Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒမတ်စကတ် မြို့တော်အကြောင်း သိကောင်းစရာ

by Thutamm
September 30, 2020
Reading Time: 3min read
0
ဒမတ်စကတ် မြို့တော်အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ – အောင်ကောင်းထက် (GAD)

ဒမတ်စကတ်မြို့တော်(Damascus )ဟာဆိုရင် ဆီးရီးယားနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး ဘီစီ ၃၀၀၀ ကာလလောက်ကတည်းက တည်ရှိနေတဲ့ကမ္ဘာကျော်မြို့တော်ကြီးတခုဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ အထင်ကရ သမိုင်းဝင်မြို့တော်ကြီးတွေအနက်က တခုအဖြစ် လည်းရှိနေပြီး အာဖရိကတိုက်နဲ့ အာရှတိုက်အကြား၊ အရှေ့နဲ့ အနောက်ကို ဆက်သွယ်ပေးထားတဲ့လမ်းဆုံနေရာမှာတည်ရှိနေတာဖြစ်သည့်အားလျော်စွာ ဒေသ(၂) ခုစလုံးရဲ့ယဉ်ကျေးမှု၊စီးပွားရေးဆိုင်ရာ အချက်အချာနေရာတခုလည်းဖြစ်ခဲ့ပါတယ်။

ရာစုနှစ်ပေါင်းများစွာကာလကတည်းက မြို့တော်ရဲ့ကြီးကျယ်ခမ်းနားလှပမှုဆိုင်ရာ ဂုဏ်အင်္ဂါရပ်များစွာကို ရှေးစာဆိုကျော်တို့ကဗျာ၊လင်္ကာတွေသီကုံးရတဲ့အထိကို သမိုင်းဝင်ခဲ့တဲ့ကမ္ဘာ့မြို့တော်ကြီးတခုဆိုရင်လည်း မမှားပါဘူး။ ဒမတ်စကတ်မြို့တော်ကို ရောက်ရှိလာတဲ့ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေက တော ကမ္ဘာမြေရဲ့အဖိုးတန်အမွေအနှစ်မြို့တော်ကြီးတခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ဆီးရီးယား သဲကန္တာရအစွန်းပိုင်းဖြစ်သော စိမ်းလဲ့လဲ့ လွင်ပြင်တွင်တည်ရှိနေသည့် အားလျော်စွာကန္တာရတွင်းဖြတ်သန်းလာရတဲ့အာရပ်ခရီး သွားတွေအကြား ထင်ရှားတဲ့ ဒမတ်စကတ်မြို့တော် ရဲ့စိတ်ဝင်စားစရာအချက်(၂၃)ချက်ဖြစ်ပါတယ်။

(၁) ဒမတ်စကတ်မြို့တော်ကိုတော့ ဆီးရီးယားတွေရဲ့ဒေသိယစကားနဲ့ဆိုရင် al-Sham လို့ခေါ်ဆိုပြီးအဓိပ္ပါယ်ကတော့ ရေပေါများတဲ့မြေ(သို့) မြောက်ဘက် လို့ဆိုပါတယ်။မြို့တော်တည်ရှိရာနေရာဟာ al-Fayha လိုပဲ အာရေဗီးကျွန်း ဆွယ်ကြီးနဲ့နီးကပ်စွာတည်ရှိနေပြီးသီးပင်စားပင်တွေ၊ သစ်ခွပန်းဥယျာဉ်များစွာနဲ့ သန့်ရှင်းတဲ့ လေကောင်းလေသန့်များစွာရရှိရာအရပ်ဖြစ်ပါတယ်။

(၂) ဒမတ်စကတ်မြို့တော်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ခန့်ကတည်းက လူသားတွေ အစဉ်တစိုက်နေထိုင်ခဲ့ကြတဲ့ ကမ္ဘာသက်တမ်းအရင့်ဆုံးမြို့တော်ကြီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

(၃) ဒမတ်စကတ်မြို့တော်ဟာအကျယ်အဝန်းအားဖြင့် (၄၁)စတုရန်းမိုင်(၁၀၅စတုရန်းကီ လိုမီတာ)အထိရှိကာ အခြေချနေထိုင်သူဦးရေ(၁.၇)သန်းလောက်နေထိုင်ပါတယ်။

(၄) တချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ ဒမတ်စကတ်မြို့တော်ဟာ အခြားကမ္ဘာကျော် ရှေးဟောင်းမြို့တော်ကြီးတွေ ဖြစ်တဲ့ ရောမ ၊ ဘဂ္ဂဒက် ၊ ကိုင်ရို ၊ အစ္စတန်ဘူလ် စတဲ့ မြို့ကြီးတွေနဲ့ မကြာခဏနိုင်းယှဉ်ဖော်ပြခြင်း ခံရလေ့ရှိပါတယ်။

(၅) ဒမတ်စကတ်မြို့တော်အတွင်းမှာဆိုရင် ကွဲပြားတဲ့ခေတ်ကာလအသီးသီးက တည်ဆောက်ခဲ့ကြတဲ့ အထိမ်းအမှတ်အဆောက်အအုံ (၁၂၅)ခုလောက်တည်ရှိပါတယ်။ ယင်း အနက်မှာတော့ အရှေ့အလယ်ပိုင်းသေရဲ့နာမည်ကျော် Assyrian sanctuaryနယ်မြေအနီး(၈)ရာစုလောက်က တည်ဆောက်ခဲ့တဲ့ Umayyads ဗလီကြီးကတော့အထင်ရှားဆုံးသော အဆောက်အအုံအဖြစ်တည်ရှိနေပါတယ်။

