Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ထူးထူးခြားခြား အသုံးဝင်တဲ့ တီထွင်မှု (၁၃)မျိုး

by Thutamm
August 12, 2019
Reading Time: 1min read
0
ထူးထူးခြားခြား အသုံးဝင်တဲ့ တီထွင်မှု (၁၃)မျိုး
Share on FacebookShare on Twitter

ယနေ့ခေတ်မှာတော့ အသေးစားစက်ကိရိယာတွေကို အများအပြားတီထွင်လာကြပြီး အဲဒီပစ္စည်းတွေထဲကအချို့ကတော့ လူတွေရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝတွေကို ပိုမို အဆင်ပြေအောင်ပြုလုပ်ပေးပါတယ်။ ဒီအသေးစားပစ္စည်းတွေကိုတီထွင်ဖန်တီးနေမှုတွေက ဘယ်တော့မှပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ လူသားတွေနေ့စဉ်ကြုံတွေ့နေရ တဲ့ အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းပေးနေတဲ့ အသေးစားစက်ကိရိယာ တွေအနက်က(၁၃) မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ်။

(၁၃)လူမျက်နှာပုံပါတဲ့ ခရီးဆောင်အိတ်

ဒီ Luggage ကို မြင်လိုက်တည်းက သင်တစ်ခုခုခံစားသွားရမှာပါ။ အခြားခရီးဆောင်အိတ် တွေနဲ့ခြားနားတဲ့ဒီအိတ်ဟာ မြင်သာထင်သာရှိတာကြောင့် ခရီးဆောင်အိတ်အများကြီး ကြားမှာရှိနေရင်လည်း အလွယ်တစ်ကူရှာဖွေနိုင်ပါတယ်။ လူသွားလူလာများတဲ့ ကားဂိတ်တွေ၊ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေမှာလည်း သင့်အိတ်ကို အခြားသူတစ်ဦးက အမှတ်တမဲ့ အလစ်သုတ်သွားခဲ့ရင်တောင် သက်ဆိုင်ရာရဲ့ အလျှင် အမြန်ပြန်လည်ရှာဖွေပေးခြင်းကိုရရှိမှာပါ။ ဒါအပြင် ခရီးသည်တွေကြားဖြစ်တတ်တဲ့ အိတ်မှားယူသွားခြင်း ပြသာနာကိုလည်း အကောင်းဆုံးကာကွယ်ပြီးသား ဖြစ်မှာပါ။

(၁၂) ကုန်ပစ္စည်း(Brand) အတု/အစစ်ကိုခွဲခြားပေးတဲ့ ကိရိယာ

Entrupy လို့အမည်ရတဲ့ ဒီကိရိယာလေးဟာ  လူအသုံး အဆောင်ပစ္စည်းတွေရဲ့ (brand) အမျိုးအစားကိုခွဲခြားပေးနိုင်ပါတယ်။ လူတွေသတိ မထားမိလောက်တဲ့ အသေးစိတ်ဆုံးသော အစိတ်အပိုင်းတွေအထိ ခွဲခြမ်းစိတ်ဖြာ ပေးတဲ့ Entrupyဟာ တန်ဖိုးအရှိဆုံးသော တီထွင်မှုဖြစ်ပါတယ်။ ဒီကိရိယာလေးဟာ Louis Vuitton, Chanel,Diorz, Gucci, Parda, Burberry စတဲ့နာမည်ကျော် Brand (၁၆)မျိုးလောက်ကို (၁၅) စက္ကန့်အတွင်း (၉၈.၅)ရာခိုင်နူန်းအထိမှန်ကန်အောင် စိစစ်ပေးနိုင်ပါတယ်။

