Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာမည်ကျော် ချန်ဘောဒ်ရဲတိုက်ကြီး

by Thutamm
October 22, 2020
Reading Time: 3min read
0
နာမည်ကျော် ချန်ဘောဒ်ရဲတိုက်ကြီး
Share on FacebookShare on Twitter

Chateau de Chambord ဆိုတာကတော့ပြင်သစ်နိုင်ငံ၊ Loir-et-Cher က Chambord ဒေသမှာတည်ရှိနေတဲ့ရဲတိုက်ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင်ရဲတိုက်အဆောက်အအုံတွေအနက်က တစ်ခုအဖြစ်ရှိနေပြီး အထူးသဖြင့် ပြင်သစ် ဉာဏ်သစ်အရေးတော်ပုံခေတ် ဗိသုကာလက်ရာအတိုင်းတည်ဆောက်ခဲ့တဲ့ တည်ဆောက်ပုံဒီဇိုင်းတွေအရနာမည်ကျော်ကြားခဲ့ကာ အလယ်ခေတ်ကာလ ပြင်သစ်ပြည်ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပါတယ်။

Chateau de Chambord ရဲတိုက်ဟာဆိုရင် မြစ်နဲ့ တောရိုင်းတိရစ္ဆာန်တွေနေထိုင်ဲ့ သစ်တောရိုင်းနယ်မြေတစ်ခုရဲ့ အကြားဒေသမှာတည်ရှိနေပါတယ်။ ရဲတိုက်ကို တော့ (၁၅၁၉)ခုနှစ်က ပြင်သစ်ဘုရင် ပထမဖရန့်စစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး (၁၅၄၇)ခုနှစ်ရောက်မှသာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ (၁၆)ရာစုနှစ်ရဲ့ အစောပိုင်းကာလက တည်ဆောက်ခဲ့တာဖြစ်ပြီး ပြင်သစ်ဘုရင်ရဲ့ဖိတ်ကြားမှုနဲ့ ရဲတိုက်ဝန်းကျင်မှာရှိတဲ့ Clos Luce ရဲတိုက်ကိုလာရောက်ခဲ့တဲ့ ကမ္ဘာကျော်စွယ်စုံရပညာရှင်ကြီးလီယိုနာဒိုဒါဗင်ချီရဲ့ လက်ရာတွေကိုလည်း ဒီရဲတိုက်ကြီးရဲ့အတွင်းပိုင်းမှာထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

သမိုင်းဆိုင်ရာအချက်အလက်တွေအရတော့ Chateau de Chambord ရဲ့မူရင်းတည်ဆောက်သူပညာရှင်ဟာ အီတလီ ဗိသုကာပညာရှင် Domenico de Cortona ဖြစ်တယ်လို့သိရပြီး စတင်တည်ဆောက်ချိန်က အခန်းပေါင်း(၄၄၀)၊ လှေကား (၈၄)ခု၊ မီးလင်းဖို(၃၆၅)နဲ့ ကျောက်ဆစ်ရုပ်တုတိုင်လုံး (၈၀၀)လောက်ကို ထည့်သွင်းတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။

ရဲတိုက်ကြီးရဲ့သိသာထင်ရှားစေတဲ့အစိတ်အပိုင်းတစ်ခုကိုပြပါဆိုရင်တော့ အဆောက်အအုံရဲ့အထူးပြင်ဆင်ထားတဲ့အမိုးတွေဖြစ်ပါတယ်။ ဗိသုကာပညာပိုင်းအရ အလွန်တန်ဖိုးမြင့်မားတဲ့အစိတ်အပိုင်းတွေဖြစ်ပြီး ဘယ်ဘက်ကနေ ညာအထိ အချိုးညီညီတည်ဆောက်ထားရှိပါတယ်။ ဒီနေရာမှာ များစွာသောမျှော်စင်၊ အလင်းပေါက်တွေနဲ့ အထူးထူးသောအနုစိတ်လက်ရာတွေနဲ့စီခြယ်ထားတဲ့ အမိုးခေါင်းဗိသုကာဒီဇိုင်းတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ ရဲတိုက်ရဲ့နှစ်ဆင့်ကျောက်ဆစ်လှေကားတွေဟာ ဆိုရင်လည်းခရုပတ်ပုံအတိုင်း အမြင့်ဆုံးထပ်အထိကိုဆက်သွယ်ထားတာဖြစ်ပြီး ပညာရှင်အချို့ကတော့ ဒါဟာ ဗင်းနစ်မြို့သားပညာရှင်လီယိုနာဒိုဒါဗင်ချီရဲ့အကြံပြုချက်လက်ရာဒီဇိုင်းဖြစ်တယ် လို့ယုံကြည်ကြပါတယ်။

