(Unicode)
၁၉၃၁ခုနှစ်မှာ မွေးဖွားတဲ့လူဆင်းရဲလေး ကလာမ်ဟာ ကလေးသာသာအရွယ်လေး နဲ့ မိသားစုအတွက် ပိုက်ဆံကို အသည်းအသန်ရနိုင်ဖ့ိုသတင်းစာပို့ခဲ့တဲ့သူ ၊ အိန္ဒိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ပြီး အနားယူတော့ ကိုယ်ပိုင်ငွေနဲ့ဝယ်တဲ့ စာအုပ်သေတ္တာ ၂လုံးပဲသယ်လာနိုင်တဲ့သူ ၊ ဘာသာတရားခွဲခြားပြီး ဟိန္ဒူတွေသာကြီးစိုးပေမဲ့ အစ္စလာမ်တစ်ယောက်ကိုသမ္မတမြောက်တော့ ပြိုင်ဘက်ပါတီတွေကတောင် ထောက်ခံရလောက်အောင်တော်တဲ့သူ ၊
ဗျက်စောင်းလေးတီး သီချင်းလေးညည်းကာ နျူကလီးယားထိပ်ဖူးတက်ဒုံးကျည်တွေဖန်တီးပြီး ငါတို့ကတော့အေးဆေးနေတာ လာတော့မစနဲ့လို့ ကမ္ဘာကိုစိန်ခေါ်ပြတဲ့သူ ၊ ကြီးမြတ်တဲ့သူတွေက ဘာသာရေးကို မိတ်ဆွေဖွဲ့ဖို့ သုံးတယ် သိမ်ဖျင်းတဲ့သူတွေက ဘာသာရေးကို တိုက်ခိုက်ဖို့အတွက် သုံးတယ် ဆိုတဲ့စကားနဲ့ ဘာသာတရားရဲ့ အဆုံးအမနဲ့ လူတွေလုပ်ရပ်ဟာ ကွဲပြားနေကြောင်းထောက်ပြတဲ့သူ ၊
ဘာသာတရားနဲ့ လူမျိုးအတန်းအစားခွဲခြားမှုတွေများပြားလွန်းတဲ့ အိန္ဒိယနိုင်ငံကို အကောင်းဆုံးဦးဆောင်ပြပြီး မိမိတို့က မတူပေမဲ့ မကွဲပြားကြောင်းကမ္ဘာကိုချပြခဲ့တဲ့သူ ၊ သမ္မတအဖြစ်အနားယူပြီး တာဝန်ထမ်းဆောင်ဖို့လုထုက တိုက်တွန်းပေမဲ့ ငြင်းဆန်ကာ အာဏာမရှိလည်း နိုင်ငံကိုတကယ်ချစ်ရင် ဖွံဖြိုးအောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်း အကောင်းဆုံးသက်သေပြပြီး သေတဲ့အထိ နိုင်ငံအတွက်အလုပ်လုပ်သွားတဲ့သူ…..
သူ့ရဲ့ဂုဏ်ပုဒ်တွေက များပြားလွန်းတယ်။ အင်ဂျင်နီယာ ၊ သိပ္ပံပညာရှင် ၊ တက္ကသိုလ်ပါမောက္ခ ၊ သမ္မတ ၊ အတွေးအခေါ်ပညာရှင် ၊ စာရေးဆရာ ၊ ကဗျာဆရာ ၊ ဂီတပညာရှင်…ဟုတ်ပါတယ် သူနာမည်က ဒေါက်တာအေပီဂျေအဗ္ဗဒူကလာမ် (A. P. J. Abdul Kalam) လို့ခေါ်ပါတယ်။
ငယ်ဘဝ
ကလာမ်ကို ၁၉၃၁ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ အိန္ဒိယနိုင်ငံ ရမ်ဆွာဝမ်မြို့မှာ နေထိုင်တဲ့မူဆလင်မိသားစုက မွေးဖွားခဲ့တာပါ။ သူ့ဖခင်ဟာလှေသမားတစ်ဦးဖြစ်ပြီး မိခင်ကတော့အိမ်ရှင်မတစ်ဦးပါ။ အစ်ကို ၃ဦး ၊ အစ်မ ၁ဦးရှိပြီး မွေးချင်းများအနက် အငယ်ဆုံးသားဖြစ်ပါတယ်။ ဘိုးဘွားတွေက အစဉ်အဆက်ချမ်းသာလာပေမယ့် ၁၉၂၀ခုနှစ်ကစလို့ စီးပွားရေးကျဆင်းသွားတာမို့ ကလာမ်ရဲ့ငယ်ဘဝဟာ မလှပခဲ့ရှာပါဘူး။ မိသားစုဝင်ငွေရဖို့ သတင်းစာရောင်းခဲ့ရပြီး တစ်ဖက်ကပညာသင်သလို တစ်ဖက်က လူ့လောကကြီးအကြောင်းကို ကလာမ်သင်ကြားခဲ့ရတာပါ။
ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့ မိသားစုလေးအတွက် တစ်ခုခုလုပ်ပေးချင်တဲ့ ကလေးသာသာ ကလာမ်ဟာ အိန္ဒိယတစ်နိုင်ငံလုံးအတွက်ဖြစ်တည်ခဲ့တာပါ။ ကျောင်းနေစဉ်ကတည်းက ကလာမ်ကလေးဟာစာတော်ပြီး အရာရာတိုင်းကို စူးစမ်းချင်သူပါ။ ဆရာဖြစ်သူက ငှက်တွေဘာလို့မိုးပေါ်ပျံတဲ့အကြောင်း သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြပြီးချိန်ကတည်းက ဒီပျံသန်းမှုကိုအခြေခံပြီး အိန္ဒိယကို ကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်တွန်းပို့မယ့် နည်းပညာရပ်တွေရဲ့အစပိုင်းဟာ ကလာမ်စိတ်ထဲ နေရာယူသွားပါတော့တယ်။
အဲဒီနောက်တော့ကလာမ်လေးဟာ သင်္ချာပညာရပ်ကို ပိုလိုက်စားခဲ့ပြီး အထက်တန်းပညာရေးပြီးဆုံးပြီးနောက် တီရူချီရာပယ်လီမြို့ က စိန့်ဂျိုးဇက်ကောလိပ်မှာ ရူပဗေဒပညာရပ်ကို စတင်ဆည်းပူးခဲ့ပါတယ်။ ၁၉၅၄ခုနှစ်မှာ ဘွဲ့ရပြီး ၁၉၅၅ခုနှစ်မှာတော့ မဒရပ်နည်းပညာတက္ကသိုလ်မှာ အာကာသသိပ္ပံအင်ဂျင်နီယာပညာကို ဆက်လက်သင်ကြားခဲ့ပါတယ်။
