Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ထိုင်းနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
September 28, 2020
Reading Time: 6min read
0
ထိုင်းနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ထိုင်းနိုင်ငံဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီးရဲ့အလယ်မှာတည်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့တရားဝင်နာမည်ကတော့ ထိုင်းဘုရင့်နိုင်ငံ ဖြစ်ပြီး ယခင်ကာလကတော့ Siam လို့လူသိများပါတယ်။ ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံ တွေအဖြစ် မြောက်ဘက်မှာဆိုရင် မြန်မာနဲ့ လာအိုနိုင်ငံ၊ အရှေ့ဘက်မှာဆိုရင် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ဘက်မှာဆိုရင် မလေးရှားနိုင်ငံ၊ အနောက်ဘက်မှာဆိုရင် အက်ဒမန်ပင်လယ် တွေနဲ့နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့တရားဝင် ရုံးသုံးဘာသာစကားကတော့ ထိုင်းဘာသာစကားဖြစ်ပြီး Isan၊ Kam Mueang နဲ့ Pak Tai စတဲ့ဘာသာစကားတွေကို သုံးစွဲပြောဆိုကြပါတယ်။

(၂၀၁၉)ခုနှစ် စာရင်းအရ ထိုင်းနိုင်ငံရဲ့လူဦးရေဟာ (၆၉,၇၅၈,၉၃၅)ဦးရှိတယ် လို့သိရပြီး ကမ္ဘာပေါ်မှာတော့ (၂၀)နိုင်ငံမြောက် လူဦးရေအများဆုံးသော နိုင်ငံဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်းအနေနဲ့ စတုရန်းမိုင်ပေါင်း (၁၉၈ ၁၂၀)စတုရန်းမိုင်ကျယ်ဝန်းပြီး နယ်မြေရဲ့ (ဝ.၄)ရာခိုင်နှုန်းလောက်သာ ရေပြင်ဖြစ်ပါတယ်။ လူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာ (၃၄၂.၁)ဦးနေထိုင်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့မြို့တော်ကတော့ ဘန်ကောက်ဖြစ်ပြီး ကမ္ဘာပေါ်မှာထိုင်းနိုင်ငံနဲ့ ပတ်သက်ရင် လူသိအများဆုံးမြို့လည်းဖြစ်ပါတယ်။

ဘန်ကောက်ဟာ အာရှတိုက်မှာလည်း အတော်ကို ထင်ရှားတဲ့မြို့တော်ကြီးဖြစ်ပြီး လူမျိုးပေါင်းစုံနေထိုင်ကြပါတယ်။ ဒါအပြင် ဗိသုကာလက်ရာမြောက်ဘုရားကျောင်းတွေ၊ နန်းတော်တွေ၊ ရှေးဟောင်းတူးမြောင်းတွေ၊ ထိပ်တန်း စူပါမားကတ်ကြီးတွေအပြင် မြူးကြွတဲ့တေးသံတွေထွက်ရှိရာနိုက်ကလပ်တွေ၊ပျော်ပွဲစားရုံ ကြီးတွေအပြင် အစိုးရကတရားဝင်လိုင်စင်ချခွင့်ပြုထားတဲ့ မီးနီရပ်ကွက်တွေနဲ့ အာရှရဲ့ထိပ်တန်း ကမ္ဘာလှည့်ခရီးသွားတွေလည်ပတ်ရာနေရာဖြစ်သလို အပန်းဖြေမြို့တော်ကြီး တခုအဖြစ်လည်း တည်ရှိနေတာဖြစ်ပါတယ်။

သဘာဝ ပထဝီဝင်အနေအထားအရ ထိုင်းနိုင်ငံကို အပိုင်း(၄)ပိုင်းခွဲခြားလေ့လာနိုင်ပါတယ်။ နိုင်ငံရဲ့အနောက်ဘက်မှာဆိုရင်သစ်တောတွေဖုံးလွှမ်းနေတဲ့တောင်တန်းဒေသ၊ အနောက်မြောက်ဘက်မှာဆိုရင် Khorat ကုန်းပြင့်မြင့်ဒေသ၊ နိုင်ငံအလယ်ပိုင်းကမြေပြန့်လွင်ပြင် ဒေသနဲ့ ကမ်းရိုးတန်း၊ကျွန်းဆွယ်ဒေသဆိုပြီးတည်ရှိနေတာကိုတွေ့ရပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံးနေရာကတော့ Doi Inthanon တောင်ဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၈၄၁၅) ပေမြင့်မားကာ အမျိုးသားဥယျာဉ်ကြီးရဲ့ဆုံချက်ဗဟိုမှာတည်ရှိနေပါတယ်။

ထိုင်းနိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်းအရှည် မိုင်ပေါင်း (၂၀၀၀)လောက်ရှိပြီး နိုင်ငံရေပိုင်နက်ထဲမှာ ကျွန်းပေါင်း (၁၄၃၀) လောက် ပါဝင်နေပါတယ်။ ထိုင်းရဲ့ပင်လယ်ကမ်းခြေတွေဟာ ကမ္ဘာပေါ်မှာအလှဆုံးသောကမ်းခြေတွေ အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒါကလည်း ယင်းကမ်းခြေတွေဟာ ကြည်လင်တဲ့ရေပြင် အဖြူရောင်သဲသောင်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် အပန်းဖြေနေရာတွေအဖြစ်အစိုးရရဲ့ အသားပေးဖော်ဆောင်ချက်တွေ၊ ဇိမ်ခံပစ္စည်းတွေထားရှိမှုတွေကြောင့် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့စုစုပေါင်းဧရိယာ(၃၇)ရာခိုင်နှုန်းဟာ သစ်တောများဖုံးလွှမ်းလျက်ရှိနေပြီး (၄၀) ရာခိုင်နှုန်းလောက်ကတော့ စိုက်ပျိုးမြေတွေဖြစ်ကြပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ် းစောင့်ရှောက်ရေးနယ်မြေတွေအဖြစ် အမျိုးသားဥယျာဉ် (၁၄၇)ခု၊ အမဲမလိုက်ရနယ်မြေ (၆၇)ခု၊ သစ်တောပန်းခြံ (၁၂၀)၊ သားရဲတိရိစ္ဆာန်ဘေးမဲ့တော (၅၈)နေရာရှိနေပြီးယင်းနယ် မြေစုစုပေါင်းဧရိယာကတင် ထိုင်းဘုရင့်နိုင်ငံတော်ရဲ့စုစုပေါင်းနယ်မြေ (၂၀)ရာခိုင်နှုန်းလောက်ကို ဖုံးလွှမ်းထားတာဖြစ်ပါတယ်။

Khao Yai အမျိုးသား ဥယျာဉ်ဆိုရင် ထိုင်းနိုင်ငံရဲ့ တတိယမြောက်အကြီးဆုံးနဲ့ လူသိအများဆုံးသောပန်းခြံတစ်ခုဖြစ်ပြီး (၁၉၆၂)ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ပထမဆုံးသောနိုင်ငံရဲ့ အမျိုးသားဥယျာဉ်ကြီးလည်းဖြစ်ပါတယ်။ ယင်းဥယျာဉ်ဟာ (၈၃၇)စတုရန်းမိုင်ကျယ်ဝန်းပြီး Dong Phayayen-Khao Yati သစ်တောရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ယင်းသစ်တောကြီးဟာ Khao Yati ကနေ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်တစ်လျှောက် မှာတည်ရှိတဲ့ ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေအဖြစ်ကြေငြာထားတဲ့ သစ်တောဧရိယာ (၅)ခုလည်းပါဝင်နေတဲ့သစ်တောကြီးလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ယူနက်စကိုကတရားဝင်သတ်မှတ်ပေးထားတဲ့ ကမ္ဘာအမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးနယ်မြေ (၅)ခုအထိပါဝင်နေပါတယ်။ သမိုင်းဝင်မြို့တော်ဖြစ်တဲ့ Sukhothai မှာဆိုရင်လည်း ထိုင်းနိုင်ငံတွင်းပါဝင်နေတဲ့ ယူနက်စ ကိုရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်ပြီး Sukhothai ၊ Kamphaeng Phet နဲ့ Si Satchanalai သမိုင်းဝင်နယ်မြေတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ထိုင်းဘုရင်မင်းဆက်ရဲ့ ပထမဆုံးသောမင်းဆက်ဖြစ်တဲ့ Sukhothai မင်းဆက်ရဲ့အာဏာအထွတ်အထိပ်ရစဉ်ကာလ( ၁၃)ရာစုကနေ (၁၄)ရာစုအတွင်းတည်ထားခဲ့တဲ့မြို့ဟောင်း(၃)ခုကိုအမွေအနှစ် နယ်မြေတစ်ခုတည်းအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

