Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဓနသဟာယနိုင်ငံများအဖွဲ့ ဆိုသည်မှာ

by Thutamm
August 12, 2019
Reading Time: 1min read
0
ဓနသဟာယနိုင်ငံများအဖွဲ့ ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – Ko Maung Maung Than

၁၈၈၄ခုနှစ်တွင် ဗြိတိသျှနိုင်ငံရေးသမား လော့ရိုစ်ဘယ်ရီ Lord Rosebery သည် သြစတေးလျနိုင်ငံ Adelaide အဒယ်လိပ် သို့ အလည်အပတ်သွားရောက်ခဲ့စဉ် ထင်ပေါ်ကျော်ကြားခဲ့သော ၎င်း၏ မိန့်ခွန်းတစ်ခုတွင် ဗြိတိသျှအင်ပါယာနိုင်ငံများကို လွတ်လပ်စေရန် ဓနသဟာယနိုင်ငံများအဖြစ်ပြောင်းလဲရန်ဖေါ်ပြခဲ့သည်။ သိုနှင့် ၁၉၃၁ တွင် ဗြိတိသျှဓနသဟာယနိုင်ငံများ ဟုအမည်မှည့်ကာ ကနဦး၅နိုင်ငံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဗြိတိန်၊ ကနေဒါ၊ နယူးဖောင်လန်း၊ လွတ်လပ်သောအိုင်းရစ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

၁၉၄၆ခုနှစ်တွင် ဗြိတိန် စကားလုံးကို ဖယ်ကာဓနသဟာယနိုင်ငံများအဖွဲ့ Commomwealth of Nations ဟုခေါ်တွင်စေခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် နယူးဖောင်လန်းသည်ကနေဒါနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ တောင်အာဖရိကနိုင်ငံသည် ၁၉၆၁ခုနှစ်တွင် အသားအရောင်ခွဲခြားမူကြောင့်နုတ်ထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင်မှ တောင်အာဖရိကသမ္မတနိုင်ငံအနေဖြင့် ပြန်၍အဖွဲ့ဝင်ခဲ့သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံ ၅၃နိုင်ငံ ရှိလာပြီး နောက်ဆုံးအဖွဲ့ဝင်နိုင်ငံမှာရဝမ်ဒါဖြစ်ကာ ၂၉ရက် နိုဝင်ဘာလ၂၀၀၉ခုနှစ်တွင် အဖွဲ့ဝင်ခဲ့သည်။

ကနဦးငါးနိုင်ငံအဖွဲ့မှ ဝန်ကြီးချုပ်များ

အဖွဲ့ကြီးဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ-
စီးပွါးရေးတိုးတက်ရန်၊ လွတ်လပ်စွာကုန်သွယ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် ၊
ဒီမိုကရေစီစံနစ်ဖွံဖြိုးတိုးတက်စေရန် နှင့် လူအခွင့်အရေးကို သေခြာစွာ လိုက်နာဆောင်ရွက်ရန်၊

ကမ္ဘာ့ငြိမ်းချမ်းရေးတိုးတက်မူရှိစေရန်
ငတ်မွတ်ခေါင်းပါးမူ တိုက်ဖျက်ရန် ၊
ကျန်းမာရေး နှင့်စသော အရေးကြီးကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။