တတိယနှစ်အရောက်မှာတော့ ကလာမ်ဟာ အိန္ဒိယတပ်မတော်အတွက် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အတန်းဖော်တွေနဲ့ ပူးပေါင်းထုတ်လုပ်နိုင်လာပါပြီ။ တောက်မယ့်မီးခဲ တရဲရဲဖြစ်နေတဲ့ ကလာမ်ဟာ အဲဒီတီထွင်မှုအပြီး အိန္ဒိယတပ်မတော်ရဲ့ လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့ပြန်ပါတယ်။ ဒါပေမဲ့လက်တွေ့မှာတော့ သူ့ဆန္ဒဟာ ဖြစ်မလာခဲ့ပါဘူး။ သူ့ရဲ့အမှတ်စဉ်က ၉ဖြစ်ပြီး တကယ်ခေါ်သွားခဲ့တာ ၈ယောက်အထိပဲဖြစ်လို့ပါ။
သိပ္ပံပညာရှင်ဘဝ
၁၉၅၇ခုနှစ် မှာကလာမ်ဟာ မဒရပ်နည်းပညာတက္ကသိုလ်ကဘွဲ့ရပြီး တစ်နှစ်အကြာ အိန္ဒိယအမျိုးသားကာကွယ်ရေး နဲ့ သုသေသနဖွံဖြိုးရေးအဖွဲ့ DRDO မှာ အသေးစားရဟတ်ယာဉ် ဒီဇိုင်းဆွဲပေးတဲ့ ပညာရှင်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ မကြာမီ အိန္ဒိယရဲ့ အမျိုးသားအာကာသသုသေသနအဖွဲ့ဆီပြောင်းရွေ့ခဲ့ပြီး အိန္ဒိယရဲ့ပထမဆုံးလွှတ်တင်တဲ့အရပ်ဘက်ဆိုင်ရာဂြိုလ်တုလွှတ်တင်ယာဉ် SLV(3)ရဲ့စီမံကိန်းဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။
ကလာမ်ဟာ နည်းပညာမြှင့်တင်ရန်ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံရဲ့ အာကာသ သုတေသနစခန်း တွေကို သွားရောက်လေ့လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ နည်းပညာဆိုင်ရာသဘောတူညီချက်တွေ ရယူခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ အိန္ဒိယ ဒုံးကျည်စီမံကိန်းကို ချဲ့ထွင်ကာ နည်းပညာမြှင့်တင်ခဲ့ပါတယ်။
ဒုံးကျည်စမ်းသပ်မှုတွေ တောက်လျောက်အောင်မြင်ခဲ့တာကြောင့် သူ့ကို ဒုံးပျံလူသားလို့ အားလုံးက လေးလေးစားစားချီးကျူးခဲ့ကြပါတယ်။ နေစွမ်းအင်သုံးဂြိုလ်တုလွှတ်တင်ရေးယာဉ် PSLV နဲ့ SLV-3 လွှတ်တင်ရေးစီမံကိန်းတွေကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ကလာမ်ဟာ ၁၉၉၂ခုနှစ်ကနေ ၁၉၉၇ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာနမှာ သိပ္ပံနည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်တော့ အစိုးရဝန်ကြီးတာဝန်နဲ့ အစိုးရအကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထိုကာလတွင်းပြုလုပ်တဲ့ နျူကလီးယားစမ်းသပ်မှုတွေကိုအောင်မြင်အောင် ဦးဆောင်ပေးခဲ့တာကြောင့်လည်း အိန္ဒိယနိုင်ငံရဲ့ပြယုဒ်ဖြစ်လာခဲ့ပြန်ပါတယ်။
၁၉၉၈ခုနှစ်မှာတော့ Technological vision 2020 လို့ သူကိုယ်တိုင်နာမည်ပေးထားတဲ့ နိုင်ငံလုံးဆိုင်ရာစီမံကိန်းကို ချမှတ်ပြီး အိန္ဒိယကို နှစ် ၂၀ အတွင်းဖွံဖြိုးပြီးနိုင်ငံဖြစ်ဖို့ ဖော်ဆောင်ခဲ့ပြန်ပါတယ်။နိုင်ငံရဲ့အခြားကဏ္ဍတွေထက် လယ်ယာထုတ်ကုန်တိုးမြှင့်ရေး လက်မှုလယ်ယာကနေ စက်မှုလယ်ယာသို့ ကူးပြောင်းရေး ၊ သိပ္ပံနှင့်နည်းပညာရပ်များကိုအလေးပေးရေး ၊ ပညာရေး ကျန်းမာရေးတို့ မြှင့်တင်ရေး တို့ပါဝင်ပြီးအစိုးရကို တွန်းအားပေးခဲ့ပါတယ်။ နိုင်ငံကာကွယ်ရေးပြီးနောက် နိုင်ငံဝပြောရေးကို အကွက်ကျကျနည်းစနစ်ပိုင်နိုင်စွာလုပ်ခဲ့တဲ့ ကလာမ်ရဲ့ဆောင်ရွက်ချက်တွေဟာ သမိုင်းတွင်ခဲ့ပါတယ်။
လူထုသမ္မတ
သမ္မတရာထူးကိုစွန့်လွှတ်ခဲ့တဲ့ Narayanan နေရာမှာ အိန္ဒိယနိုင်ငံရဲ့ အာဏာရဟိန္ဒူအမျိုးသားပါတီက ကလာမ်ကိုနာမည်စာရင်းပေးခဲ့တာပါ။ အိန္ဒိယလို (ထိုစဉ်က)ဘာသာရေးခွဲခြားမှုရှိတဲ့နိုင်ငံအတွက် မူဆလင်တစ်ဦးဖြစ်တဲ့ ကလာမ်ကို သမ္မတရာထူးပေးခဲ့တာ အံ့သြစရာဖြစ်ခဲ့ပါတယ်။ ဒီထက်ပိုအံ့သြစရာကောင်းတာက ပြိုင်ဘက်တွေဖြစ်တဲ့ အိန္ဒိယကွန်ကရက်ပါတီနဲ့ Samajwadi ပါတီတွေကပါ တညီတညွက်တည်းထောက်ခံခဲ့ကြတာပါ။ အလကားထောက်ခံခဲ့ကြတာတော့မဟုတ်ပါဘူး။ နိုင်ငံအတွက် သူအစွမ်းကုန်ကြိုးပမ်းပေးခဲ့တာတွေကို ထောက်ရှုပြီးစဉ်းစားပေးခဲ့ကြတာပါ။ ဒီလိုနဲ့သူဟာ အိန္ဒိယရဲ့ ၁၁ဦးမြောက်သမ္မတ နဲ့ ပထမဆုံးလူပျိုသမ္မတဖြစ်လာခဲ့တယ်။