(၆) Umayyads ဗလီကြီးကိုတော့ Grand Mosque of Damascus လို့လည်းလူသိများပြီး ကမ္ဘာပေါ်မှာ ဗလီတွေအနက်မှာတော့ ရှေးအကျဆုံး နဲ့ အကြီးဆုံးသော အဆောက်အအုံတခုအဖြစ် ထင်ရှားခဲ့ဖူးပါတယ်။ ဒီဗလီကြီးရဲ့ ကပ်လျက်မှာတော့ ကရူးဆိတ်စစ်ပွဲကာလအတွင်းက အလွန်ထင်ရှားခဲ့တဲ့ မွတ်ဆလင်ခေါင်းဆောင် ဘုရင် ဆလာဒင်ရဲ့ ဂူဗိမာန်တည်ရှိနေပါတယ်။

(၇) နာမည်ကျော်စစ်ဘုရင် Alaexander the Great ဟာ ဘီစီ(၃၃၃)ခုနှစ်လောက်မှာ ဒမတ်စကတ်မြို့တော်ကို သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ ဒမတ်စကတ်ဟာဆိုရင် ဟယ်လင်းနစ် ဂရိစာပေနဲ့ယဉ်ကျေးမှုဆိုင်ရာ နယ်မြေအစိတ်အပိုင်းအဖြစ် ထောင်စုနှစ် ၁ခုနီးပါးရပ်တည်နိုင်ခဲ့ပါတယ်။

(၈) အလယ်ခေတ်ကာလတလျှောက်မှာဆိုရင်လည်း ဒမတ်စကတ်မြို့တော်ဟာ ဒေသတွင်းလက်မှုပညာရပ် ထွန်းကားရာဗဟိုချက်မနေရာတခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ မြို့တော်အတွင်းမှာပဲ လက်မှုပညာရပ်ဆိုင်ရာ နယ်မြေအသီးသီး ခွဲခြားရပ်တည်ခဲ့ကာ လက်မှုပစ္စည်းကုန်သွယ်၊ ကူးသန်းတဲ့ လုပ်ငန်းများစွာဖွံဖြိုးခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်။

(၉) ဟယ်လင်းနစ် ၊ ရောမ ၊ ဘိုင်ဇန်တိုင်း နဲ့ အစ္စလာမ် တို့ရဲ့ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနဲ့ ခေတ်စရိုက်ပုံစံများစွာဟာ ဒမတ်စကတ်မြို့တော်မှာဖြစ်ပေါ်ခဲ့ပြီး အစ္စလာမ်အဖွဲ့အစည်းတွေရဲ့အထိမ်းအမှတ်၊အနုပညာတွေသာမက အစောပိုင်းကာလက အုပ်စိုးခဲ့တဲ့ရောမနဲ့ အရှေရောမအင်ပါယာ အမှတ်အသားအဆောက်အအုံတွေကိုလည်း ယနေ့တိုင် ဒမတ်စကတ်မြို့တော်မှာ တွေ့မြင်နိုင်ပါသေးတယ်။

(၁၀) ဒမတ်စကတ်မြို့တော်အတွင်းမှာပဲ ဗလီပေါင်း(၂၀၀၀)ကျော်အထိတည်ရှိနေပြီး မြို့သူ/သားအများစုကလည်းအစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။ ဒါအပြင်ခရစ်ယာန်ဘာသာဝင်(၁၀)ရာခိုင်နှုန်းနဲ့ အခြားဂျူးမျိုးနွယ်စုတွေဟာလည်း ဒမတ်စကတ်မှာပဲ ငြိမ်းချမ်းစွာ အခြေချနေထိုင်ကြပါတယ်။

(၁၁) ကမ္ဘာပေါ်မှာသြဇာတိက္ကမကြီးမားတဲ့ အာရေဗီဘာသာအကယ်ဒမီဟာလည်း ဒမတ်စကတ်မြို့တော်မှာ (၁၉၁၉)ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အရှေအလယ်ပိုင်းဒေသက အာရေဗီဘာသာစကားတက္ကသိုလ်တွေအနက်မှာတော့ ထိပ်တန်းနေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

(၁၂) ဒမတ်စကတ်မြို့တော်ရဲ့အမျိုးသားပြတိုက်ကိုတော့ (၁၉၃၆)ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကမ္ဘာတလွှားက ထူးခြားဆန်းပြားတဲ့ ရှေးခေတ် လူ့အသုံးအဆောင်ပစ္စည်းများစွာကို စုစည်းပြသထားပါတယ်။ အထူးသဖြင့် (၆)ရာစုကာလ လူယဉ်ကျေးမှုသမိုင်းကို ဖော်ညွှန်းပြသတဲ့ လူသားတွေဖန်တီးခဲ့တဲ့အသုံးအဆောင်ပစ္စည်းလက်ရာတွေကို ပြသထားပါတယ်။

