(Unicode)
လက်ရှိအချိန်မှာတော့ လျှပ်စစ်ရတဲ့ နေရာဒေသက အိမ်တိုင်းလိုလိုမှာ အနည်းဆုံး ထမင်းပေါင်းအိုးတလုံးတော့ ရှိနေကြပါပြီ။ ထမင်းပေါင်းအိုးတွေမရှိခင်ကတော့ မီးမွှေးရ ၊ ငှဲ့ရ ၊ မွှေရ ၊ နှက်ရ စသဖြင့် ထမင်းတအိုးအတွက် အနည်းငယ်ကရိကထများခဲ့ပါတယ်။ ထမင်းပေါင်းအိုးတွေ ပေါပေါများများသုံးစွဲလာနိုင်ခဲ့ပြီးနောက် အဲဒီလိုတွေ အလုပ်မရှုပ်တော့ပဲ ခလုပ်တချက်နှိပ်ထားရုံနဲ့တင် ထမင်းအိုးတလုံးကို အလိုလျောက် အစအဆုံးချက်သွားပေးပါတယ်။
ထမင်းပေါင်းအိုးဟာ သာမန်အိမ်သုံးပစ္စည်းဆိုပေမယ့် ယနေ့ခေတ်လူတွေအတွက် အတော်လေး အချိန်ကုန်သက်သာစေတဲ့အရာ ဆိုရင်လည်း မမှားပါဘူး။ တချို့ကတော့ လျှပ်စစ်ထမင်းပေါင်းအိုးတွေကို မီးဖိုချောင်တော်လှန်ရေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီတခါတော့ သုတဇုန် မိတ်ဆွေများကို အဲဒီထမင်းပေါင်းအိုးရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။
အားလုံးသိကြတဲ့အတိုင်း ထမင်းပေါင်းအိုးဆိုတာဟာ လျှပ်စစ်ဓာက်အားကို အပူစွမ်းအင်ဖြင့်ပြောင်းလဲပြီး ထမင်းချက်ပြုတ်တဲ့ မီးဖိုချောင်သုံး အီလက်ထရောနစ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ထမင်းပေါင်းအိုး အတွင်းမှာတော့ မီးဖို၊ ချက်ပြုတ်တဲ့ခွက်နဲ့ အလိုအလျောက် အပူချိန်ထိန်းကိရိယာ (thermostat) တွေအဓိကအားဖြင့်ပါဝင်နေပြီး thermostat ရဲ့လုပ်ငန်းကတော့ ချက်ပြုတ်နေတဲ့အိုးရဲ့အပူချိန်ကို ထည့်ထားတဲ့ဆန်နဲ့ရေရဲ့ပြောင်းလဲမှုအပေါ်မူတည်ထိန်းညှိပေးပါတယ်။ နည်းပညာတိုးတက်လာတာနဲ့အညီ အာရုံခံကိရိယာတွေလို ပစ္စည်းအစိတ်အပိုင်း တွေတပ်ဆင်ထားသော ခေတ်မီဆန်းပြားတဲ့ ထမင်းပေါင်းအိုးတွေလည်းထွက်ပေါ်လာနေပြီဖြစ်ပါတယ်။
အနောက်တိုင်းမှာတော့ ထမင်းပေါင်းအိုး Rice cooker ဟူသောဝေါဟာရဟာ အလိုအလျောက် အပူမပေးနိုင်တဲ့ သဘာဝအတိုင်း(မီးနဲ့) အသုံးပြုချက်ပြုတ်ရတဲ့ အိုး၊ခွက်တွေကနေဖြစ်ပေါ်လာခဲ့ပြီး (၁၂၅၀)ဘီစီကာလကတော့ကြွေထည်နဲ့ပြုလုပ်ထားခဲ့တယ်လို့ ဗြိတိန်ပြတိုက်မှာပြသထား တဲ့ပစ္စည်း တွေအရသိရှိရပါတယ်။ ယခုချိန်မှာတော့ ထမင်းပေါင်းအိုးလို့ ဆိုလိုက်တာနဲ့ ထင်းမီးမလိုပဲ လျပ်စစ်နဲ့ အလိုအလျောက်ချက်ပြုတ်နိုင်တဲ့ ပစ္စည်းအဖြစ် လူသိများကြပါတယ်။