သမ္မတဖြစ်လာပေမယ့် ရာထူးတစ်ခုတိုးလာတာကလွဲလို့ ကလာမ်ကတော့ ပုံမှန်အတိုင်း ရိုးရှင်းစွာပဲနေထိုင်ခဲ့ပါတယ်။ သမ္မတဖြစ်လာချိန်မှာလည်း လူငယ်တွေနဲ့ တစ်ဦးချင်းစကားဝိုင်းတွေပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံမှုရုပ်သံတွေကိုပြသပြီး တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေရဲ့ကြိုးစားချင်စိတ်ကိုမြှင့်တင်ပေးခဲ့ပါတယ်။ အချိန်တိုင်းနိုင်ငံအတွက် မအားမလပ်ဖြစ်နေပေမယ့် လူငယ်တွေအတွက်တော့ အမြဲအချိန်ပေးလေ့ရှိတယ်။ လူငယ်တွေမေးသမျှ စစ်စစ်ပေါက်ပေါက်မေးခွန်းတွေကို တလေးတစားဖြေတတ်တယ်။ လူငယ်တွေဟာ တချိန်မှာ နိုင်ငံရဲ့ အနာဂတ်လို့ သူယုံကြည်ခဲ့လို့ပါ။
“ကျောင်းသားတစ်ယောက်မှာ ရှိသင့်တဲ့ အရေးအကြီးဆုံး အရည်အချင်းက မေးခွန်းမေးတတ်ဖို့ပါ။ သူတို့ကို မေးခွန်းတွေ မေးခွင့် ပြုလိုက်ကြစမ်းပါ”
လူထုသမ္မတဆိုပြီး ပြည်သူ့မေတ္တာခံယူခဲ့တဲ့ကလာမ်ဟာ သူ့လက်ထက်မှာ နိုင်ငံဖွံဖြိုးရေး ၊ ပညာရေး ၊ ကျန်းမာရေး နည်းပညာ ကဏ္ဍတွေကိုသိသိသာသာတိုးတက်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။လူထုထောက်ခံမှု အခိုင်အမာရရှိထားပေမယ့် သူဟာပါတီနိုင်ငံရေးအရူပ်အရှင်းတွေကြားမရှိချင်တာမို့ ၂၀၀၇ခုနှစ်မှာ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူသမ္မတသက်တမ်းကုန်ခဲ့တဲ့ ၂၀၀၇ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ မှာတော့ ကလာမ်ဟာ စာအုပ်သေတ္တာ ၂လုံးကို သယ်ဆောင်ပြီး သမ္မတအိမ်တော်က ထွက်ခွာသွားပါတော့တယ်။ သမ္မတသက်တမ်းတလျှောက်မှာ သူပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းဥစ္စာဟာ စာအုပ်သေတ္တာ ၂လုံးသာ ဖြစ်ခဲ့တယ်လို့ အရိုးရှင်းဆုံး ပြသခဲ့တာပါ။
(သူ့နေရာမှာ ပထမဆုံးအမျိုးသမီးသမ္မတ Pratibha Pati ကဆက်ခံခဲ့ပါတယ်)
လူထုခေါင်းဆောင်
သမ္မတအဖြစ်က အနားယူခဲ့ပေမယ့် ကလာမ်အတွက် အလုပ်တွေက မပြီးသေးပါဘူး။ သမ္မတဟောင်းဟာ စီမံခန့်ခွဲရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းတက္ကသိုလ် ၃ခုမှာ ဧည့်သည်တော်ပါမောက္ခအဖြစ်လည်းကောင်း၊ အိန္ဒိယသိပ္ပံသင်တန်းကျောင်းရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ အန်နာတက္ကသိုလ် အာကာသအင်ဂျင်နီယာဌာန ရဲ့ပါမောက္ခအဖြစ်လည်းကောင်း အိန္ဒိယတစ်နိုင်ငံလုံးဆိုင်ရာတက္ကသိုလ် ကောလိပ်များရဲ့နည်းပညာဆိုင်ရာ ပံ့ပိုးသူအဖြစ်လည်ကောင်း တာဝန်ပေါင်းများစွာကို ထမ်းဆောင်ခဲ့ပြီး အနာဂက်မျိုးဆက်တွေအထိ ဆက်လက်တာဝန်ကျေခဲ့သူပါ။
ကလာမ်ဟာ ဟန်ပန်အမူူအရာတွေနဲ့ မနေတတ်ပဲ ဘဝတလျှောက်လုံးကို အရိုးရှင်းဆုံးဖြတ်သန်းသွားခဲ့တယ်။ သမ္မတကြီးဖြစ်ပေမယ့် လမ်းဘေးမှာထိုင်စားဖို့ မရှက်တတ်ဘူး ၊ သူ့ကိုအခွင့်ထူးတွေပေးတာကိုလည်း မနှစ်သက်ဘူး။ တခါက အခမ်းအနားတစ်ခုမှာ သူ့အတွက်ခုံကို သီးသန့်ထားတယ် ။ သူ့ကိုစင်ပေါ်တက်ခိုင်းတဲ့အချိန်မှာတော့ အဲဒီခုံကို ချက်ချင်းဖယ်ခိုင်းတယ်။ အခွင့်ထူးခံပြီးသူမထိုင်နိုင်ဘူး ။ ပုံမှန်ခုံတစ်ခုနဲ့ လဲပေးပါလို့ တောင်းတာကြောင့် ချက်ချင်းလဲပေးရတယ်။ လူသားဆန်တဲ့ သူ့အတွက် လက်ခုပ်သံတွေ ဝေသွားခဲ့တယ်။
ဗီဒီယို
တခါကလည်း သူသမ္မတရာထူးယူထားတဲ့အချိန် ကျောင်းတစ်ခုမှာ လူငယ် ၄၀၀ခန့်ကို ဟောပြောပွဲပြောဖို့စီစဉ်ထားတယ်။ သူပြောမလို့လုပ်တုန်း လျှပ်စစ်မီးပျက်သွားတယ်။ အကြီးဆုံးရာထူးကို ယူထားတဲ့သူ ဘာလုပ်တယ်ထင်ပါသလဲ….။ အပြစ်တင်စကား တစ်ခွန်းမှမပြောဘူး။ စင်ပေါ်ကနေ လူငယ်တွေရဲ့ အလယ်ကို လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ ပြီးတော့ သူ့အသံကို သေသေချာချာကြားရအောင် သူ့ပတ်ပတ်လည်လည်မှာ ထိုင်ကြဖို့ လူတွေကိုပြောပြီး သူ့ဘာသာပဲဟောပြောပွဲကို စတင်လိုက်တယ်။
