Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

by Thutamm
November 7, 2020
Reading Time: 2min read
0
နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Share on FacebookShare on Twitter

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun ဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲဟာ လာမယ့် ၂၀၂၄ ခုနှစ် လကမ္ဘာပေါ်မှာ ခြေချမယ့် နာဆာရဲ့ စီမံကိန်းအတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Kang ဟာ မလေးရှားနိုင်ငံက အသက် ၉နှစ်အရွယ်သာရှိတဲ့ ကလေးငယ်ဖြစ်ပြီး အခြားနိုင်ငံပေါင်း ၈၅ နိုင်ငံက ကလေးပေါင်း ၉၀၀ နီးပါးကို ဖြတ်ကျော်ကာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ Kang ရဲ့ လကမ္ဘာသွား အာကာသဝတ်စုံ သန့်စင်ခန်းဟာ အာကာသယာဉ်မှူးရဲ့ဝတ်စုံမှာတင် တပ်ဆင်နိုင်ပြီး အရည်တွေကိုစုပ်ယူဖို့ လေဟာနယ်တခုကို ဖန်တီးပေးခြင်းဖြင့် ဆွဲအားမရှိတဲ့ အာကာသထဲမှာ အလုပ်လုပ်စေတာ ဖြစ်ပါတယ်။

ဒါကို အသုံးပြုမယ်ဆိုရင်တော့ အာကာသယာဉ်မှူးတွေဟာ သူတို့ရဲ့ခြေထောက်တွေကို လှုပ်ရှားနေရမှာဖြစ်ပြီး ဖိနပ်နဲ့တွဲချိတ်ထားတဲ့ ပြွန်ကို နှိပ်လိုက်ခြင်းအားဖြင့် စုပ်ဆွဲအားတခုကို ဖန်တီးပေးမှာဖြစ်ပြီး စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေဟာ ပြွန်ကောက်ကနေတဆင့် အသင့်တပ်ဆင်ထားတဲ့ သိုလှောင်ခွက်အတွင်းကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။

ကွာလာလမ်ပူမှာရှိတဲ့ I-Discovery World က Kang ရဲ့ ဆရာဖြစ်သူ Chong Soo Sheong ကတော့ Kang ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာဟာ ကံကောင်းတာကြောင့်မဟုတ်သလို တနေ့တည်း တညတည်းနဲ့ ဖြစ်လာတာမဟုတ်ပဲ လနဲ့ချီကာ အကြိမ်ကြိမ် ကြိုးစားခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ Kang အနေနဲ့ ဒီပရောဂျက်ကို ဇွန်လကတည်းက ပြုလုပ်နေခဲ့တာဖြစ်ပြီး သြဂုတ်လမှာမှ သူ့ရဲ့ဒီဇိုင်းကို နာဆာအဖွဲ့ဆီသို့ ပို့ပေးနိုင်ခဲ့တာလို့ သိရပါတယ်။

အောက်တိုဘာ ၂၉ မှာတော့ နာဆာအဖွဲ့ကနေ Kang ကို ဖိတ်ကြားပြီး သူ့ရဲ့သန့်စင်ခန်း ဒီဇိုင်းအကြောင်းကို ဗီဒီယိုကွန်ဖရန်းဆင်း ကနေ တဆင့် ရှင်းပြခိုင်းခဲ့ပြီး ရိုးရှင်းပြီး အသုံးဝင်တာကြောင့် တာဝန်ရှိသူတွေက အလွန်သဘောကျသွားကြတာဖြစ်ပါတယ်။

သူ့ရဲ့သန့်စင်ခန်း ရဲ့ အဓိကအချက်ကတော့ ဘက်ထရီမလိုသလို လျှပ်စစ်ဓာတ်အား ကိုလည်း သုံးဖို့မလိုတာဖြစ်ပြီး ခြေထောက်ကို လှုပ်ပေးတာနဲ့ အသုံးပြုနိုင်တာကြောင့် အသုံးပြုသူတွေအတွက် သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ရွှေ့လျားစွမ်းအင်သာ အသုံးပြုထားတဲ့အတွက် အာကာသထဲမှာ စက်ချို့ယွင်း (သို့) အလုပ်မလုပ်မှာလည်း ပူစရာ မရှိတော့ပါဘူး။

” ကျွန်တော့်ရဲ့သန့်စင်ခန်း ဒီဇိုင်းဟာ လကမ္ဘာပေါ်မှာ အသုံးပြုဖို့ ထုတ်ထားတာဆိုပေမယ့် ဆရာဝန်တွေ သူနာပြုတွေ အနေနဲ့လည်း ဆေးဘက်ဆိုင်ရာသန့်စင်ခန်း တခုအဖြစ် အသုံးပြုနိုင်တယ်” လို့ Kang က ဆိုပါတယ်။

“ကျွန်တော်တို့ ကမ္ဘာဟာ လက်ရှိအချိန်မှာ ကိုဗစ်ကပ်ဘေးကို ကျရောက်နေတာကြောင့် အကာကွယ် ဝတ်စုံတွေ ဝတ်ဆင်ထားရတဲ့ ဆရာဝန်တွေ သူနာပြုတွေဟာ အလွန်အလုပ်များနေပြီး တခါတရံမှာ အပေါ့ အလေး သွားဖို့တောင် ခက်ခဲနေတတ်ပါတယ်။ ဒီအခါမှာ ကျွန်တော့်ရဲ့ သန့်စင်ခန်းကို တပ်ဆင်ထားမယ်ဆိုရင် PPE ဝတ်စုံတွေကို မချွတ်ပဲ အဆင်ပြေစွာ အပေါ့အလေး သွားနိုင်မှာပါ ” လို့ Kang က ထပ်ဆိုပါတယ်။

တီထွင်သူတယောက်ဖြစ်ပေမယ့် Kang ရဲ့ အနာဂတ် အိပ်မက်ကတော့ မျိုးရိုးဗီဇပညာရှင် တယောက်ဖြစ်လာဖို့ပါတဲ့။ တိုးတက်ထွန်းကားတဲ့ နိုင်ငံတွေမှာတော့ မျိုးဆက်သစ်တွေရဲ့ တီထွင်မှု နဲ့ ပညာရေးကို အလွန်အားကျစရာ ကောင်းလောက်အောင်အထူးအားပေးလျက်ရှိပါတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!