Via : Eaint Myat Chel
ဟစ်တလာ နှင့် ဂျာမန် လူမျိုး တို့ရဲ့ သိပ္ပံ နည်းပညာ၊ အတတ်ပညာ များသည် ယှဉ် ပြိုင်ဖက် မဟာမိတ် များထက် အဖက်ဖက် က သာလွန် လျှက် ရှိပြီး နှစ် ( ၅၀ ) ကျော် ပို၍ ခေတ်ရှေ့ ပြေးလျှက် ရှိနေ ပါတယ်။ ဂျာမန် တွေရဲ့ ‘မက်ဆာရှမစ် ၂၆၂ ( Messerschmitt 262 ) ဂျက် တိုက်လေယာဉ်ပျံ ဆိုရင် ကမ္ဘာ့ ပထမဆုံး အသုံးပြုရန် အသင့်ဖြစ်သော တိုက်လေယာဉ် ဖြစ်၍ တစ်နာရီ ကို မိုင် ( ၁၅၀ ) နှုန်း ပျံသန်း နိုင်ပြီး အဲဒီ အချိန် က မဟာမိတ် တို့၏ အမြန်ဆုံး တိုက် လေယာဉ် ထက် ပိုမို မြန်ဆန်သော တိုက် လေယာဉ် လည်း ဖြစ်ပါ တယ်။
အဲဒီ အချိန် မှာ ဂျာမန် လေသူရဲမယ် ‘ဟန်နာ ရိုက်ချ် ( Hanna Reitsch ) မှာ လည်း ခေတ် ရှေ့ပြေး တိုက်လေယာဉ် တစ်စီး ဖြစ်သည့် မက်ဆာရှမစ် ‘ကို မတ် ( Komet )’ ကို စမ်းသပ် မောင်းနှင် ပြီး ကမ္ဘာ့ စံချိန် ချိုးခဲ့ ပါသေး တယ်။
ထိုသို့သော အသိပညာရှင်၊ အတတ်ပညာရှင် များအား ဘာလင်မြို့ကို မဟာမိတ်များ သိမ်းပိုက် ပြီးနောက် ရုရှ၊ အမေရိကန် နှင့် ဗြိတိသျှ တို့က ထို ပညာရှင်များ ကို အမဲလိုက် သလို ဂျာမနီ တစ်နိုင်ငံ လုံး ကို မြေလှန် ရှာဖွေခဲ့ ကြသည်။
၁၉၄၅ ခုနှစ်၊ ဇွန်လ အလယ်လောက် မှာ လက်နက် အမျိုးမျိုး ထုတ်လုပ် တတ်သည့် ပညာရှင် ( ၁,၀၀၀ ) ကျော် ကို အမေရိကန် တို့က ဆိုဗီယက် တို့ထက် စောလျင်စွာ ရှာဖွေ တွေ့ရှိ ခဲ့ပြီး အမေရိကန်ဇုံ နယ်မြေ ထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွား နိုင်ခဲ့ ပါတယ်။
ထို ကိစ္စ နဲ့ပတ်သက်ပြီး ဆိုဗီယက် ခေါင်းဆောင် ဂျိုးဇက် စတာလင် က လွန်စွာ ဒေါသ ထွက်ပြီး ငါတို့က နာဇီတွေ ကို တိုက်ထုတ် နိုင်ခဲ့ သလို ဘာလင် ကိုလည်း သိမ်းပိုက် နိုင်ခဲ့ ပေမယ့် ဂျာမန် ဒုံးပျံ ပညာရှင် တွေ ကျတော့ အမေရိကန် တွေ ရသွားတယ်’ ဟု ရုရှ တို့ထက် အမေရိကန်တွေ နှာတစ်ဖျား သာသွား တာ ကို မကျေမနပ် နှင့် ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။
အဲဒီ စကား ဟာ နောင် အခါ အရှေ့နှင့် အနောက် စစ်အေး ကာလ အတွင်း အားပြိုင် ကြမယ့် ရှေ့ပြေး နိမိတ် စကား သာလျှင် ဖြစ်ပါ တော့တယ်။
အမေရိကန်တွေ က ထို ပညာရှင်များ ကို သာမက ဟစ်တလာ ရဲ့ ( V 2 ) ရော့ကက် ဒုံးပျံ စင်းရေ ( ၁၀၀ ) ကျော် ကို လည်း စစ်သင်္ဘော တွေဖြင့် တင်ဆောင် ကာ ရုရှ တွေရဲ့ မျက်စေ့ အောက်က ပင် တိတ်တဆိတ် အမေရိကား သို့ ခိုးယူ သွားခဲ့ ကြ ပါတယ်။