ထမင်းပေါင်း(သို့)လျှပ်စစ်မီးဖိုတွဲဖက်ပါဝင်နေတဲ့အိုးတွေဟာဆိုရင် ဂျပန်နိုင်ငံကနေ နည်းပညာပိုင်း ဆိုင်ရာအရ စတင်ဖွံဖြိုးလာခြင်းဖြစ်ပြီး ယင်းတို့ကိုဖိအားပေးစက်များ Suihanki လို့ခေါ်ပါတယ်။ အလုပ်လုပ်ပုံကတော့ ပါရှိတဲ့အိုးအတွင်းဆန်နှင့်ရေဖြည့်ထားပြီးချက်ပြုတ်ရတဲ့အီလက်ထရောနစ်ကိရိယာ ဖြစ်ပါတယ်။ ယင်းမှာပါရှိတဲ့လျှပ်စစ်စွမ်းအင်ကနေ အပူထုတ်ပေးတဲ့ မီးဖိုကနေအိုးအတွင်းက ရေနဲ့ ဆန်ကိုအပြည့်အဝအပူပေးတာဖြစ်ပြီး အပူချိန် (၁၀၀) ဒီဂရီဆဲစီးရတ်အထိကိုရောက်နိုင်ပါတယ်။ အပူချိန်ကြောင့် အိုးအတွင်းကရေဟာအငွေ့ပျံသွားပြီး ထမင်းဖြစ်လာပါတယ်။ အချို့သော ခေတ်မီထမင်းပေါင်းအိုးတွေဆိုရင် နိမ့်ပါးတဲ့အပူစွမ်းအင်နှုန်းကနေ အပူချိန် (၁၆၀)ဒီဂရီဆဲစီးရတ်အထိ ရောက်ရှိအောင် ပေါင်းအိုးမှာပါတဲ့ မီးဖိုရဲ့အပူချိန်ကိုကူးပြောင်းနိုင်ပါတယ်။
မိရိုးဖလာနည်းစဉ်အတိုင်းထမင်းချက်တယ်ဆိုတာ ဆန်ကိုလောင်ကျွမ်းစေခြင်းမျိုးမဟုတ်ပဲ အပူငွေ့နဲ့တင်ထမင်းဖြစ်လာအောင်ချက်ပြုတ်တာဖြစ်ပြီး လျှပ်စစ်ထမင်းပေါင်းအိုးဆိုတာကလည်း သာမန်မီးမွှေး ချက်ပြုတ်ရတဲ့ မီးဖိုအစား နည်းပညာပိုင်းဆိုင်ရာမြှင့်တင်ထားတဲ့အရာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက်မီးဖိုချောင်တွင်းမှာ ထင်းမီးဖိုတွေအတွက်နေရာကြီးကြီးမားမားပေးဖို့မလိုတာကြောင့် သပ်ရပ်တဲ့ မီးဖိုချောင်ခန်းကိုပိုင်ဆိုင်မှာဖြစ်ပြီး အချိန်လုပြီးအလုပ်လုပ်နေရသူတွေအတွက်လည်း ထမင်းပေါင်းအိုးတွေဟာ အလွန်အသုံးဝင်ပါတယ်။ အချိန်နဲ့ပေါင်းအိုးအတွင်းထည့်တဲ့ရေနဲ့ဆန်အရောပမာဏကို ချိန်ဆရန်တော့လိုအပ်ပြီး ထမင်းပေါင်းအိုးအသုံးပြုသူတွေဘက်က အိုးကိုဆေးရတာနဲ့ ဆန်ဆေးရတဲ့ အပိုင်းတွေပဲ လုပ်ဆောင်စရာရှိပါတယ်။
ထမင်းပေါင်းအိုးရဲ့အရွယ်အစား ၊ အမျိုးအစားပေါ်မူတည်ပြီး ထမင်းချက်ပြုတ်ချိန် မိနစ်(၂၀) ကနေ(၁)နာရီအထိ ကြာမြင့်တတ်တယ်လို့သိရပြီး အချို့သောနည်းပညာမြင့်ထမင်းပေါင်းအိုး တွေမှာတော့ ထမင်းကျက်ချိန်ကို အချိန်တိတိကျကျနဲ့မှတ်သား အသုံးပြုနိုင်တယ်လို့ပါရှိပါတယ်။ ထမင်းပေါင်းအိုးတစ်ခုဟာဆိုရင် ထည့်ဝင်တဲ့ဆန်နဲ့ရေပမာဏ အနည်းအများ၊ အပူချိန်နဲ့လေထုဖိအား ပေါ်မူတည်ပြီး ထမင်းအိုးတစ်ခုဖြစ်လာဖို့အချိန်လိုပါတယ်။ ထမင်းပေါင်းအိုးတွေမှာလည်း ထည့်ဝင်နိုင်တဲ့ ဆန်ပမာဏ ကန့်သတ်ချက်မျိုးတွေရှိနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ထမင်းပေါင်းအိုးတွေရဲ့ သမိုင်း