(၁၃) ၂၀ရာစုကာလ နောက်ဆုံးဆယ်စုနှစ်တွေကတည်းက ဒမတ်စကတ်မြို့တော်ရဲ့ အနုပညာလက်ရာတိုးတက်မှုနှုန်းထားဟာ အလွန်ကိုမြင့်မားလာခဲ့ပါတယ်။ ယင်းမြို့တော်မှာဆိုရင် ဆီးရီးယားနိုင်ငံသားပညာရှင်တွေရဲ့လက်ရာတွေသာမက နိုင်ငံတကာ ပညာရှင်တွေရဲ့ အနုပညာဒီဇိုင်းလက်ရာပြခန်းများစွာတည်ရှိလို့နေပါတယ်။

(၁၄) ဒမတ်စကတ်မှာရှိတဲ့ Al-Assad အမျိုးသားစာကြည့်တိုက်ဟာဆိုရင်(၁၉၈၄)ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသတွင်းထင်ရှားတဲ့ လူသမိုင်းကြောင်းရေးရာ၊ စာပေ၊ ဂီတ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အထင်ကရ စာအုပ်စာတမ်းများစွာကို စုစည်းထားရှိပါတယ်။ အခြားသောနာမည်ကျော်စာပေဗိမ္မာန်များစွာဟာလည်း ဒမတ်စကတ်မြို့တော်မှာတည်ရှိနေပြီး ယင်းအနက် က al-Zahiriyyah အမျိုးသားစာကြည့်တိုက်ဟာဆိုရင်လည်း တန်ဖိုးကြီးစာကောင်းပေမွန်တွေနဲ့ ရှားပါးစာအုပ်များစွာကို ပိုင်ဆိုင်ထားပါတယ်။

(၁၅) အားကစားပြိုင်ပွဲတွေဟာဆိုရင်လည်း မြို့တော်ရဲ့လူကြိုက်များတဲ့အခမ်းအနား တွေဖြစ်ပါတယ်။ ဒမတ်စကတ်ရဲ့အတိတ်သမိုင်းတလျှောက်ကနေ ယနေ့အချိန်ထိလူကြိုက်အများဆုံးသော အားကစားကိုပြပါဆိုရင် ဘောလုံးအားကစားနည်းကို ညွှန်းဆိုပြသရမှာဖြစ်ပါတယ်။ နောက်ထပ်နာမည်ကျော်အားကစားနည်းတွေကတော့ ရေကူး၊ဘတ်စကတ်ဘော၊နပန်း၊ဘောက်ဆင်နဲ့ တင်းနစ်အားကစားတွေဖြစ်ကြပါတယ်။

(၁၆) ဒမတ်စကတ်နဲ့ ပတ်သက်ပြီး နောက်ထပ်လူသိနည်းတဲ့အချက်ကတော့ ကမ္ဘာ့အကြီးဆုံးသော စားသောက်ဆိုင်တွေ တည်ရှိနေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ Damascus Gate Restaurant ဆိုရင်အတွင်းအပြင်ထိုင်စရာခုံပေါင်း (၆၀၁၄)နဲ့ အကျယ်အဝန်း စတုရန်းပေ ၂၁၅၂၇၇ အထိအတိုင်းအတာ ရှိပါတယ်။

(၁၇) သမိုင်းတလျှောက် ဒမတ်စကတ်မြို့တော်ရဲ့တန်ခိုးအာဏာအထွတ်အထိပ်ကို ရောက်ရှိတဲ့ကာလကိုပြပါဆိုရင်တော့ (၇)ရာစုအစပိုင်းကာလကိုညွှန်းဆိုရမှာဖြစ်ပြီး နာမည်ကျော် မွတ်စလင်အင်ပါယာဖြစ်တဲ့ Umayyad caliphate ရဲ့မြို့တော်ဖြစ်ခဲ့ပါတယ်။

(၁၈) Umayyad caliphate ဟာဆိုရင်အစ္စလာမ်တွေအတွက်ပထမဆုံးသောအင်ပါယာဖြစ်ခဲ့ပြီး ယင်းဖြစ်တည်ခြင်းကနေပဲ နောက်ထပ်အာရပ်မြို့တော်ကြီးတွေ ထပ်မံပေါ် ပေါက်ပြီး အာရပ်တွေရဲ့တန်ခိုးအာဏာ ထွန်းတောက်ဖို့ အကောင်းဆုံးသော့ချက်ဖြစ်ခဲ့ တယ်ဆိုရင်လည်း မမှားပါဘူး။

(၁၉) ဒမတ်စကတ်မြို့တော်ဟောင်း နံရံတွေထက်က အမှတ်အသားမျဉ်းတွေဟာဆိုရင် သမိုင်းတလျှောက် ဒမတ်စကတ်မြို့တော်ရဲ့ကြွယ်ဝချမ်းသာတဲ့ ဂုဏ်အင်္ဂါရပ်ကို ကိုယ်စားပြုဖော်ပြပါတယ်။ မြို့တော်ဟောင်းရဲ့အသည်းနှလုံးလို့တင်စားခေါ်ဆိုကြတဲ့နေရာက အထိမ်းအမှတ်အဆောက်အအုံအများစုဟာ ဟယ်လင်းနစ်ခေတ် ဗိသုကာလက်ရာတွေဖြစ်ပြီး ယင်းကနေရောမခေတ်အနုပညာဒီဇိုင်းပုံစံ တွေနဲ့ထပ်မံပေါင်းစပ်ဖော်ကျူးကာ ဒမတ်စကတ်အတွက်သမိုင်းအမွေကိုဆက်ခံစေခဲ့တာ ကိုလည်းမြင်တွေ့ရပါတယ်။