(၁၃၅၀) ခုနှစ်က တည်ထောင်ခဲ့တဲ့ Ayutthaya (အယုဒ္ဓယမြို့) ဟာ Sukhothai ပြီးတဲ့ နောက် Siamese မျိုးနွယ်တွေရဲ့ဒုတိယမြောက်တည်ထားတဲ့မြို့တော်ဖြစ်ပါတယ်။ (၁၈) ရာစုရောက်ချိန်မှာတော့ ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်ဘုရင်ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး တမြို့လုံးနီးပါးပျက်စီးသွားခဲ့ရပါတယ်။ အထူးသဖြင့်ထိုင်းတွေဟာ ရှေးခေတ် ကာလစစ်ပွဲတွေရဲ့ သဘောသဘာဝအရဖြစ်ခဲ့ရတဲ့အယုဒ္ဒယမြို့ပျက်ကြီးကို ရှေးမူအတိုင်း ထားရှိပြီး တရားသေအမျိုးသားဝါဒလှုံဆော်မှုတွေကပဲ အိမ်နီးချင်းမြန်မာနိုင်ငံနဲ့တင်းမာတဲ့ ဆက်ဆံရေးသဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့ဖူးတာဖြစ်ပါတယ်။ Ayutthaya (အယုဒ္ဓယ) ဟာ (၁၉၉၁) ခုနှစ်ကပဲ ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်နယ်မြေအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။

Grand Palace (တော်ဝင်နန်းတော်) ကိုတော့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရဲ့အသည်းနှလုံး နေရာအဖြစ် သတ်မှတ်ထားကြပြီး ထိုင်းဘုရင်တွေ(၁၇၈၂)ခုနှစ်ကနေအစဉ်တစိုက် စိုးစံခဲ့ကြ ပါတယ်။ ထိုင်းတော်ဝင် ဘုရင့်တရားရုံးနဲ့အုပ်ချုပ်ရေးအစိုးရအဖွဲ့ဟာ Grand Palace မှာပဲ (၁၉၂၅)ခုနှစ်အထိရုံးစိုက်ကာထိုင်းနိုင်ငံကိုအုပ်ချုပ်ခဲ့ကြပါတယ်။ ယနေ့အချိန်မှာတော့ Grand Palace ဟာအများပြည်သူလေ့လာနိုင်တဲ့ပြတိုက်အဖြစ်တည်ရှိခဲ့ပြီး ရှေးခတ်ထိုင်း လူမျိုးတွေရဲ့ယဉ်ကျေးမှု အမွေအနှစ်လက်ရာများစွာ တည်ရှိနေရာ အရပ်ဖြစ်ပါတယ်။

နန်းတော် ဝန်းထဲမှာတည်ရှိတဲ့ Wat Phra Kaew ဗုဒ္ဓဘုရား ကျောင်းတော်အတွင်းမှာတော့ ကျောက်စိမ်းအတိနဲ့ ထွင်းထုပူဇော်ထားတဲ့ မြဘုရား စံနေတော်မူတဲ့ဘုရားကျောင်းဆောင်တည်ရှိပါတယ်။ ယင်းကျောင်းတော်မှာရှိတဲ့ အနုလက်ရာတွေဟာ အလွန်ကို အဆင့်မြင့်ပြီး ထိုင်းနိုင်ငံအတွက်သာမက ကမ္ဘာဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်အဖြစ်ပါသတ်မှတ်ယုံကြည်ကြ တာဖြစ်ပါတယ်။

ဘန်ကောက်ရဲ့ Yai ခရိုင်အတွင်းမှာတည်ရှိတဲ့ Wat Arun အမည်ရ ဗုဒ္ဓဘုရားကျောင်းဟာ Mae Nam Chao Praya မြစ်တစ်ဖက်ကမ်းမှာတည်ရှိပြီး မြစ်ဝကိုလှမ်းမျှော်ကြည့်နိုင်တဲ့ မျှော်စင် (၅)ခုပါဝင်နေပါတယ်။ မှန်စီရွှေချလက်ရာတွေနဲ့ရွှေရောင်အဆင်းသဏ္ဍာန်ရှိတဲ့ စေတီကို ဖူးမြော်နိုင်မှာဖြစ်သလို ဘန်ကောက်မြို့ရဲ့နေဝင်ဆည်းဆာချိန်အလှကိုကြည့်ရှုဖို့ အကောင်းဆုံးသောနေရာတွေအနက်ကတစ်ခုဖြစ်ပါတယ်။ Wat Arun ဆိုတာကတော့ Hindu နတ်ဖုရားဖြစ်တဲ့ Aruna ရဲ့အမည်ကိုရယူမှည်ေ့ခါ်ထားတာဖြစ်ပြီး ထိုင်းလူမျိုးတွေရဲ့ အမြတ်တနိုးအထားရဆုံးနေရာတွေအနက်ကတစ်ခုဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ နှစ်စဉ်ကြီးစွာ ဝင်ငွေရရှိနေတဲ့ ထိုင်းနိုင်ငံအတွက်တော့ Phi Phi ကျွန်းတွေဟာ လူသိများထင်ရှားတဲ့အပန်းဖြေစခန်းဖြစ်ပြီးကျွန်းပေါင်း(၆)ကျွန်းလောက်နဲ့ ဖွဲ့စည်းထားပါတယ်။ အဓိကအပန်းဖြေနေရာစခန်းအဖြစ် Phi Phi ကျွန်းမှာသာ အခြေချပြီး ကျန်ကျွန်းတွေကိုတော့ ရေလမ်းခရီးစဉ်လေးတွေအဖြစ် အပန်းဖြေဇုံသတ်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးသောကမ်းခြေတွေအနက်ကတစ်ခုဖြစ် တဲ့ Maya bay ဟာလည်း ယင်းဧရိယာအတွင်းမှာတည်ရှိပြီး ဟောလီးဝုဒ်နာမည်ကျော်ရုပ်ရှင်မင်းသား လီယိုနာဒိုဒီကာပရီယို The Beach ရုပ်ရှင် လာရိုက်ခဲ့တဲ့ နေရာလည်းဖြစ်ပါ တယ်။

ထိုင်းနိုင်ငံ၊ Ang Thong ပြည်နယ်အတွင်းက Wat Muang ဘုန်းတော်ကြီးကျောင်းမှာတည် ရှိတဲ့ The Great Buddha of Thailand ဟာဆိုရင်ကမ္ဘာပေါ်မှာ နဝမမြောက်အမြင့်ဆုံး ဆင်းတုတော်ကြီးဖြစ်ပြီး အမြင့်ပေ (၃၀၀)နဲ့ပေ(၂၁၀)အကျယ်ရှိပါတယ်။

လက်ရှိထိုင်းနိုင်ငံ တည်ရှိရာနေရာမှာ လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂သောင်းခန့်ကတည်းက အခြေချနေထိုင်ခဲ့ကြပါတယ်။ အစောဆုံးဆန်စိုက်ပျိုးမှုအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ခန့်ကလို့ သိရှိရပြီး လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ခန့်မှာတော့ကြေးနီကို စတင်တွေ့ရှိခဲ့ကြပြီဖြစ်ပါတယ်။ ဘီစီ ၂ရာစုဝန်းကျင်မှာတော့ ထေရဝါရဗုဒ္ဓဘာသာဟာ ထိုင်းနိုင်ငံမှာ စတင်ရောက်ရှိနေခဲ့ပြီဖြစ်ပြီး အဲဒီနောက်တော့ အဲဒီအချိန်က ဘုန်းတန်ခိုးကြီးမားတဲ့ Funan ဘုရင့်နိုင်ငံကို စတင်တည်ထောင်ခဲ့ပြီဖြစ်ပါတယ်။ မွန်လူမျိုးတွေကတော့ အေဒီ ၆ ရာစုဝန်းကျင်မှာ Dvaravati နဲ့ Hariphunchai မြို့ပြနိုင်ငံတွေကို စတင်ထူထောင်ခဲ့ကြပါတယ်။

အေဒီ ၉ ရာစု နဲ့ ၁၃ ရာစုကြားမှာတော့ လက်ရှိထိုင်းနိုင်ငံနေရာဟာ ခမာတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပါတယ်။ လက်ရှိထိုင်းလူမျိုးတွေကတော့ အေဒီ ၁၀ ရာစု နဲ့ ၁၃ရာစုကြားကာလမှာ တရုတ်နိုင်ငံတောင်ပိုင်းကနေ ဝင်ရောက်လာခဲ့ကြသူတွေ လို့ သိရပါတယ်။ အေဒီ ၁၂၄၀ ခန့်မှာတော့ ထိုင်းလူမျိုးတွေရဲ့ ပထမဆုံးနိုင်ငံလို့ဆိုတဲ့ ဆူခိုထိုင်း ဘုရင့်နိုင်ငံကို ထူထောင်နိုင်ခဲ့ပြီး သက်တမ်း နှစ် ၂၀၀ ခန့်ကြာမြင့်ခဲ့ပါတယ်။ အေဒီ ၁၃၅၀ခန့်မှာ စတင်တည်ထောင်ခဲ့တဲ့ အခြားထိုင်းဘုရင့်နိုင်ငံဖြစ်တဲ့ အယုဒ္ဓယဟာ ဆူခိုထိုင်း နဲ့ အန်ကောတို့ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် အင်အားဆက်လက်ကြီးထွားလာခဲ့ပါတယ်။