သမိုင်းကြောင်းအရတော့ ထမင်းပေါင်းအိုးတွေကို ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ကြိုကာလဖြစ်တဲ့ (၁၉၃၇) ကာလကတည်းက စတင်အသုံးပြုခဲ့ကြတယ်လို့သိရပြီး ထောင့်မှန်စတုဂံပုံသဏ္ဍန်ရှိတဲ့ သစ်သားသေတ္တာအတွင်းမှာ ဆန့်ကျင်ဘက်အနေအထားနဲ့တည်ရှိတဲ့ လျှပ်ခေါင်းနှစ်ခုပါရှိနေပါတယ်။ ချက်ပြုတ်ဖို့ဆိုရင်တော့ ယင်းသေတ္တာကို ဆေးပြီးသားဆန်နဲ့ရေပေါင်းစပ်ထည့်သွင်းပြီး လျှပ်ခေါင်းတွေကနေ လျှပ်စစ်ဓာတ်အားပေးပါတယ်။ ယင်းကနေ ရေကိုဆူပွက်လာစေတာဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ဆင်ထားတဲ့လျှပ်စစ်ဓာက်အားပမာဏဟာ များလွန်းတာကြောင့် မီးဖိုချောင်မှာအသုံးပြုဖို့တော့ မလွယ်ကူပါဘူး။
(၁၉၄၅) ရောက်ချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ Mitsubishi Electric Coporation ကနေ ဂျပန်နိုင်ငံအတွက် ပထမဆုံးသော ထမင်းပေါင်းအိုးကိုဖန်တီးကာ ဈေးကွက်အတွင်း ထည့်သွင်းလာခဲ့ပါတယ်။ Mitsubishi ရဲ့ထုတ်ကုန်ထမင်းပေါင်းအိုးတွေဟာဆိုရင် အပူပေးကွိုင်တပ်ဆင်ထားတဲ့ အလူမီနီယံအိုးတွေဖြစ်ပြီး ယခုခေတ်ထမင်းပေါင်းအိုးတွေလို အလိုအလျောက်ပိတ်နိုင်တာမျိုးတွေမရှိပဲ ချက်ပြုတ်နေစဉ်အမြဲ စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။
ဒါကြောင့်အစောပိုင်းကာလ ထမင်းပေါင်းအိုးအသုံးပြုသူတွေဟာ ဆိုရင်ရိုးရှင်းတဲ့နည်းအတိုင်းလျှပ်စစ်ကနေအပူပေးတဲ့နည်းကို ကျင့်သုံးပြီး စိတ်မှန်းအပူချိန်ရောက်ခဲ့ရင်တော့ ထမင်းပေါင်းအိုးရဲ့လျှပ်စစ်မီးခလုတ်ကိုပိတ်လေ့ရှိပါတယ်။ ဒါပေမဲ့အခန်းအပူချိန်နဲ့လျှပ်စစ်စီး တဲ့ပမာဏဟာ အနည်း/အများရှိတာကြောင့် အဲဒီထမင်းပေါင်းအိုးတွေကို တိကျတဲ့အချိန်တစ်ခုသတ် မှတ်ပေးလို့မရပဲ မကြာခဏအိုးအတွင်းက ထမင်းတွေပစ်ရတာမျိုးသာဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။
ယနေ့ခေတ် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဆိုနီကုမ္ပဏီရဲ့ အစပထမ ထုတ်ကုန်က ထမင်းပေါင်းအိုးတွေဖြစ်ခဲ့ပြီး ၁၉၄၅ ခုနှစ်တဝိုက်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပညာလိုအပ်တွေကြောင့် အောင်မြင်မှုတော့မရရှိခဲ့ပါဘူး။
