Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန်ရဲ့ နာမည်ကျော် ဟူးဗားဆည်ကြီးအကြောင်း

by Thutamm
November 17, 2020
Reading Time: 1min read
0
အမေရိကန်ရဲ့ နာမည်ကျော် ဟူးဗားဆည်ကြီးအကြောင်း
Share on FacebookShare on Twitter

ဟူးဗားဆည်(Hoover Dam)ဟာ အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်များဖြစ်ကြတဲ့ နီဗားဒါး နဲ့ အရီဇိုးနာပြည်နယ်တို့ရဲ့ နယ်နိမိတ်စည်းပေါ်မှာတည်ရှိပါတယ်။ လတ်စ်ဗီးဂတ်မြို့ရဲ့ အနောက်တောင်ပိုင်း ၂၆မိုင်အကွာက ကော်လိုရာဒိုမြစ်ရဲ့ အလွန်နက်ရှိုင်းတဲ့ချောက်နေရာမှာ တည်ရှိနေပါတယ်။ ၁၉၀၀ ခုနှစ်လောက်တည်းက ဆည်တည်ဆောက်ရန် ကော်လိုရာဒိုမြစ်ကြောင်းတလျှောက် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် လွှတ်တော်တွင်အတည်ပြုပြီး တည်ဆောက်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒီဆည်ကြီးတည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ရေကြီးရေလျှံမှုများကိုထိန်းချုပ်နိုင်ရန် ၊ ဆည်မြောင်းများကိုရေထောက်ပံ့နိုင်ရန်နှင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရန်ဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားပျက်ကပ်စိုက်တဲ့ကာလအတွင်း ၁၉၃၁ မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဆည်တည်ဆောက်တဲ့လုပ်ငန်းခွင်ကြောင့် အလုပ်လက်မဲ့ထောင်ပေါင်းများစွာကို အလုပ်ရသွားစေခဲ့ပါတယ်။

ဆည်တည်ဆောက်ရေးလုပ်သားတွေအတွက် အိမ်ယာတွေကိုတည်ဆောက်ပေးရုံသာမက ဘိုးဒါး(Boulder)ဆိုတဲ့ မြို့သစ်တစ်ခုကိုပါ တည်ထောင်ပေးခဲ့ရပါတယ်။ ဆည်တည်ဆောက်မှုကိုတော့ ကော်လိုရာဒို မြစ်ညာကနေ စတင်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ မြစ်ရဲ့လမ်းကြောင်းကိုလွှဲဖို့အတွက် အချင်း ၅၆ပေခန့်စီရှိတဲ့ ရေလွှဲလိုဏ်ခေါင်းကြီး ၄ခုကို မြစ်ရဲ့တစ်ဖက်စီမှာ ၂စီ စတင်တည်ဆောက်ခဲ့ပါတယ်။ ရေလမ်းကြောင်းပြောင်းစေဖို့အတွက် ဧရာမကျောက်တုံးကြီးတွေကို မြစ်ထဲဖို့ရင်း ၊ လျိုမြောင်ချောက်ကမ်းပါးများကို ဒိုင်းနမိုက်များဖြင့်ခွဲရင်း လိုဏ်ခေါင်းကြီးတွေရှိရာဘက်ကို စီးဆင်းစေခဲ့ပါတယ်။

အဲဒီနောက်တော့ ဆည်တည်ဆောက်မယ့်နေရာက ကျန်ရှိနေသေးတဲ့ ကော်လိုရာဒိုမြစ်ရဲ့ ရေတွေကို စက်တွေနဲ့ စုပ်ထုတ်ပစ်လိုက်ပြီးနောက် ဆည်ကြမ်းပြင်ကို ပထမဆုံးတည်ဆောက်ခဲ့ပါတယ်။ ၁၉၃၃ခုနှစ်မှာ မြစ်ကြမ်းပြင်တစ်ခုလုံးကို သတ်မှတ်ချက်နဲ့အညီ ကွန်ကရစ်လောင်းနိုင်ခဲ့တာကြောင့် ဒီဆည်ရဲ့ သက်တမ်းကို ပညာရှင်တွေက နှစ်ပေါင်း ၁၂၅နှစ်အထိ ခိုင်ခံ့စွာရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။