၁၇၆၆ ခုနှစ်မှာတော့ အယုဒ္ဓယဟာ မြန်မာဘုရင်ဆင်ဖြူရှင်မင်းရဲ့ ချီတက်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ၁၄လကြာ ခုခံတိုက်ခိုက်မှုအပြီးမှာတော့ ကျရှုံးသွားကာ တမြို့လုံးနီးပါးမီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ ၁၇၆၉ ခုနှစ်မှာတော့ မဟာတက်ဆင်ဟာ မြို့တော်ကို သွန်ဘူရီသို့ ပြောင်းရွှေ့စိုးစံခဲ့ပါတယ်။ Rama I ဘုရင်လက်ထက်မှာတော့ ဘန်ကောက်ကို မြို့တော်အဖြစ်ထားကာ Rattanakosin ဘုရင့်နိုင်ငံကို ထပ်မံထူထောင်ခဲ့ပါတယ်။ Rama V လက်ထက်မှာတော့ ထိုင်းနိုင်ငံကို ကိုလိုနီလက်အောင်မကျရောက်အောင်ရှောင်ရှားနိုင်ခဲ့ပေမယ့် လာအို နဲ့ ကမ္ဘောဒီးယားရှိ ထိုင်းပိုင်နက်နယ်မြေတွေကို ပြင်သစ်တို့ထံပေးအပ်လိုက်ရသလို ၊ မလေးရှားမှ ပိုင်နက်နယ်မြေတွေကိုတော့ ဗြိတိသျှတို့ထံ ပေးအပ်လိုက်ရပါတယ်။ ၁၉၃၉ ခုနှစ်မှာတော့ နိုင်ငံရဲ့အမည်ကို Siam ကနေ Thailand သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ Thailand ဆိုတဲ့အမည်ဟာ ထိုင်းဘာသာစကား Prathet Thai ကနေလာပြီး လွတ်လပ်တဲ့နယ်မြေလို့အဓိပ္ပါယ်ရပါတယ်။

၁၉၃၂ ခုနှစ်ကနေစလို့ ၁၉၇၃ ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးကို စစ်အာဏာရှင်တွေက ကြီးစိုးခဲ့ကြပါတယ်။ ဘုရင်စနစ်ကို ဆက်လက်ထားရှိပေမယ့် အာဏာကတော့ စစ်ခေါင်းဆောင်တွေရဲ့လက်ထဲမှာသာ ဖြစ်ပါတယ်။ ၁၉၇၃ခုနှစ်မှာတော့ အလွန်ကြီးမားတဲ့ ကျောင်းသား ၊ လူထုအုံကြွမှုကြီးဖြစ်ပြီးနောက် ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ပြောင်းလဲလာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် ဝန်ကြီးချုပ် ပရမ် တင်ဆူလန်နွန်ဒါမှ အုပ်ချုပ်ခဲ့ပြီး ၎င်းမှာ ဒီမိုကရေစီ လိုလားသူ ဖြစ်သဖြင့် ပါလီမန် နိုင်ငံရေးကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။

ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် ဦးဆောင်သော ထိုင်းရပ်ထိုင်း ပါတီသည် ၂၀၀၁ မှ ၂၀၀၆ ခုနှစ် အထိ အုပ်ချုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ် မှာတော့ ခြစားသည်ဟု စွပ်စွဲ၍ လူအမြောက်အများ ဆန္ဒပြခဲ့ကြပြီး စစ်တပ်မှ အာဏာပြန်သိမ်းခဲ့သည်။ ၂၀၀၇ ဒီဇင်ဘာလ ရွေးကောက်ပွဲမှ အရပ်သား အစိုးရ သို့ အာဏာလွှဲပြောင်းခဲ့ပြီး ၂၀၁၄ မေလတွင် အခြား စစ်အာဏာသိမ်းမှု တစ်ခုဖြင့် စစ်တပ် လက်အောက်သို့ ပြန်လည် ရောက်ရှိခဲ့ရပြန်ပါတယ်။ ပါလီမန် စည်းမျဉ်းခံဘုရင်စနစ်ဖြင့်အုပ်ချုပ်ပြီး ဘုရင်မှာ Maha Vajiralongkorn ဖြစ်ပြီး ဝန်ကြီးချုပ်က ပရာယွဒ် ချန်အိုချာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဟာ ထိုင်းရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေ ဖြစ်ကြပါတယ်။ စီးပွားရေးမှာတော့ထိုင်းနိုင်ငံဟာ အရှေတောင်အာရှရဲ့အင်အားကြီးနိုင်ငံဖြစ်ပြီး အခြားသော နိုင်ငံခြားကုမ္ပဏီတွေနဲ့ ရေရှည်အကျိုးတူစာချုပ်များချုပ်ဆိုကာ အရည်အသွေးမြင့်ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်ခြင်းနဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေကနေ နှစ်စဉ်ရရှိတဲ့အကျိုး အမြတ်တွေကပဲ ထိုင်းကို အာရှထိပ်တန်းနိုင်ငံအဖြစ်ကို ရောက်ရှိစေခဲ့ပါတယ်။ နိုင်ငံရဲ့အဓိက ပို့ကုန်တွေကတော့ ဆန်၊ အဝတ်အထည်၊ ရေထွက်ပစ္စည်းများ၊ရာဘာ၊ကျောက်မျက်ရတနာ၊ မော်တော်ကားနဲ့ ယာဉ်အမျိုးမျိုး၊ ကွန်ပျူတာ၊လျှပ်စစ်နဲ့ လူသုံးကုန်ပစ္စည်းတွေပါဝင်ပါတယ်။ (၂၀၁၆)ခုနှစ်တနှစ်တည်းတင် ထိုင်းနိုင်ငံကို နိုင်ငံခြားခရီးသွားပေါင်း (၃၈.၃)သန်းအထိ လာရောက်လည်ပတ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ (၂၀၁၉)ခုနှစ်အတွက် GDP (ခန့်မှန်း)တန်ဖိုးကတင် အမေရိကန်ဒေါ်လာ (၁.၃၉၀) ထရီလီယံ အထိရှိနေပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့တစ်နှစ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၂၀၄၇၄) ဖြစ်ပါတယ်။ ထိုင်းရဲ့တရားဝင်သုံးငွေကြေးကတော့ ဘတ် ဖြစ်ပြီး(၁)ဘတ်ဟာ အမေရိကန်ဒေါ်လာ (ဝ.၀၃၂)နဲ့မြန်မာငွေကျပ် (၄၂)ကျပ်နဲ့တန်ဖိုးချင်းတူညီနေပါတယ်။

ဗုဒ္ဓဘာသာကတော့ထိုင်းနိုင်ငံရဲ့အဓိကကိုးကွယ်ယုံကြည်မှုဘာသာတရားဖြစ်ပြီးလူဦးရေ စုစုပေါင်းရဲ့ (၉၅)ရာခိုင်နှုန်းလောက်ဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဆင်ဟာ ထိုင်းနိုင်ငံရဲ့အထိမ်းအမှတ် တိရစ္ဆာန်ဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုအကြာလောက်က တော့ထိုင်းနိုင်ငံအတွင်းမှာ ကျက်စားသွားလာနေတဲ့ဆင်ဦးရေ (၁၀၀၀၀၀)လောက်ရှိနေခဲ့ပြီး ကောင်ရေ (၂၀၀၀၀)လောက်ကတော့ တောရိုင်းဆင်တွေဖြစ်ကြပါတယ်။ ယနေ့အချိန် မှာတော့ ဆင်ကောင်ရေ (၅၀၀၀)လောက်သာကျန်ပါတော့တယ်။ ရှေး Hindu ကိုးကွယ်ယုံ ကြည်မှုဖြစ်တဲ့ Garuda (ဂဠုန်ငှက်) ဟာထိုင်းတော်ဝင်မိသားစုအတွက်သာမက အမျိုးသားရေးဆိုင်ရာ မြင့်မြတ်တဲ့သင်္ကေတတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။

ထိုင်းအလံ မှာတော့ အနီရောင် ကန့်လန့်ဖြတ် အစင်း ၂ခု ၊ အဖြူစင်း ၂ ခု နဲ့ အလယ်မှာ အပြာရောင် အစင်းကြီးတခုတို့ပါဝင်ပါတယ်။ အနီရောင်ကတော့ လွတ်လပ်ရေးကိုထိန်းသိမ်းခဲ့တဲ့ ထိုင်းပြည်သူတွေကို ကိုယ်စားပြုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ အဖြူရောင်ကတော့ စစ်မှန်မှု နဲ့ ဗုဒ္ဓဘာသာကို ကိုယ်စားပြုပြီး အလယ်က အပြာရောင်ကတော့ ထိုင်း ဘုရင်မင်းဆက်ကို ကိုယ်စားပြုပါတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ဟာ အမြဲတမ်းစစ်သည် ၃၆၀၀၀၀ နဲ့ အရံအင်အား ၂၀၀၀၀၀ ကို ပိုင်ဆိုင်ထားပါတယ်။ လေတပ် အနေနဲ့ ဖိုက်တာလေယာဉ် ၇၅စင်းအပါအဝင် စုစုပေါင်းလေယာဉ် ၅၇၀ စီး ကို ပိုင်ဆိုင်ထားပါတယ်။ တင့်ကား ၈၀၀ကျော် နဲ့ အခြားသံချပ်ကာယာဉ် အပါအဝင် ယာဉ်ပေါင်း ၂၀၀၀ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ရေတပ်အနေနဲ့ လေယာဉ်တင် သင်္ဘော ၁စီး ၊ ဖရီးဂိတ် ၇စီးအပါအဝင် စုစုပေါင်း ရေယာဉ် စီးရေ ၃၀၀ နီးပါးကို ပိုင်ဆိုင်ထားပါတယ်။ ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၇.၁ဘီလျံခန့်သုံးစွဲထားတဲ့ ထိုင်းစစ်တပ်ဟာ ကမ္ဘာပေါ်မှာတော့ အဆင့် ၂၃ ဖြစ်ပါတယ်။

