Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ထရပ်ကားတစ်စီးလျှင် ၁ဒေါ်လာစီ လာဘ်စားလို့ ထောင်ကျသွားခဲ့တဲ့ စင်ကာပူဝန်ထမ်း

by Thutamm
August 16, 2019
Reading Time: 1min read
0
ထရပ်ကားတစ်စီးလျှင် ၁ဒေါ်လာစီ လာဘ်စားလို့ ထောင်ကျသွားခဲ့တဲ့ စင်ကာပူဝန်ထမ်း
Share on FacebookShare on Twitter

စင်ကာပူနိုင်ငံက ဖောက်ကလစ်ယာဉ်မောင်းတစ်ဦးဟာ တန်ဖိုးနည်း လာဘ်စားမှုနဲ့ ဒါဏ်ငွေရိုက်ခံရတဲ့အပြင် ထောင်ဒဏ်ပါ ကျခံခဲ့ရခြင်းဖြစ်ပါတယ်။

သူ့နာမည်ကတော့ Zhao Yucun ဖြစ်ပြီး အသက် ၄၄နှစ်အရွယ်ရှိကာ ကွန်တိန်နာသေတ္တာများသယ်ယူပေးတဲ့ ဌာနက ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုသယ်ယူပေးတဲ့အခါမျိုးမှာ မြန်မြန်ဆန်ဆန်အတင်အချလုပ်ပေးဖို့အတွက် ထရပ်ကားယာဉ်မောင်းတွေထံကနေ တစ်စီးကို စင်ကာပူဒေါ်လာ ၁ဒေါ်လာစီ ယူပြီး အတင်အချပြုလုပ်ပေးခဲ့တာကြောင့် အခုလို အပြစ်ပေးခံခဲ့ရခြင်း ဖြစ်ပါတယ်။

လာဘ်စားမှု ဆိုပေမယ့်လည်း များများစားစားတော့ မဟုတ်ပဲ တစ်နေ့လုံးမှ စင်ကာပူဒေါ်လာ ၇ဒေါ်လာ ကနေ ၁၀ဒေါ်လာ အထိသာ လာဘ်စားခဲ့ခြင်းဖြစ်ပါတယ်။ သူ့ကို ၂၀၁၈ မတ်လက စစ်ဆေး ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းမိစဉ်မှာ သူ့ရဲ့ဖောက်ကလစ် ရွံ့ကာအတွင်းမှ စင်ကာပူ  ၂ဒေါ်လာခွဲ ရှိတဲ့ အကြွေစေ့တွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

Zhao Yucun ဟာ ၂၀၁၃ခုနှစ်မှာ တာဝန် စထမ်းဆောင်ခဲ့ပြီး အဲဒီအချိန်ကနေ ဖမ်းမိခဲ့ချိန်အထိ လာဘ်စားတဲ့အနေနဲ့ သူယူခဲ့တဲ့ငွေ စုစုပေါင်းက စင်ကာပူဒေါ်လာ ၁၀၈၆၅.၅ ခန့်ရှိပြီလို့ CPIB  (Corrupt Practices Investigation Bureau? အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို) က ဆိုပါတယ်။ ဒီပြစ်မှုကြောင့် တန်ဖိုးနည်းလာဘ်စားမှု အနေနဲ့ Zhao ဟာ ထောင်ဒါဏ် ၄လကျခံခဲ့ရတဲ့အပြင် စင်ကာပူဒေါ်လာ ၁၀၈၆၃ ကိုလည်း ဒါဏ်ရိုက်ခံရပါသေးတယ်။
(စုစုပေါင်း ဒေါ်လာ ၁၀၈၆၅.၅ က သူ့ဆီက ၂.၅ ဒေါ်လာကို သိမ်းဆည်းပြီးဖြစ်တဲ့အတွက် ကျန်တဲ့ ၁၀၈၆၃ ကို အတိအကျ ဆောင်ရခြင်းဖြစ်ပါတယ်)

တကယ်တော့ Zhao ဟာ ဒီလိုအဖမ်းခံရတဲ့ ပထမဆုံး ဖောက်ကလစ်ယာဉ်မောင်းတော့မဟုတ်ပဲ သူ့ရဲ့ရှေ့မှာ Chen Ziliang ဆိုတဲ့ ယာဉ်မောင်းတစ်ဦးဟာလည်း အဖမ်းခံခဲ့ရပြီး ထောင်ဒါဏ် ၂လ နဲ့ စင်ကာပူဒေါ်လာ ၄၈၇၀.၅ ဒါဏ်ငွေ ကျခံခဲ့ရပါသေးတယ်။

“ကျွန်တော်တို့ဆီမှာ ဘယ်လောက်ပမာဏ အနည်းအများ ကို လာဘ်ငွေဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ ၁ဒေါ်လာစားလည်း စစ်ဆေးတွေ့ရှိခဲ့ရင် အပြစ်ပေးခံရမှာပါ။ ဒါဟာ ဥပဒေ ချိုးဖောက်တာပါပဲ” လို့ CPIB အဖွဲ့က တာဝန်ရှိသူက ဆိုပါတယ်။

“စင်ကာပူကို လာဘ်စားမှုလုံး၀ ကင်းစင်တဲ့နိုင်ငံဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့် လာဘ်စားတာပဲဖြစ်ဖြစ် ၊ လာဘ်စားဖို့ကြိုးစားတာပဲဖြစ်ဖြစ် ထိထိရောက်ရောက်အရေးယူသွားမှာပါ” လို့ သူကဆက်ပြောပါတယ်။ အခုလိုမျိုး လာဘ်စားမှုအတွက် အပြင်းထန်ဆုံးအနေနဲ့ စင်ကာပူဒေါ်လာ ၁သိန်း နဲ့ ထောင်ဒါဏ် ၅နှစ် အထိ အပြစ်ပေးနိုင်တယ်လို့ သိရပါတယ်။

စင်ကာပူဟာ လာဘ်အစားမှု အကင်းစင်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး ၂၀၁၈ခုနှစ် လာဘ်စားမှုအနည်းဆုံးနိုင်ငံများ စာရင်းအရ ဒိန်းမတ် နဲ့ နယူးဇီလန်တို့ နောက် အဆင့် ၃ နေရာမှာ ဆွီဒင် ၊ ဖင်လန် ၊ ဆွစ်ဇာလန်နိုင်ငံတို့နဲ့ အတူတူရပ်တည်လျှက်ရှိပါတယ်။

Ref:
Channel News Asia : Forklift operators jailed and fined for taking S$1 bribes from truck drivers

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!