Vengeance Weapon 1 , 2 ( V 1 , 2 ) လို့ လူသိ များတဲ့ ဒုံးပျံ ကို စစ် အတွင်း က ဂျာမဏီ အတွင်းပိုင်း တစ်နေရာ ကနေ ပြစ်လွှတ် ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ ပထမဆုံး လူသား တီထွင် ၍ အာကာသ ထဲသို့ ကွန်ပြူတာထိန်း စနစ်ဖြင့် တာဝေးသို့ ပြစ်ခတ် နိုင်သော ဒုံးပျံ အမျိုး အစား ဖြစ်ပါ တယ်။
ထို V1 , V2 ဒုံးပျံ များကြောင့် လန်ဒန်မြို့ မှာ အတော် ပျက်စီး ဆုံးရှုံး ခဲ့ရ ပြီး မြို့သူ မြို့သား အများအပြား လည်း သေကြေ ခဲ့ရ ပါတယ်။
နောက်ပိုင်း တွင် အင်္ဂလိပ်များ က “ရေဒါ ကိရိယာ (Radar)” ကို တီထွင် နိုင်မှ သာလျှင် မြေပြင်ပေါ် ကျရောက် မပေါက်ကွဲခင် ကြိုတင် သိရှိ ပြီး ထို ဒုံးပျံများ ကို ပြစ်ချ နိုင်ခဲ့ ပါတယ်။
ထိုသို့ ထူးဆန်းပြီး ခေတ်ရှေ့ပြေးလွန်း သော ဒုံးပျံ ကို တီထွင်သူ ကတော့ အသက် ( ၃၂ ) နှစ် အရွယ်သာ ရှိသေး သည့် ဂျာမန် လူမျိုး ညဏ်ကြီးရှင် “ဝါနာ ဗွန်ဘရောင်း” ဆိုသူ ဖြစ်ပါတယ်။
အမေရိကန် တွေ ဂျာမနီ ကနေ ခိုးယူ ရရှိ သွားတဲ့ ပညာရှင်တွေ ထဲ မှာ နောင်သော အခါ လ ပေါ် လူ လွှတ်တင် တဲ့ အခါ လ ပေါ်သို့ သွားရောက် နိုင်မည့် ဒုံးပျံ ကို တီထွင် ပေးနိုင် ခဲ့သူ ဂျာမန် ဒုံးပျံ ပညာရှင် တစ်ယောက် ရရှိ သွားတာ ကြောင့် အမေရိကန် လူမျိုး တွေဟာ လောက ကို ခါးစောင်းတင် နိုင်ခဲ့ သူတွေ ဖြစ်လာ ခဲ့ကြ ပါတယ်။
ထို ဂျာမန် ဒုံးပျံ ပညာရှင် ကတော့ အခြားသူ မဟုတ်ဘဲ ‘ဝါနာ ဗွန် ဘရောင်း ( Wernher von Braun ) သာလျှင် ဖြစ်ပါ တော့တယ်။
ဝါနာ ဗွန် ဘရောင်း ကို ( ၂၃ ) ရက်၊ မတ် လ ၁၉၁၂ ခုနှစ်၊ ပရပ်ရှား ပြည်နယ်၊ ဂျာမနီ နိုင်ငံ မှာ မွေးဖွားခဲ့ ပါတယ်။
ငယ်ရွယ်စဉ် ဘဝ မှာ ကတည်း က H.G Wells နဲ့Jules Verne တို့ ရေးသားသော အာကာသ နှင့် ပတ်သက်သည့် စာအုပ်တွေ ဖြင့် ကြီးပြင်း လာခဲ့ ပြီး ဂြိုလ်တွေ ကို ထိမ်းသိမ်း နိုင်သော ကောင်းကင် ဘုရားများ နှင့် လူသား တို့၏ နည်းပညာရပ် များကို စိတ်ဝင်စား ခဲ့သည်။
ထို့ကြောင့် တစ်နေ့ကျရင် ဒုံးပျံ ကို ကိုယ်တိုင် တီထွင်ပြီး အာကာသ ထဲသို့ အရောက် သွားမည် ဟု စိတ်ကူး ယဉ်ခဲ့သူ ဖြစ် ပါတယ်။
ထိုစဉ် ကာလ မည်သူ မှ မတွေးတောခင် ကတည်း က အင်္ဂါဂြိုလ် ပေါ်မှာ သက်ရှိတွေ ရှိနေနိုင် ကြောင်း နှင့် တစ်နေ့ကျလျှင် မိမိ ရအောင် သွားရှာမည် ဟု ပြောဆိုလေ့ ရှိပြီး ထို ကိစ္စ အား အောင်မြင် သည် အထိ ဇွဲနပဲ နှင့် လုပ်ဆောင်မည်ဟု စိတ်ပိုင်း ဖြတ်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ် အတွင်း ဗွန်ဘရောင်း သည် ဂျာမဏီ အတွင်း ရှိ ‘Peenemünde Army Research Center’မှာ နည်းပညာ ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါသည်။