၎င်းအဖွဲ့မှ စီးပွါးရေးတိုးတက်မူအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ ဗြိတိန်၊ကနေဒါ နှင့် သြစတေးလျနိုင်ငံတို့ ဖြစ်ပြီး အများဆုံး အန္ဒိယနိုင်ငံမှာ အမေရိကန်ဒေါ်လာ၂.၆ ဘီလျံအထိဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ယခင်ဗြိတိသျှအုပ်ချုပ်ခဲ့သောနိုင်ငံဖြစ်ရန်လိုအပ်သော်လည်း ၁၉၉၅ခုနှစ်တွင် ပေါ်တူဂီ နှင့် မိုဇမ်ဘစ်နိုင်ငံများအား အထူးအခြေအနေတရပ်ဖြစ်သော တောင်အာဖရိကနိုင်ငံအသားအရောင်ခွဲခြားမူဆန်ကျင်တိုက်ဖျက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်စေခဲ့သည် ။ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံအချင်းချင်းစွက်ဖက်ခွင့်မရှိပေ။ ဗြိတိန်နိုင်ငံရှိ ဓနသဟာယရုံးချုပ်ကို အဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့ဝင်အမူထမ်း ၃၂၀ဖြင့် ဖွဲ့စည်းထားသည်။

အဖွဲ့ဝင်နိုင်ငံများမှ ၄နှစ်တစ်ကြိမ်ကျင်းပသော ဓနသဟာယနိုင်ငံများ အားကစားပွဲတော်ကို ဝိုင်းဝန်းပံ့ပိုးကြသည်။ နှစ်စဉ်နှစ်တိုင်း ဓနသဟာယနိုင်ငံများနေ့အဖြစ် မတ်လဒုတိယပတ် တနင်္လာနေ့တွင် ကျင်းပခဲ့ကြသည်။ အဖွဲ့ဝင်၅၃နိုင်ငံ၏ လူဦးရေမှာ ၂.၂၄၅ ဘီလျံဖြစ်ပြီး ကမ္ဘာလူဦးရေ၏ ၃၁%ခန့်ဖြစ်သည်။ ၎င်းမှ ထက်ဝက်ခန့်လူဦးရေသည် အိန္ဒိယနိုင်ငံမှဖြစ်သည်။ လူဦးရေအနည်းဆုံးဓနသဟာယနိုင်ငံမှာ Tuvalu ကျူဗားလူးဖြစ်ပြီး လူဦးရေ ၁၁၀၀၀ခန့်သာရှိသည်။ အဖွဲ့ဝင်၅၃နိုင်ငံ၏ အကျယ်အဝန်းဧရိယာစုစုပေါင်းသည် ၁၀.၁ စတုရန်းမိုင်ရှိပြီး ကမ္ဘာဧရိယာ၏ ၂၁% ခန့်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးခြင်းများဖြစ်သော မလေးရှားသည်၁၉၅၇ခုနှစ် ၊ ဘန်းဂလားဒေရ်ှ့သည် ၁၉၇၂ခုနှစ် ၊ အိန္ဒိယသည် ၁၉၄၇ခုနှစ် ၊ သီရိလင်္ကာသည်၁၉၄၈ခုနှစ် ၊ ဘရူနိုင်းသည် ၁၉၈၄ခုနှစ် နှင့် စင်္ကာပူသည် ၁၉၆၆ခုနှစ်တွင်အသီးသီးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ်တွင် ဗြိတိသျှအစိုးရထံမှလွတ်လပ်ရယူခဲ့ပြီးနောက် ဓနသဟာယအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ခြင်းမရှိပေ။ ယခင်ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခြင်းမရှိသည့်နိုင်ငံများမှာ အမေရိကန်နိုင်ငံ ၊ တရုတ် ၊ မြန်မာ နှင့် ဟောင်ကောင်းတို့ ဖြစ်သည်။ ဓနသဟာယနိုင်ငံများ၏ခေါင်းဆောင်အဖြစ် ဘုရင်ဂျော့(ဆဌမ) ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဂျော့ဘုရင်ကွယ်လွန်ပြီးနောက် ၎င်း၏အရိုက်အရာကို ဘုရင်မကြီး အလီဇဘက်၂အား အသိမှတ်ပြုဆက်ခံစေခဲ့သည်။

