Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား အလှဆုံးတူးမြောင်း ၁၀ခု

by Thutamm
August 10, 2019
Reading Time: 1min read
0
ကမ္ဘာတလွှား အလှဆုံးတူးမြောင်း ၁၀ခု
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ကမ္ဘာ့နိုင်ငံများတွင် ကျယ်ဝန်းသောသမုဒ္ဒရာများမှ သေးငယ်သောရေလမ်းကြောင်းများသို့ဆက်သွယ်သည့်တူးမြောင်း များကို အရွယ်အစားမျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံ တူးဖော်ထားသည်ကိုမြင်နိုင်ကြသည်။ ကမ္ဘာ့နိုင်ငံ မြို့တော်အများစုမှ လူအများသည် အီတလီနိုင်ငံ ၊ ဗင်းနစ်စ် တူးမြောင်းကို မိမိတို့ နိုင်ငံများရှိတူးမြောင်းများ နှင့် ခိုင်းနှိုင်းရန် စိတ်အားထက်သန်စွာရွေးထုတ် ဖော်ပြ လေ့ရှိကြသည်။

ထို့ကြောင့်လည်း ကမ္ဘာတစ်ဝန်းရှိ မြို့တော်များသည် မိမိတို့နိုင်ငံများမှ တူးမြောင်းများအား ဗင်းနစ် အမည်ကို ထည့်သွင်းအမည်ပေးလေ့ရှိကြသည်။ နိုင်ငံအသီးသီးရှိ တူးမြောင်းများသည် မိမိတို့ကိုယ်ပိုင်ဟန်နှင့် မိမိတို့ သမိုင်းကြောင်းအရ ခရီးသွားများ လာရောက် ကြည့်ရှုလိုဖွယ်များသာ ဖြစ်ပေသည်။

၁၀။ စတော့ဟုမ်း တူးမြောင်း(Stockholm Canals )

ဆွီဒင်နိုင်ငံမှ မြောက်ပိုင်း ဗင်းနစ်စ်ဟု အမည်ပေးထားသော တူးမြောင်းသည် ကျွန်းပေါင်း ၁၄ ကျွန်းပေါ်တွင် တည်ရှိ သည်။များပြားသောကျွန်းများပေါ်တွင် တည်ဆောက်ထားသော တူးမြောင်းဖြစ်သဖြင့် ရေလမ်းကြောင်းများ နှင့် မော်တော်များ၊ လှေများကို နေရာတိုင်းတွင် တွေ့မြင်ကြရသည်။

စတော့ဟုမ်း တူးမြောင်းများကို လေ့လာရန် အကောင်းဆုံးသော နည်းလမ်းမှာ ကနိုး သို့မဟုတ် ကယက်လှေတစ်စီး ကို ငှားရမ်းကာ မြို့တော်၏ ကျွန်းများအကြား တူးမြောင်းများတွင် တစ်နာရီကြာမျှ လှော် ခတ်ရန်ပင်ဖြစ်သည်။

၉။ အလပ်ပူဇဟာ တူးမြောင်း (Alappuzha)

အိန္ဒိယနိုင်ငံရှိ အရှေ့ ဗင်းနစ်ဟု အမည်ပေးထားသည့် အလပ်ပူဇဟာ သည် တူးမြောင်းများ စုစည်း တည်ရှိနေသည့် လှပသောရှေးဟောင်းဒေသ တစ်ခုဖြစ်သည်။ အလပ်ပူဇဟာသည် နာမည်ကျော် နောက်ပြန်စီးဆင်းနေသည့် ကီရလာရေလမ်း ကြောင်း နှင့် ဆက်သွယ်နေပြီး အလပ်ပူဇဟာသို့ လာရောက်လည်ပတ်ကြသူများသည် နောက်ပြန် ရေစီးကြောင်းကိုစူးစမ်းနိုင် ရန် အိမ်ကဲ့သို့နေထိုင်ပြီး အပေါ်တွင်ချက်ပြုတ်စားနိုင်သော လှေတစ်စီးကို ငှားရမ်းနိုင်ကြသည်။