မွေ့ထိုင်းလို့သိကြတဲ့ Thai Boxing ဟာနိုင်ငံရဲ့အဓိကရိုးရာအားကစားဖြစ်သလို ရှေးအမွေ အနစ် ကိုယ်ခံပညာရပ်တစ်ခုအဖြစ်လည်းရှိနေပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ဟာ ဆိုရင် နာမည်စကားလုံးအရှည်ဆုံးသောဒေသအခေါ်နာမည် ပိုင်ဆိုင်ထားတဲ့မြို့အဖြစ် ကမ္ဘာလှည့်ခရီးသွားတွေအကြားနာမည်ကျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘန်ကောက်ရဲ့တရားဝင်နာမည်အပြည့်အစုံက Krungthepmahanakhon Amonrattanakosin Mahintharayuttha ya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsan ukamprasit ဆိုတာဖြစ်ပြီးတိုက်ရိုက်အဓိပ္ပါယ်ပြန်ရင်တော့ နတ်သမီးမြို့တော်၊နဝရတ်ကိုးပါးစီခြယ်ထားတဲ့အံ့ဖွယ်မြို့တော်၊တော်ဝင်နန်းမြို့၊နတ်ဖုရားသူတော်စင်တွေရဲ့နေရပ်စသည် ဖြင့်ဖွင့်ဆိုကြပါတယ်။

(၂၀)ရာစုကာလကနေ ဥရောပနဲ့မြောက်အမေရိကနိုင်ငံတွေမှ ာလူသိများထင်ရှားတဲ့ Siamese ကြောင်တွေရဲ့ မူလမျိုးစိတ်ဟာထိုင်းနိုင်ငံကဖြစ်ပြီး သူတို့ကို Wichian Mat လို့ လည်းခေါ်ဆိုကြပါသေးတယ်။ ကမ္ဘာပေါ်မှာအသေးဆုံးသောနို့တိုက်သတ္တဝါတွေဖြစ်တဲ့ Kitti’s hog-nosed လင်းနို့တွေဟာလည်းထိုင်းနိုင်ငံမှာသာအများဆုံးတွေ့ရပြီး သူတို့ရဲ့ အလေးချိန်ဟာ (၂)ဂရမ်လောက်သာရှိတာဖြစ်ပါတယ်။

(၁၉၆၀)ကနေ (၁၉၇၀)ကာလတွေဆီကတော့ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသဟာ အာရှတိုက် ရဲ့ဘိန်းအဓိကထုတ်လုပ်တဲ့နေရာဖြစ်ခဲ့ပြီး တောင်ပေါ်နေထိုင်းတိုင်းရင်းသားတွေအတွက် အဓိကဝင်ငွေဟာ ဘိန်းစိုက်ပျိုးခြင်းကနေရရှိနေခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံနယ်နိမိတ်ရဲ့ မြောက်ဘက်စွန်းပိုင်း၊လာအိုနိုင်ငံနယ်နိမိတ်ရဲ့အနောက်ဘက်စွန်းပိုင်းနဲ့ မြန်မာနိုင်ငံနယ်နိ မိတ်ရဲ့အရှေဘက်စွန်းပိုင်းဆွေဆုံတဲ့နေရာကို ရွှေတြိဂံနယ်မြေလို့ခေါ်ဆိုပြီး ယင်းနေရာဟာ ကမ္ဘာပေါ်မှာဆိုရင် ဘိန်းနဲ့ ဆက်စပ်မူးယစ်ဆေးဝါးများစွာ ထွက်ရှိရာနေရာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက Kanchanaburi မြို့ဆိုလည်း (၁၉၅၇)ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ဇာက်ကားဖြစ်တဲ့ The Bridge on the River Kwai ( Burma- Siam ရထားလမ်းပိုင် းရဲ့တစိတ်တစ်ပိုင်း)ရိုက်ကူးခဲ့ရာနေရာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့သစ်တောနက်တွေအတွင်း မှာတော့ သစ်ခွမျိုးစိတ်ပေါင်း (၁၅၀၀)လောက်တည်ရှိနေပြီး ထိုင်းဟာကမ္ဘာပေါ်မှာဆိုရင် သစ်ခွပန်းထုတ်လုပ်ရောင်းချရာမှာ ကမ္ဘာနံပါတ်(၁)နေရာကနေရပ်တည်နေတာကိုတွေ့ရ ပါတယ်။

—– —— ———

(Zawgyi)

ထိုင္းႏိုင္ငံ အေၾကာင္း သိေကာင္းစရာ

ထိုင္းႏိုင္ငံဟာ အင္ဒိုခ်ိဳင္းနားကြၽန္းဆြယ္ႀကီးရဲ႕အလယ္မွာတည္ရွိတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံ တႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံရဲ႕တရားဝင္နာမည္ကေတာ့ ထိုင္းဘုရင့္ႏိုင္ငံ ျဖစ္ၿပီး ယခင္ကာလကေတာ့ Siam လို႔လူသိမ်ားပါတယ္။ ထိုင္းႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံ ေတြအျဖစ္ ေျမာက္ဘက္မွာဆိုရင္ ျမန္မာနဲ႔ လာအိုႏိုင္ငံ၊ အေရွ႕ဘက္မွာဆိုရင္ ကေမာၻဒီးယားႏိုင္ငံ၊ ေတာင္ဘက္မွာဆိုရင္ မေလးရွားႏိုင္ငံ၊ အေနာက္ဘက္မွာဆိုရင္ အက္ဒမန္ပင္လယ္ ေတြနဲ႔နယ္နိမိတ္ခ်င္း ထိစပ္လ်က္ရွိပါတယ္။ ထိုင္းႏိုင္ငံရဲ႕တရားဝင္ ႐ုံးသုံးဘာသာစကားကေတာ့ ထိုင္းဘာသာစကားျဖစ္ၿပီး Isan၊ Kam Mueang နဲ႔ Pak Tai စတဲ့ဘာသာစကားေတြကို သုံးစြဲေျပာဆိုၾကပါတယ္။

(၂၀၁၉)ခုႏွစ္ စာရင္းအရ ထိုင္းႏိုင္ငံရဲ႕လူဦးေရဟာ (၆၉,၇၅၈,၉၃၅)ဦးရွိတယ္ လို႔သိရၿပီး ကမာၻေပၚမွာေတာ့ (၂၀)ႏိုင္ငံေျမာက္ လူဦးေရအမ်ားဆုံးေသာ ႏိုင္ငံျဖစ္ပါတယ္။ ဧရိယာအက်ယ္အဝန္းအေနနဲ႔ စတုရန္းမိုင္ေပါင္း (၁၉၈ ၁၂၀)စတုရန္းမိုင္က်ယ္ဝန္းၿပီး နယ္ေျမရဲ႕ (ဝ.၄)ရာခိုင္ႏႈန္းေလာက္သာ ေရျပင္ျဖစ္ပါတယ္။ လူဦးေရသိပ္သည္းဆကေတာ့ (၁)စတုရန္းမိုင္မွာ (၃၄၂.၁)ဦးေနထိုင္ၾကပါတယ္။ ထိုင္းႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ကေတာ့ ဘန္ေကာက္ျဖစ္ၿပီး ကမာၻေပၚမွာထိုင္းႏိုင္ငံနဲ႔ ပတ္သက္ရင္ လူသိအမ်ားဆုံးၿမိဳ႕လည္းျဖစ္ပါတယ္။