၎င်းဆည်ဟာကွန်ကရစ်ဖြင့်ထူထဲသောအခုံးပုံသဏ္ဍာန်တည်ဆောက်ထားပြီး အမြင့်၇၂၆ပေရှိပြီး ၁၂၄၄ပေ ရှည်ပါတယ်။ ဆည်ရဲ့ထုထည်ဟာ၂၄၈၀၀၀၀ ကုဗမီတာရှိပြီး ၁၉၄၈ ခုနှစ်အထိ ကမ္ဘာပေါ်တွင်အမြင့်ဆုံးနှင့် အားအကောင်းဆုံးဆည်တစ်ခုဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ်တွင် နိုင်ငံ၏သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် အမြင့်ဆုံးကွန်ကရစ်အခုံးဆည်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်အမေရိကခေတ်သစ်ဆောက်လုပ်ရေးအင်ဂျင်နီယာများ၏ အံံံ့သြဖွယ်ရာ ၇ ခုတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၎င်းဆည်တည်ဆောက်ခြင်းတွင် အလုပ်သမားထောင်ပေါင်းများစွာ၏ချွေးသွေးများနှင့် ရာနဲ့ချီတဲ့ အသက်များပေးခဲ့ရပါတယ်။(ဆည်တည်ဆောက်မှုလုပ်ငန်းခွင်နဲ့ ပတ်သတ်ပြီး သေဆုံးခဲ့သူအရေအတွက် ၁၁၂ယောက် ဖြစ်ပါတယ်။ တည်ဆောက်ရေးတွင်သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ကြီးမားတဲ့စိန်ခေါ်မှုများကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အလုပ်သမားများဟာ ငြီးငွေ့စရာကောင်းလောက်အောင်အသက်ရှုအလွန်ကြပ်သည့် ကာဗွန်မိုနောက်ဆိုဒ် ဥမင်များအတွင်းသို့ဝင်ရောက်လုပ်ကိုင်ရသည့်အပြင် ၊ ပေ ၈၀၀ခန့် မြင့်သော ချောက်ကမ်းနံရံများတွင် တွဲလောင်းခိုကာအလုပ်လုပ်ခဲ့ကြရပါတယ်။

ဆည်ရဲ့နံရံတွေကို စတုရန်းပေ ၅၀ခန့်အထိရှိတဲ့ ကြီးမားသော စတုရန်းပုံကွန်ကရစ်တုံးကြီးတွေနဲ့ ဆင့်ကာဆင့်ကာ တည်ဆောက်ခဲ့ပါတယ်။ ဒီကွန်ကရစ်တုံးကြီးတွေပြုလုပ်ဖို့အတွက် ဘိလပ်မြေတွေကို ကြီးမားတဲ့စည်ပိုင်းကြီးတွေနဲ့ ပုံစံခွက်ထဲကိုလောင်းထည့်ခဲ့ရပါတယ်။ စုစုပေါင်းဆည်တည်ဆောက်ရာမှာသုံးခဲ့တဲ့ ဘိလပ်မြေထုထည်ပေါင်းက သန်းပေါင်း ၈၇.၅ ကုဗပေဖြစ်ပြီး အသုံးပြုခဲ့တဲ့ အအေးခံပိုက်အရှည်စုစုပေါင်းကတော့ ၅၈၂မိုင် ဖြစ်ပါတယ်။ ၁၉၃၅ခုနှစ်မှာတော့ အမြင့်ပေ ၇၂၆ပေမြင့်တဲ့ ရေထိန်းနံရံကြီးကိုတည်ဆောက်ပြီးစီးခဲ့ပြီး ရေလွှဲလိုဏ်ခေါင်းတွေကို ပိတ်ပစ်လိုက်ပြီး ရေတွေကို ကော်လိုရာဒိုမြစ်ထဲကို ပြန်လည်စီးဆင်းစေခဲ့ပါတယ်။

ဒီဆည်ကို ၁၉၃၃ခုနှစ်အထိ Boulder ဆည်ဟုလူသိများခဲ့ပြီး ၁၉၄၇ ခုနှစ်တွင်မှ သမ္မတဟားဗတ်ဟူးဗားအားဂုဏ်ပြုတဲ့အနေနဲ့ ဟူးဗားဆည်ဟု ပြန်လည်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော်ရေကန်တစ်ခုဖြစ်တဲ့ Mead ရေကန်ဟာ ဟူးဗားဆည်ရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ ဒီရေကန်ဟာ ၁၁၄မိုင်ကျယ်ပြီး ကမ္ဘာပေါ်ရှိ ဖန်တီးထားသောရေကန်များထဲက အကြီးဆုံးလူလုပ် ရေကန်တစ်ကန် ဖြစ်ပါတယ်။ နှစ်စဉ်လာရောက်ရောက်လည်ပတ်သူ ၁၀ သန်းခန့်ရှိပြီး လူကြိုက်များသောအပန်းဖြေနေရာတစ်ခုဖြစ်ပါတယ်။