(၂၀) ဒမတ်စကတ်မြို့တော်ရဲ့မြို့နံရံတွေ၊သမိုင်းဝင်အဆောက်အအုံတွေကိုတော့ ဆီးရီးယား အစိုးရက နိုင်ငံတော်အမွေအနှစ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေချမှတ်ပြီး အကာအကွယ်ပေးထားပါတယ်။

(၂၁) ဒမတ်စကတ်မြို့တော်ဟာဆိုရင် (၁၉၇၉)ခုနှစ်ကာလကတည်းက ယူနက်စကိုရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာအမွေအနှစ်နယ်မြေအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ (၂၀၁၃)ခုနှစ်ဇွန်လမှာတော့ ဆီးရီးယားစစ်ပွဲကြောင့် ဒမတ်စကတ်အပါအဝင်တနိုင်ငံလုံး မှာရှိတဲ့ ကမ္ဘာအမွေအနှစ်နယ်မြေအတွင်းကအဆောက်အအုံတွေအားလုံးဟာ အလွန်အန္တရာယ်ရှိတဲ့အခြေအနေကိုကျရောက်နေပြီဖြစ်ကြောင်း သတိပေးခဲ့ရပါတယ်။

(၂၂) Economist မဂ္ဂဇင်းက ထုတ်ပြန်တဲ့ စာရင်းမှာတော့ မှာတော့ ကမ္ဘာမြို့တော်ကြီး(၁၄၀) အနက် ဒမတ်စကတ်ဟာ နေချင်ဖွယ် မကောင်းဆုံးသောမြို့အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ ပညာရေး၊ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံနည်းပါး/ အဆင့်မမီတာကြောင့်ဖြစ်ပါတယ်။ ဒါအပြင်ပြည်တွင်း အခြေအနေကလည်း မကြာခဏပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေနဲ့အတူ အချိန်မရွေး လုံခြုံမှု မရှိတဲ့အနေအထား မှာဖြစ်နေလို့ပါ။ ဒါပေမဲ့ အာရပ်ကမ္ဘာအတွက်တော့ ဒမတ်စကတ် မြို့တော်ဟာ အဓိကယဉ်ကျေးမှုအမွေအနှစ်အသိုက်အမြုံတခုအဖြစ်တော့ဆက်လက် တည်ရှိလို့နေသေးတာကြောင့် အရှေအလယ်ပိုင်းရဲ့ အထင်ကရနေရာတခုဖြစ်တာကို တော့ ဘယ်သူမှ ငြင်းပယ်လို့မရနိုင်ပါဘူး။

(၂၃) ဆီးရီးယားနိုင်ငံရဲ့ Stock Exchange ဟာလည်း ဒမတ်စကတ်မြို့မှာသာတည်ရှိနေပြီးမြို့တော်ကို အစွဲပြုကာ ယင်းစကော့ရှယ်ယာဈေးကွက်ကို Damscus Stock exchange လို့ခေါ်ဆိုပါတယ်။

—— — ———–

(Zawgyi)

ဒမတ္စကတ္ ၿမဳိ႕ေတာ္အေၾကာင္း သိေကာင္းစရာ

ေရးသားသူ – ေအာင္ေကာင္းထက္ (GAD)

ဒမတ္စကတ္ၿမိဳ႕ေတာ္(Damascus )ဟာဆိုရင္ ဆီးရီးယားႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္ၿပီး ဘီစီ ၃၀၀၀ ကာလေလာက္ကတည္းက တည္ရွိေနတဲ့ကမာၻေက်ာ္ၿမိဳ႕ေတာ္ႀကီးတခုျဖစ္ပါတယ္။ အေရွ႕အလယ္ပိုင္းေဒသရဲ႕ အထင္ကရ သမိုင္းဝင္ၿမိဳ႕ေတာ္ႀကီးေတြအနက္က တခုအျဖစ္ လည္းရွိေနၿပီး အာဖရိကတိုက္နဲ႔ အာရွတိုက္အၾကား၊ အေရွ႕နဲ႔ အေနာက္ကို ဆက္သြယ္ေပးထားတဲ့လမ္းဆုံေနရာမွာတည္ရွိေနတာျဖစ္သည့္အားေလ်ာ္စြာ ေဒသ(၂) ခုစလုံးရဲ႕ယဥ္ေက်းမႈ၊စီးပြားေရးဆိုင္ရာ အခ်က္အခ်ာေနရာတခုလည္းျဖစ္ခဲ့ပါတယ္။