မဟာ လူသားအဖြစ် နိုင်ငံရဲ့အကျိုးကို မိနစ်အနည်းငယ်မျှပင် မဖြုန်းပဲ ဆောက်ရွက်ခဲ့တဲ့ သမ္မတဟောင်းကြီးရဲ့ပိုင်ဆိုင်မှုဆိုလို့ စာအုပ်ပေါင်း ၂၅၀၀ကျော် ၊ CD Player တစ်ခု ၊ ကွန်ပျူတာလပ်တော့တစ်လုံး ၊ ဗျတ်စောင်းတစ်လက် နဲ့ အဝတ်အစားအနည်းငယ်သာဖြစ်တယ်။ သူသက်တမ်းတစ်လျှောက်လုံး ရခဲ့သမျှလစာတွေကို အားလုံးကို သူ့အတွက်နည်းနည်းတောင်မသုံးပဲ လိုအပ်တဲ့အသင်းအဖွဲ့တွေကို လှူဒါန်းပစ်ခဲ့တယ်။ စာအုပ်ပေါင်းများစွာကိုရေးခဲ့ပြီး အိန္ဒိယရဲ့အမြင့်ဆုံးဆုတွေအပြင် ကမ္ဘာ့တက္ကသိုလ်အသီးသီး နဲ့ အခြားကမ္ဘာ့နိုင်ငံများက ချီးမြှင့်တဲ့ဆုပေါင်းများစွာကို ရရှိခဲ့တယ်။
ဒုံးပျံလူသားရဲ့နောက်ဆုံးနေ့ရက်များ
နိုင်ငံအတွက်အလုပ်တွေလုပ်ရင်း ၂၀၁၅ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့မှာတော့ Shillong စီမံခန့်ခွဲမှုသင်တန်းကျောင်းမှာ သင်ခန်းစာ စတင်ပို့ချနေစဉ် ရုတ်တရက်လဲကျသွားခဲ့ပါတယ်။ အနီးမှာရှိတဲ့ Bethany ဆေးရုံကိုပို့ပြီး ကုသခဲ့ပေမယ့် အသက်မမီတော့ပါဘူး။ ရုတ်တရက်နှလုံးရပ်သေဆုံးခြင်း နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူ့ဈာပနကိုနယူးဒေလီမှာကျင်းပခဲ့ပြီး အိန္ဒိယထိပ်တန်းခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။ဇူလိုင်လ ၂၉ရက်နေ့ နံနက်မှာတော့ သူ့ရုပ်အလောင်းကို သူ့ရဲ့ဇာတိမြေဖြစ်တဲ့ Rameswaram ကို ပြန်လည်သယ်ဆောင်လာပါတယ်။
ပြည်သူများစွာနောက်ဆုံးအနေနဲ့ ဂါဝရပြုခဲ့ကြပြီး ဇူလိုင်လ ၃၀ရက်နေ့မှာတော့ အိန္ဒိယသမ္မတဟောင်း ဒေါက်တာအေပီဂျေအဗ္ဗဒူကလာမ် ရဲ့ ရုပ်အလောင်းကို နိုင်ငံတော်ဈာပနအခမ်းအနားနဲ့ သြင်္ဂိုဟ်ခဲ့ပါတယ်။ အမေရိကန် ၊ ရုရှား တရုတ် စတဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေအပြင် နိုင်ငံပေါင်းများစွာက ခေါင်းဆောင်တွေကိုယ်တိုင်ဝမ်းနည်းကြောင်း သဝဏ်လွှာတွေကိုပေးပို့ပေးခဲ့ကြပါတယ်။ အိန္ဒိယပြည်သူသန်းပေါင်းများစွာရဲ့မေတ္တာကို ရရှိခဲ့သူ ၊ ယနေ့တိုင် လူသားတွေအတွက် ဘဝနေနည်း ဒသနတွေကို ချန်ထားရစ်ခဲ့သူ ၊ တစ်ကမ္ဘာလုံးရဲ့ လေးစားခြင်းကိုခံခဲ့ရသူ ဒုံးပျံလူသားကြီးဟာ လူပီသလွန်းတဲ့သူတစ်ယောက်အဖြစ် ကမ္ဘာကြီးကို အနိုင်နဲ့ ပိုင်းသွားခဲ့ပါတော့တယ်။
—— ——- ———–
(Zawgyi)
သတင္းစာပို႔သမားဘဝမွသည္ သိပၸံပညာရွင္၊ သမၼတအျဖစ္သို႔
၁၉၃၁ခုႏွစ္မွာ ေမြးဖြားတဲ့လူဆင္းရဲေလး ကလာမ္ဟာ ကေလးသာသာအ႐ြယ္ေလး နဲ႔ မိသားစုအတြက္ ပိုက္ဆံကို အသည္းအသန္ရႏိုင္ဖ့ိုသတင္းစာပို႔ခဲ့တဲ့သူ ၊ အိႏၵိယသမၼတအျဖစ္တာဝန္ထမ္းေဆာင္ၿပီး အနားယူေတာ့ ကိုယ္ပိုင္ေငြနဲ႔ဝယ္တဲ့ စာအုပ္ေသတၱာ ၂လုံးပဲသယ္လာႏိုင္တဲ့သူ ၊ ဘာသာတရားခြဲျခားၿပီး ဟိႏၵဴေတြသာႀကီးစိုးေပမဲ့ အစၥလာမ္တစ္ေယာက္ကိုသမၼတေျမာက္ေတာ့ ၿပိဳင္ဘက္ပါတီေတြကေတာင္ ေထာက္ခံရေလာက္ေအာင္ေတာ္တဲ့သူ ၊
ဗ်က္ေစာင္းေလးတီး သီခ်င္းေလးညည္းကာ န်ဴကလီးယားထိပ္ဖူးတက္ဒုံးက်ည္ေတြဖန္တီးၿပီး ငါတို႔ကေတာ့ေအးေဆးေနတာ လာေတာ့မစနဲ႔လို႔ ကမာၻကိုစိန္ေခၚျပတဲ့သူ ၊ ႀကီးျမတ္တဲ့သူေတြက ဘာသာေရးကို မိတ္ေဆြဖြဲ႕ဖို႔ သုံးတယ္ သိမ္ဖ်င္းတဲ့သူေတြက ဘာသာေရးကို တိုက္ခိုက္ဖို႔အတြက္ သုံးတယ္ ဆိုတဲ့စကားနဲ႔ ဘာသာတရားရဲ႕ အဆုံးအမနဲ႔ လူေတြလုပ္ရပ္ဟာ ကြဲျပားေနေၾကာင္းေထာက္ျပတဲ့သူ ၊
ဘာသာတရားနဲ႔ လူမ်ိဳးအတန္းအစားခြဲျခားမႈေတြမ်ားျပားလြန္းတဲ့ အိႏၵိယႏိုင္ငံကို အေကာင္းဆုံးဦးေဆာင္ျပၿပီး မိမိတို႔က မတူေပမဲ့ မကြဲျပားေၾကာင္းကမာၻကိုခ်ျပခဲ့တဲ့သူ ၊ သမၼတအျဖစ္အနားယူၿပီး တာဝန္ထမ္းေဆာင္ဖို႔လုထုက တိုက္တြန္းေပမဲ့ ျငင္းဆန္ကာ အာဏာမရွိလည္း ႏိုင္ငံကိုတကယ္ခ်စ္ရင္ ဖြံၿဖိဳးေအာင္လုပ္လို႔ရတယ္ဆိုတဲ့ အေၾကာင္း အေကာင္းဆုံးသက္ေသျပၿပီး ေသတဲ့အထိ ႏိုင္ငံအတြက္အလုပ္လုပ္သြားတဲ့သူ…..