နောက်ပိုင်းကာလမှာတော့ ရှေ့ကဖန်တီးခဲ့တဲ့ ထမင်းပေါင်းအိုးတွေရဲ့ အားနည်းချက်အပေါ် ပညာရှင်တွေ ကနမူနာယူပြီး အတွင်းပိုင်းမှာသစ်သားနဲ့တည်ဆောက်ထားတဲ့ ထမင်းပေါင်းအိုးတွေအထိ ပေါ်ထွက်လာခဲ့ပါတယ်။ ပထမဆုံးလက်တွေ့အသုံးပြုနိုင်တဲ့ ထမင်းပေါင်းအိုးကိုတော့ ၁၉၅၅ ခုနှစ်မှာ Toshiba Electric Corporation နဲ့ ဆက်နွယ်မှုရှိတဲ့ Yoshitada Minami က တီထွင်နိုင်ခဲ့ပါတယ်။ သူရဲ့ထမင်းပေါင်းအိုးမှာတော့ လေထုအလွှာ ကနေ အပူကိုကာကွယ်ပေးနိုင်တဲ့ အခန်း(၃)ခန်းပါဝင်နေပြီး လက်တွေ့ကျကျထမင်းချက်ပြုတ်နိုင်ခဲ့ပါတယ်။ ၅နှစ်ကြာအကြိမ်ကြိမ် စမ်းသပ်ပြင်ဆင်ဖန်တီးခဲ့ရတာဖြစ်ပါတယ်။
၁၉၅၆ ခုနှစ်မှာတော့ တိုရှီဘာကုမ္ပဏီဟာ ယနေ့ခေတ်ထမင်းပေါင်းအိုးတွေရဲ့အစဖြစ်တဲ့ တိုရှီဘာ အလိုလျောက်ထမင်းပေါင်းအိုးတွေကို ဈေးကွက်အတွင်း စတင်ဖြန့်ချိနိုင်ခဲ့ပါတယ်။ တိုရှီဘာဟာ ၁လအတွင်း ထမင်းပေါင်းအိုး အလုံးပေါင်း ၂သိန်းခန့်အထိ ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။ နောက် ၄နှစ်အကြာမှာတော့ ဂျပန်နိုင်ငံက အိမ်စုစုပေါင်းရဲ့ တဝက်လောက်မှာ ထမင်းပေါင်းအိုးတွေ ရှိလာကြပြီဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ တရုတ်ကုမ္ပဏီတွေဟာ လုပ်ဆောင်မှုနည်းနည်း ဈေးပေါပေါ နဲ့ လျှပ်စစ်ထမင်းပေါင်းအိုးတွေကိုထုတ်လုပ်ပြီး နိုင်ငံပေါင်းများစွာကို တင်ပို့ရောင်းချခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာလည်း တကမ္ဘာလုံးက ထမင်းပေါင်းအိုး စုစုပေါင်းရဲ့ ၇၀% ကို တရုတ်က ထုတ်လုပ်ထားတာဖြစ်ပါတယ်။
——– ——– ——–
(Zawgyi)
ထမင္းေပါင္းအိုးေတြ အေၾကာင္း သိေကာင္းစရာ
လက္ရွိအခ်ိန္မွာေတာ့ လွ်ပ္စစ္ရတဲ့ ေနရာေဒသက အိမ္တုိင္းလုိလုိမွာ အနည္းဆုံး ထမင္းေပါင္းအုိးတလုံးေတာ့ ရွိေနၾကပါၿပီ။ ထမင္းေပါင္းအုိးေတြမရွိခင္ကေတာ့ မီးေမႊးရ ၊ ငွဲ႔ရ ၊ ေမႊရ ၊ ႏွက္ရ စသျဖင့္ ထမင္းတအုိးအတြက္ အနည္းငယ္ကရိကထမ်ားခဲ့ပါတယ္။ ထမင္းေပါင္းအုိးေတြ ေပါေပါမ်ားမ်ားသုံးစြဲလာႏုိင္ခဲ့ၿပီးေနာက္ အဲဒီလုိေတြ အလုပ္မရႈပ္ေတာ့ပဲ ခလုပ္တခ်က္ႏွိပ္ထားရုံနဲ႔တင္ ထမင္းအုိးတလုံးကို အလုိေလ်ာက္ အစအဆုံးခ်က္သြားေပးပါတယ္။