ထိုလှေဖြင့် တစ်ရက်နှစ်ရက်မှ သည် ရက်အတန်ကြာသည်အထိ တူးမြောင်းများအတွင်းလှည့်လည်နိုင်ကြသည်။ အလပ်ပူဇဟာ တူးမြောင်းအတွင်းတွင် ထင် ပေါ်ကျော်ကြားသည့် နေရူးဖလား မြွေလှေ ပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။ လှေထိုးသမားများပါဝင်သည့် အဖွဲ့များသည် နေရူး ဖလားလှေပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်လေ့ရှိသည်။

၈။ ဘန်ကောက်ကလောင် (Bangkok Klong)

ကလောင်သည် ထိုင်းဘာသာဖြင့် တူးမြောင်းဖြစ်သည်။ ထိုင်းလူမျိုးတို့သည် သမိုင်းတစ်လျောက် သယ်ယူပို့ဆောင် ရေး နှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် ကလောင်များကို အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ဘန်ကောက်မြို့အား အရှေ့ ဗင်းနစ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

ယခုအခါတွင် ထိုင်းနိုင်ငံတွင် ကလောင်အများစုကို လမ်းများအဖြစ်အသုံးပြုလျက် ရှိသည်။ ထိုင်းနိုင်ငံ ရတ်ချာဘူရီ ပြည်နယ်တွင် ရှေးအစဉ်အလာ ရေပေါ်ဈေးများကို ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ကြည့်ရှု နိုင်ကြသည်။ ဘန်ကောက်တူးမြောင်းတစ်လျောက် လှေတစ်စီးငှားကာ လိုရာနေရာသို့ သွားရောက်ခြင်း ဖြင့် ဘန်ကောက်မြို့၏ ကားလမ်းပိတ်ဆို့မှုဒဏ်ကို ရှောင်လွှဲနိုင်ကြပေသည်။

၇။ နန်မဒေါ (Nan Madol)

နန်မဒေါ တူးမြောင်း ခေါ် ပစိဖိတ်ဗင်းနစ်သည် လူလုပ်ကျွန်းငယ်များစုစည်းထားသည့် နေရာဖြစ်ပြီး မိုက်ခရိုနီးရှား၊ ပိုပေကျွန်းအရှေ့ကမ်းလွန်တွင် တည်ရှိသည်။ ထိုကျွန်းငယ်များအား ၈ ရာစုနှစ်တွင် စတင်ပြုလုပ်နိုင်ဖွယ်ရှိသည် ဟုယူဆကြသည်။

သို့သော်လည်း ကျောက်တုံးကြီးများဖြင့် ပြုလုပ်ထားသော ထင်ရှားသည့် နန်မဒေါ ဗိသုကာ လက်ရာများသည် ၁၂ ရာစု နှင့် ၁၃ ရာစု အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆကြသည်။ယင်းနေရာသည် ဆော်ဒီလျူရာမင်းဆက်တွင် နှစ်ပေါင်း ၄၀၀ တိုင် အခမ်းအနားများကျင်းပရာ နေရာအဖြစ်အသုံးပြုခဲ့ပြီး ရှင်ဘုရင်နန်းထိုင်ရာ ရာဇ ဌာနီအဖြစ် နန်းမြို့တော်ကျဆုံးချိန်အထိ အသုံးပြုခဲ့သည်။

၆။ စူချောင် (Suzhou)

တရုတ်နိုင်ငံ၏ ဗင်းနစ် ဟုခေါ်ဆိုကြသည့် စူချောင်သည် ယန်စီမြစ်အောက်ပိုင်း တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသည်။ ဘီစီ ၅ ရာစုတွင် ပြုလုပ်ခဲ့သည့် စူချောင်သည် လှပသော ရေလမ်းကြောင်းများကြောင့် ထင်ရှားကျော်ကြားသည်။ စူချောင် တွင် ရှုပ်ထွေးသော ဥယျာဉ်များနှင့် သမိုင်းဝင် ကျောက်တံတားများရှိသည်။

တစ်ချိန်က စူချောင်ကို ပိုးကုန်သွယ်မှုလုပ်ငန်း လမ်း ကြောင်းအဖြစ်အသုံးပြုခဲ့သဖြင့် လူသိများသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကုန်သွယ်ရေလမ်းကြောင်း တစ်ခု ဖြစ်သည့် ဂရန်းတူးမြောင်းနှင့် ကပ်လျက်တည်ရှိနေသည်။