သူ႔ရဲ႕ဂုဏ္ပုဒ္ေတြက မ်ားျပားလြန္းတယ္။ အင္ဂ်င္နီယာ ၊ သိပၸံပညာရွင္ ၊ တကၠသိုလ္ပါေမာကၡ ၊ သမၼတ ၊ အေတြးအေခၚပညာရွင္ ၊ စာေရးဆရာ ၊ ကဗ်ာဆရာ ၊ ဂီတပညာရွင္…ဟုတ္ပါတယ္ သူနာမည္က ေဒါက္တာေအပီေဂ်အဗၺဒူကလာမ္ (A. P. J. Abdul Kalam) လို႔ေခၚပါတယ္။
ငယ္ဘဝ
ကလာမ္ကို ၁၉၃၁ခုႏွစ္ ေအာက္တိုဘာလ ၁၅ရက္ေန႔မွာ အိႏၵိယႏိုင္ငံ ရမ္ဆြာဝမ္ၿမိဳ႕မွာ ေနထိုင္တဲ့မူဆလင္မိသားစုက ေမြးဖြားခဲ့တာပါ။ သူ႔ဖခင္ဟာေလွသမားတစ္ဦးျဖစ္ၿပီး မိခင္ကေတာ့အိမ္ရွင္မတစ္ဦးပါ။ အစ္ကို ၃ဦး ၊ အစ္မ ၁ဦးရွိၿပီး ေမြးခ်င္းမ်ားအနက္ အငယ္ဆုံးသားျဖစ္ပါတယ္။ ဘိုးဘြားေတြက အစဥ္အဆက္ခ်မ္းသာလာေပမယ့္ ၁၉၂၀ခုႏွစ္ကစလို႔ စီးပြားေရးက်ဆင္းသြားတာမို႔ ကလာမ္ရဲ႕ငယ္ဘဝဟာ မလွပခဲ့ရွာပါဘူး။ မိသားစုဝင္ေငြရဖို႔ သတင္းစာေရာင္းခဲ့ရၿပီး တစ္ဖက္ကပညာသင္သလို တစ္ဖက္က လူ႔ေလာကႀကီးအေၾကာင္းကို ကလာမ္သင္ၾကားခဲ့ရတာပါ။
ဆင္းရဲေပမယ့္ ေပ်ာ္စရာေကာင္းတဲ့ မိသားစုေလးအတြက္ တစ္ခုခုလုပ္ေပးခ်င္တဲ့ ကေလးသာသာ ကလာမ္ဟာ အိႏၵိယတစ္ႏိုင္ငံလုံးအတြက္ျဖစ္တည္ခဲ့တာပါ။ ေက်ာင္းေနစဥ္ကတည္းက ကလာမ္ကေလးဟာစာေတာ္ၿပီး အရာရာတိုင္းကို စူးစမ္းခ်င္သူပါ။ ဆရာျဖစ္သူက ငွက္ေတြဘာလို႔မိုးေပၚပ်ံတဲ့အေၾကာင္း သင္ေထာက္ကူပစၥည္းေတြနဲ႔ ရွင္းျပၿပီးခ်ိန္ကတည္းက ဒီပ်ံသန္းမႈကိုအေျခခံၿပီး အိႏၵိယကို ကမာၻအင္အားႀကီးႏိုင္ငံအျဖစ္တြန္းပို႔မယ့္ နည္းပညာရပ္ေတြရဲ႕အစပိုင္းဟာ ကလာမ္စိတ္ထဲ ေနရာယူသြားပါေတာ့တယ္။
အဲဒီေနာက္ေတာ့ကလာမ္ေလးဟာ သခ်ၤာပညာရပ္ကို ပိုလိုက္စားခဲ့ၿပီး အထက္တန္းပညာေရးၿပီးဆုံးၿပီးေနာက္ တီ႐ူခ်ီရာပယ္လီၿမိဳ႕ က စိန႔္ဂ်ိဳးဇက္ေကာလိပ္မွာ ႐ူပေဗဒပညာရပ္ကို စတင္ဆည္းပူးခဲ့ပါတယ္။ ၁၉၅၄ခုႏွစ္မွာ ဘြဲ႕ရၿပီး ၁၉၅၅ခုႏွစ္မွာေတာ့ မဒရပ္နည္းပညာတကၠသိုလ္မွာ အာကာသသိပၸံအင္ဂ်င္နီယာပညာကို ဆက္လက္သင္ၾကားခဲ့ပါတယ္။
တတိယႏွစ္အေရာက္မွာေတာ့ ကလာမ္ဟာ အိႏၵိယတပ္မေတာ္အတြက္ တိုက္ခိုက္ေရးရဟတ္ယာဥ္ေတြကို အတန္းေဖာ္ေတြနဲ႔ ပူးေပါင္းထုတ္လုပ္ႏိုင္လာပါၿပီ။ ေတာက္မယ့္မီးခဲ တရဲရဲျဖစ္ေနတဲ့ ကလာမ္ဟာ အဲဒီတီထြင္မႈအၿပီး အိႏၵိယတပ္မေတာ္ရဲ႕ ေလယာဥ္မႉးတစ္ေယာက္ျဖစ္ဖို႔ ဆႏၵျပင္းျပခဲ့ျပန္ပါတယ္။ ဒါေပမဲ့လက္ေတြ႕မွာေတာ့ သူ႔ဆႏၵဟာ ျဖစ္မလာခဲ့ပါဘူး။ သူ႔ရဲ႕အမွတ္စဥ္က ၉ျဖစ္ၿပီး တကယ္ေခၚသြားခဲ့တာ ၈ေယာက္အထိပဲျဖစ္လို႔ပါ။
သိပၸံပညာရွင္ဘဝ
၁၉၅၇ခုႏွစ္ မွာကလာမ္ဟာ မဒရပ္နည္းပညာတကၠသိုလ္ကဘြဲ႕ရၿပီး တစ္ႏွစ္အၾကာ အိႏၵိယအမ်ိဳးသားကာကြယ္ေရး နဲ႔ သုေသသနဖြံၿဖိဳးေရးအဖြဲ႕ DRDO မွာ အေသးစားရဟတ္ယာဥ္ ဒီဇိုင္းဆြဲေပးတဲ့ ပညာရွင္အျဖစ္ အလုပ္ဝင္ခဲ့ပါတယ္။ မၾကာမီ အိႏၵိယရဲ႕ အမ်ိဳးသားအာကာသသုေသသနအဖြဲ႕ဆီေျပာင္းေ႐ြ႕ခဲ့ၿပီး အိႏၵိယရဲ႕ပထမဆုံးလႊတ္တင္တဲ့အရပ္ဘက္ဆိုင္ရာၿဂိဳလ္တုလႊတ္တင္ယာဥ္ SLV(3)ရဲ႕စီမံကိန္းဒါ႐ိုက္တာ ျဖစ္လာခဲ့ပါတယ္။