ရာစုႏွစ္ေပါင္းမ်ားစြာကာလကတည္းက ၿမိဳ႕ေတာ္ရဲ႕ႀကီးက်ယ္ခမ္းနားလွပမႈဆိုင္ရာ ဂုဏ္အဂၤါရပ္မ်ားစြာကို ေရွးစာဆိုေက်ာ္တို႔ကဗ်ာ၊လကၤာေတြသီကုံးရတဲ့အထိကို သမိုင္းဝင္ခဲ့တဲ့ကမာၻ႔ၿမိဳ႕ေတာ္ႀကီးတခုဆိုရင္လည္း မမွားပါဘူး။ ဒမတ္စကတ္ၿမိဳ႕ေတာ္ကို ေရာက္ရွိလာတဲ့ ကမာၻအရပ္ရပ္ကခရီးသြားေတြက ေတာ ကမာၻေျမရဲ႕အဖိုးတန္အေမြအႏွစ္ၿမိဳ႕ေတာ္ႀကီးတခုအျဖစ္သတ္မွတ္ခဲ့ၾကပါတယ္။ ဒီေနရာမွာမွ်ေဝေပးခ်င္တာကေတာ့ ဆီးရီးယား သဲကႏၲာရအစြန္းပိုင္းျဖစ္ေသာ စိမ္းလဲ့လဲ့ လြင္ျပင္တြင္တည္ရွိေနသည့္ အားေလ်ာ္စြာကႏၲာရတြင္းျဖတ္သန္းလာရတဲ့အာရပ္ခရီး သြားေတြအၾကား ထင္ရွားတဲ့ ဒမတ္စကတ္ၿမိဳ႕ေတာ္ ရဲ႕စိတ္ဝင္စားစရာအခ်က္(၂၃)ခ်က္ျဖစ္ပါတယ္။

(၁) ဒမတ္စကတ္ၿမိဳ႕ေတာ္ကိုေတာ့ ဆီးရီးယားေတြရဲ႕ေဒသိယစကားနဲ႔ဆိုရင္ al-Sham လို႔ေခၚဆိုၿပီးအဓိပၸါယ္ကေတာ့ ေရေပါမ်ားတဲ့ေျမ(သုိ႔) ေျမာက္ဘက္ လို႔ဆိုပါတယ္။ၿမိဳ႕ေတာ္တည္ရွိရာေနရာဟာ al-Fayha လိုပဲ အာေရဗီးကြၽန္း ဆြယ္ႀကီးနဲ ႔နီးကပ္စြာတည္ရွိေနၿပီးသီးပင္စားပင္ေတြ၊ သစ္ခြပန္းဥယ်ာဥ္မ်ားစြာနဲ႔ သန႔္ရွင္းတဲ့ ေလေကာင္းေလသန႔္မ်ားစြာရရွိရာအရပ္ျဖစ္ပါတယ္။

(၂) ဒမတ္စကတ္ၿမိဳ႕ေတာ္ဟာဆိုရင္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀၀၀ခန္႔ကတည္းက လူသားေတြ အစဥ္တစိုက္ေနထိုင္ခဲ့ၾကတဲ့ ကမာၻသက္တမ္းအရင့္ဆုံးၿမိဳ႕ေတာ္ႀကီးအျဖစ္ မွတ္တမ္းဝင္ထားပါတယ္။

(၃) ဒမတ္စကတ္ၿမိဳ႕ေတာ္ဟာအက်ယ္အဝန္းအားျဖင့္ (၄၁)စတုရန္းမိုင္(၁၀၅စတုရန္းကီ လိုမီတာ)အထိရွိကာ အေျခခ်ေနထိုင္သူဦးေရ(၁.၇)သန္းေလာက္ေနထိုင္ပါတယ္။

(၄) တခ်ိန္က ႀကီးက်ယ္ခမ္းနားခဲ့တဲ့ ဒမတ္စကတ္ၿမိဳ႕ေတာ္ဟာ အျခားကမာၻေက်ာ္ ေရွးေဟာင္းၿမိဳ႕ေတာ္ႀကီးေတြ ျဖစ္တဲ့ ေရာမ ၊ ဘဂၢဒက္ ၊ ကုိင္ရုိ ၊ အစၥတန္ဘူလ္ စတဲ့ ၿမဳိ႕ႀကီးေတြနဲ႔ မၾကာခဏႏုိင္းယွဥ္ေဖာ္ျပျခင္း ခံရေလ့ရွိပါတယ္။

(၅) ဒမတ္စကတ္ၿမိဳ႕ေတာ္အတြင္းမွာဆိုရင္ ကြဲျပားတဲ့ေခတ္ကာလအသီးသီးက တည္ေဆာက္ခဲ့ၾကတဲ့ အထိမ္းအမွတ္အေဆာက္အအုံ (၁၂၅)ခုေလာက္တည္ရွိပါတယ္။ ယင္း အနက္မွာေတာ့ အေရွ႕အလယ္ပိုင္းေသရဲ႕နာမည္ေက်ာ္ Assyrian sanctuaryနယ္ေျမအနီး(၈)ရာစုေလာက္က တည္ေဆာက္ခဲ့တဲ့ Umayyads ဗလီႀကီးကေတာ့အထင္ရွားဆုံးေသာ အေဆာက္အအုံအျဖစ္တည္ရွိေနပါတယ္။

