Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားဟယ်လီကော်ပတာ ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်

by Thutamm
August 8, 2019
Reading Time: 1min read
0
နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားဟယ်လီကော်ပတာ ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်
Share on FacebookShare on Twitter

ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။ ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြဝဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။ သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။ ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။

ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန် အီလီနွိုက်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိပြီး ၁၉၉၀ခုနှစ်မှာတော့ လျှပ်စစ်အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၉၀ခုနှစ်မှာပဲ JPL ဌာနကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မမီမီအောင်ဟာ JPL Atomic System ဌာနမှာ လက်ထောက်ညွှန်ကြားရေးရာထူးကို ထမ်းဆောင်နေသလို မားစ်ဟယ်လီကော်ပရာစီမံကိန်းရဲ့ ဦးဆောင်သူ မန်နေဂျာရာထူးကိုလည်း ထမ်းဆောင်လျှက်ရှိပါတယ်။

မားစ်ဟယ်လီကော်ပတာ ပရောဂျက်

မားစ်ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့လွှတ်တင်မည်ဟု အမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၎င်းဂြိုဟ်ပေါ်သို့ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။

မားစ်ရဟတ်ယာဉ်ဟု ရိုးရိုးရှင်းရှင်း နာမည်ပေးထားသောယာဉ်ငယ်သည် အလေးချိန် လေးပေါင်(၁.၈ကီလိုဂရမ်)ပင် မရှိပေ။ ၎င်း၏ ကိုယ်ထည်ပိုင်းသည် ဘောလုံးပျော့ တစ်လုံး၏ အရွယ်အစားခန့်သာ ရှိသည်။ ၎င်းကို ၂၀၂၀ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်၏ ဝမ်းဗိုက်ပိုင်းနှင့် ချိတ်ပေးလိုက်မည်ဖြစ်သည်။ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်သည်ဘီးတပ်စက်ရုပ်ဖြစ်ပြီး အင်္ဂါဂြိုဟ် သဘာဝပတ်ဝန်းကျင်တွင် သက်ရှိနေထိုင်နိုင်မှုကိုဆုံးဖြတ်ရန်၊ ရှေးပဝေသဏီက သက်ရှိများ၏ လက္ခဏာများကိုရှာဖွေရန်၊ နောင်တချိန်လူသားတို့၏ စူးစမ်းလေ့လာမှုများအတွက် သဘာဝသံယံဇာတနှင့်ဘေးအန္တရာယ်များကိုတွက်ချက်ရန် ရည်ရွယ်သည်။

မားစ် ၂၀၂၀ စူးစမ်းရေးယာဉ်ကို၂၀၂၀ ခုနှစ်ဇူလိုင်လတွင် လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဆိုက်ရောက်မည်ဟု ရည်မှန်းထားသည်။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာတွေကို လုပ်ခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်း ကြောင်းရှိပါတယ်။ အခြားဂြိုဟ်တစ်ခုရဲ့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံသန်းစေတဲ့ စိတ်ကူးကတော့ ပိတီဖြစ်စရာပါပဲ ‘ဟု နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒနန်စတိုင်းက ကြေညာချက်တွင်ပြောကြားခဲ့သည်။ ယခင်ကအင်္ဂါဂြိုဟ်ပေါ်တွင် မည်သည့်နိုင်ငံမျှ ရဟတ်ယာဉ် ပျံသန်းခဲ့ခြင်း မရှိသေးပေ။

နာဆာ၏ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတွင်နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် အသေးစားရဟတ်ယာဉ်စီမံကိန်းအား ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။ အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထုတွင် ပျံသန်းနိုင်ရန် အသေးစား ရဟတ်ယာဉ်သည် အလွန်ပေါ့ပါးရမည်ဖြစ်သကဲ့သို့အတတ်နိုင်ဆုံး အင်အားကောင်းရမည်ဖြစ်သည်။

‘ဒီကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တစ်စင်း အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်ကတော့ ပေ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်း၏ အင်္ဂါဂြိုဟ် ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။

‘အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့ လေထုရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ရောက်သွားတဲ့အခါ ကမ္ဘာပေါ်က အမြင့် ပေ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ့ညီမျှတဲ့ အမြင့်ကိုရောက်နေမှာဖြစ်ပါတယ်။’ဟု ‘ဒေါ်မီမီအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

Via : Eleven News Journal
VOA Burmese Website

Tags: myanmar peopletechworld news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

စိတ်ဝင်စားစရာ နက်ဗြူလာများ
Science & Tech

စိတ်ဝင်စားစရာ နက်ဗြူလာများ

ရေးသားသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ) လက်တင်ဘာသာစကားမှ ဆင်းသက်လာတဲ့ နက်ဗြူလာ (‘nebula’) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ကြည့်တဲ့အခါ တိမ်တိုက် (‘cloud’) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် နက်ဗြူလာကတော့ တိမ်တိုက်တစ်ခုထက် များစွာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!