(Unicode)
ဒီဘုရားကျောင်းရဲ့ အမည်က Wat Samphran ဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ အနောက်ဘက် ၂၅မိုင် အကွာအဝေးက Amphoe Sam Phran ဆိုတဲ့အရပ်မှာ တည်ရှိနေပါတယ်။ ဆလင်ဒါပုံသဏ္ဍာန်အဆောက်အအုံကြီးတစ်ခုကို ဧရာမနဂါးကြီးတစ်ကောင်က ရစ်ခွေထားတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် ဒီဘုရားကျောင်းရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။
ဒီဘုရားကျောင်းရဲ့ အကြောင်းကို ထိုင်းနိုင်ငံက ခရီးသွားဝဘ်ဆိုဒ်အနည်းငယ်မှာသာ တင်လေ့ရှိတာကြောင့် လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတော့ သိပ်မရှိလှပါဘူး။ ဒီဘုရားကျောင်းဟာ ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီး အထပ်အမြင့်က ၁၇ ထပ်ရှိပါတယ်။ အဆောက်အအုံရဲ့ အမြင့်က ၈၀မီတာ(၂၆၂ပေ) ရှိပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခဲ့တဲ့သက်တော် ၈၀ ကို ရည်ညွှန်းတည်ဆောက်ထားတာလို့ သိရပါတယ်။
အဆောက်အအုံရဲ့ အရောင်က ပန်းရောင်ဖြစ်ပြီး အဆောက်အအုံကို ရစ်ပတ်ထားတဲ့နဂါးကြီးကတော့ အနီ နဲ့ အစိမ်းရောယှက်ခြယ်သထားတဲ့ တရုတ်ရိုးရာ နဂါးကြီးဖြစ်ပါတယ်။ နဂါးကြီးရဲ့ခေါင်းကတော့ အဆောက်အဦးခေါင်မိုးပေါ်မှာ ရှိနေပါတယ်။ အမိုးပေါ်ကို တက်ချင်ရင်တော့ အဆောက်အဦးထဲက တက်လို့ရမှာ မဟုတ်ပဲ အဆောက်အဦးအပြင်ဘက် နဂါးကြီးရဲ့ ခန္ဓာကိုယ်ထဲကနေ တက်ရောက်ရမှာ ဖြစ်ပါတယ်။
ဒီဘုရားကျောင်း အဆောက်အအုံကို ၁၉၈၅ခုနှစ်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး Bhavana Buddho က ဦးစီးတည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၅နှစ်ကြာတယ်လို့ သိရပါတယ်။ ဘုရားကျောင်းပရိဝဏ်ထဲမှာတော့ ဧရာမကြေးဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူ စံပယ်တော်မူနေပြီး ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တုများအပြင် ဆင် ၊ လင်းပိုင်၊ ယုန် ၊ ကျား အစရှိသော သတ္တဝါပေါင်းစုံရဲ့ အရုပ်တွေလည်းရှိနေပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပရိယတ္တိစာပေများလေ့လာရန် နဲ့ တရားအားထုတ်ရန် အတွက် အသုံးပြုတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။