ဘန္ေကာက္ဟာ အာရွတိုက္မွာလည္း အေတာ္ကို ထင္ရွားတဲ့ၿမိဳ႕ေတာ္ႀကီးျဖစ္ၿပီး လူမ်ိဳးေပါင္းစုံေနထိုင္ၾကပါတယ္။ ဒါအျပင္ ဗိသုကာလက္ရာေျမာက္ဘုရားေက်ာင္းေတြ၊ နန္းေတာ္ေတြ၊ ေရွးေဟာင္းတူးေျမာင္းေတြ၊ ထိပ္တန္း စူပါမားကတ္ႀကီးေတြအျပင္ ျမဴးႂကြတဲ့ေတးသံေတြထြက္ရွိရာႏိုက္ကလပ္ေတြ၊ေပ်ာ္ပြဲစား႐ုံ ႀကီးေတြအျပင္ အစိုးရကတရားဝင္လိုင္စင္ခ်ခြင့္ျပဳထားတဲ့ မီးနီရပ္ကြက္ေတြနဲ႔ အာရွရဲ႕ထိပ္တန္း ကမာၻလွည့္ခရီးသြားေတြလည္ပတ္ရာေနရာျဖစ္သလို အပန္းေျဖၿမိဳ႕ေတာ္ႀကီး တခုအျဖစ္လည္း တည္ရွိေနတာျဖစ္ပါတယ္။

သဘာဝ ပထဝီဝင္အေနအထားအရ ထိုင္းႏိုင္ငံကို အပိုင္း(၄)ပိုင္းခြဲျခားေလ့လာႏိုင္ပါတယ္။ ႏိုင္ငံရဲ႕အေနာက္ဘက္မွာဆိုရင္သစ္ေတာေတြဖုံးလႊမ္းေနတဲ့ေတာင္တန္းေဒသ၊ အေနာက္ေျမာက္ဘက္မွာဆိုရင္ Khorat ကုန္းျပင့္ျမင့္ေဒသ၊ ႏိုင္ငံအလယ္ပိုင္းကေျမျပန႔္လြင္ျပင္ ေဒသနဲ႔ ကမ္း႐ိုးတန္း၊ကြၽန္းဆြယ္ေဒသဆိုၿပီးတည္ရွိေနတာကိုေတြ႕ရပါတယ္။ ႏိုင္ငံရဲ႕အျမင့္ဆုံးေနရာကေတာ့ Doi Inthanon ေတာင္ျဖစ္ၿပီးပင္လယ္ေရမ်က္ႏွာျပင္အထက္ေပေပါင္း (၈၄၁၅) ေပျမင့္မားကာ အမ်ိဳးသားဥယ်ာဥ္ႀကီးရဲ႕ဆုံခ်က္ဗဟိုမွာတည္ရွိေနပါတယ္။

ထိုင္းႏိုင္ငံဟာ ပင္လယ္ကမ္း႐ိုးတန္းအရွည္ မိုင္ေပါင္း (၂၀၀၀)ေလာက္ရွိၿပီး ႏိုင္ငံေရပိုင္နက္ထဲမွာ ကြၽန္းေပါင္း (၁၄၃၀) ေလာက္ ပါဝင္ေနပါတယ္။ ထိုင္းရဲ႕ပင္လယ္ကမ္းေျခေတြဟာ ကမာၻေပၚမွာအလွဆုံးေသာကမ္းေျခေတြ အျဖစ္ သတ္မွတ္ျခင္း ခံထားရပါတယ္။ ဒါကလည္း ယင္းကမ္းေျခေတြဟာ ၾကည္လင္တဲ့ေရျပင္ အျဖဴေရာင္သဲေသာင္ေတြကို ပိုင္ဆိုင္ထားတဲ့အျပင္ အပန္းေျဖေနရာေတြအျဖစ္အစိုးရရဲ႕ အသားေပးေဖာ္ေဆာင္ခ်က္ေတြ၊ ဇိမ္ခံပစၥည္းေတြထားရွိမႈေတြေၾကာင့္ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံရဲ႕စုစုေပါင္းဧရိယာ(၃၇)ရာခိုင္ႏႈန္းဟာ သစ္ေတာမ်ားဖုံးလႊမ္းလ်က္ရွိေနၿပီး (၄၀) ရာခိုင္ႏႈန္းေလာက္ကေတာ့ စိုက္ပ်ိဳးေျမေတြျဖစ္ၾကပါတယ္။ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္ းေစာင့္ေရွာက္ေရးနယ္ေျမေတြအျဖစ္ အမ်ိဳးသားဥယ်ာဥ္ (၁၄၇)ခု၊ အမဲမလိုက္ရနယ္ေျမ (၆၇)ခု၊ သစ္ေတာပန္းၿခံ (၁၂၀)၊ သားရဲတိရိစာၦန္ေဘးမဲ့ေတာ (၅၈)ေနရာရွိေနၿပီးယင္းနယ္ ေျမစုစုေပါင္းဧရိယာကတင္ ထိုင္းဘုရင့္ႏိုင္ငံေတာ္ရဲ႕စုစုေပါင္းနယ္ေျမ (၂၀)ရာခိုင္ႏႈန္းေလာက္ကို ဖုံးလႊမ္းထားတာျဖစ္ပါတယ္။

Khao Yai အမ်ိဳးသား ဥယ်ာဥ္ဆိုရင္ ထိုင္းႏိုင္ငံရဲ႕ တတိယေျမာက္အႀကီးဆုံးနဲ႔ လူသိအမ်ားဆုံးေသာပန္းၿခံတစ္ခုျဖစ္ၿပီး (၁၉၆၂)ခုႏွစ္မွာစတင္တည္ေထာင္ခဲ့တဲ့ ပထမဆုံးေသာႏိုင္ငံရဲ႕ အမ်ိဳးသားဥယ်ာဥ္ႀကီးလည္းျဖစ္ပါတယ္။ ယင္းဥယ်ာဥ္ဟာ (၈၃၇)စတုရန္းမိုင္က်ယ္ဝန္းၿပီး Dong Phayayen-Khao Yati သစ္ေတာရဲ႕အစိတ္အပိုင္းတစ္ခုလည္းျဖစ္ပါတယ္။ ယင္းသစ္ေတာႀကီးဟာ Khao Yati ကေန ကေမာၻဒီးယားႏိုင္ငံနယ္စပ္တစ္ေလွ်ာက္ မွာတည္ရွိတဲ့ ယူနက္စကိုရဲ႕ကမာၻအေမြအႏွစ္ထိန္းသိမ္းေရးနယ္ေျမအျဖစ္ေၾကျငာထားတဲ့ သစ္ေတာဧရိယာ (၅)ခုလည္းပါဝင္ေနတဲ့သစ္ေတာႀကီးလည္းျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ယူနက္စကိုကတရားဝင္သတ္မွတ္ေပးထားတဲ့ ကမာၻအေမြအႏွစ္ထိန္း သိမ္းေစာင့္ေရွာက္ေရးနယ္ေျမ (၅)ခုအထိပါဝင္ေနပါတယ္။ သမိုင္းဝင္ၿမိဳ႕ေတာ္ျဖစ္တဲ့ Sukhothai မွာဆိုရင္လည္း ထိုင္းႏိုင္ငံတြင္းပါဝင္ေနတဲ့ ယူနက္စ ကိုရဲ႕ကမာၻအေမြအႏွစ္ထိန္းသိမ္းေရးနယ္ေျမတစ္ခုျဖစ္ၿပီး Sukhothai ၊ Kamphaeng Phet နဲ႔ Si Satchanalai သမိုင္းဝင္နယ္ေျမေတြနဲ႔ ေပါင္းစပ္ဖြဲ႕စည္းထားပါတယ္။ ထိုင္းဘုရင္မင္းဆက္ရဲ႕ ပထမဆုံးေသာမင္းဆက္ျဖစ္တဲ့ Sukhothai မင္းဆက္ရဲ႕အာဏာအထြတ္အထိပ္ရစဥ္ကာလ( ၁၃)ရာစုကေန (၁၄)ရာစုအတြင္းတည္ထားခဲ့တဲ့ၿမိဳ႕ေဟာင္း(၃)ခုကိုအေမြအႏွစ္ နယ္ေျမတစ္ခုတည္းအျဖစ္သတ္မွတ္ထားတာျဖစ္ပါတယ္။

(၁၃၅၀) ခုႏွစ္က တည္ေထာင္ခဲ့တဲ့ Ayutthaya (အယုဒၶယၿမိဳ႕) ဟာ Sukhothai ၿပီးတဲ့ ေနာက္ Siamese မ်ိဳးႏြယ္ေတြရဲ႕ဒုတိယေျမာက္တည္ထားတဲ့ၿမိဳ႕ေတာ္ျဖစ္ပါတယ္။ (၁၈) ရာစုေရာက္ခ်ိန္မွာေတာ့ ကုန္းေဘာင္မင္းဆက္ ဆင္ျဖဴရွင္ဘုရင္ရဲ႕ တိုက္ခိုက္သိမ္းပိုက္ျခင္းကို ခံခဲ့ရၿပီး တၿမိဳ႕လုံးနီးပါးပ်က္စီးသြားခဲ့ရပါတယ္။ အထူးသျဖင့္ထိုင္းေတြဟာ ေရွးေခတ္ ကာလစစ္ပြဲေတြရဲ႕ သေဘာသဘာဝအရျဖစ္ခဲ့ရတဲ့အယုဒၵယၿမိဳ႕ပ်က္ႀကီးကို ေရွးမူအတိုင္း ထားရွိၿပီး တရားေသအမ်ိဳးသားဝါဒလႈံေဆာ္မႈေတြကပဲ အိမ္နီးခ်င္းျမန္မာႏိုင္ငံနဲ႔တင္းမာတဲ့ ဆက္ဆံေရးသဆက္ဆံေရးသမိုင္းေၾကာင္းေတြရွိခဲ့ဖူးတာျဖစ္ပါတယ္။ Ayutthaya (အယုဒၶယ) ဟာ (၁၉၉၁) ခုႏွစ္ကပဲ ယူနက္စကိုရဲ႕ကမာၻအေမြအႏွစ္နယ္ေျမအျဖစ္ရွိေနခဲ့တာျဖစ္ပါတယ္။