၅။ ပနားမား တူးမြောင်း

ပနားမားတူးမြောင်းကို မသိသူ နည်းပါးပေလိမ့်မည်။လူတို့ ဖောက်လုပ်ခဲ့သော ၇၇ ကီလိုမီတာ( ၄၈)မိုင် ရှည်လားသည့် ပနားမား တူးမြောင်းသည် ကမ္ဘာ့ရေကြောင်းသွားလာမှုကို ပြောင်းလဲစေခဲ့သည်။ အတ္တလန်တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ပနားမားနိုင်ငံရှိ ကျဉ်းမြောင်းသော ကမ်းမျှောင်နေရာလေးဖြင့် ဆက်သွယ်နိုင်ခဲ့သဖြင့် သင်္ဘောများသည် ထိုလမ်းကြောင်းမှ သွားလာနိုင်ခဲ့ကြသည်။

၁၉၁၄ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့သော ပနားမားတူးမြောင်းအတွင်း သင်္ဘောများ တစ်ဖက်မှ တစ်ဖက်သို့ ဖြတ်သန်း ခုတ်မောင်းနိုင်ရန် ရေတံခါးများဖြင့် ရေပြင်ကို အနိမ့်အမြင့် လိုသလို ထိန်းညှိပေးသည်။ ပင်လယ်ကူးသင်္ဘာများသည် တောင်အမေရိကတိုက်ကို ပတ်ကာ သွားရသည့် အလွန်ရှည်လျားပြီး အန္တရာယ်များသော ရေလမ်းကြောင်းကို အသုံးပြုရန် မလိုတော့ပဲ သမုဒ္ဒရာ တစ်ဖက်မှ တစ်ဖက်သို့ ပနားမား တူးမြောင်းကို ဖြတ်သန်းကာ သွားလာနိုင်ကြပေသည်။ ယနေ့အချိန်တွင် ပနားမား တူးမြောင်းအား သင်္ဘောပေါင်း ၁၄၀၀၀ နှစ်စဉ် ဖြတ်သန်းလျက်ရှိပေသည်။

၄။ ဟွိုင်အန်း တူးမြောင်း

ဗီယက်နမ်နိုင်ငံ၊ တောင်တရုတ်ပင်လယ်ကမ်းခြေရှိ ဟွိုင်အန်း အမည်ရှိ ရွာငယ်လေးသည် တံငါရွာ အဖြစ်မှ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်လာခဲ့သည်။ ဗီယက်နမ် ငါးဖမ်းလုပ်ငန်းဈေးကွက် သည် ဒါနန် မြို့တော်သို့ ရွှေ့ပြောင်းသွားခဲ့သော်လည်း ဟွိုင်အန်းသည် ၁၆ ရာစု ကတည်းက နိုင်ငံတကာ ငါးဆိပ်ကမ်း တစ်ခုဖြစ်ခဲ့သည်။

ဟွိုင်အန်းမြို့လယ် တွင် ယနေ့တိုင် ဟွိုင်အန် မြို့ဟောင်းရှိနေသည်။ တရုတ် ပုံစံ ဈေးဆိုင်များကို ယခုအထိမြင်တွေ့နိုင်သည်။ ဟွိုင်အန်းသည် မြို့ အစိတ်အပိုင်းများအား ဖြတ်သန်းဖောက်လုပ်ထားသည့် ကျဉ်းမြောင်းသော တူးမြောင်းတစ်ခုသဖြင့် ဗီယက်နမ် ဗင်းနစ် ဟု လည်း ခေါ်ကြသည်။

၃။ ဗရုစ် တူးမြောင်းများ

ဗရုစ်သည် ဘယ်လ်ဂျီယံနိုင်ငံ၏ လူသိအများဆုံး နေရာ တစ်ခုဖြစ်သည်။ယနေ့တိုင် အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် ဥရောပအလယ်ခေတ် လက်ရာ မြို့တော်ဟောင်းတစ်ခုလည်းဖြစ်သည်။ ဗရုစ်ရှိ တူးမြောင်းများကြောင့် ဗရုစ်ကို မြောက်ပိုင်း ဗင်းနစ်ဟု ခေါ်ကြသည်။