Chateau de Chambord ရဲ့ ပထမဆုံးသောအထပ်မှာတော့ ပြင်သစ်ဘုရင် ဖရန်စစ်ရဲ့အိပ်ခန်း၊ဧည့်ခန်းမဆောင်၊မျက်နာကျက်အခုံးတွေပါဝင်နေတဲ့ သီးသန့်ဘုရားဝတ်ပြုရာ အခန်းတွေတည်ရှိနေပါတယ်။ ပြင်သစ်ဘုရင်တစ်ပါးဖြစ်တဲ့ လူးဝီ(၁၃)ဘုရင်လက် ထက်မှာဆိုရင်လည်း ချန်ဘောဒ် ရဲတိုက်ကို အသစ်ပြန်လည်ပြုပြင်မှုတွေ တိုးချဲ့မှုတွေပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့လူးဝီဘုရင်ဟာ Chateau de Chambord ကို စွန့်ခွာသွားခဲ့ပြီး ဗာဆိုင်းနန်းတော်ကို တည်ဆောက်ခဲ့ပါတယ်။

State Apartment ကိုတော့ လူဝီ(၁၃)အုပ်စိုးနေစဉ်ကာလအတွင်း ဖန်တီးတည်ဆောက်ခဲ့ပြီး (၁၈)ရာစုကာလအတွင်းက ပြင်သစ်ပြည်ရဲ့နာမည်ကျော် Marechal de Saxe ပရိဘောဂလက်ရာတွေနဲ့ မွမ်းမံအလှဆင်ထားပါတယ်။ အဲဒီခန်းမဆောင်မှာဆိုရင် လူးဝီ(၁၃)ရဲ့ အိပ်ခန်းဆောင်တည်ရှိပါတယ်။ ဘုရင်ရဲ့logis (နန်းဆောင်ခန်းများ) တွေမှာဆိုရင်ဝတ်ပြုဆုတောင်းရာနေရာများစွာ တွဲလျက်တည်ရှိလို့နေပြီးအများစုကတော့ ရဲတိုက်ကြီးရဲ့အနောက်ဘက်က ပင်မဆောင်ကနေခွဲထုတ်ထားတဲ့အဆောင်ခန်းတွေဖြစ်ကြပါတယ်။

အဲဒီ Chapel လို့သိကြတဲ့ ဝတ်ပြုဆုတောင်းရာနေရာတွေကိုတော့ လူးဝီ(၁၃)ရဲ့ကြီးကြပ်မှုနဲ့ (၁၅၄၅) ကနေ (၁၅၅၀)ခုနှစ်အကြားတည်ဆောက်ခဲ့ကြတာ လည်းဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့နန်းဆောင်ကတော့ ဘုရင်ရဲ့အိပ်ခန်းဆောင်တွေ ကနေ အတော်ကိုခပ်လှမ်းလှမ်းမှာတည်ရှိပါတယ်။ ချန်ဘောဒ်ရဲတိုက် ရဲ့အဓိက ဗိသုကာရပ်ဆိုင်ရာ အထင်ကရနေရာတစ်ခုကတော့ The Roof Terrace ဖြစ်ပြီး lanterns ၊ gables ၊ dormer ပြတင်းပုံစံတွေဖြစ်ကာ တိုင် အရေအတွက်ပေါင်း (၈၀၀)နဲ့ မီးခိုးခေါင်းတိုင် (၃၆၅)ခု၊ ခေါင်ချွန်းနဲ့(အမိုးပေါ်ရှိ)အထွတ် ပေါင်းများစွာပါဝင်နေတဲ့အပိုင်းကြီးဖြစ်ပါတယ်။ အများအားဖြင့်တော့ အနုပညာမြောက်စွာထွင်းထု ထားတဲ့ ဗိသုကာလက်ရာတွေဖြစ်ပါတယ်။ လူးဝီ(၁၃)ဟာ မြင်းစီးရတာကိုနှစ်ခြိုက်သူပီပီ ရဲတိုက်နယ်မြေ အတွင်းမှာ မြင်းကောင်ရေ ၁၂၀၀ ခန့်အထိ ထားရှိနိုင်တဲ့ မြင်းစောင်းကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။