ကလာမ္ဟာ နည္းပညာျမႇင့္တင္ရန္ရည္႐ြယ္ခ်က္နဲ႔ အေမရိကန္ႏိုင္ငံရဲ႕ အာကာသ သုေတသနစခန္း ေတြကို သြားေရာက္ေလ့လာခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုနဲ႔ နည္းပညာဆိုင္ရာသေဘာတူညီခ်က္ေတြ ရယူခဲ့ပါတယ္။ ၁၉၅၆ ခုႏွစ္မွာေတာ့ အိႏၵိယ ဒုံးက်ည္စီမံကိန္းကို ခ်ဲ႕ထြင္ကာ နည္းပညာျမႇင့္တင္ခဲ့ပါတယ္။
ဒုံးက်ည္စမ္းသပ္မႈေတြ ေတာက္ေလ်ာက္ေအာင္ျမင္ခဲ့တာေၾကာင့္ သူ႔ကို ဒုံးပ်ံလူသားလို႔ အားလုံးက ေလးေလးစားစားခ်ီးက်ဴးခဲ့ၾကပါတယ္။ ေနစြမ္းအင္သုံးၿဂိဳလ္တုလႊတ္တင္ေရးယာဥ္ PSLV နဲ႔ SLV-3 လႊတ္တင္ေရးစီမံကိန္းေတြကို ေအာင္ျမင္ေအာင္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ကလာမ္ဟာ ၁၉၉၂ခုႏွစ္ကေန ၁၉၉၇ခုႏွစ္အထိ ကာကြယ္ေရးဝန္ႀကီးဌာနမွာ သိပၸံနည္းပညာဆိုင္ရာ အႀကံေပးပုဂၢိဳလ္ျဖစ္ခဲ့ပါတယ္။
အဲဒီေနာက္ေတာ့ အစိုးရဝန္ႀကီးတာဝန္နဲ႔ အစိုးရအႀကံေပးအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ထိုကာလတြင္းျပဳလုပ္တဲ့ န်ဴကလီးယားစမ္းသပ္မႈေတြကိုေအာင္ျမင္ေအာင္ ဦးေဆာင္ေပးခဲ့တာေၾကာင့္လည္း အိႏၵိယႏိုင္ငံရဲ႕ျပယုဒ္ျဖစ္လာခဲ့ျပန္ပါတယ္။
၁၉၉၈ခုႏွစ္မွာေတာ့ Technological vision 2020 လို႔ သူကိုယ္တိုင္နာမည္ေပးထားတဲ့ ႏိုင္ငံလုံးဆိုင္ရာစီမံကိန္းကို ခ်မွတ္ၿပီး အိႏၵိယကို ႏွစ္ ၂၀ အတြင္းဖြံၿဖိဳးၿပီးႏိုင္ငံျဖစ္ဖို႔ ေဖာ္ေဆာင္ခဲ့ျပန္ပါတယ္။ႏိုင္ငံရဲ႕အျခားက႑ေတြထက္ လယ္ယာထုတ္ကုန္တိုးျမႇင့္ေရး လက္မႈလယ္ယာကေန စက္မႈလယ္ယာသို႔ ကူးေျပာင္းေရး ၊ သိပၸံႏွင့္နည္းပညာရပ္မ်ားကိုအေလးေပးေရး ၊ ပညာေရး က်န္းမာေရးတို႔ ျမႇင့္တင္ေရး တို႔ပါဝင္ၿပီးအစိုးရကို တြန္းအားေပးခဲ့ပါတယ္။ ႏိုင္ငံကာကြယ္ေရးၿပီးေနာက္ ႏိုင္ငံဝေျပာေရးကို အကြက္က်က်နည္းစနစ္ပိုင္ႏိုင္စြာလုပ္ခဲ့တဲ့ ကလာမ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြဟာ သမိုင္းတြင္ခဲ့ပါတယ္။
လူထုသမၼတ
သမၼတရာထူးကိုစြန႔္လႊတ္ခဲ့တဲ့ Narayanan ေနရာမွာ အိႏၵိယႏိုင္ငံရဲ႕ အာဏာရဟိႏၵဴအမ်ိဳးသားပါတီက ကလာမ္ကိုနာမည္စာရင္းေပးခဲ့တာပါ။ အိႏၵိယလို (ထိုစဥ္က)ဘာသာေရးခြဲျခားမႈရွိတဲ့ႏိုင္ငံအတြက္ မူဆလင္တစ္ဦးျဖစ္တဲ့ ကလာမ္ကို သမၼတရာထူးေပးခဲ့တာ အံ့ၾသစရာျဖစ္ခဲ့ပါတယ္။ ဒီထက္ပိုအံ့ၾသစရာေကာင္းတာက ၿပိဳင္ဘက္ေတြျဖစ္တဲ့ အိႏၵိယကြန္ကရက္ပါတီနဲ႔ Samajwadi ပါတီေတြကပါ တညီတၫြက္တည္းေထာက္ခံခဲ့ၾကတာပါ။ အလကားေထာက္ခံခဲ့ၾကတာေတာ့မဟုတ္ပါဘူး။ ႏိုင္ငံအတြက္ သူအစြမ္းကုန္ႀကိဳးပမ္းေပးခဲ့တာေတြကို ေထာက္ရႈၿပီးစဥ္းစားေပးခဲ့ၾကတာပါ။ ဒီလိုနဲ႔သူဟာ အိႏၵိယရဲ႕ ၁၁ဦးေျမာက္သမၼတ နဲ႔ ပထမဆုံးလူပ်ိဳသမၼတျဖစ္လာခဲ့တယ္။
