ဓာတ်ပုံမှတ်တမ်းတွေဟာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့အချိန်တွေ၊နေရာတွေ ဘယ်တော့မှပြန်ဆုံနိုင်တော့မှာမဟုတ်တဲ့ချစ်ခင်ရတဲ့ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံးအမှတ်တရတွေဖြစ်ပါတယ်။ ယနေ့ခေတ်လို ဓာတ်ပုံကင်မရာတွေ အလွယ်တကူမရှိသေးတဲ့ကာလကတည်းက လူသားတွေဟာသူတို့ရဲ့အမှတ်တရဖြစ်ရပ်တွေကို ကိုယ်နည်းကိုယ့်ဟန်နဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်။
ကင်မရာတွေမပေါ်ပေါက်ခင်အခါက လူတွေဟာ ကမ္ဘာကြီးနှင့် ကမ္ဘာပေါ်မှာ နေထိုင် သူတွေ ဘာနဲ့တူတယ်ဆိုတာ သိရဖို့ ပန်းချီကားများဖြင့် မှတ်တမ်းအထောက်အထားပြုထားကြပါတယ်။ ပတ္တူစတွေပေါ်က ဆီဆေးတွေဟာ တောက်ပတဲ့အရောင်နဲ့ ကြာရှည်ခံမှုကြောင့် ရွေးချယ်မှုအများဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၈ ရာစုနှစ်ကစတင်ပြီး အထူးသဖြင့် စတူဒီယိုခန်းအပြင် (အပြင်ဘက်မှာပန်းချီဆွဲရတာနှစ်သက်တဲ့) ဥရောပပန်းချီ ပညာရှင်တွေ ရော အပျော်တမ်းပန်းချီဆရာတွေပါ ရေဆေးကို ပိုမိုနှစ်သက်လာခဲ့ကြပါတယ်။ ရေဆေးဆွဲဖို့ လိုအပ်သောပစ္စည်းကိရိယာများကို လက်ဆွဲသယ်ဆောင်နိုင်တဲ့ ဘူးလေးတွေနဲ့ လွယ်လင့် တကူသယ်ယူနိုင်ပါသေးတယ်။
ဒါ့အပြင် ရေဆေးရောင်ခြယ်တွေဟာ ဆေးသားအရမ်းပါး ပြီး ဖောက်ထွင်းမြင်နိုင်တာကြောင့် ဆီဆေးနဲ့ဆွဲတဲ့အခါမရနိုင်တဲ့ အလင်းကိုမျက်နှာပြင်ပေါ် ရောင်ပြန်ထင်ဟပ်စေပြီး တောက်ပစေတာကြောင့် ပန်းချီဆရာတွေဟာ အလင်းရောင်နဲ့ ရာသီဥတုတို့ရဲ့ အကျိုးသက်ရောက်မှုကိုဖမ်းယူရေးဆွဲရာမှာ အလွန်အသုံးဝင်ပါတယ်။ သို့သော်လည်း တစ်ခုတည်းသော အားနည်းချက်ကတော့ ကြာရှည်မခံတာပါပဲ။
“ရေဆေးတွေဟာ ပျက်စီးလွယ်သော သမိုင်းအထောက်အထားများဖြစ်ကြတယ်” လို့ ရာစုနှစ်ထောင်ပေါင်းများစွာက ရှေးဟောင်းရေဆေးပန်းချီများကို ဒီဂျစ်တယ်ပုံစံပြောင်းပြီး ကွန်ပျူတာထဲတွင် ထည့်သွင်းသိမ်းဆည်းထားရှိသည့် UK အခြေစိုက်ပရဟိတအဖွဲ့ ရေဆေး ကမ္ဘာမှ ပြောကြားခဲ့ပါတယ်။
ရေဆေးတွေဟာ နေ့အလင်းရောင်နဲ့ ထိတွေ့တဲ့အချိန် ကြာလာနဲ့အမျှ မှေးမှိန်သွားပြီး အပူချိန်နှင့် စိုထိုင်းဆ ပြောင်းလဲမှုကြောင့်လည်း ထိခိုက်ပျက်စီးဖို့ ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် သူတို့ိကို မမြင်နိုင်တဲ့ Albums တွေထဲမှာ (သို့) မော်ကွန်းတိုက်တွေမှာ လုံခြုံစွာ သိမ်းဆည်းထားရှိရပါတယ်။ သိမ်းဆည်းထားရခြင်းရဲ့ ရလဒ်အနေနဲ့ကတော့ ပန်းချီတွေဟာ ၎င်းတို့နဲ့ထိုက်တန်တဲ့ လူထုရဲ့စိတ်ဝင်စားမှုကိုတော့ မရရှိတော့ပါဘူး။ မထင်မရှားဘဝကို အလွယ်တကူရောက်ရှိသွားကြရပါတယ်။ အသိအမှတ်ပြု တန်ဖိုးထားမခံရတာကြောင့် ရေဆေးတွေဟာ လျစ်လျူရှုခံလာနေရပြီး တစ်ခါတစ်ရံမှာ ပျောက်ဆုံးကုန်တာ (သို့) ဖျက်စီးခံရတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ဆီဆေးတွေမပေါ်ခင် နှစ်ပေါင်းများစွာတည်းက ရေဆေးပန်းချီတွေရှိခဲ့ပါ တယ်။ ပန်းချီပညာရှင်ကြီးတွေထက် အပျော်တမ်းပန်းချီဆရာများရဲ့ လက်ရာတွေက ပိုများပါတယ်။ လက်ရာတော်တော်များများကတော့ ရေဆေးတွေကို ပန်းချီဆရာရဲ့ ကိုယ်ပိုင် စိတ်ဝင်စားမှု (သို့) ခရီးသွားအတွေ့အကြုံတွေကို မိသားစု (သို့) သူငယ်ချင်းတွေစတဲ့ သူတွေကို မျှဝေပေးချင်တဲ့အခါမှာသာ အသုံးပြုလေ့ရှိကြတာဖြစ်ပါတယ်။