ရဲတိုက်ကြီးဟာဆိုရင် မြေဧရိယာ(၁၃၅၉၀) အကျယ်အဝန်းရှိတဲ့ ဥယျာဉ်အတွင်းမှာ တည်ရှိနေတာပါ။ ဒီရဲတိုက်ကြီးကိုမူလ တည်ဆောက်သူ ပြင်သစ်ဘုရင် ပထမဖရန်စစ်ရဲ့ ပထမရည်ရွယ်ချက်ကတော့ အမဲလိုက်စခန်း တစ်ခုအဖြစ်နဲ့သာဖြစ်ပါတယ်။ အမှန်လည်းသူရဲ့ဘဝတလျှောက်လုံးမှာ ချန်ဘောဒ်ရဲတိုက်မှ ာလာရောက်နေထိုင်ခဲ့တဲ့ကာလက ညပေါင်း(၇၂)ရက်သာရှိခဲ့ပါတယ်။ သူရဲ့နောင်တော် Gaston d’Orleans ကသာ ယင်းရဲတိုက်အတွင်း ၁၇နှစ်ကြာ နေထိုင် သွားခဲ့ပါတယ်။

(၁၈၂၁)ခုနှစ်မှာတော့ ဘော်ဒိုးမြို့စား Comte de Chambord ပိုင်ဆိုင်ခဲ့ ခြင်းနဲ့အတူ Chateau de Chambord ရဲတိုက်ဆိုတဲ့အမည်ကိုရရှိခဲ့လာခဲ့ပြီး (၁၉၃၀) ရောက်ချိန်မှသာ နောက်အမွေဆက်ခံသူတွေလက်ကနေပြင် သစ်အစိုးရကပြန်လည်ဝယ်ယူခဲ့ရပါတယ်။ (၁၈၇၀)ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပြင်သစ်-ပရပ်ရှား စစ်ပွဲကာလအတွင်းမှာတော့ ဒီရဲတိုက်ကြီးကို ယာယီဆေးရုံအဖြစ် အသုံးပြုခြင်းခံခဲ့ရပါတယ်။ (၁၉၄၄)ခုနှစ်ကာလကတော့ အမေရိကန် စစ်လေယာဉ်တစ်စီးဟာရဲတိုက်ကိုဝင်တိုက်ခဲ့လုနီးပါးဖြစ်သွားခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တဲ့အပြင် (၁၉၄၅)ခုနှစ်ရောက်ချိန်မှာလည်း မီးလောင်ကျွမ်းမှု(၂)ကြိမ်အထိကို ကြုံတွေ့ခဲ့ရပါတယ်။

စစ်အတွင်းပြင်သစ်ပြည်ရဲ့နာမည်ကျော် ပြတိုက်တွေဖြစ်တဲ့ Louvre နဲ့ Chateau de Compiegne ပြတိုက်တွေဆီက အနုပညာ လက်ရာပစ္စည်းအတော်များများဟာဆိုရင်လည်း လုံခြုံတဲ့ Chateau de Chambord ရဲတိုက် အတွင်းရွေပြောင်းထားရှိခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်၊ (၁၉၅၀)ကနေ (၁၉၇၅)ခုနှစ် အကြားမှာတော့ ရဲတိုက်အဆောက်အအုံကို အကြီးစား ပြန်လည်မွမ်းမံမှုများစွာပြုလုပ်ခဲ့ရကာ (၁၉၈၁)ခုနှစ်မှတော့ ယူနက်စကိုရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကမ္ဘာအမွေအနှစ်နေရာတစ်ခုအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်။