(၁၁) မီးပူတိုက်ပေးတဲ့စက်

အဝတ်အထည်တွေကို လျှော်ဖွတ်ပြီး ခြောက်သွေ့အောင်ပြုလုပ်ရတဲ့ အလုပ်၊ မီးပူတိုက်ရတဲ့အလုပ်တွေဟာ အချိန် အတော်လေးကုန်ပါတယ်။ ဒါပေမဲ့ Foldimate ဆိုတဲ့ စက်ကတော့ ဒီအခက် ခဲကိုဖြေရှင်းပြီးသားဖြစ်ပါလိမ့်မယ်။ အလုပ်အရမ်းများတဲ့ တစ်ကိုယ်ရေတစ်ကာယ သမားတွေအတွက် ကတော့ဒီစက်ဟာ အဝတ်လျှော်ခြင်း၊ လျှော်ပြီးသားအဝတ်တွေကိုခြောက်သွေ့အောင်ပြုလုပ်ခြင်း၊ သေသပ်တဲ့ မီးပူထိုးပေးခြင်းတွေကို ပြုလုပ်ပေးတာကြောင့် အလွန်အသုံးတည့်ပါတယ်။

(၁၀) 3D ဘော့ပင်

3Doodler လို့အမည်ပေးထားတဲ့ဘော့ပင်ဟာ အသုံးပြုရတာလွယ်ကူပါတယ်။ ဒီဘော့ပင်ကိုအသုံးပြုပြီး 3D ပုံတွေကိုလွယ်ကူစွာဖန်တီးနိုင်ကာ မျက်နှာပြင်နေရာမရွေး ရေးခြစ် နိုင်ပါတယ်။ 3Dေ ဘာ့ပင်ဟာ သာမန်မတောက်ပတဲ့ပုံ၊ ထွင်းဖောက်မြင်ရတဲ့ပုံ၊ တောက်ပ ချောမွတ်နေတဲ့ပုံတွေကို ဘော့ပင်မှာပါတဲ့ အရောင်စဉ်/အရောင်စပ်(၆၅)မျိုးကိုအသုံးပြု ပြီး ဖန်တီးနိုင်ပါတယ်။3Dဘော့ပင်ဟာ အပူချိန်နဲ့ထိတွေ့ပါက ပျက်စီးတတ်တာမို့ ဘော့ပင်ရဲ့ အတွင်းပိုင်းက အမြဲတမ်းအေးနေတဲ့ နည်းပညာတစ်ရပ်ကို အသုံးပြုဖန်တီး ထားပါတယ်။

(၉) တရေးငိုက်လို့ရတဲ့ တဲ-Nap Tent

ဒီပစ္စည်းကိုတော့ တစ်နေကုန်လုပ်ငန်းခွင်မှာလုပ်ကိုင်နေသူတွေ အဆင်ပြေစေရန် တီထွင်ထားတာပါ။ နေ့လည်ဘက်လုပ်ငန်းခွင် ခေတ္တရပ်နားထားချိန်တွေမှာ တစ်ရေး တစ်မော အိပ်မဲ့သူတွေအတွက် အလွန်အဆင်ပြေပါတယ်။ Nap Tent တွေဟာ သင်ခဏတာရရှိတဲ့ တန်ဖိုးရှိတဲ့နားနေချိန်လေးအတွင်းမှာ ပတ်ဝန်းကျင်ရဲ့ စူးရှတဲ့ အလင်းရောင်တွေ၊ ဆူညံသံတွေကို အကောင်းဆုံးလျစ်လျူရှုစေထားနိုင်ပါတယ်။ ဒီပစ္စည်းဟာ သင့်ရဲ့ကိုယ်ပိုင် အခန်းငယ်လေးတစ်ခု ပမာဖြစ်နေပြီး ဒီအထဲမှာ သင်ရဲ့ ဖုန်းကိုအသုံးပြုပြီး ရုပ်ရှင်ကြည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