ဓနသဟာယအဖွဲ့ဝင်နိုင်ငံများမှာ
(၁) အင်တီဂွာ နှင့် ဘာဘူဒါနိုင်ငံ ၊ (၂) သြစတြေးလျ ၊(၃) ဘဟားမား ၊ (၄) ဘင်္ဂလားဒေရှ့်၊ (၅) ဘာဘဒိုစ့် ၊ (၆) ဘလိဇ် ၊ (၇) ဘော့ဆွာနာ ၊ (၈) ဘရူနိုင်း ၊ (၉) ကင်မရွန်း ၊ (၁၀) ကနေဒါ ၊ (၁၁) ဆိုက်ပရပ်စ် ၊ (၁၂) ဒိုမီနီကန် (၁၃) ဂမ်ဘီယာ ၊ (၁၄) ဂါနာ ၊ (၁၅) ဂရီနေဒါ ၊ (၁၆) ဂိုင်ယာနာ ၊ (၁၇) အိန္ဒိယ ၊ (၁၈) ဂျမေကာ ၊ (၁၉) ကင်ညာ ၊ (၂၀) ကီရီဘတ်စ် ၊ (၂၁) လီဆိုသို ၊ (၂၂) မော်လဝီ ၊ (၂၃) မလေးရှား ၊ (၂၄) မော်တာ ၊ (၂၅) မော်လ်ဒိုက် ၊ (၂၆) မောရစ်ရှ ၊ (၂၇) မိုဇမ်ဘစ် ၊ (၂၈) နာရူရူး ၊ (၂၉) နယူးဇီလန် ၊ (၃၀) နိုင်ဂျီးရီးယား၊

(၃၁) ပါကစ္စတန် ၊ (၃၂) ပါပူအာနယူးဂီနီ ၊ (၃၃) ရဝမ်ဒါ ၊ (၃၄) စိန့်ကစ် နှင့် နီးဗစ် ၊ (၃၅) စိန့်လူစီးယား ၊ (၃၆) စိန့်ဗင်းဆင့် နှင့် ဂရီနေဒိုင် ၊ (၃၇) ဆာမိုအာ ၊ (၃၈) ဆေးရှဲ ၊ (၃၉) ဆီရာလီယွန် ၊ (၄၀) စင်ကာပူ ၊ (၄၁) ဆော်လမွန်ကျွန်းစု ၊ (၄၂) တောင်အာဖရိက ၊ (၄၅) သီရီလင်္ကာ ၊ (၄၆) ဆွစ်ဇာလန် ၊ (၄၇) တန်ဇန်းနီးယား ၊ (၄၈) တွန်ဂါ ၊ (၄၉) ထရီနီဒတ် နှင့် တိုဘာဂို ၊ (၅၀) တူဗာလူး ၊ (၅၁) ယူဂန်ဒါ (၅၂) ဆွာဇီလန် (၅၃) ဇမ်ဘီယာ နိုင်ငံတို့ဖြစ်သည်။

ဓနသဟာယအဖွဲကြီးလက်အောက်ရှိပူးပေါင်းဆောင်ရွက်ရေးအဖွဲငယ်များမှာ
1.The Association of Commonwealth Universities (since 1986)
2.Commonwealth Forestry Association (since 1952)
3.Commonwealth Games Federation (since 1952)

4.Commonwealth Magistrates and Judges’ Association (since 1955)
5.Commonwealth Parliamentary Association (since 1989)
6.The Commonwealth Youth Exchange Council (since 1998)

7.The English-Speaking Union of the Commonwealth (since 1952)
8.Royal Commonwealth Ex-Services League (since 1952)
9.The Royal Commonwealth Society (since 1952)

10. Sightsavers (The Royal Commonwealth Society for the Blind) (since 1952)
11. The Victoria League for Commonwealth Friendship (since 1952)တို့ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများကို ကမ္ဘာ့မြေပုံတွင် မြင်ရပုံ

Source: British Monarchy, Commonwealth of Nations နှင့် လင့်တချိုမှ အကျဉ်းချုပ်ပြန်ဆိုသည်။

Maung Maung Than

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!