နဂါးရုပ်ကြီးကို သံ နဲ့ glass fiber သုံးကာ အခေါင်းပွ အနေအထားနဲ့ တည်ဆောက်ထားပြီး ခန္ဓာကိုယ်ထဲမှာ အမိုးပေါ်သို့ တက်ရောက်နိုင်ရန် လမ်းကြောင်းကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။ အချို့နေရာတွေ ပျက်စီးနေပြီဖြစ်တာကြောင့် အထပ်အချို့ကိုတော့ တက်ရောက်ကြည့်ရှု့ရန် ပိတ်ပင်ထားပါတယ်။ နဂါးကြီးရဲ့အတွင်းဘက်မှ အပေါ်ကို တက်ရောက်နိုင်သလို အဆောက်အအုံအတွင်းမှာ ရှိတဲ့ ဓာတ်လှေကားနဲ့လည်း တက်ရောက်နိုင်ပါတယ်။ ဘုရားကျောင်းရဲ့ အမိုးပေါ်မှာတော့ ဗုဒ္ဓဆင်းတုတော်တစ်ဆူ စံပယ်နေပါတယ်။
နဂါးရုပ်ကြီးရဲ့အောက်ဘက်ခြေသည်းကတော့ ၅ ခုရှိပြီး ဒါဟာ ဗုဒ္ဓဘာသာက ငါးပါးသီလကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။အဲဒီခြေသည်းကြီးတွေကို လာရောက်တဲ့ဧည့်သည်တွေနဲ့ ဘုန်းကြီးတွေက ရောင်စုံဖဲကြိုးလေးတွေနဲ့ စည်းထားပါတယ်။ ဘုရားကျောင်းရဲ့အောက်ခြေမှာတော့ ထိုင်းရိုးရာ ဆုတောင်းရတဲ့ မြေအိုးကြီးတွေရှိပါတယ်။ ဒီမြေအိုးကြီးတွေ အတွင်းကို ပိုက်ဆံအကြွေစေ့တွေ ပစ်ထည့်ရင် ချမ်းသာမှုကို ရရှိစေပြီး ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။
ကျောင်းဝန်းတစ်ခုလုံးမှာတော့ စိမ်းစိုနေတဲ့ သစ်ပင်တွေပေါက်ရောက်နေပါတယ်။ ဒီနေရာကို အလည်ရောက်လာသူတိုင်းကတော့ အမိုးပေါ်ကို ရောက်အောင်တက်ကြည့်ကြလေ့ရှိပါတယ်။ အမိုးပေါ်က ဗုဒ္ဓဆင်းတုတော်ကို ဖူးချင်တာအပြင် ပတ်ပတ်လည်က စိမ်းစိုနေတဲ့သဘာဝရှု့ခင်းတွေကို ကြည့်ရှု့ချင်ကြလို့ ဖြစ်ပါတယ်။ ဒီနဂါးပတ်ဘုရားကျောင်းကြီးကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အများပြည်သူတွေအတွက် ဖွင့်လှစ်ထားပေးပါတယ်။
VIDEO ကြည့်ရန်
(Zawgyi)
ထုိင္းႏုိင္ငံက နဂါးပတ္ ဘုရားေက်ာင္း
ဒီဘုရားေက်ာင္းရဲ႕ အမည္က Wat Samphran ျဖစ္ၿပီး ထုိင္းႏုိင္ငံဘန္ေကာက္ၿမုိ႕ရဲ႕ အေနာက္ဘက္ ၂၅မုိင္ အကြာအေ၀းက Amphoe Sam Phran ဆုိတဲ့အရပ္မွာ တည္ရွိေနပါတယ္။ ဆလင္ဒါပုံသ႑ာန္အေဆာက္အအုံႀကီးတစ္ခုကို ဧရာမနဂါးႀကီးတစ္ေကာင္က ရစ္ေခြထားတဲ့ ပုံသ႑ာန္နဲ႔ တည္ေဆာက္ထားျခင္း ျဖစ္ပါတယ္။ ဒီတစ္ခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဒီဘုရားေက်ာင္းရဲ႕ အေၾကာင္းကို ဗဟုသုတ အေနနဲ႔ေ၀မွ်လုိက္ပါတယ္။
ဒီဘုရားေက်ာင္းရဲ႕ အေၾကာင္းကုိ ထုိင္းႏုိင္ငံက ခရီးသြား၀ဘ္ဆုိဒ္အနည္းငယ္မွာသာ တင္ေလ့ရွိတာေၾကာင့္ လာေရာက္တဲ့ ကမာၻလွည့္ခရီးသြားေတာ့ သိပ္မရွိလွပါဘူး။ ဒီဘုရားေက်ာင္းဟာ ဗုဒၶဘာသာဘုရားေက်ာင္းျဖစ္ၿပီး အထပ္အျမင့္က ၁၇ ထပ္ရွိပါတယ္။ အေဆာက္အအုံရဲ႕ အျမင့္က ၈၀မီတာ(၂၆၂ေပ) ရွိၿပီး ျမတ္စြာဘုရား ပရိနိဗၺာန္စံခဲ့တဲ့သက္ေတာ္ ၈၀ ကို ရည္ညႊန္းတည္ေဆာက္ထားတာလုိ႔ သိရပါတယ္။