(၁၉၉၁)ခုနှစ်က ဒစ္စနေးရုပ်ရှင် ရဲ့ The Beauty and the Beast ဇာတ်ကားမှာဆိုရင်လည်း ချန်ဘောဒ်ရဲတိုက်ကြီးရဲ့ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ချန်ဘောဒ်ရဲတိုက်တည်ရှိရာနေရာဟာ ပြင်သစ်ပြည်ရဲ့အထင်ကရ ကမ္ဘာလှည့်ခရီးသွားလာရောက်လည်ပတ်ရာနေရာတစ်ခုအဖြစ်သာမက ငြိမ်းချမ်းတဲ့ သဘာဝတောရိုင်းနယ်မြေတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ လူအများလာရောက်လေ့လာစရာနယ်မြေဖြစ်လာခဲ့တဲ့ ဒီရဲတိုက်ကြီးရှိရာကို (၂၀၀၇)ခုနှစ်အတွင်းကဆိုရင် လာရောက်လည်ပတ်သူ (၇)သိန်းခန့် ရှိခဲ့ပါတယ် ။

——- — ——-

(Zawgyi)

နာမည္ေက်ာ္ ခ်န္ေဘာဒ္ရဲတုိက္ႀကီး

Chateau de Chambord ဆိုတာကေတာ့ျပင္သစ္နိုင္ငံ၊ Loir-et-Cher က Chambord ေဒသမွာတည္ရွိေနတဲ့ရဲတိုက္ၾကီးတစ္ခုျဖစ္ပါတယ္။ ကမာၻေပၚက ထင္ရွားေက်ာ္ၾကားတဲ့ သမိုင္းဝင္ရဲတိုက္အေဆာက္အအံုေတြအနက္က တစ္ခုအျဖစ္ရွိေနျပီး အထူးသျဖင့္ ျပင္သစ္ ဥာဏ္သစ္အေရးေတာ္ပုံေခတ္ ဗိသုကာလက္ရာအတိုင္းတည္ေဆာက္ခဲ့တဲ့ တည္ေဆာက္ပံုဒီဇိုင္းေတြအရနာမည္ေက်ာ္ၾကားခဲ့ကာ အလယ္ေခတ္ကာလ ျပင္သစ္ျပည္ရဲ့ကိုယ္ပိုင္ယဥ္ေက်းမႈအေမြအနွစ္အျဖစ္ သတ္မွတ္ျခင္းကို ခံထားရပါတယ္။

Chateau de Chambord ရဲတိုက္ဟာဆိုရင္ ျမစ္နဲ႔ ေတာရုိင္းတိရစာၦန္ေတြေနထုိင္ဲ့ သစ္ေတာရိုင္းနယ္ေျမတစ္ခုရဲ့ အၾကားေဒသမွာတည္ရွိေနပါတယ္။ ရဲတိုက္ကို ေတာ့ (၁၅၁၉)ခုနွစ္က ျပင္သစ္ဘုရင္ ပထမဖရန္႔စစ္က စတင္တည္ေဆာက္ခဲ့တာျဖစ္ျပီး (၁၅၄၇)ခုနွစ္ေရာက္မွသာ တည္ေဆာက္ျပီးစီးခဲ့တာျဖစ္ပါတယ္။ (၁၆)ရာစုနွစ္ရဲ့ အေစာပိုင္းကာလက တည္ေဆာက္ခဲ့တာျဖစ္ျပီး ျပင္သစ္ဘုရင္ရဲ့ဖိတ္ၾကားမႈနဲ႔ ရဲတိုက္ဝန္းက်င္မွာရွိတဲ့ Clos Luce ရဲတုိက္ကိုလာေရာက္ခဲ့တဲ့ ကမာၻေက်ာ္စြယ္စံုရပညာရွင္ၾကီးလီယိုနာဒိုဒါဗင္ခ်ီရဲ့ လက္ရာေတြကိုလည္း ဒီရဲတုိက္ႀကီးရဲ့အတြင္းပိုင္းမွာထည့္သြင္းခဲ့တယ္လို႔ သိရပါတယ္။