(၈) Digitsole

Digitsole တွေဟာ အသုံးပြုသူရဲ့ ရှူးဖိနပ်ဖနောင့်အတွင်းပိုင်းတွေထဲကိုထည့်ပြီး အသုံးပြုရတဲ့ စက်ကိရိယာ အသေးစားလေးတွေပါ။  ခြေဖျားလေး တွေကို အမြဲနွေးနေစေပြီး ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု အားကောင်းအောင် ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ Digitsoleတွေကိုတော့ အသုံးပြုသူရဲ့ ဖုန်းကနေတစ်ဆင့် ထိန်းချုပ် နိုင်ပြီး ပုံမှန်အားသွင်းပေးဖို့တော့လိုအပ်ပါတယ်။ Digitsoleတွေကို အသုံးပြုပြီး မိမိသွားခဲ့တဲ့ လမ်းကြောင်းတွေကို မှတ်ထားနိုင်တဲ့အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းသွားသလဲဆိုတာကိုပါ ဖော်ပြပေးနိုင်ပါတယ်။

(၇) အပူထုတ်ပေးတဲ့ဆွယ်တာ

Polar Seal ကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့ အတွင်းပိုင်းကနေ အပူစွမ်းအင်ထုတ်လုပ်ပေးနိုင် တဲ့ဆွယ်တာအကျီတွေဟာ ဆောင်းတွင်းဘက် အားကစားလုပ်တဲ့သူတွေအတွက် အလွန်ပဲပြည့်စုံပါတယ်။ ပုံမှာပြထားတဲ့ အတိုင်း ဆွယ်တာ ရဲ့ ဘယ်ဘက်လက်နေရာမှာ ဒီအပူချိန်ထိန်းညှိပေးတဲ့ ခလုတ်ပါဝင်ပြီး ဘယ်လောက်ပဲအေးတဲ့ရာသီဥတုဖြစ်ပါစေ ၊ လိုချင်တဲ့အပူချိန်ကို ညှိနိုင်စေပါတယ်။

(၆) သိပ္ပံပိုက်ဆံအိတ်

ဒီပိုက်ဆံအိတ်ကိုပိုင်ဆိုင်တဲ့သူကတော့ ပျောက်ဆုံးမှာမပူရတော့ပါဘူး။ သေသပ်လှပတဲ့ဒီဇိုင်းရှိတဲ့ ဒီ Walletတွေ ဟာ သင်အထားမှားတဲ့အခါမှာလည်း သူရှိတဲ့နေရာကို အချက်ပြနေမှာပါ။ ဒါ့အပြင်တစ်စုံတစ်ဦးက သင့်ရဲ့ပိုက်ဆံအိတ်ကို သင်မသိအောင်ဖွင့်ပါက အဲဒီသူရဲ့ပုံကို ဒီပိုက်ဆံအိတ်က လျို့ဝှက်မှတ်တမ်းတင်ထားပါလိမ့်မယ်။ ဒါအပြင် Volterman လို့ခေါ်တဲ့ ဒီပိုက်ဆံ အိတ်ကို အသုံးပြုပြီး ဖုန်းတွေရဲ့ ဓာက်အားကိုပြန်လည်ဖြည့်တင်းနိုင်ပါသေးတယ်။

(၅) ရေအောက်မှာ အသက်ရှူနိုင်တဲ့မျက်နှာဖုံး

Tribord လို့ခေါ်တဲ့ ရေငုပ်မျက်နှာဖုံးဟာ ရေအောက်မှာအသက်ရှူနိုင်တဲ့အပြင် ရေအောက်မြင်ကွင်းကိုလည်း ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ဒီမျက်နှာဖုံးဟာ အလွယ်တစ်ကူခေါတ်သိမ်းလို့ရအောင်ဒီဇိုင်းထုတ်ထားတဲ့အပြင် ရေအောက်အသက် ရှူပိုတ်ကိုလည်း ရေမဝင်နိုင်အောင် ဖန်တီးထားပါတယ်။

