲ့သက်တမ်းကတော့ ၅နှစ်ကနေ ၁၀ နှစ်အထိ ဖြစ်ပါတယ်။