သမိုင္းဆိုင္ရာအခ်က္အလက္ေတြအရေတာ့ Chateau de Chambord ရဲ့မူရင္းတည္ေဆာက္သူပညာရွင္ဟာ အီတလီ ဗိသုကာပညာရွင္ Domenico de Cortona ျဖစ္တယ္လို႔သိရျပီး စတင္တည္ေဆာက္ခ်ိန္က အခန္းေပါင္း(၄၄၀)၊ ေလွကား (၈၄)ခု၊ မီးလင္းဖို(၃၆၅)နဲ႔ ေက်ာက္ဆစ္ရုပ္တုတုိင္လုံး (၈၀၀)ေလာက္ကို ထည့္သြင္းတည္ေဆာက္ခဲ့တာလည္းျဖစ္ပါတယ္။

ရဲတိုက္ႀကီးရဲ့သိသာထင္ရွားေစတဲ့အစိတ္အပိုင္းတစ္ခုကိုျပပါဆိုရင္ေတာ့ အေဆာက္အအံုရဲ့အထူးျပင္ဆင္ထားတဲ့အမိုးေတြျဖစ္ပါတယ္။ ဗိသုကာပညာပိုင္းအရ အလြန္တန္ဖိုးျမင့္မားတဲ့အစိတ္အပိုင္းေတြျဖစ္ျပီး ဘယ္ဘက္ကေန ညာအထိ အခ်ိဳးညီညီတည္ေဆာက္ထားရွိပါတယ္။ ဒီေနရာမွာ မ်ားစြာေသာေမ်ွာ္စင္၊ အလင္းေပါက္ေတြနဲ႔ အထူးထူးေသာအနုစိတ္လက္ရာေတြနဲ႔စီျခယ္ထားတဲ့ အမိုးေခါင္းဗိသုကာဒီဇိုင္းေတြကိုလည္း ျမင္ေတြ႔နိုင္ပါတယ္။ ရဲတိုက္ရဲ့နွစ္ဆင့္ေက်ာက္ဆစ္ေလွကားေတြဟာ ဆိုရင္လည္းခရုပတ္ပံုအတိုင္း အျမင့္ဆံုးထပ္အထိကိုဆက္သြယ္ထားတာျဖစ္ျပီး ပညာရွင္အခ်ိဳ႕ကေတာ့ ဒါဟာ ဗင္းနစ္ျမိဳ႕သားပညာရွင္လီယိုနာဒိုဒါဗင္ခ်ီရဲ့အၾကံျပဳခ်က္လက္ရာဒီဇိုင္းျဖစ္တယ္ လို႔ယံုၾကည္ၾကပါတယ္။

Chateau de Chambord ရဲ့ ပထမဆံုးေသာအထပ္မွာေတာ့ ျပင္သစ္ဘုရင္ ဖရန္စစ္ရဲ့အိပ္ခန္း၊ဧည့္ခန္းမေဆာင္၊မ်က္နာက်က္အခံုးေတြပါဝင္ေနတဲ့ သီးသန္႔ဘုရားဝတ္ျပဳရာ အခန္းေတြတည္ရိွေနပါတယ္။ ျပင္သစ္ဘုရင္တစ္ပါးျဖစ္တဲ့ လူးဝီ(၁၃)ဘုရင္လက္ ထက္မွာဆိုရင္လည္း ခ်န္ေဘာဒ္ ရဲတိုက္ကို အသစ္ျပန္လည္ျပဳျပင္မႈေတြ တိုးခ်ဲ႔မႈေတြျပဳလုပ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့လူးဝီဘုရင္ဟာ Chateau de Chambord ကို စြန္႔ခြာသြားခဲ့ျပီး ဗာဆုိင္းနန္းေတာ္ကို တည္ေဆာက္ခဲ့ပါတယ္။