(၆) Umayyads ဗလီႀကီးကိုေတာ့ Grand Mosque of Damascus လို႔လည္းလူသိမ်ားၿပီး ကမာၻေပၚမွာ ဗလီေတြအနက္မွာေတာ့ ေရွးအက်ဆုံး နဲ႔ အႀကီးဆုံးေသာ အေဆာက္အအုံတခုအျဖစ္ ထင္ရွားခဲ့ဖူးပါတယ္။ ဒီဗလီႀကီးရဲ႕ ကပ္လ်က္မွာေတာ့ ကရူးဆိတ္စစ္ပြဲကာလအတြင္းက အလြန္ထင္ရွားခဲ့တဲ့ မြတ္ဆလင္ေခါင္းေဆာင္ ဘုရင္ ဆလာဒင္ရဲ႕ ဂူဗိမာန္တည္ရွိေနပါတယ္။

(၇) နာမည္ေက်ာ္စစ္ဘုရင္ Alaexander the Great ဟာ ဘီစီ(၃၃၃)ခုႏွစ္ေလာက္မွာ ဒမတ္စကတ္ၿမိဳ႕ေတာ္ကို သိမ္းပိုက္ခဲ့ၿပီးေနာက္မွာေတာ့ ဒမတ္စကတ္ဟာဆိုရင္ ဟယ္လင္းနစ္ ဂရိစာေပနဲ႔ယဥ္ေက်းမႈဆိုင္ရာ နယ္ေျမအစိတ္အပိုင္းအျဖစ္ ေထာင္စုႏွစ္ ၁ခုနီးပါးရပ္တည္ႏိုင္ခဲ့ပါတယ္။

(၈) အလယ္ေခတ္ကာလတေလွ်ာက္မွာဆိုရင္လည္း ဒမတ္စကတ္ၿမိဳ႕ေတာ္ဟာ ေဒသတြင္းလက္မႈပညာရပ္ ထြန္းကားရာဗဟိုခ်က္မေနရာတခုအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ၿမိဳ႕ေတာ္အတြင္းမွာပဲ လက္မႈပညာရပ္ဆိုင္ရာ နယ္ေျမအသီးသီး ခြဲျခားရပ္တည္ခဲ့ကာ လက္မႈပစၥည္းကုန္သြယ္၊ ကူးသန္းတဲ့ လုပ္ငန္းမ်ားစြာဖြံၿဖိဳးခဲ့တဲ့ မွတ္တမ္းေတြရွိပါတယ္။

(၉) ဟယ္လင္းနစ္ ၊ ေရာမ ၊ ဘုိင္ဇန္တုိင္း နဲ႔ အစၥလာမ္ တုိ႔ရဲ႕ဓေလ့ထုံးစံ၊ ယဥ္ေက်းမႈနဲ႔ ေခတ္စ႐ိုက္ပုံစံမ်ားစြာဟာ ဒမတ္စကတ္ၿမိဳ႕ေတာ္မွာျဖစ္ေပၚခဲ့ၿပီး အစၥလာမ္အဖြဲ႕အစည္းေတြရဲ႕အထိမ္းအမွတ္၊အႏုပညာေတြသာမက အေစာပိုင္းကာလက အုပ္စိုးခဲ့တဲ့ေရာမနဲ႔ အေရွေရာမအင္ပါယာ အမွတ္အသားအေဆာက္အအုံေတြကိုလည္း ယေန႔တိုင္ ဒမတ္စကတ္ၿမိဳ႕ေတာ္မွာ ေတြ႕ျမင္ႏိုင္ပါေသးတယ္။

(၁၀) ဒမတ္စကတ္ၿမိဳ႕ေတာ္အတြင္းမွာပဲ ဗလီေပါင္း(၂၀၀၀)ေက်ာ္အထိတည္ရွိေနၿပီး ၿမိဳ႕သူ/သားအမ်ားစုကလည္းအစၥလာမ္ဘာသာဝင္ေတြျဖစ္ပါတယ္။ ဒါအျပင္ခရစ္ယာန္ဘာသာဝင္(၁၀)ရာခိုင္ႏႈန္းနဲ႔ အျခားဂ်ဴးမ်ိဳးႏြယ္စုေတြဟာလည္း ဒမတ္စကတ္မွာပဲ ၿငိမ္းခ်မ္းစြာ အေျခခ်ေနထိုင္ၾကပါတယ္။

(၁၁) ကမာၻေပၚမွာၾသဇာတိကၠမႀကီးမားတဲ့ အာေရဗီဘာသာအကယ္ဒမီဟာလည္း ဒမတ္စကတ္ၿမိဳ႕ေတာ္မွာ (၁၉၁၉)ခုႏွစ္ကတည္းကတည္ေထာင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အေရွအလယ္ပိုင္းေဒသက အာေရဗီဘာသာစကားတကၠသိုလ္ေတြအနက္မွာေတာ့ ထိပ္တန္းေနရာမွာ ရပ္တည္ေနဆဲျဖစ္ပါတယ္။