သမၼတျဖစ္လာေပမယ့္ ရာထူးတစ္ခုတိုးလာတာကလြဲလို႔ ကလာမ္ကေတာ့ ပုံမွန္အတိုင္း ႐ိုးရွင္းစြာပဲေနထိုင္ခဲ့ပါတယ္။ သမၼတျဖစ္လာခ်ိန္မွာလည္း လူငယ္ေတြနဲ႔ တစ္ဦးခ်င္းစကားဝိုင္းေတြျပဳလုပ္ခဲ့ပါတယ္။ ေတြ႕ဆုံမႈ႐ုပ္သံေတြကိုျပသၿပီး တစ္ႏိုင္ငံလုံးမွာရွိတဲ့လူငယ္ေတြရဲ႕ႀကိဳးစားခ်င္စိတ္ကိုျမႇင့္တင္ေပးခဲ့ပါတယ္။ အခ်ိန္တိုင္းႏိုင္ငံအတြက္ မအားမလပ္ျဖစ္ေနေပမယ့္ လူငယ္ေတြအတြက္ေတာ့ အၿမဲအခ်ိန္ေပးေလ့ရွိတယ္။ လူငယ္ေတြေမးသမွ် စစ္စစ္ေပါက္ေပါက္ေမးခြန္းေတြကို တေလးတစားေျဖတတ္တယ္။ လူငယ္ေတြဟာ တခ်ိန္မွာ ႏိုင္ငံရဲ႕ အနာဂတ္လို႔ သူယုံၾကည္ခဲ့လို႔ပါ။
“ေက်ာင္းသားတစ္ေယာက္မွာ ရွိသင့္တဲ့ အေရးအႀကီးဆုံး အရည္အခ်င္းက ေမးခြန္းေမးတတ္ဖို႔ပါ။ သူတို႔ကို ေမးခြန္းေတြ ေမးခြင့္ ျပဳလိုက္ၾကစမ္းပါ”
လူထုသမၼတဆိုၿပီး ျပည္သူ႔ေမတၱာခံယူခဲ့တဲ့ကလာမ္ဟာ သူ႔လက္ထက္မွာ ႏိုင္ငံဖြံၿဖိဳးေရး ၊ ပညာေရး ၊ က်န္းမာေရး နည္းပညာ က႑ေတြကိုသိသိသာသာတိုးတက္ေအာင္ စြမ္းေဆာင္ျပခဲ့ပါတယ္။လူထုေထာက္ခံမႈ အခိုင္အမာရရွိထားေပမယ့္ သူဟာပါတီႏိုင္ငံေရးအ႐ူပ္အရွင္းေတြၾကားမရွိခ်င္တာမို႔ ၂၀၀၇ခုႏွစ္မွာ ေ႐ြးေကာက္ပြဲမဝင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
သူသမၼတသက္တမ္းကုန္ခဲ့တဲ့ ၂၀၀၇ခုႏွစ္ ဇူလိုင္လ ၁၅ရက္ေန႔ မွာေတာ့ ကလာမ္ဟာ စာအုပ္ေသတၱာ ၂လုံးကို သယ္ေဆာင္ၿပီး သမၼတအိမ္ေတာ္က ထြက္ခြာသြားပါေတာ့တယ္။ သမၼတသက္တမ္းတေလွ်ာက္မွာ သူပိုင္ဆိုင္ခဲ့တဲ့ ပစၥည္းဥစၥာဟာ စာအုပ္ေသတၱာ ၂လုံးသာ ျဖစ္ခဲ့တယ္လို႔ အ႐ိုးရွင္းဆုံး ျပသခဲ့တာပါ။
(သူ႔ေနရာမွာ ပထမဆုံးအမ်ိဳးသမီးသမၼတ Pratibha Pati ကဆက္ခံခဲ့ပါတယ္)
လူထုေခါင္းေဆာင္
သမၼတအျဖစ္က အနားယူခဲ့ေပမယ့္ ကလာမ္အတြက္ အလုပ္ေတြက မၿပီးေသးပါဘူး။ သမၼတေဟာင္းဟာ စီမံခန႔္ခြဲေရးဆိုင္ရာ အသက္ေမြးဝမ္းေၾကာင္းတကၠသိုလ္ ၃ခုမွာ ဧည့္သည္ေတာ္ပါေမာကၡအျဖစ္လည္းေကာင္း၊ အိႏၵိယသိပၸံသင္တန္းေက်ာင္းရဲ႕ဂုဏ္ထူးေဆာင္အဖြဲ႕ဝင္အျဖစ္လည္းေကာင္း ၊ အန္နာတကၠသိုလ္ အာကာသအင္ဂ်င္နီယာဌာန ရဲ႕ပါေမာကၡအျဖစ္လည္းေကာင္း အိႏၵိယတစ္ႏိုင္ငံလုံးဆိုင္ရာတကၠသိုလ္ ေကာလိပ္မ်ားရဲ႕နည္းပညာဆိုင္ရာ ပံ့ပိုးသူအျဖစ္လည္ေကာင္း တာဝန္ေပါင္းမ်ားစြာကို ထမ္းေဆာင္ခဲ့ၿပီး အနာဂက္မ်ိဳးဆက္ေတြအထိ ဆက္လက္တာဝန္ေက်ခဲ့သူပါ။
ကလာမ္ဟာ ဟန္ပန္အမူူအရာေတြနဲ႔ မေနတတ္ပဲ ဘဝတေလွ်ာက္လုံးကို အ႐ိုးရွင္းဆုံးျဖတ္သန္းသြားခဲ့တယ္။ သမၼတႀကီးျဖစ္ေပမယ့္ လမ္းေဘးမွာထိုင္စားဖို႔ မရွက္တတ္ဘူး ၊ သူ႔ကိုအခြင့္ထူးေတြေပးတာကိုလည္း မႏွစ္သက္ဘူး။ တခါက အခမ္းအနားတစ္ခုမွာ သူ႔အတြက္ခုံကို သီးသန႔္ထားတယ္ ။ သူ႔ကိုစင္ေပၚတက္ခိုင္းတဲ့အခ်ိန္မွာေတာ့ အဲဒီခုံကို ခ်က္ခ်င္းဖယ္ခိုင္းတယ္။ အခြင့္ထူးခံၿပီးသူမထိုင္ႏိုင္ဘူး ။ ပုံမွန္ခုံတစ္ခုနဲ႔ လဲေပးပါလို႔ ေတာင္းတာေၾကာင့္ ခ်က္ခ်င္းလဲေပးရတယ္။ လူသားဆန္တဲ့ သူ႔အတြက္ လက္ခုပ္သံေတြ ေဝသြားခဲ့တယ္။
