ပျံသန်းနိုင်တဲ့ အစွမ်းရှိတဲ့ယင်းပုတ်သင်ကောင်တွေကို နဂါးပျံ(flying dragon) လို့လည်း လူသိများကြပြီး Agamidate မျိုးအုပ်စုအနွယ်ဝင် တွားသွားသတ္တဝါတွေဖြစ်ပါတယ်။ Flying Lizard (draco) မျိုးစိတ်ပေါင်းဟာ (၃၁)ခုလောက်အထိရှိနေတယ်လို့သိရပြီး အာရှတိုက် တောင်ပိုင်းနဲ့အရှေတောင်ဘက်ပိုင်းမှာတည်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ဘော်နီယိုကျွန်း၊ အိန္ဒိယ၊ မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေက အပူပိုင်းမိုးသစ်တော့ကြီး တွေထဲမှာ အများအားဖြင့် တွေ့မြင်ရလေ့ရှိပါတယ်။ Flying Lizard (draco) တွေဟာကမ္ဘာရှားပါး တောရိုင်းတိရိစ္ဆာန်စာရင်းမှာပါဝင်နေပြီး လူသားတွေကိုအန္တရာယ်ပြုတဲ့စာရင်းမှာတော့ ပါဝင်ခြင်းမရှိကြပါဘူး။
Flying Lizard (draco) တွေဟာအရွယ်အစားအလွန်ကြီးမားကြတဲ့သတ္တဝါမျိုးတွေမဟုတ်ပဲ ခေါင်းကနေစပြီးအမြီးအထိအရွယ်အစားဟာ ၈လက်မ ခန့်သာရှိပါတယ်။ ရောက်ရှိရာအရပ်ကိုလိုက်ပြီး မကြာခဏ အရောင်ပြောင်းလဲနိုင်တဲ့တွားသွားသတ္တဝါတွေဖြစ်ပြီး အများအားဖြင့် Flying Lizard (draco)တွေရဲ့အရောင်ဟာ အနီ၊အပြာ၊အညိုနဲ့လိမ္မော် ရောင်သာဖြစ်တယ်လို့သိရပါတယ်။ ခန္ဓာကိုယ်ပေါ်မှာလည်း အစင်းအကြားများစွာပါဝင်နေ ပြီး ပုတ်သင်နဲ့ဖွတ်နဲ့မြွေ သတ္တဝါတွေလိုပဲအမူအကျင့်နဲ့ကိုယ်နေဟန်ရှိပါတယ်။
Flying Lizard တွေရဲ့တောင်ပံအောက်ပိုင်းနေရာတွေဟာ အထီးနဲ့အမအပေါ်မူတည်ပြီး အရောင်ကွဲပြားမှုရှိနေပါတယ်။ အထီးတွေကအပြာရောင်ရှိပြီး အဝါရောင်ရှိနေရင်တော့ အမတွေဖြစ်တယ်လို့သတ်မှတ်ရမှာပါ။ သိပ္ပံပညာရှင်တွေကိုယ် တိုင်လည်း ယင်းအချက်ကိုကြည့်ပြီး ဒီပုတ်သင်တွေရဲ့ လိင်အမျိုးအစား ကိုခွဲခြားလေ့လာခဲ့ကြတာပါ။ Draco တွေရဲ့အရေပြားဟာ အမြဲလှုပ်ခတ်နေပြီး လည်ပင်း အောက်နေရာတွေမှာဆိုရင်အရေပြားဟာတွဲကျလို့နေပါတယ်။ ယင်းအပိုင်းတွေကပဲ Flying Lizard (draco) တွေပျံသန်းတဲ့အခါ ဦးတည်ရာအရပ်ကိုမလူးမလွန့်စေအောင် ထိန်းမတ်ပေးတဲ့ stabilizer တွေအဖြစ်အသုံးပြုကြပါတယ်။
Dewlap လို့သိကြတဲ့ Flying Lizard တွေရဲ့လည်ပင်းနားကတွဲကျနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအရောင်တွေဟာ အထီး အမပေါ်မူတည်ပြီးကွဲပြားနေပါသေးတယ်။ အဝါရောင်တောက်တောက် Dewlap တွေပိုင် ဆိုင်ထားတဲ့ Flying Lizard (draco)တွေဆိုရင်အထီးလို့သတ်မှတ်ရမှာဖြစ်ပြီး အပြာရောင် ပိုင်ဆိုင်ထားတာကတော့ အမတွေသာဖြစ်ပါတယ်။
Draco တစ်ကောင်ပျံသန်းနေချိန်မှာဆိုရင် သူရဲ့အတွင်းပိုင်းနံရိုးတွေဟာ ရှည်မျောမျောပုံသဏ္ဍာန်ပြောင်းသွားလိုအပ်သလို ချဲ့ကားနိုင်တဲ့အနေအထားထိဖြစ်သွားတတ်ကြပါတယ်။ နံရိုးနေရာတွေကိုတော့ အရေခွံထူထူနဲ့ ကာရံထားတာကိုတွေ့ရပြီး သူရဲ့ဖြန့်ကား နိုင်တဲ့နံရိုးအစိတ်ပိုင်းတွေနဲ့ ပျော့တွဲတွဲအရေပြားအပြင် သန်မာတဲ့ အတောင်ပံတွေကြောင့်ပဲ Flying Lizard (draco) တွေဟာ ဒဏ္ဍာရီးထဲက နဂါးပျံတွေလို့ တင်စားခေါ်ဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တကယ်တမ်းတော့ သူတို့ဟာ ပျံသန်းတယ်ဆိုတာထက် လေဟုန်စီးတယ်(gliding) ဆိုရင် ပိုမှန်ပါလိမ့်မယ်။