Grand Palace (ေတာ္ဝင္နန္းေတာ္) ကိုေတာ့ ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕ရဲ႕အသည္းႏွလုံး ေနရာအျဖစ္ သတ္မွတ္ထားၾကၿပီး ထိုင္းဘုရင္ေတြ(၁၇၈၂)ခုႏွစ္ကေနအစဥ္တစိုက္ စိုးစံခဲ့ၾက ပါတယ္။ ထိုင္းေတာ္ဝင္ ဘုရင့္တရား႐ုံးနဲ႔အုပ္ခ်ဳပ္ေရးအစိုးရအဖြဲ႕ဟာ Grand Palace မွာပဲ (၁၉၂၅)ခုႏွစ္အထိ႐ုံးစိုက္ကာထိုင္းႏိုင္ငံကိုအုပ္ခ်ဳပ္ခဲ့ၾကပါတယ္။ ယေန႔အခ်ိန္မွာေတာ့ Grand Palace ဟာအမ်ားျပည္သူေလ့လာႏိုင္တဲ့ျပတိုက္အျဖစ္တည္ရွိခဲ့ၿပီး ေရွးခတ္ထိုင္း လူမ်ိဳးေတြရဲ႕ယဥ္ေက်းမႈ အေမြအႏွစ္လက္ရာမ်ားစြာ တည္ရွိေနရာ အရပ္ျဖစ္ပါတယ္။
ထိုင္းဘုရင့္နန္းေတာ္( Grand Palace) ဝန္းထဲမွာတည္ရွိတဲ့ Wat Phra Kawe ဗုဒၶဘုရား ေက်ာင္းေတာ္အတြင္းမွာေတာ့ ေက်ာက္စိမ္းအတိနဲ႔ ထြင္းထုပူေဇာ္ထားတဲ့ ျမဘုရား စံေနေတာ္မူတဲ့ဘုရားေက်ာင္းေဆာင္တည္ရွိပါတယ္။ ယင္းေက်ာင္းေတာ္မွာရွိတဲ့ အႏုလက္ရာေတြဟာ အလြန္ကို အဆင့္ျမင့္ၿပီး ထိုင္းႏိုင္ငံအတြက္သာမက ကမာၻဗုဒၶဘာသာယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ပါသတ္မွတ္ယုံၾကည္ၾက တာျဖစ္ပါတယ္။

ဘန္ေကာက္ရဲ႕ Yai ခ႐ိုင္အတြင္းမွာတည္ရွိတဲ့ Wat Arun အမည္ရ ဗုဒၶဘုရားေက်ာင္းဟာ Mae Nam Chao Praya ျမစ္တစ္ဖက္ကမ္းမွာတည္ရွိၿပီး ျမစ္ဝကိုလွမ္းေမွ်ာ္ၾကည့္ႏိုင္တဲ့ ေမွ်ာ္စင္ (၅)ခုပါဝင္ေနပါတယ္။ မွန္စီေ႐ႊခ်လက္ရာေတြနဲ႔ေ႐ႊေရာင္အဆင္းသ႑ာန္ရွိတဲ့ ေစတီကို ဖူးေျမာ္ႏိုင္မွာျဖစ္သလို ဘန္ေကာက္ၿမိဳ႕ရဲ႕ေနဝင္ဆည္းဆာခ်ိန္အလွကိုၾကည့္ရႈဖို႔ အေကာင္းဆုံးေသာေနရာေတြအနက္ကတစ္ခုျဖစ္ပါတယ္။ Wat Arun ဆိုတာကေတာ့ Hindu နတ္ဖုရားျဖစ္တဲ့ Aruna ရဲ႕အမည္ကိုရယူမွည္ေ့ခၚထားတာျဖစ္ၿပီး ထိုင္းလူမ်ိဳးေတြရဲ႕ အျမတ္တႏိုးအထားရဆုံးေနရာေတြအနက္ကတစ္ခုျဖစ္ပါတယ္။

ကမာၻလွည့္ခရီးသြားလုပ္ငန္းနဲ႔ ႏွစ္စဥ္ႀကီးစြာ ဝင္ေငြရရွိေနတဲ့ ထိုင္းႏိုင္ငံအတြက္ေတာ့ Phi Phi ကြၽန္းေတြဟာ လူသိမ်ားထင္ရွားတဲ့အပန္းေျဖစခန္းျဖစ္ၿပီးကြၽန္းေပါင္း(၆)ကြၽန္းေလာက္နဲ႔ ဖြဲ႕စည္းထားပါတယ္။ အဓိကအပန္းေျဖေနရာစခန္းအျဖစ္ Phi Phi ကြၽန္းမွာသာ အေျခခ်ၿပီး က်န္ကြၽန္းေတြကိုေတာ့ ေရလမ္းခရီးစဥ္ေလးေတြအျဖစ္ အပန္းေျဖဇုံသတ္မွတ္ေပးထားတာလည္းျဖစ္ပါတယ္။ ကမာၻေပၚမွာနာမည္အႀကီးဆုံးေသာကမ္းေျခေတြအနက္ကတစ္ခုျဖစ္ တဲ့ Maya bay ဟာလည္း ယင္းဧရိယာအတြင္းမွာတည္ရွိၿပီး ေဟာလီးဝုဒ္နာမည္ေက်ာ္႐ုပ္ရွင္မင္းသား လီယိုနာဒိုဒီကာပရီယို The Beach ႐ုပ္ရွင္ လာ႐ိုက္ခဲ့တဲ့ ေနရာလည္းျဖစ္ပါ တယ္။

ထိုင္းႏိုင္ငံ၊ Ang Thong ျပည္နယ္အတြင္းက Wat Muang ဘုန္းေတာ္ႀကီးေက်ာင္းမွာတည္ ရွိတဲ့ The Great Buddha of Thailand ဟာဆိုရင္ကမာၻေပၚမွာ နဝမေျမာက္အျမင့္ဆုံး ဆင္းတုေတာ္ႀကီးျဖစ္ၿပီး အျမင့္ေပ (၃၀၀)နဲ႔ေပ(၂၁၀)အက်ယ္ရွိပါတယ္။

လက္ရွိထိုင္းႏိုင္ငံ တည္ရွိရာေနရာမွာ လူသားေတြဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂ေသာင္းခန႔္ကတည္းက အေျခခ်ေနထိုင္ခဲ့ၾကပါတယ္။ အေစာဆုံးဆန္စိုက္ပ်ိဳးမႈအေနနဲ႔ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀၀၀ ခန႔္ကလို႔ သိရွိရၿပီး လြန္ခဲ့တဲ့ ႏွစ္ ၃၀၀၀ ခန႔္မွာေတာ့ေၾကးနီကို စတင္ေတြ႕ရွိခဲ့ၾကၿပီျဖစ္ပါတယ္။ ဘီစီ ၂ရာစုဝန္းက်င္မွာေတာ့ ေထရဝါရဗုဒၶဘာသာဟာ ထိုင္းႏိုင္ငံမွာ စတင္ေရာက္ရွိေနခဲ့ၿပီျဖစ္ၿပီး အဲဒီေနာက္ေတာ့ အဲဒီအခ်ိန္က ဘုန္းတန္ခိုးႀကီးမားတဲ့ Funan ဘုရင့္ႏိုင္ငံကို စတင္တည္ေထာင္ခဲ့ၿပီျဖစ္ပါတယ္။ မြန္လူမ်ိဳးေတြကေတာ့ ေအဒီ ၆ ရာစုဝန္းက်င္မွာ Dvaravati နဲ႔ Hariphunchai ၿမိဳ႕ျပႏိုင္ငံေတြကို စတင္ထူေထာင္ခဲ့ၾကပါတယ္။