ထို့နောက် အာကာသ သွား ဒုံးပျံများ မဟုတ်သေး သော်လည်း စစ် လက်နက် ဒုံးပျံ တည်ဆောက်သူ ဂျာမန် ဒုံးပျံ အင်ဂျင်နီယာ တစ်ယောက် အဖြစ် တာဝန် ထမ်းဆောင် လျှက် ရှိပါတယ်။
လူ့သတင်း လူချင်းဆောင် ဆို သလို ၎င်း ၏ တီထွင်မှု နှင့် အတတ်ပညာ ကို ဟစ်တလာ က ကြားသိ ပြီးနောက် ကိုယ်ရံတော် တပ်ဖွဲ့ ထဲသို့ ဝင်ရောက်ခွင့် ပြုခဲ့ ပါတယ်။
ဂျာမန် အက်စ်အက်စ် အရာရှိတွေ အကြား မှာ ထင်ရှားကျော်ကြား သူ ဖြစ်ပြီး ဟစ်တလာ ၏ အထူး ယုံကြည် အားထားရသော သိပ္ပံပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။
ဟစ်တလာ ရဲ့’SS’ အဖွဲ့ကို အများစု က ကိုယ်ရံတော် တပ်ဖွဲ့ဟုသာ သိရှိထား ကြ ပါတယ်။
ထို အဖွဲ့သည် ဟစ်တလာ ၏ လျှို့ဝှက် အဖွဲ့အစည်း တစ်ခုဖြစ်ရုံ သာ မက လူသား ၏ ‘မျိုးရိုးဗီဇ (DNA)’ တွေ ထဲမှာ အမြင့်မြတ်ဆုံး ‘အာရိယာန် ( Aryan Race )’ သွေး ရှိကြ သူတွေ ဟု ယုံကြည် ကြ သည်။
ထို့ အပြင် ကောင်းကင်နတ်များ ဖြစ် ကြသော “Isis, Osiris, Horus,Seth”တို့မှ တိုက်ရိုက် ဆင်းသက် ၍ သွေးသား တော်စပ်သည့် သူများ ဟုလည်း ယုံကြည်ထား ကြ သူ များလဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ငယ်စဉ် ဘဝ ကတည်း က အာကာသ ထဲ သို့ ရောက်အောင် သွားမည် ဟု အားခဲ ထားသည့် ဗွန်ဘရောင်း အဖို့ ဟစ်တလာ ရဲ့လျှို့ဝှက် အဖွဲ့အစည်းထဲ ရောက်ရှိ ပြီးနောက် မိမိ သည် ကောင်းကင် ကြယ်တာရာစု မှ တိုက်ရိုက် ဆင်းသက် လာကြောင်း နှင့် သွေးသား စင်ကြယ် သန့်ရှင်း သည့် အာရိယာန် လူမျိုး စစ်စစ် ဖြစ်ကြောင်း ယုံကြည် ပြီး စကြာဝဠာ သည် လည်း ၎င်း အား ပိုမို ဆွဲဆောင် ခဲ့ပါ တော့တယ်။
စစ်ကြီး ပြီးဆုံး ပြီး နောက်ပိုင်း အမေရိကန် နှင့် ရုရှ တို့၏ အာကာသ ကို သူ့ထက်ငါ စိုးမိုး သိမ်းပိုက် ရေး အဆင့်မြင့် နည်းပညာ စစ်အေးခေတ် ကာလတွင် ဗွန်ဘရောင်း သည်’အမေရိကန် ပြည်ထောင်စု အမျိုးသား လေကြောင်း နှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့၊ နာဆာ ( NASA )’ သို့ ရောက်ရှိ လာခဲ့ ပါတယ်။
အဲဒီ အချိန် ကာလ မှာ နည်းပညာပိုင်း အရ ရုရှား က ( ၄ ) ရက်၊ အောက်တိုဘာ လ ( ၁၉၅၇ ) ခုနှစ် မှာ လူ မပါ ဘဲ အဝေးထိန်း စနစ်ဖြင့် ‘စပွန်းနစ် (၁) Sputnik (1)’ ကို ကမ္ဘာ့ လေထု အပြင် သို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ ပါသည်။
သိပ်မကြာခင် မှာပဲ လူသား ကို တင်ဆောင်၍ အာကာသထဲ ထပ်မံ လွှတ်တင် နိုင်ခဲ့တာ ကြောင့် အမေရိကန် တွေ မျက်ကလူး ဆန်ပြာ ဖြစ် ရပြီး ‘NASA’ ကို ၁၉၅၈ – ခုနှစ် မှာ စတင် ဖွဲ့စည်းခဲ့ ပါ တော့တယ်။