(၁၂) ဒမတ္စကတ္ၿမိဳ႕ေတာ္ရဲ႕အမ်ိဳးသားျပတိုက္ကိုေတာ့ (၁၉၃၆)ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ကမာၻတလႊားက ထူးျခားဆန္းျပားတဲ့ ေရွးေခတ္ လူ႔အသုံးအေဆာင္ပစၥည္းမ်ားစြာကို စုစည္းျပသထားပါတယ္။ အထူးသျဖင့္ (၆)ရာစုကာလ လူယဥ္ေက်းမႈသမိုင္းကို ေဖာ္ၫႊန္းျပသတဲ့ လူသားေတြဖန္တီးခဲ့တဲ့အသုံးအေဆာင္ပစၥည္းလက္ရာေတြကို ျပသထားပါတယ္။

(၁၃) ၂၀ရာစုကာလ ေနာက္ဆုံးဆယ္စုႏွစ္ေတြကတည္းက ဒမတ္စကတ္ၿမိဳ႕ေတာ္ရဲ႕ အႏုပညာလက္ရာတိုးတက္မႈႏႈန္းထားဟာ အလြန္ကိုျမင့္မားလာခဲ့ပါတယ္။ ယင္းၿမိဳ႕ေတာ္မွာဆိုရင္ ဆီးရီးယားႏိုင္ငံသားပညာရွင္ေတြရဲ႕လက္ရာေတြသာမက ႏိုင္ငံတကာ ပညာရွင္ေတြရဲ႕ အႏုပညာဒီဇိုင္းလက္ရာျပခန္းမ်ားစြာတည္ရွိလို႔ေနပါတယ္။

(၁၄) ဒမတ္စကတ္မွာရွိတဲ့ Al-Assad အမ်ိဳးသားစာၾကည့္တိုက္ဟာဆိုရင္(၁၉၈၄)ခုႏွစ္ကတည္းကဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ေဒသတြင္းထင္ရွားတဲ့ လူသမိုင္းေၾကာင္းေရးရာ၊ စာေပ၊ ဂီတ၊ ကိုးကြယ္ယုံၾကည္မႈဆိုင္ရာ အထင္ကရ စာအုပ္စာတမ္းမ်ားစြာကို စုစည္းထားရွိပါတယ္။ အျခားေသာနာမည္ေက်ာ္စာေပဗိမၼာန္မ်ားစြာဟာလည္း ဒမတ္စကတ္ၿမိဳ႕ေတာ္မွာတည္ရွိေနၿပီး ယင္းအနက္ က al-Zahiriyyah အမ်ိဳးသားစာၾကည့္တိုက္ဟာဆိုရင္လည္း တန္ဖိုးႀကီးစာေကာင္းေပမြန္ေတြနဲ႔ ရွားပါးစာအုပ္မ်ားစြာကို ပိုင္ဆိုင္ထားပါတယ္။

(၁၅) အားကစားၿပိဳင္ပြဲေတြဟာဆိုရင္လည္း ၿမိဳ႕ေတာ္ရဲ႕လူႀကိဳက္မ်ားတဲ့အခမ္းအနား ေတြျဖစ္ပါတယ္။ ဒမတ္စကတ္ရဲ႕အတိတ္သမိုင္းတေလွ်ာက္ကေန ယေန႔အခ်ိန္ထိလူႀကိဳက္အမ်ားဆုံးေသာ အားကစားကိုျပပါဆိုရင္ ေဘာလုံးအားကစားနည္းကို ၫႊန္းဆိုျပသရမွာျဖစ္ပါတယ္။ ေနာက္ထပ္နာမည္ေက်ာ္အားကစားနည္းေတြကေတာ့ ေရကူး၊ဘတ္စကတ္ေဘာ၊နပန္း၊ေဘာက္ဆင္နဲ႔ တင္းနစ္အားကစားေတြျဖစ္ၾကပါတယ္။

(၁၆) ဒမတ္စကတ္နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္လူသိနည္းတဲ့အခ်က္ကေတာ့ ကမာၻ႔အႀကီးဆုံးေသာ စားေသာက္ဆိုင္ေတြ တည္ရွိေနတယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ Damascus Gate Restaurant ဆိုရင္အတြင္းအျပင္ထိုင္စရာခုံေပါင္း (၆၀၁၄)နဲ႔ အက်ယ္အဝန္း စတုရန္းေပ ၂၁၅၂၇၇ အထိအတိုင္းအတာ ရွိပါတယ္။

(၁၇) သမိုင္းတေလွ်ာက္ ဒမတ္စကတ္ၿမိဳ႕ေတာ္ရဲ႕တန္ခိုးအာဏာအထြတ္အထိပ္ကို ေရာက္ရွိတဲ့ကာလကိုျပပါဆိုရင္ေတာ့ (၇)ရာစုအစပိုင္းကာလကိုၫႊန္းဆိုရမွာျဖစ္ၿပီး နာမည္ေက်ာ္ မြတ္စလင္အင္ပါယာျဖစ္တဲ့ Umayyad caliphate ရဲ႕ၿမိဳ႕ေတာ္ျဖစ္ခဲ့ပါတယ္။

(၁၈) Umayyad caliphate ဟာဆိုရင္အစၥလာမ္ေတြအတြက္ပထမဆုံးေသာအင္ပါယာျဖစ္ခဲ့ၿပီး ယင္းျဖစ္တည္ျခင္းကေနပဲ ေနာက္ထပ္အာရပ္ၿမိဳ႕ေတာ္ႀကီးေတြ ထပ္မံေပၚ ေပါက္ၿပီး အာရပ္ေတြရဲ႕တန္ခိုးအာဏာ ထြန္းေတာက္ဖို႔ အေကာင္းဆုံးေသာ့ခ်က္ျဖစ္ခဲ့ တယ္ဆိုရင္လည္း မမွားပါဘူး။