(၄) Foldable Chair Backpack

ဒီကုလားထိုင်ဟာ အလွယ်တကူခေါက်ပြီး ကျောပိုးအိတ်သဖွယ် လွယ်သွားလို့ရပါတယ်။ အထူးသဖြင့် အတူခရီးသွားတဲ့ချစ်သူတွေ၊ ပန်းခြံတွေထဲမှာ အေးအေးလူလူစာဖတ်ချင်တဲ့သူတွေ၊ တေးဂီတပွဲကိုမတ်တပ်ရပ်သွားရောက်အေးပေးသူတွေ အတွက်အထူး သင့်တော်ပါတယ်။ ဒီကုလားထိုင်ကိုတော့ ကြာရှည်ခံတဲ့ Polyester တွေနဲ့ရက်လုပ်ထား တာဖြစ်ပြီး အလေးချိန်ကလည်း (၃.၅)ပေါင်သာလေးပါတယ်။

(၃) အလင်းရောင်ထုတ်လွှတ်ပေးတဲ့ ဂျာကင်

ဒီအလင်းရောင်ထုတ်ပေးနိုင်တဲ့ဂျာကင်ဟာ လေဒဏ်၊ ရေဒဏ်ကို ကာကွယ်ပေးနိုင်ရုံသာမက အမှောင်ထဲမှာ (၁၂)နာရီကြာအောင်တောက်ပနေနိုင်ပါတယ်။ ညအချိန်တာဝန်ထမ်း ဆောင်နေတဲ့ယာဉ်ထိန်းရဲတွေ၊ စည်ပင်ဝန်ထမ်းတွေ၊ အမြန်လမ်းမကြီးဆိုင်ရာဝန်ထမ်းတွေအတွက် သင့်လျော်ပါတယ်။ ဒီဂျာကင်ဟာ အားသွင်းစရာမလိုပဲ အလင်းရောင်ပုံမှန်ရရှိရုံနဲ့ အားပြန်လည်ပြည့်စေပါတယ်။

(၂) အရက်အလွန်အကျွံသောက်တာကို တားဆီးပေးမဲ့စက်

အရက်အလွန်အကျွံသောက်တတ်မိမှာကို စိုးရိမ်တတ်တဲ့သူတွေ ဆောင်ထားသင့်တဲ့စက်ဖြစ်ပါတယ်။ DrinkPay လို့အမည်ရတဲ့ ဒီကိရိယာအသေးစားစက်ဟာ အသက်ရှူသံကိုအခြေခံပြီး ခန္ဓာကိုယ်ထဲမှာ Alcoholပါဝင်မှုဟာ ပုံမှန်ထက်များနေပါက အချက်ပြမှာဖြစ်ပါတယ် ။ ဖုန်းနဲ့ချိတ်ဆက်အသုံးပြုရတဲ့ DrinkPay ရဲ့ သတိပေးချက်ကိုအလေးမထားပါက သူမှာပါဝင်တဲ့ နည်းပညာက သုံးစွဲသူရဲ့ ATM ကဒ်ကို (၁၂)နာရီကြာအောင် ပိတ်ထားလိုက်မှာဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးတဲ့မှန်

အားကစားသမားတွေအတွက်အထူးသင့်လျော်တဲ့ ကိရိယာပါပဲ။ ဒီမှန်ဟာ လူခန္ဓာကိုယ် ကို Scan ဖတ်လိုက်ပြီး သူနဲ့ဆက်စပ်အသုံးပြုရတဲ့ ဖုန်း(သို့)ကွန်ပျူတာမျက်နှာပြင်မှာ ကာယကံရှင်ရဲ့ 3D ပုံရိပ်ဟာပေါ်လာပါတယ်။ ဒီပုံရိပ်ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေဟာ နောက်ဆုံးအနေနဲ့ပြောင်းလဲခဲ့ကြောင်း၊ မည်သည့်ကြွက်သားအစိတ် အပိုင်းဟာ ကြီးထွားလာကြောင်း၊ ဆက်လက်လေ့ကျင့်ရန်လိုအပ်တဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေအကြောင်းကို အသေးစိတ်ဖော်ပြပေးပါတယ်။

Ref:
Bright Side

Tags: amazingtech

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!