တခါကလည္း သူသမၼတရာထူးယူထားတဲ့အခ်ိန္ ေက်ာင္းတစ္ခုမွာ လူငယ္ ၄၀၀ခန႔္ကို ေဟာေျပာပြဲေျပာဖို႔စီစဥ္ထားတယ္။ သူေျပာမလို႔လုပ္တုန္း လွ်ပ္စစ္မီးပ်က္သြားတယ္။ အႀကီးဆုံးရာထူးကို ယူထားတဲ့သူ ဘာလုပ္တယ္ထင္ပါသလဲ….။ အျပစ္တင္စကား တစ္ခြန္းမွမေျပာဘူး။ စင္ေပၚကေန လူငယ္ေတြရဲ႕ အလယ္ကို ေလွ်ာက္သြားၿပီး ထိုင္ခ်လိုက္တယ္။ ၿပီးေတာ့ သူ႔အသံကို ေသေသခ်ာခ်ာၾကားရေအာင္ သူ႔ပတ္ပတ္လည္လည္မွာ ထိုင္ၾကဖို႔ လူေတြကိုေျပာၿပီး သူ႔ဘာသာပဲေဟာေျပာပြဲကို စတင္လိုက္တယ္။
မဟာ လူသားအျဖစ္ ႏိုင္ငံရဲ႕အက်ိဳးကို မိနစ္အနည္းငယ္မွ်ပင္ မျဖဳန္းပဲ ေဆာက္႐ြက္ခဲ့တဲ့ သမၼတေဟာင္းႀကီးရဲ႕ပိုင္ဆိုင္မႈဆိုလို႔ စာအုပ္ေပါင္း ၂၅၀၀ေက်ာ္ ၊ CD Player တစ္ခု ၊ ကြန္ပ်ဴတာလပ္ေတာ့တစ္လုံး ၊ ဗ်တ္ေစာင္းတစ္လက္ နဲ႔ အဝတ္အစားအနည္းငယ္သာျဖစ္တယ္။ သူသက္တမ္းတစ္ေလွ်ာက္လုံး ရခဲ့သမွ်လစာေတြကို အားလုံးကို သူ႔အတြက္နည္းနည္းေတာင္မသုံးပဲ လိုအပ္တဲ့အသင္းအဖြဲ႕ေတြကို လႉဒါန္းပစ္ခဲ့တယ္။ စာအုပ္ေပါင္းမ်ားစြာကိုေရးခဲ့ၿပီး အိႏၵိယရဲ႕အျမင့္ဆုံးဆုေတြအျပင္ ကမာၻ႔တကၠသိုလ္အသီးသီး နဲ႔ အျခားကမာၻ႔ႏိုင္ငံမ်ားက ခ်ီးျမႇင့္တဲ့ဆုေပါင္းမ်ားစြာကို ရရွိခဲ့တယ္။
ဒုံးပ်ံလူသားရဲ႕ေနာက္ဆုံးေန႔ရက္မ်ား
ႏိုင္ငံအတြက္အလုပ္ေတြလုပ္ရင္း ၂၀၁၅ခုႏွစ္ ဇူလိုင္လ ၂၇ရက္ေန႔မွာေတာ့ Shillong စီမံခန႔္ခြဲမႈသင္တန္းေက်ာင္းမွာ သင္ခန္းစာ စတင္ပို႔ခ်ေနစဥ္ ႐ုတ္တရက္လဲက်သြားခဲ့ပါတယ္။ အနီးမွာရွိတဲ့ Bethany ေဆး႐ုံကိုပို႔ၿပီး ကုသခဲ့ေပမယ့္ အသက္မမီေတာ့ပါဘူး။ ႐ုတ္တရက္ႏွလုံးရပ္ေသဆုံးျခင္း နဲ႔ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ သူ႔ဈာပနကိုနယူးေဒလီမွာက်င္းပခဲ့ၿပီး အိႏၵိယထိပ္တန္းေခါင္းေဆာင္ေတြတက္ေရာက္ခဲ့ၾကပါတယ္။ဇူလိုင္လ ၂၉ရက္ေန႔ နံနက္မွာေတာ့ သူ႔႐ုပ္အေလာင္းကို သူ႔ရဲ႕ဇာတိေျမျဖစ္တဲ့ Rameswaram ကို ျပန္လည္သယ္ေဆာင္လာပါတယ္။
ျပည္သူမ်ားစြာေနာက္ဆုံးအေနနဲ႔ ဂါဝရျပဳခဲ့ၾကၿပီး ဇူလိုင္လ ၃၀ရက္ေန႔မွာေတာ့ အိႏၵိယသမၼတေဟာင္း ေဒါက္တာေအပီေဂ်အဗၺဒူကလာမ္ ရဲ႕ ႐ုပ္အေလာင္းကို ႏိုင္ငံေတာ္ဈာပနအခမ္းအနားနဲ႔ ၾသဂႋုဟ္ခဲ့ပါတယ္။ အေမရိကန္ ၊ ႐ုရွား တ႐ုတ္ စတဲ့ ကမာၻ႔ထိပ္တန္းေခါင္းေဆာင္ေတြအျပင္ ႏိုင္ငံေပါင္းမ်ားစြာက ေခါင္းေဆာင္ေတြကိုယ္တိုင္ဝမ္းနည္းေၾကာင္း သဝဏ္လႊာေတြကိုေပးပို႔ေပးခဲ့ၾကပါတယ္။ အိႏၵိယျပည္သူသန္းေပါင္းမ်ားစြာရဲ႕ေမတၱာကို ရရွိခဲ့သူ ၊ ယေန႔တိုင္ လူသားေတြအတြက္ ဘဝေနနည္း ဒသနေတြကို ခ်န္ထားရစ္ခဲ့သူ ၊ တစ္ကမာၻလုံးရဲ႕ ေလးစားျခင္းကိုခံခဲ့ရသူ ဒုံးပ်ံလူသားႀကီးဟာ လူပီသလြန္းတဲ့သူတစ္ေယာက္အျဖစ္ ကမာၻႀကီးကို အႏိုင္နဲ႔ ပိုင္းသြားခဲ့ပါေတာ့တယ္။