State Apartment ကိုေတာ့ လူဝီ(၁၃)အုပ္စိုးေနစဥ္ကာလအတြင္း ဖန္တီးတည္ေဆာက္ခဲ့ျပီး (၁၈)ရာစုကာလအတြင္းက ျပင္သစ္ျပည္ရဲ့နာမည္ေက်ာ္ Marechal de Saxe ပရိေဘာဂလက္ရာေတြနဲ႔ မြမ္းမံအလွဆင္ထားပါတယ္။ အဲဒီခန္းမေဆာင္မွာဆိုရင္ လူးဝီ(၁၃)ရဲ့ အိပ္ခန္းေဆာင္တည္ရွိပါတယ္။ ဘုရင္ရဲ့logis (နန္းေဆာင္ခန္းမ်ား) ေတြမွာဆိုရင္ဝတ္ျပဳဆုေတာင္းရာေနရာမ်ားစြာ တြဲလ်က္တည္ရွိလို႔ေနျပီးအမ်ားစုကေတာ့ ရဲတုိက္ႀကီးရဲ့အေနာက္ဘက္က ပင္မေဆာင္ကေနခြဲထုတ္ထားတဲ့အေဆာင္ခန္းေတြျဖစ္ၾကပါတယ္။

အဲဒီ Chapel လို႔သိၾကတဲ့ ဝတ္ျပဳဆုေတာင္းရာေနရာေတြကိုေတာ့ လူးဝီ(၁၃)ရဲ့ၾကီးၾကပ္မႈနဲ႔ (၁၅၄၅) ကေန (၁၅၅၀)ခုနွစ္အၾကားတည္ေဆာက္ခဲ့ၾကတာ လည္းျဖစ္ပါတယ္။ မိဖုရားေခါင္ၾကီးရဲ့နန္းေဆာင္ကေတာ့ ဘုရင္ရဲ့အိပ္ခန္းေဆာင္ေတြ ကေန အေတာ္ကိုခပ္လွမ္းလွမ္းမွာတည္ရွိပါတယ္။ ခ်န္ေဘာဒ္ရဲတုိက္ ရဲ့အဓိက ဗိသုကာရပ္ဆိုင္ရာ အထင္ကရေနရာတစ္ခုကေတာ့ The Roof Terrace ျဖစ္ျပီး lanterns ၊ gables ၊ dormer ျပတင္းပံုစံေတြျဖစ္ကာ တိုင္ အေရအတြက္ေပါင္း (၈၀၀)နဲ႔ မီးခိုးေခါင္းတိုင္ (၃၆၅)ခု၊ ေခါင္ခၽြန္းနဲ႔(အမိုးေပၚရွိ)အထြတ္ ေပါင္းမ်ားစြာပါဝင္ေနတဲ့အပိုင္းၾကီးျဖစ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ အႏုပညာေျမာက္စြာထြင္းထု ထားတဲ့ ဗိသုကာလက္ရာေတြျဖစ္ပါတယ္။ လူး၀ီ(၁၃)ဟာ ျမင္းစီးရတာကိုနွစ္ျခိဳက္သူပီပီ ရဲတုိက္နယ္ေျမ အတြင္းမွာ ျမင္းေကာင္ေရ ၁၂၀၀ ခန္႔အထိ ထားရွိႏုိင္တဲ့ ျမင္းေစာင္းကိုလည္း ထည့္သြင္းတည္ေဆာက္ခဲ့ပါတယ္။

ရဲတိုက္ၾကီးဟာဆိုရင္ ေျမဧရိယာ(၁၃၅၉၀) အက်ယ္အဝန္းရွိတဲ့ ဥယ်ာဥ္အတြင္းမွာ တည္ရွိေနတာပါ။ ဒီရဲတုိက္ႀကီးကိုမူလ တည္ေဆာက္သူ ျပင္သစ္ဘုရင္ ပထမဖရန္စစ္ရဲ့ ပထမရည္ရြယ္ခ်က္ကေတာ့ အမဲလိုက္စခန္း တစ္ခုအျဖစ္နဲ႔သာျဖစ္ပါတယ္။ အမွန္လည္းသူရဲ႕ဘဝတေလ်ွာက္လံုးမွာ ခ်န္ေဘာဒ္ရဲတုိက္မွ ာလာေရာက္ေနထိုင္ခဲ့တဲ့ကာလက ညေပါင္း(၇၂)ရက္သာရွိခဲ့ပါတယ္။ သူရဲ့ေနာင္ေတာ္ Gaston d’Orleans ကသာ ယင္းရဲတိုက္အတြင္း ၁၇ႏွစ္ၾကာ ေနထိုင္ သြားခဲ့ပါတယ္။