အစပိုင်း နာဆာ မှာ နာဇီ အက်စ်အက်စ် အရာရှိ ဟောင်း ဝါနာဗွန် ဘရောင်း မပါ သေးတာ ကြောင့် အမေရိကန်တွေ အနေ နှင့် မည်သို့ပင် အကြိမ်ကြိမ် ကြိုးစား ၍ ဒုံးပျံ လွှတ်တင်ခဲ့ သော်လည်း အောင်မြင်မှု မရရှိ ခဲ့ပါ။
နောက်ဆုံး တွင် ဗွန်ဘရောင်း ကို တာဝန်ပေး မှ ဒုံးပျံ မှာ အပေါ်သို့ ကြွမြန်း တော့တာ ကြောင့် သူ့ကို နာဆာ ရဲ့”မာစတာမိုင်း” ( သို့ ) “Father of Rocket Science”လို့ သတ်မှတ် ရပါ တော့တယ်။
ဗွန်ဘရောင်း သည် အာကာသ ဆိုင်ရာ စာအုပ် စာတမ်း အမြောက်အများ ကိုလည်း ရေးသား ပြုစု ခဲ့ သလို လူနာ လဆင်းယာဉ် အပါအဝင် ခရီးစဉ် နှင့် အင်္ဂါ ဂြိုလ်သွား ခရီးစဉ်များ အပြင် ယနေ့ “International Space Station ( ISS )” ဟု လူ သိများ နေသော အာကာသထဲ ရှိ နိုင်ငံ တစ်ကာ အာကာသစခန်း ဆိုသည် မှာလည်း ၎င်း ၏ တီထွင် ကြံဆမှု မှ တစ်ခုသာ ဖြစ် ပါသည်။
၎င်း ကိုယ်တိုင် အာကာသထဲ၊ လပေါ်နှင့် အင်္ဂါဂြိုလ် သို့ကိုယ်တိုင် သွားရောက်ပြီး “အခြား ကမ္ဘာ မှ ဂြိုဟ်သား (Aliens)” တွေကို သွားရောက် ရှာဖွေချင် သော်လည်း အမေရိကန် အစိုးရ က သူ သေဆုံးချိန် အထိ ခွင့်ပြုခြင်း မရှိ ခဲ့ ပါ။
၎င်း နှင့် လုပ်ဖော်ကိုင်ဖက် အမေရိကန် သိပ္ပံပညာရှင် တယောက် က “ခင်ဗျား ဘယ်လို ဖြစ်လို့ အာကာသ နဲ့ ဒုံးပျံတွေ အကြောင်း ဒီ လောက်တောင် သိနေရ တာလဲ နည်းနည်း လောက် ပြောပြ ပါလား” ဟု တိုးတိုး တိတ်တိတ် မေးရာ ၎င်း က ဘာမျှ ပြန် မပြောဘဲ ဘေးနား မှာ ချထားသော “ဂြိုလ်သားများ” အကြောင်း ရေးထားသည့် စာအုပ် ကို မျက်စ ပြစ်ပြ ပြီး ပြုံးနေ ပါတယ်။
ဟစ်တလာ၊ ဗွန်ဘရောင်း နှင့် အခြား ကမ္ဘာ မှ ဂြိုဟ်သားများ ပတ်သက်မှု ရှိနေသည် ကို ထို အခါတွင် မှ အမေရိကန် အစိုးရ က သိရှိ ရိပ်မိ ခဲ့ပါ တယ်။
ယခု ခေတ်ကာလ မှာတော့ အမေရိကန် နှင့် အခြား ကမ္ဘာ မှ ဂြိုလ်သားများ ပတ်သက်မှု သက်သေ ဖြစ်သည့် “ဧရိယာ ( ၅၁ ) ( Area 51) ” ဆိုတာ တွေ က လျှို့ဝှက် ထူးဆန်း သည့် ကိစ္စရပ်များ မဟုတ်တော့ ဘဲ လူတိုင်း လို သိရှိ နားလည် နေကြ သော အကြောင်း အရာများ ဖြစ်လို့နေပါ ပြီ။
ဗွန်ဘရောင်း သည် အမေရိကန် ပြည်ထောင်စု ၌ နေထိုင်ရင်း ( ၁၆ ) ရက်၊ ဇွန် လ ( ၁၉၇၇ ) ခုနှစ်၊ အသက်( ၆၅ ) နှစ် အရွယ် မှာ အလက်ဇန်းဒြီးယား မြို့၊ ဗာဂျီးနီးယား ပြည်နယ် တွင် ကွယ်လွန် ခဲ့ ပါတယ်။
Ref:သူရိယနေဝန်း ဂျာနယ် – «AndrewSoe» သမိုင်းက မပြောသော ဟစ်တလာ အကြောင်းများ အခန်းဆက် မှ
Via : Eaint Myat Chel