ေအဒီ ၉ ရာစု နဲ႔ ၁၃ ရာစုၾကားမွာေတာ့ လက္ရွိထိုင္းႏိုင္ငံေနရာဟာ ခမာေတြရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိခဲ့ပါတယ္။ လက္ရွိထိုင္းလူမ်ိဳးေတြကေတာ့ ေအဒီ ၁၀ ရာစု နဲ႔ ၁၃ရာစုၾကားကာလမွာ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းကေန ဝင္ေရာက္လာခဲ့ၾကသူေတြ လို႔ သိရပါတယ္။ ေအဒီ ၁၂၄၀ ခန႔္မွာေတာ့ ထိုင္းလူမ်ိဳးေတြရဲ႕ ပထမဆုံးႏိုင္ငံလို႔ဆိုတဲ့ ဆူခိုထိုင္း ဘုရင့္ႏိုင္ငံကို ထူေထာင္ႏိုင္ခဲ့ၿပီး သက္တမ္း ႏွစ္ ၂၀၀ ခန႔္ၾကာျမင့္ခဲ့ပါတယ္။ ေအဒီ ၁၃၅၀ခန႔္မွာ စတင္တည္ေထာင္ခဲ့တဲ့ အျခားထိုင္းဘုရင့္ႏိုင္ငံျဖစ္တဲ့ အယုဒၶယဟာ ဆူခိုထိုင္း နဲ႔ အန္ေကာတို႔ကို သိမ္းပိုက္လိုက္ၿပီးတဲ့ေနာက္ အင္အားဆက္လက္ႀကီးထြားလာခဲ့ပါတယ္။

၁၇၆၆ ခုႏွစ္မွာေတာ့ အယုဒၶယဟာ ျမန္မာဘုရင္ဆင္ျဖဴရွင္မင္းရဲ႕ ခ်ီတက္တိုက္ခိုက္ျခင္းကိုခံခဲ့ရၿပီး ၁၄လၾကာ ခုခံတိုက္ခိုက္မႈအၿပီးမွာေတာ့ က်ရႈံးသြားကာ တၿမိဳ႕လုံးနီးပါးမီးရႈိ႕ဖ်က္စီးခံခဲ့ရပါတယ္။ ၁၇၆၉ ခုႏွစ္မွာေတာ့ မဟာတက္ဆင္ဟာ ၿမိဳ႕ေတာ္ကို သြန္ဘူရီသို႔ ေျပာင္းေ႐ႊ႕စိုးစံခဲ့ပါတယ္။ Rama I ဘုရင္လက္ထက္မွာေတာ့ ဘန္ေကာက္ကို ၿမိဳ႕ေတာ္အျဖစ္ထားကာ Rattanakosin ဘုရင့္ႏိုင္ငံကို ထပ္မံထူေထာင္ခဲ့ပါတယ္။ Rama V လက္ထက္မွာေတာ့ ထိုင္းႏိုင္ငံကို ကိုလိုနီလက္ေအာင္မက်ေရာက္ေအာင္ေရွာင္ရွားႏိုင္ခဲ့ေပမယ့္ လာအို နဲ႔ ကေမာၻဒီးယားရွိ ထိုင္းပိုင္နက္နယ္ေျမေတြကို ျပင္သစ္တို႔ထံေပးအပ္လိုက္ရသလို ၊ မေလးရွားမွ ပိုင္နက္နယ္ေျမေတြကိုေတာ့ ၿဗိတိသွ်တို႔ထံ ေပးအပ္လိုက္ရပါတယ္။ ၁၉၃၉ ခုႏွစ္မွာေတာ့ ႏိုင္ငံရဲ႕အမည္ကို Siam ကေန Thailand သို႔ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။ Thailand ဆိုတဲ့အမည္ဟာ ထိုင္းဘာသာစကား Prathet Thai ကေနလာၿပီး လြတ္လပ္တဲ့နယ္ေျမလို႔အဓိပၸါယ္ရပါတယ္။

၁၉၃၂ ခုႏွစ္ကေနစလို႔ ၁၉၇၃ ခုႏွစ္အထိ ထိုင္းႏိုင္ငံရဲ႕ႏိုင္ငံေရးကို စစ္အာဏာရွင္ေတြက ႀကီးစိုးခဲ့ၾကပါတယ္။ ဘုရင္စနစ္ကို ဆက္လက္ထားရွိေပမယ့္ အာဏာကေတာ့ စစ္ေခါင္းေဆာင္ေတြရဲ႕လက္ထဲမွာသာ ျဖစ္ပါတယ္။ ၁၉၇၃ခုႏွစ္မွာေတာ့ အလြန္ႀကီးမားတဲ့ ေက်ာင္းသား ၊ လူထုအုံႂကြမႈႀကီးျဖစ္ၿပီးေနာက္ ထိုင္းႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးစနစ္ေျပာင္းလဲလာခဲ့ပါတယ္။ ၁၉၈၀ ခုႏွစ္ ဝန္ႀကီးခ်ဳပ္ ပရမ္ တင္ဆူလန္ႏြန္ဒါမွ အုပ္ခ်ဳပ္ခဲ့ၿပီး ၎မွာ ဒီမိုကေရစီ လိုလားသူ ျဖစ္သျဖင့္ ပါလီမန္ ႏိုင္ငံေရးကို ျပန္လည္ အသက္သြင္းခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ သက္ဆင္ ရွင္နာဝပ္ ဦးေဆာင္ေသာ ထိုင္းရပ္ထိုင္း ပါတီသည္ ၂၀၀၁ မွ ၂၀၀၆ ခုႏွစ္ အထိ အုပ္ခ်ဳပ္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္ မွာေတာ့ ျခစားသည္ဟု စြပ္စြဲ၍ လူအေျမာက္အမ်ား ဆႏၵျပခဲ့ၾကၿပီး စစ္တပ္မွ အာဏာျပန္သိမ္းခဲ့သည္။ ၂၀၀၇ ဒီဇင္ဘာလ ေ႐ြးေကာက္ပြဲမွ အရပ္သား အစိုးရ သို႔ အာဏာလႊဲေျပာင္းခဲ့ၿပီး ၂၀၁၄ ေမလတြင္ အျခား စစ္အာဏာသိမ္းမႈ တစ္ခုျဖင့္ စစ္တပ္ လက္ေအာက္သို႔ ျပန္လည္ ေရာက္ရွိခဲ့ရျပန္ပါတယ္။ ပါလီမန္ စည္းမ်ဥ္းခံဘုရင္စနစ္ျဖင့္အုပ္ခ်ဳပ္ၿပီး ဘုရင္မွာ Maha Vajiralongkorn ျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္က ပရာယြဒ္ ခ်န္အိုခ်ာ ျဖစ္ပါတယ္။

စိုက္ပ်ိဳးေရးလုပ္ငန္းနဲ႔ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းဟာ ထိုင္းရဲ႕အဓိကစီးပြားေရးလုပ္ငန္းေတြ ျဖစ္ၾကပါတယ္။ စီးပြားေရးမွာေတာ့ထိုင္းႏိုင္ငံဟာ အေရွေတာင္အာရွရဲ႕အင္အားႀကီးႏိုင္ငံျဖစ္ၿပီး အျခားေသာ ႏိုင္ငံျခားကုမၸဏီေတြနဲ႔ ေရရွည္အက်ိဳးတူစာခ်ဳပ္မ်ားခ်ဳပ္ဆိုကာ အရည္အေသြးျမင့္ထုတ္ကုန္ေတြကို ထုတ္လုပ္ႏိုင္ျခင္းနဲ႔ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းေတြကေန ႏွစ္စဥ္ရရွိတဲ့အက်ိဳး အျမတ္ေတြကပဲ ထိုင္းကို အာရွထိပ္တန္းႏိုင္ငံအျဖစ္ကို ေရာက္ရွိေစခဲ့ပါတယ္။ ႏိုင္ငံရဲ႕အဓိက ပို႔ကုန္ေတြကေတာ့ ဆန္၊ အဝတ္အထည္၊ ေရထြက္ပစၥည္းမ်ား၊ရာဘာ၊ေက်ာက္မ်က္ရတနာ၊ ေမာ္ေတာ္ကားနဲ႔ ယာဥ္အမ်ိဳးမ်ိဳး၊ ကြန္ပ်ဴတာ၊လွ်ပ္စစ္နဲ႔ လူသုံးကုန္ပစၥည္းေတြပါဝင္ပါတယ္။ (၂၀၁၆)ခုႏွစ္တႏွစ္တည္းတင္ ထိုင္းႏိုင္ငံကို ႏိုင္ငံျခားခရီးသြားေပါင္း (၃၈.၃)သန္းအထိ လာေရာက္လည္ပတ္ခဲ့ၾကပါတယ္။

ထိုင္းႏိုင္ငံရဲ႕ (၂၀၁၉)ခုႏွစ္အတြက္ GDP (ခန႔္မွန္း)တန္ဖိုးကတင္ အေမရိကန္ေဒၚလာ (၁.၃၉၀) ထရီလီယံ အထိရွိေနၿပီး ႏိုင္ငံသားတစ္ဦးခ်င္းစီရဲ႕တစ္ႏွစ္ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ (၂၀၄၇၄) ျဖစ္ပါတယ္။ ထိုင္းရဲ႕တရားဝင္သုံးေငြေၾကးကေတာ့ ဘတ္ ျဖစ္ၿပီး(၁)ဘတ္ဟာ အေမရိကန္ေဒၚလာ (ဝ.၀၃၂)နဲ႔ျမန္မာေငြက်ပ္ (၄၂)က်ပ္နဲ႔တန္ဖိုးခ်င္းတူညီေနပါတယ္။