Flying Lizard (draco) တွေမှာ ပါဝင်တဲ့ရှည်မျောမျောအမြီးတွေဟာ လေဟုန်စီးစဉ်မှာ အလိုရှိရာအရပ်ကိုရောက်အောင်ပဲ့ထိန်းပေးတဲ့ လုပ်ငန်းစဉ်ကိုဆောင်ရွက်ပါတယ်။ ဒါအပြင် ပျံသန်းမှုပြုလုပ်နေချိန်မှာ သူတို့တွေရဲ့ခြေချောင်းတွေဟာ ခန္ဓာကိုယ်နဲ့တစ်သား တည်းပူးကပ်သွားလေ့ရှိပါတယ်။ Flying Lizard တွေဟာငှက်တွေလိုတော့ ပျံသန်းနိုင်ခြင်း မရှိပဲ အပင်တစ်ပင်ကနေတစ်ပင်ကိုသာလေကြောင်းကိုလိုက်ပြီး ခုန်ကူးလေဟုန်စီးကြတာ ဖြစ်ပါတယ်။ Flying Lizard တစ်ကောင်ဟာ မြေပြင်အထက်ပေ(၁၉၀)လောက်ကနေ လေဟုန်စီးနိုင်တယ်လို့လေ့လာမှုတွေအရသိရပေမဲ့ သူတို့ပုံမှန်ပျံသန်းလေ့ရှိတဲ့ အမြင့်ကတော့ ပေ(၃၀)ဝန်းကျင်မှာသာဖြစ်ပါတယ်။
Flying Lizard တွေဟာ insectivorous လို့သိကြတဲ့အင်းဆက်ပိုးမွှားတွေကိုသာစားသုံး တဲ့သတ္တဝါမျိုးစိတ်တွေဖြစ်ပြီး သူတို့ရဲ့အဓိကအစာကတော့ ပုရွတ်ဆိတ်နဲ့ ခြတွေသာဖြစ်ပါ တယ်။ သူတို့ရဲ့ဘဝတစ်လျှောက်လုံးကိုတော့ သစ်ပင်ပေါ်မှာကုန်ဆုံးကြတာများပြီး ဘေးဖြစ်မဲ့အန္တရာယ်ကျရောက်ခဲ့ရင်တော့ ပျံသန်းပြေးလွှားလေ့ရှိပါတယ်။ အထီးတွေဆိုရင် သူတို့သက်တမ်းတစ်လျှောက်လုံးကို သစ်ပင်ထက်မှာသာ ကုန်ဆုံးလေ့ ရှိကြတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။
Flying Lizard တွေရဲ့ဗီဇကိုက နေထိုင်ရာနေရာကို အလွန်အမင်းတွယ်ကပ်ကြလေ့ရှိ ကြတာပါ။ အထီးတွေဆိုရင် သူရဲ့ပိုင်နက်နယ်မြေကိုရောက်ရှိလာတဲ့ အခြား သော Flying Lizard အထီးတွေကိုရန်မူလေ့ရှိပြီး သူရဲ့ပိုင်နက်သစ်ပင်အချို့ပေါ်မှာပဲ ရရှိတဲ့အစားအစာကို အမတွေနဲ့အတူမျှဝေစားသုံးလေ့ရှိကြတာဖြစ်ပါတယ်။ Draco အမတစ်ကောင်ဟာ သူမရဲ့ဥတွေကိုမြေပြင်ပေါ်မှာသာဥချလေ့ရှိပြီး ယင်းအတွက်မြေပြင်မှာ ကျင်းတစ်ခုတူးကာ သားဥတစ်လုံးကနေ(၅)လုံးအထိကိုဥချလေ့ရှိပါတယ်။ ယင်းနေရာမှာ ပဲ Flying Lizard အမဟာ သူဥတွေကို (၂၄)နရီလောက်စောင့်ကြည့်လေ့ပြီး ဥတွေကို မြေစာတွေနဲဖုံးထားလေ့ရှိပါတယ်။
ဖိလစ်ပိုင်မှာဆိုရင် Flying Lizard တွေဟာအဆိပ်ရှိတယ်ဆိုတဲ့အချက်နဲ့ အမဲလိုက်ခြင်းမပြုကြပါဘူး။ ယင်းအယူအဆဟာ မှားတယ်လို့ဆိုရမှာဖြစ်ပြီး Flying Lizard တွေဟာ လူကိုဘေးမဖြစ်စေပါဘူး။ ဒီအကောင်လေးတွေရဲ့သက်တမ်းကိုလည်း တိတိကျကျတွတ်ချက်ထုတ် ပြန်နိုင်ခြင်းလည်းမရှိသေးတာကိုတွေ့ရပါတယ်။ Flying Lizard မျိုးစိတ်တွေကိုတော့ (၁၇၅၈)ခုနှစ်က ဆွီဒင်လူမျိုး သတ္တဗေဒ၊ရုက္ခဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ Carl Linnaeus ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး Flying Lizard ကိုသူပေးထားတဲ့အမည် Draco ဆိုတာက လက်တင်ဘာသာကနေလာပြီး နဂါးလို့အဓိပ္ပါယ်ရပါတယ်။