အေဆာက္အအုံရဲ႕ အေရာင္က ပန္းေရာင္ျဖစ္ၿပီး အေဆာက္အအုံကို ရစ္ပတ္ထားတဲ့နဂါးႀကီးကေတာ့ အနီ နဲ႔ အစိမ္းေရာယွက္ျခယ္သထားတဲ့ တရုတ္ရိုးရာ နဂါးႀကီးျဖစ္ပါတယ္။ နဂါးႀကီးရဲ႕ေခါင္းကေတာ့ အေဆာက္အဦးေခါင္မုိးေပၚမွာ ရွိေနပါတယ္။ အမုိးေပၚကို တက္ခ်င္ရင္ေတာ့ အေဆာက္အဦးထဲက တက္လုိ႔ရမွာ မဟုတ္ပဲ အေဆာက္အဦးအျပင္ဘက္ နဂါးႀကီးရဲ႕ ခႏၶာကုိယ္ထဲကေန တက္ေရာက္ရမွာ ျဖစ္ပါတယ္။
ဒီဘုရားေက်ာင္း အေဆာက္အအုံကို ၁၉၈၅ခုႏွစ္မွာ ဗုဒၶဘာသာဘုန္းေတာ္ႀကီး Bhavana Buddho က ဦးစီးတည္ေဆာက္ခဲ့တာျဖစ္ၿပီး တည္ေဆာက္ခ်ိန္ ၅ႏွစ္ၾကာတယ္လုိ႔ သိရပါတယ္။ ဘုရားေက်ာင္းပရိ၀ဏ္ထဲမွာေတာ့ ဧရာမေၾကးဗုဒၶဆင္းတုေတာ္ႀကီးတစ္ဆူ စံပယ္ေတာ္မူေနၿပီး ဗုဒၶဘာသာဆုိင္ရာ ရုပ္တုမ်ားအျပင္ ဆင္ ၊ လင္းပုိင္၊ ယုန္ ၊ က်ား အစရွိေသာ သတၱ၀ါေပါင္းစုံရဲ႕ အရုပ္ေတြလည္းရွိေနပါတယ္။ ဗုဒၶဘာသာဘုန္းေတာ္ႀကီးမ်ား ပရိယတၱိစာေပမ်ားေလ့လာရန္ နဲ႔ တရားအားထုတ္ရန္ အတြက္ အသုံးျပဳတဲ့ ဘုရားေက်ာင္းျဖစ္ပါတယ္။
နဂါးရုပ္ႀကီးကို သံ နဲ႔ glass fiber သုံးကာ အေခါင္းပြ အေနအထားနဲ႔ တည္ေဆာက္ထားၿပီး ခႏၶာကုိယ္ထဲမွာ အမုိးေပၚသို႔ တက္ေရာက္ႏုိင္ရန္ လမ္းေၾကာင္းကိုပါ ထည့္သြင္းတည္ေဆာက္ထားပါတယ္။ အခ်ဳိ႕ေနရာေတြ ပ်က္စီးေနၿပီျဖစ္တာေၾကာင့္ အထပ္အခ်ဳိ႕ကိုေတာ့ တက္ေရာက္ၾကည့္ရႈ႕ရန္ ပိတ္ပင္ထားပါတယ္။ နဂါးႀကီးရဲ႕အတြင္းဘက္မွ အေပၚကို တက္ေရာက္ႏုိင္သလုိ အေဆာက္အအုံအတြင္းမွာ ရွိတဲ့ ဓာတ္ေလွကားနဲ႔လည္း တက္ေရာက္ႏုိင္ပါတယ္။ ဘုရားေက်ာင္းရဲ႕ အမုိးေပၚမွာေတာ့ ဗုဒၶဆင္းတုေတာ္တစ္ဆူ စံပယ္ေနပါတယ္။
နဂါးရုပ္ႀကီးရဲ႕ေအာက္ဘက္ေျခသည္းကေတာ့ ၅ ခုရွိၿပီး ဒါဟာ ဗုဒၶဘာသာက ငါးပါးသီလကို ရည္ညႊန္းတယ္လုိ႔ ဆုိပါတယ္။အဲဒီေျခသည္းႀကီးေတြကို လာေရာက္တဲ့ဧည့္သည္ေတြနဲ႔ ဘုန္းႀကီးေတြက ေရာင္စုံဖဲႀကဳိးေလးေတြနဲ႔ စည္းထားပါတယ္။ ဘုရားေက်ာင္းရဲ႕ေအာက္ေျခမွာေတာ့ ထုိင္းရုိးရာ ဆုေတာင္းရတဲ့ ေျမအုိးႀကီးေတြရွိပါတယ္။ ဒီေျမအုိးႀကီးေတြ အတြင္းကို ပုိက္ဆံအေၾကြေစ့ေတြ ပစ္ထည့္ရင္ ခ်မ္းသာမႈကို ရရွိေစၿပီး ကံေကာင္းတယ္လုိ႔ ယုံၾကည္ၾကပါတယ္။
ေက်ာင္း၀န္းတစ္ခုလုံးမွာေတာ့ စိမ္းစိုေနတဲ့ သစ္ပင္ေတြေပါက္ေရာက္ေနပါတယ္။ ဒီေနရာကို အလည္ေရာက္လာသူတုိင္းကေတာ့ အမုိးေပၚကို ေရာက္ေအာင္တက္ၾကည့္ၾကေလ့ရွိပါတယ္။ အမုိးေပၚက ဗုဒၶဆင္းတုေတာ္ကို ဖူးခ်င္တာအျပင္ ပတ္ပတ္လည္က စိမ္းစုိေနတဲ့သဘာ၀ရႈ႕ခင္းေတြကို ၾကည့္ရႈ႕ခ်င္ၾကလုိ႔ ျဖစ္ပါတယ္။ ဒီနဂါးပတ္ဘုရားေက်ာင္းႀကီးကို မနက္ ၆ နာရီကေန ညေန ၆ နာရီအထိ အမ်ားျပည္သူေတြအတြက္ ဖြင့္လွစ္ထားေပးပါတယ္။
VIDEO ၾကည့္ရန္