အလယ်ခေတ် ကာလများတွင် ရီအီ မြစ်အား တူးမြောင်းများ ကွန်ယက်တစ်ခုအဖြစ်ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ကုန် ပစ္စည်းရောင်းချကြသူများသည် မိမိတို့၏ ထုတ်ကုန်များအား ဈေးများရှိရာ ရေလမ်းများသို့ လွယ်ကူစွာ သယ်ယူနိုင်ခဲ့ကြသည်။ ယခုအခါတွင် ထင်ရှားသည့် ဗရုစ်တူးမြောင်းများ အတွင်း လှေတစ်စီးဖြင့် စီးနင်းလိုက်ပါကာ ဗရုစ်၏ လှပသော မြင်ကွင်းများကို ရှုမြင်ခံစားနိုင်ကြပေသည်။

၂။ အမ်စတာဒမ် တူးမြောင်း

ဥရောပမှ မြောက်ပိုင်းဗင်းနစ် အခြားတစ်ခုမှာ အမ်စတာဒမ် တူးမြောင်းများဖြစ်သည်။ နယ်သာလန် နိုင်ငံရှိ အမ်စတာဒမ် တူးမြောင်းများအား ဒတ်ချ် တို့၏ ရွှေခေတ်ဟု ဆိုကြသည့် ၁၇ ရာစုတွင် စတင်ဖောက်လုပ်ခဲ့သည်။ အဓိက တူးမြောင်းသုံးခု ရှိသည်။ ယင်းတူးမြောင်းများသည် အမ်စတာဒမ်မြို့အား ဗဟိုချက်မ ရပ်ဝန်းများ ဖြစ်စေခဲ့သည်။

တူးမြောင်းများစုစုပေါင်း အရှည် သည် ကီလိုမီတာ ၁၀၀ ကျော်(မိုင်၆၀) ခန့်ရှည်လျားကာ တူးမြောင်းဖြတ် တံတားပေါင်း ၁၅၀၀ ရှိသည်။ အဓိက တူးမြောင်းများ တစ်လျောက် အမ်စတာဒမ်မြို့တွင် အဆောက်အအုံပေါင်း ၁၅၅၀ ခန့်ရှိပေသည်။

၁။ ဗင်းနစ် တူးမြောင်းများ

ရေပြင်မြို့တော်ဟု ရည်ညွှန်းလျက် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သည် ကမ္ဘာ့ရေပြင်မြို့တော်များတွင် အထင်ရှားဆုံးဖြစ် သည်။ ဗင်းနစ်မြို့၏ အဓိက တူးမြောင်း တစ်ဖက်တစ်ချက်တွင်ရှိသည့် ရောမ ဂွန်ဒိုလာနှင့် အီတလီ ဗိသုကာ လက်ရာများ က ဗင်းနစ်ကို ပိုမို ထင်ရှားစေခဲ့သည်။ တူးမြောင်းငယ် ၁၅၀ ကျော် ကို တွဲသီထားသကဲ့သို့ဖြစ်နေသည့် ဗင်းနစ်သည် အီတလီတို့၏ ကောင်းစားခဲ့စဉ် အထွတ်အထိပ် ကာလမှာပင် ယိုယွင်းမှုများရှိခဲ့သည်။

ဗင်းနစ်သို့ လာရောက်လည်ပတ်ကြသူများက ဗင်းနစ် တွင်နေထိုင်သူများထက် များပြားသည့်အတွက် အလှပျက်မှုများရှိခဲ့သော်လည် ကြည်နူးဖွယ် အလှအပများက ကျန်ရှိနေဆဲဖြစ် သည်။ ဗင်းနစ်မြို့သည် ယနေ့တိုင် မော်တော်ယာဉ်များ မရှိသဖြင့် ရေပေါ် တက်စီဟု ခေါ်ကြသည့် လှေငယ်များမှလွဲ၍ မည်သည့် ယာဉ်တစ်စီးကိုမှ ခေါ်၍ရမည်မဟုတ်ပါချေ။

လူများနေထိုင်လျက်ရှိသည့် မြို့ပြများ အကြားတွင် ရှိနေသည့် ကမ္ဘာကျော် တူးမြောင်းများသည် လူအများသွားလာ နေကြသော်လည်း တူးမြောင်းများတွင် မည်သည့် အမှိုက်မျှ မရှိခြင်းသည် ဒေသခံများနှင့် လာရောက်လည်ပတ်ကြသူများ၏ တူးမြောင်းများအပေါ်တန်ဖိုးထား လေးစားမှုတစ်ရပ်ဖြစ်ပါပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၅ ခုနှစ် ၊စက်တင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်း

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!