Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာဇီတို့ကို ကြောက်လန့်စေခဲ့တဲ့ အမျိုးသမီး ဖိုက်တာများ (သို့) ညဉ့်စုန်းမများ

by Thutamm
July 24, 2019
Reading Time: 1min read
0
နာဇီတို့ကို ကြောက်လန့်စေခဲ့တဲ့ အမျိုးသမီး ဖိုက်တာများ (သို့) ညဉ့်စုန်းမများ
Share on FacebookShare on Twitter

ဒုတိယ ကမ္ဘာစစ်အတွင်းက နာဇီတို့ ကြောက်လန့်ခဲ့ရတဲ့ ဆိုဗီယက် အမျိုးသမီး Fighter Pilot အဖွဲ့တစ်ဖွဲ့ရှိခဲ့ပါတယ်။ ဘယ်လောက်ထိကြောက် လန့်သလဲ ဆို သူတို့ထဲက လေယာဉ်တစ်စီးကို ပစ်ချနိုင်သူတိုင်းကို Iron Cross (ဂျာမန်တွေရဲ့ အထွဋ်အထိပ် ဆုတံဆိပ်) လို့ခေါ်တဲ့ ဆုတံဆိပ် ချီးမြင့်ခံရတဲ့အထိ ကြောက်လန့်ပါတယ်။

ဒီအဖွဲ့ရဲ့နာမည်ကိုတော့ Night Witches (ညဉ့်စုန်းမများ) လို့ ဂျာမန်တွေက အမည်ပေးထားပါတယ်။ ဒီအဖွဲ့ကို ဆိုဗီယက်ယူနီယုံရဲ့ ခေါင်းဆောင်ဖြစ်သူ စတာလင်(Joseph Stalin) ရဲ့ အမိန့်နဲ့ ရရှားရဲ့ Amelia Earhart လို့ခေါ်ကြတဲ့ အမျိုးသမီးဗိုလ်မှူးကြီး Marina Raskova နောက်အမျိုးသမီး ဗိုလ်မှူး တစ်ယောက်ဖြစ်တဲ့ Yevdokia Bershanskaya တို့က ဦးဆောင် ဖွဲ့စည်းခဲ့ပါတယ်။ သူတို့ရဲ့အဖွဲ့ကို 588th Night Bomber Regiment လို့ခေါ်ပြီး နောက်ပိုင်း 46th “Taman” Guards Night Bomber Aviation Regiment အဖွဲ့အဖြစ်လူသိများပါတယ်။

ဒီအဖွဲ့မှာပါဝင်ဖို့ အမျိုးသမီးတပ်သားတွေကို Raskova ဟာ ခက်ခက်ခဲခဲ ကြိုးပမ်းစည်းရုံးခဲ့ရပါတယ်။ သူ့ရဲ့စည်းရုံးမှု နဲ့ ဦးဆောင်မှုရဲ့အောက်မှာ ဒီအမျိုးသမီးသီးသန့်အဖွဲ့ဟာ အောင်ပွဲအလီလီ ရရှိခဲ့ပါတယ်။ ဒီအဖွဲ့မှာလေသူရဲ၊ မကင်းနစ်၊ ဗိုလ်တွေ အားလုံးဟာ အသက် ၁၇နှစ်ကနေ ၂၆ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေချည်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ တိုင်းပြည်အတွက် အသက်စွန့်ကြိုးစားခဲ့ကြသူတွေဖြစ်ပေမယ့် လုံလောက် တဲ့ထောက်ပံ့မှုတော့ မရခဲ့ပါဘူး။

ဆံပင်ကို တိုတိုညှပ်၊ ဖိနပ် က အစ ဦးထုပ်အဆုံး သူတို့နဲ့မတော်တဲ့ စစ်သားတွေရဲ့ ဝတ်စုံဟောင်းတွေကို ဝတ်ဆင်ခဲ့ရပါတယ်။ သူတို့ကိုပေးသုံးတဲ့ လေယာဉ်တွေကလည်း Polikarpov Po-2 လို့ခေါ်တဲ့ လေယာဉ်အစုတ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စစ်ပွဲတလျောက် အခါပေါင်း ၃၀၀၀၀လောက်ပျံသန်းခဲ့ပြီး အလေးချိန် တန် ၂၃၀၀၀ လောက်ရှိတဲ့ ဗုံးတွေကို ရန်သူတွေဆီ ပစ်ချနိုင်ခဲ့ပါတယ်။

အမျိုးသမီးတွေဆိုသော်ငြား အမျိုးသားတွေနဲ့ရင်ဘောင်တန်းကာ လပေါင်းများစွာ မရပ်မနားပဲ ရန်သူကို ဇွဲကောင်းကောင်းနဲ့တိုက်ခဲ့ပါတယ်။ စစ်ကြီးအပြီးမှာတော့ Night Witches (ညဉ့်စုန်းမများ) အဖွဲ့မှ လေယာဉ်မှူး အယောက် ၃၀ ကျဆုံးခဲ့ပြီး ကျန်ခဲ့တဲ့ Popova အပါအဝင် အမျိုးသမီး ၂၃ ယောက်ဟာ ဆိုဗီယက် ဂုဏ်ထူးဆောင် သူရဲကောင်းများအဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

Night Witches (ညဉ့်စုန်းမများ) အဖွဲ့မှာ အကောင်းစားလေယာဉ်တွေ၊ အလွန်အစွမ်းထက်တဲ့ဗုံးတွေ၊ နောက်ဆုံး ပုံမှန်ထောက်ပံမှုဖြစ်တဲ့ အဝတ်အထည်တွေတောင် ကောင်းကောင်းမွန်မွန် မရှိခဲ့ပေမယ့် သူတို့ဟာ သူတို့ရဲ့အကြောက်အလန့်မရှိတဲ့ သတ္တိ၊ ခိုင်မာတဲ့ဇွဲနဲ့ အမျိုးသမီးတွေ ရဲ့အစွမ်းကို ပြသခဲ့ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးများသာ ဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်ရဲ့ အကောင်းဆုံးတပ်ဖွဲ့တွေထဲက တစ်ဖွဲ့အဖြစ် သမိုင်းမှတ်တမ်း အတင်ခံခဲ့ရပါတယ်။

Tags: world history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!