ဥပမာဆိုရရင် စစ်အရာရှိတစ်ဦး သူစခန်းချခဲ့စဉ်က ထူးဆန်းတဲ့နေရာတွေကို ပုံကြမ်းတွေဆွဲပြီး သရုပ်ဖော်ပြတာနဲ့တူပါတယ်။ ဒီပုံကြမ်းတွေကို နောက်တော့မိသားစုအစဉ်အဆက်ကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ရာကနေ ရေးဆွဲသူ သွားရောက်ခဲ့တဲ့နေရာတွေ၊ သူ (သို့) သူမတွေ့ဆုံခဲ့တဲ့ လူတွေအကြောင်းတွေဟာ လက်ဦးလေ့လာတွေ့ရှိချက်တွေဖြစ်လာပြီး တန်ဖိုးရှိတဲ့သမိုင်း အထောက်အထား ပုံစံဖြစ်သွားပါတယ်။
ပရောဂျက်တွင် ပုံပေါင်း ၈၀၀၀၀ နီးပါးရှိနေပြီဖြစ်ပြီး အများစုကတော့ ရေဆေးကမ္ဘာမှ ပထမဆုံးအကြိမ် ဒီဂျစ်တယ်ပုံစံပြောင်းလဲခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံး ကတော့ အီဂျစ်ဖာရိုဘုရင် Seti 1 အုတ်ဂူမှ ၁၉ ရာစုနှစ်ပန်းချီများဖြစ်ပြီး ၎င်းတို့ကို ရနိုင်သမျှ အရင်းအမြစ် အကုန်သုံး၍ ရှေးခေတ် အီဂျစ်လုပ်ငန်းခွင်များ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း နှင့် ရာသီ ဥတုပြောင်းလဲမှုကြောင့် ရေရှည်အကျိုး သက်ရောက်မှုကိုပြတဲ့ အနေအထား အမျိုးမျိုးသော ပုံများကိုလဲ အဲလက်ပ်တောင်တန်းတွေမှာ ရေခဲထုပြန်လည်ထိန်းသိမ်းခြင်းနှင့် အင်္ဂလန်နိုင်ငံ တောင်ဘက်ကမ်းခြေ ဒေသတလျှောက်မှာ ရေတိုက်စားမှုကို ထိန်းသိမ်းခြင်းလုပ်ငန်းတို့တွင် အသုံးပြုပါတယ်။
“ရေဆေးကမ္ဘာအနေနဲ့ ကမ္ဘာဦးအစက အစောဆုံးလူသားမျိုးနွယ်တွေနဲ့ တွေ့ဆုံပြီး သူတို့တွေ ဘယ်လိုရှင်သန်နေထိုင်ကြတယ်၊ ချစ်ခြင်းမေတ္တာကိုဘယ်လိုဖော်ပြတယ်၊ ဘာတွေကိုလုပ်ကိုင်ကြတယ်ဆိုတာကို လေ့လာနိုင်မယ့် ထူးခြားတဲ့ခရီးစဉ်ကို စီစဉ်ပေး နေပါတယ်” လို့ ရေဆေးကမ္ဘာကို တည်ထောင်သူ Fred Hohler က ပြောပါတယ်။
“ရာသီဥတုပြောင်းလဲမှုနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုတွေကြောင့် ပိုမိုဆိုးရွားပြီး အန္တရာယ်ရှိနေတဲ့ကမ္ဘာကြီးအတွက် ပရောဂျက်မှ သိပ္ပံပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များအား သဘာဝကမ္ဘာကြီး ဘယ်လိုတည်ရှိခဲ့တယ်ဆိုတာကို တိကျ တဲ့မျက်မြင်သက်သေပြုဖို့၊ သမိုင်းပညာရှင်များနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်တွေ ကိုတော့ ရှေးဟောင်းအဆောက်အဦတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းစောင့် ရှောက်ဖို့၊ ပျောက်ဆုံးသွားတဲ့နေရာတွေကို ပြန်လည်ရှာဖွေဖို့ နဲ့ လူသားတွေ အဆင့်ဆင့် တိုးတက်လာပုံအရင်းအမြစ်တွေကို မြင်နိုင်ဖို့အတွက် ထောက်ပံ့ကူညီပေးသွားမှာပဲဖြစ်ပါ တယ်” လို့ Fred Hohler က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။