ဒီဆည်ကြီးကို ကုမ္ပဏီတစ်ခုတည်းက တည်ဆောက်ထားခြင်းမဟုတ်ပဲ ဆောက်လုပ်ရေးကုမ္ပဏီကြီး ၆ခု ပူးပေါင်းတည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဆည်တည်ဆောက်မှုအတွက် ကုန်ကျစရိတ်က ၁၉၃၁ခုနှစ် ငွေကြေးတန်ဖိုးနဲ့ ဆိုရင် အမေရိကန်ဒေါ်လာ ၄၉ သန်းဖြစ်ပြီး ၂၀၁၈ခုနှစ်ငွေကြေးတန်ဖိုးနဲ့ တွက်ရင်တော့ ဒေါ်လာ၆၆၄သန်း အထိကုန်ကျခဲ့တာ ဖြစ်ပါတယ်။

ဆည်၏အပေါ်ဘက်တွင် သံကူကွန်ကရစ်ရေသွင်းရေထုတ်မျှော်စင် ၄ ခုတည်ဆောက်ထားပြီး penstocks လို့ခေါ်တဲ့ ကြီးမားသောသံမဏိပိုက်များဖြင့် ဆည်ထဲမှရေကိုလွှဲပြောင်းပေးပါတယ်။ ရေများဟာ၎င်းပိုက်ကိုဖြတ်ပြီး ပေ ၅၀၀ခန့် စီးဆင်းပြီးနောက် ဆည်ရဲ့အောက်ခြေရှိ ရေအားလျှပ်စစ်စက်ရုံသို့ရောက်ရှိပါတယ်။ ထို့နောက် ဒလက် ၁၇ ခုအားလည်စေပြီး ဗို့အား ၂၀၈၀ မီဂါဝပ်ရှိသောလျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ပေးပါတယ်။ ဒီလျှပ်စစ်ဓာတ်အားဟာ ပြည်နယ် ၃ခုက လူနေအိမ်ပေါင်း ၁.၃သန်းခန့်ကို လျှပ်စစ်ဓာတ်ရရှိ လုံလောက်စေခဲ့ပါတယ်။

ဟူးဗားဆည်ဟာ အဓိကကျတဲ့ရှုခင်းများကြည့်နိုင်တဲ့နေရာဖြစ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ ၇ သန်းခန့်ရှိပါတယ်။ အချိန်ကြာမြင့်စွာစီစဉ်ထားသော Hoover Dam Bypass(Mike O’Callaghan–Pat Tillman Memorial Bridge)  စီမံကိန်းအား၂၀၀၅ ခုနှစ်ဇန်နဝါရီလတွင်စတင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ၁၀၆၀ပေ ရှည်သော ကွန်ကရစ်တံတားအကွေးကိုတည်ဆောက်ပြီးစီးခဲ့ပြီး  မြောက်အမေရိကမှာရှိတဲ့ အဲဒီအမျိုးအစားတံတားတွေအနက် အရှည်ဆုံးတံတားဖြစ်ခဲ့ပါတယ်။

ဒီဆည်ဟာဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျာမန်ဗုံးကြံစည်မှုများ၏ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဂျာမန်သူလျိုများက တောင်ပိုင်းကယ်လီဖိုးနီးယားရှိ လေယာဉ်စက်ရုံးများလျှပ်စစ်ဓာတ်အားပြတ်တောက်စေရန်ရည်ရွယ်ပြီး ဆည်၏ ရေသွင်းရေထုတ်မျှော်စင်များကိုဖျက်စီးရန်ကြံစည်မှုအား အမေရိကန်အရာရှိများက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဟူးဗားဆည်ဟာ မြို့ပြစက်မှုလုပ်ငန်းများကို ၎င်း၏သဘာဝအရင်းအမြစ်များနှင့် တွဲဖက်လုပ်ကိုင်ရသည့် ခေတ်တစ်ခေတ်၏သင်္ကေတတစ်ခုဖြစ်ပါတယ်။

VIDEO

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!