ထုိင္းအလံ မွာေတာ့ အနီေရာင္ ကန္႔လန္႔ျဖတ္ အစင္း ၂ခု ၊ အျဖဴစင္း ၂ ခု နဲ႔ အလယ္မွာ အျပာေရာင္ အစင္းႀကီးတခုတုိ႔ပါ၀င္ပါတယ္။ အနီေရာင္ကေတာ့ လြတ္လပ္ေရးကုိထိန္းသိမ္းခဲ့တဲ့ ထုိင္းျပည္သူေတြကို ကုိယ္စားျပဳတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ အျဖဴေရာင္ကေတာ့ စစ္မွန္မႈ နဲ႔ ဗုဒၶဘာသာကို ကုိယ္စားျပဳၿပီး အလယ္က အျပာေရာင္ကေတာ့ ထုိင္း ဘုရင္မင္းဆက္ကို ကုိယ္စားျပဳပါတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

ဗုဒၶဘာသာကေတာ့ထိုင္းႏိုင္ငံရဲ႕အဓိကကိုးကြယ္ယုံၾကည္မႈဘာသာတရားျဖစ္ၿပီးလူဦးေရ စုစုေပါင္းရဲ႕ (၉၅)ရာခိုင္ႏႈန္းေလာက္ဟာ ဗုဒၶဘာသာဝင္ေတြျဖစ္ၾကပါတယ္။ ဆင္ဟာ ထိုင္းႏိုင္ငံရဲ႕အထိမ္းအမွတ္ တိရစာၦန္ျဖစ္ပါတယ္။ ရာစုႏွစ္တစ္ခုအၾကာေလာက္က ေတာ့ထိုင္းႏိုင္ငံအတြင္းမွာ က်က္စားသြားလာေနတဲ့ဆင္ဦးေရ (၁၀၀၀၀၀)ေလာက္ရွိေနခဲ့ၿပီး ေကာင္ေရ (၂၀၀၀၀)ေလာက္ကေတာ့ ေတာ႐ိုင္းဆင္ေတြျဖစ္ၾကပါတယ္။ ယေန႔အခ်ိန္ မွာေတာ့ ဆင္ေကာင္ေရ (၅၀၀၀)ေလာက္သာက်န္ပါေတာ့တယ္။ ေရွး Hindu ကိုးကြယ္ယုံ ၾကည္မႈျဖစ္တဲ့ Garuda (ဂဠဳန္ငွက္) ဟာထိုင္းေတာ္ဝင္မိသားစုအတြက္သာမက အမ်ိဳးသားေရးဆိုင္ရာ ျမင့္ျမတ္တဲ့သေကၤတတစ္ခုအျဖစ္သတ္မွတ္ထားၾကပါတယ္။

ထိုင္းစစ္တပ္ဟာ အၿမဲတမ္းစစ္သည္ ၃၆၀၀၀၀ နဲ႔ အရံအင္အား ၂၀၀၀၀၀ ကို ပိုင္ဆိုင္ထားပါတယ္။ ေလတပ္ အေနနဲ႔ ဖိုက္တာေလယာဥ္ ၇၅စင္းအပါအဝင္ စုစုေပါင္းေလယာဥ္ ၅၇၀ စီး ကို ပိုင္ဆိုင္ထားပါတယ္။ တင့္ကား ၈၀၀ေက်ာ္ နဲ႔ အျခားသံခ်ပ္ကာယာဥ္ အပါအဝင္ ယာဥ္ေပါင္း ၂၀၀၀ေက်ာ္ကို ပိုင္ဆိုင္ထားပါတယ္။ ေရတပ္အေနနဲ႔ ေလယာဥ္တင္ သေဘၤာ ၁စီး ၊ ဖရီးဂိတ္ ၇စီးအပါအဝင္ စုစုေပါင္း ေရယာဥ္ စီးေရ ၃၀၀ နီးပါးကို ပိုင္ဆိုင္ထားပါတယ္။ ကာကြယ္ေရးအသုံးစရိတ္အျဖစ္ အေမရိကန္ေဒၚလာ ၇.၁ဘီလ်ံခန႔္သုံးစြဲထားတဲ့ ထိုင္းစစ္တပ္ဟာ ကမာၻေပၚမွာေတာ့ အဆင့္ ၂၃ ျဖစ္ပါတယ္။

ေမြ႕ထိုင္းလို႔သိၾကတဲ့ Thai Boxing ဟာႏိုင္ငံရဲ႕အဓိက႐ိုးရာအားကစားျဖစ္သလို ေရွးအေမြ အနစ္ ကိုယ္ခံပညာရပ္တစ္ခုအျဖစ္လည္းရွိေနပါတယ္။ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ေတာ္ဟာ ဆိုရင္ နာမည္စကားလုံးအရွည္ဆုံးေသာေဒသအေခၚနာမည္ ပိုင္ဆိုင္ထားတဲ့ၿမိဳ႕အျဖစ္ ကမာၻလွည့္ခရီးသြားေတြအၾကားနာမည္ေက်ာ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘန္ေကာက္ရဲ႕တရားဝင္နာမည္အျပည့္အစုံက Krungthepmahanakhon Amonrattanakosin Mahintharayuttha ya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsan ukamprasit ဆိုတာျဖစ္ၿပီးတိုက္႐ိုက္အဓိပၸါယ္ျပန္ရင္ေတာ့ နတ္သမီးၿမိဳ႕ေတာ္၊နဝရတ္ကိုးပါးစီျခယ္ထားတဲ့အံ့ဖြယ္ၿမိဳ႕ေတာ္၊ေတာ္ဝင္နန္းၿမိဳ႕၊နတ္ဖုရားသူေတာ္စင္ေတြရဲ႕ေနရပ္စသည္ ျဖင့္ဖြင့္ဆိုၾကပါတယ္။

(၂၀)ရာစုကာလကေန ဥေရာပနဲ႔ေျမာက္အေမရိကႏိုင္ငံေတြမွ ာလူသိမ်ားထင္ရွားတဲ့ Siamese ေၾကာင္ေတြရဲ႕ မူလမ်ိဳးစိတ္ဟာထိုင္းႏိုင္ငံကျဖစ္ၿပီး သူတို႔ကို Wichian Mat လို႔ လည္းေခၚဆိုၾကပါေသးတယ္။ ကမာၻေပၚမွာအေသးဆုံးေသာႏို႔တိုက္သတၱဝါေတြျဖစ္တဲ့ Kitti’s hog-nosed လင္းႏို႔ေတြဟာလည္းထိုင္းႏိုင္ငံမွာသာအမ်ားဆုံးေတြ႕ရၿပီး သူတို႔ရဲ႕ အေလးခ်ိန္ဟာ (၂)ဂရမ္ေလာက္သာရွိတာျဖစ္ပါတယ္။

(၁၉၆၀)ကေန (၁၉၇၀)ကာလေတြဆီကေတာ့ ထိုင္းႏိုင္ငံေျမာက္ပိုင္းေဒသဟာ အာရွတိုက္ ရဲ႕ဘိန္းအဓိကထုတ္လုပ္တဲ့ေနရာျဖစ္ခဲ့ၿပီး ေတာင္ေပၚေနထိုင္းတိုင္းရင္းသားေတြအတြက္ အဓိကဝင္ေငြဟာ ဘိန္းစိုက္ပ်ိဳးျခင္းကေနရရွိေနခဲ့တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံနယ္နိမိတ္ရဲ႕ ေျမာက္ဘက္စြန္းပိုင္း၊လာအိုႏိုင္ငံနယ္နိမိတ္ရဲ႕အေနာက္ဘက္စြန္းပိုင္းနဲ႔ ျမန္မာႏိုင္ငံနယ္နိ မိတ္ရဲ႕အေရွဘက္စြန္းပိုင္းေဆြဆုံတဲ့ေနရာကို ေ႐ႊႀတိဂံနယ္ေျမလို႔ေခၚဆိုၿပီး ယင္းေနရာဟာ ကမာၻေပၚမွာဆိုရင္ ဘိန္းနဲ႔ ဆက္စပ္မူးယစ္ေဆးဝါးမ်ားစြာ ထြက္ရွိရာေနရာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံက Kanchanaburi ၿမိဳ႕ဆိုလည္း (၁၉၅၇)ခုႏွစ္ကထုတ္လုပ္ခဲ့တဲ့ ကမာၻေက်ာ္ ႐ုပ္ရွင္ဇာက္ကားျဖစ္တဲ့ The Bridge on the River Kwai ( Burma- Siam ရထားလမ္းပိုင္ းရဲ႕တစိတ္တစ္ပိုင္း)႐ိုက္ကူးခဲ့ရာေနရာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံရဲ႕သစ္ေတာနက္ေတြအတြင္း မွာေတာ့ သစ္ခြမ်ိဳးစိတ္ေပါင္း (၁၅၀၀)ေလာက္တည္ရွိေနၿပီး ထိုင္းဟာကမာၻေပၚမွာဆိုရင္ သစ္ခြပန္းထုတ္လုပ္ေရာင္းခ်ရာမွာ ကမာၻနံပါတ္(၁)ေနရာကေနရပ္တည္ေနတာကိုေတြ႕ရပါတယ္။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!