(၁၈၂၁)ခုနွစ္မွာေတာ့ ေဘာ္ဒိုးျမိဳ႕စား Comte de Chambord ပိုင္ဆိုင္ခဲ့ ျခင္းနဲ႔အတူ Chateau de Chambord ရဲတိုက္ဆိုတဲ့အမည္ကိုရရွိခဲ့လာခဲ့ျပီး (၁၉၃၀) ေရာက္ခ်ိန္မွသာ ေနာက္အေမြဆက္ခံသူေတြလက္ကေနျပင္ သစ္အစိုးရကျပန္လည္ဝယ္ယူခဲ့ရပါတယ္။ (၁၈၇၀)ခုနွစ္မွာျဖစ္ပြားခဲ့တဲ့ျပင္သစ္-ပရပ္ရွား စစ္ပြဲကာလအတြင္းမွာေတာ့ ဒီရဲတိုက္ႀကီးကို ယာယီေဆးရံုအျဖစ္ အသံုးျပဳျခင္းခံခဲ့ရပါတယ္။ (၁၉၄၄)ခုနွစ္ကာလကေတာ့ အေမရိကန္ စစ္ေလယာဥ္တစ္စီးဟာရဲတိုက္ကိုဝင္တိုက္ခဲ့လုနီးပါးျဖစ္သြားခဲ့တဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့တဲ့အျပင္ (၁၉၄၅)ခုနွစ္ေရာက္ခ်ိန္မွာလည္း မီးေလာင္ကြ်မ္းမႈ(၂)ၾကိမ္အထိကို ႀကံဳေတြ႔ခဲ့ရပါတယ္။

စစ္အတြင္းျပင္သစ္ျပည္ရဲ့နာမည္ေက်ာ္ ျပတိုက္ေတြျဖစ္တဲ့ Louvre နဲ႔ Chateau de Compiegne ျပတိုက္ေတြဆီက အနုပညာ လက္ရာပစၥည္းအေတာ္မ်ားမ်ားဟာဆိုရင္လည္း လုံၿခဳံတဲ့ Chateau de Chambord ရဲတိုက္ အတြင္းေရြေျပာင္းထားရွိခဲ့ရပါတယ္။ ဒုတိယကမာၻစစ္ျပီးဆံုးခ်ိန္၊ (၁၉၅၀)ကေန (၁၉၇၅)ခုနွစ္ အၾကားမွာေတာ့ ရဲတုိက္အေဆာက္အအံုကို အၾကီးစား ျပန္လည္မြမ္းမံမႈမ်ားစြာျပဳလုပ္ခဲ့ရကာ (၁၉၈၁)ခုနွစ္မွေတာ့ ယူနက္စကိုရဲ့ ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္ ကမာၻအေမြအနွစ္ေနရာတစ္ခုအျဖစ္ စာရင္းဝင္သြားခဲ့ပါတယ္။

(၁၉၉၁)ခုနွစ္က ဒစၥေနးရုပ္ရွင္ ရဲ့ The Beauty and the Beast ဇာတ္ကားမွာဆိုရင္လည္း ခ်န္ေဘာဒ္ရဲတုိက္ႀကီးရဲ့ပံုရိပ္ေတြကို ျမင္ေတြ႔ရမွာျဖစ္ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ ခ်န္ေဘာဒ္ရဲတိုက္တည္ရွိရာေနရာဟာ ျပင္သစ္ျပည္ရဲ့အထင္ကရ ကမာၻလွည့္ခရီးသြားလာေရာက္လည္ပတ္ရာေနရာတစ္ခုအျဖစ္သာမက ၿငိမ္းခ်မ္းတဲ့ သဘာဝေတာရိုင္းနယ္ေျမတစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။ လူအမ်ားလာေရာက္ေလ့လာစရာနယ္ေျမျဖစ္လာခဲ့တဲ့ ဒီရဲတုိက္ႀကီးရွိရာကို (၂၀၀၇)ခုနွစ္အတြင္းကဆိုရင္ လာေရာက္လည္ပတ္သူ (၇)သိန္းခန္႔ ရွိခဲ့ပါတယ္ ။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!