(၁၉) ဒမတ္စကတ္ၿမိဳ႕ေတာ္ေဟာင္း နံရံေတြထက္က အမွတ္အသားမ်ဥ္းေတြဟာဆိုရင္ သမိုင္းတေလွ်ာက္ ဒမတ္စကတ္ၿမိဳ႕ေတာ္ရဲ႕ႂကြယ္ဝခ်မ္းသာတဲ့ ဂုဏ္အဂၤါရပ္ကို ကိုယ္စားျပဳေဖာ္ျပပါတယ္။ ၿမဳိ႕ေတာ္ေဟာင္းရဲ႕အသည္းႏွလုံးလို႔တင္စားေခၚဆိုၾကတဲ့ေနရာက အထိမ္းအမွတ္အေဆာက္အအုံအမ်ားစုဟာ ဟယ္လင္းနစ္ေခတ္ ဗိသုကာလက္ရာေတြျဖစ္ၿပီး ယင္းကေနေရာမေခတ္အႏုပညာဒီဇိုင္းပုံစံ ေတြနဲ႔ထပ္မံေပါင္းစပ္ေဖာ္က်ဴးကာ ဒမတ္စကတ္အတြက္သမိုင္းအေမြကိုဆက္ခံေစခဲ့တာ ကိုလည္းျမင္ေတြ႕ရပါတယ္။

(၂၀) ဒမတ္စကတ္ၿမိဳ႕ေတာ္ရဲ႕ၿမိဳ႕နံရံေတြ၊သမိုင္းဝင္အေဆာက္အအုံေတြကိုေတာ့ ဆီးရီးယား အစိုးရက ႏိုင္ငံေတာ္အေမြအႏွစ္အျဖစ္ သတ္မွတ္ကာ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဥပေဒခ်မွတ္ၿပီး အကာအကြယ္ေပးထားပါတယ္။

(၂၁) ဒမတ္စကတ္ၿမိဳ႕ေတာ္ဟာဆိုရင္ (၁၉၇၉)ခုႏွစ္ကာလကတည္းက ယူနက္စကိုရဲ႕ ထိန္းသိမ္းေစာင့္ေရွာက္ရမဲ့ ကမာၻအေမြအႏွစ္နယ္ေျမအျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ (၂၀၁၃)ခုႏွစ္ဇြန္လမွာေတာ့ ဆီးရီးယားစစ္ပြဲေၾကာင့္ ဒမတ္စကတ္အပါအဝင္တႏိုင္ငံလုံး မွာရွိတဲ့ ကမာၻအေမြအႏွစ္နယ္ေျမအတြင္းကအေဆာက္အအုံေတြအားလုံးဟာ အလြန္အႏၲရာယ္ရွိတဲ့အေျခအေနကိုက်ေရာက္ေနၿပီျဖစ္ေၾကာင္း သတိေပးခဲ့ရပါတယ္။

(၂၂) Economist မဂၢဇင္းက ထုတ္ျပန္တဲ့ စာရင္းမွာေတာ့ မွာေတာ့ ကမာၻၿမိဳ႕ေတာ္ႀကီး(၁၄၀) အနက္ ဒမတ္စကတ္ဟာ ေနခ်င္ဖြယ္ မေကာင္းဆုံးေသာၿမဳိ႕အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ပညာေရး၊က်န္းမာေရးနဲ႔ အေျခခံအေဆာက္အအုံနည္းပါး/ အဆင့္မမီတာေၾကာင့္ျဖစ္ပါတယ္။ ဒါအျပင္ျပည္တြင္း အေျခအေနကလည္း မၾကာခဏေပါက္ကြဲမႈေတြ ပစ္ခတ္မႈေတြနဲ႔အတူ အခ်ိန္မေ႐ြး လုံၿခဳံမႈ မရွိတဲ့အေနအထား မွာျဖစ္ေနလို႔ပါ။ ဒါေပမဲ့ အာရပ္ကမာၻအတြက္ေတာ့ ဒမတ္စကတ္ ၿမိဳ႕ေတာ္ဟာ အဓိကယဥ္ေက်းမႈအေမြအႏွစ္အသိုက္အၿမဳံတခုအျဖစ္ေတာ့ဆက္လက္ တည္ရွိလို႔ေနေသးတာေၾကာင့္ အေရွအလယ္ပိုင္းရဲ႕ အထင္ကရေနရာတခုျဖစ္တာကို ေတာ့ ဘယ္သူမွ ျငင္းပယ္လို႔မရႏိုင္ပါဘူး။

(၂၃) ဆီးရီးယားႏိုင္ငံရဲ႕ Stock Exchange ဟာလည္း ဒမတ္စကတ္ၿမိဳ႕မွာသာတည္ရွိေနၿပီးၿမိဳ႕ေတာ္ကို အစြဲျပဳကာ ယင္းစေကာ့ရွယ္ယာေဈးကြက္ကို Damscus Stock exchange လို႔ေခၚဆိုပါတယ္။

Tags: cities

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!