ထမင္းေပါင္းအုိးဟာ သာမန္အိမ္သုံးပစၥည္းဆုိေပမယ့္ ယေန႔ေခတ္လူေတြအတြက္ အေတာ္ေလး အခ်ိန္ကုန္သက္သာေစတဲ့အရာ ဆုိရင္လည္း မမွားပါဘူး။ တခ်ဳိ႕ကေတာ့ လွ်ပ္စစ္ထမင္းေပါင္းအုိးေတြကို မီးဖုိေခ်ာင္ေတာ္လွန္ေရးလုိ႔ တင္စားေခၚေ၀ၚၾကပါတယ္။ ဒီတခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားကို အဲဒီထမင္းေပါင္းအုိးရဲ႕ အေၾကာင္းကို ဗဟုသုတ အေနနဲ႔ ေ၀မွ်သြားပါမယ္။
အားလံုးသိၾကတဲ့အတိုင္း ထမင္းေပါင္းအိုးဆိုတာဟာ လ်ွပ္စစ္ဓာက္အားကို အပူစြမ္းအင္ျဖင့္ေျပာင္းလဲျပီး ထမင္းခ်က္ျပဳတ္တဲ့ မီးဖိုေခ်ာင္သံုး အီလက္ထေရာနစ္ပစၥည္းတစ္ခုျဖစ္ပါတယ္။ ထမင္းေပါင္းအိုး အတြင္းမွာေတာ့ မီးဖို၊ ခ်က္ျပဳတ္တဲ့ခြက္နဲ႔ အလိုအေလ်ာက္ အပူခ်ိန္ထိန္းကိရိယာ (thermostat) ေတြအဓိကအားျဖင့္ပါဝင္ေနျပီး thermostat ရဲ့လုပ္ငန္းကေတာ့ ခ်က္ျပဳတ္ေနတဲ့အိုးရဲ့အပူခ်ိန္ကို ထည့္ထားတဲ့ဆန္နဲ႕ေရရဲ့ေျပာင္းလဲမႈအေပၚမူတည္ထိန္းညိွေပးပါတယ္။ နည္းပညာတိုးတက္လာတာနဲ႔အညီ အာရံုခံကိရိယာေတြလို ပစၥည္းအစိတ္အပိုင္း ေတြတပ္ဆင္ထားေသာ ေခတ္မီဆန္းျပားတဲ့ ထမင္းေပါင္းအိုးေတြလည္းထြက္ေပၚလာေနျပီျဖစ္ပါတယ္။
အေနာက္တိုင္းမွာေတာ့ ထမင္းေပါင္းအိုး Rice cooker ဟူေသာေဝါဟာရဟာ အလိုအေလ်ာက္ အပူမေပးနိုင္တဲ့ သဘာဝအတိုင္း(မီးနဲ႔) အသံုးျပဳခ်က္ျပဳတ္ရတဲ့ အိုး၊ခြက္ေတြကေနျဖစ္ေပၚလာခဲ့ျပီး (၁၂၅၀)ဘီစီကာလကေတာ့ေၾကြထည္နဲ႔ျပဳလုပ္ထားခဲ့တယ္လို ႔ ျဗိတိန္ျပတိုက္မွာျပသထား တဲ့ပစၥည္း ေတြအရသိရွိရပါတယ္။ ယခုခ်ိန္မွာေတာ့ ထမင္းေပါင္းအိုးလုိ႔ ဆိုလုိက္တာနဲ႔ ထင္းမီးမလိုပဲ လ်ပ္စစ္နဲ႔ အလိုအေလ်ာက္ခ်က္ျပဳတ္နို္င္တဲ့ ပစၥည္းအျဖစ္ လူသိမ်ားၾကပါတယ္။
ထမင္းေပါင္း(သို႔)လ်ွပ္စစ္မီးဖိုတြဲဖက္ပါဝင္ေနတဲ့အိုးေတြဟာဆိုရင္ ဂ်ပန္နိုင္ငံကေန နည္းပညာပိုင္း ဆိုင္ရာအရ စတင္ဖြံျဖိဳးလာျခင္းျဖစ္ျပီး ယင္းတို႔ကိုဖိအားေပးစက္မ်ား Suihanki လို႔ေခၚပါတယ္။ အလုပ္လုပ္ပံုကေတာ့ ပါရွိတဲ့အိုးအတြင္းဆန္နွင့္ေရျဖည့္ထားျပီးခ်က္ျပဳတ္ရတဲ့အီလက္ထေရာနစ္ကိရိယာ ျဖစ္ပါတယ္။ ယင္းမွာပါရွိတဲ့လ်ွပ္စစ္စြမ္းအင္ကေန အပူထုတ္ေပးတဲ့ မီးဖိုကေနအိုးအတြင္းက ေရနဲ႔ ဆန္ကိုအျပည့္အဝအပူေပးတာျဖစ္ျပီး အပူခ်ိန္ (၁၀၀) ဒီဂရီဆဲစီးရတ္အထိကို္ေရာက္နို္င္ပါတယ္။ အပူခ်ိန္ေၾကာင့္ အိုးအတြင္းကေရဟာအေငြ႕ပ်ံသြားျပီး ထမင္းျဖစ္လာပါတယ္။ အခ်ိဳ႕ေသာ ေခတ္မီထမင္းေပါင္းအိုးေတြဆိုရင္ နိမ့္ပါးတဲ့အပူစြမ္းအင္နႈန္းကေန အပူခ်ိန္ (၁၆၀)ဒီဂရီဆဲစီးရတ္အထိ ေရာက္ရွိေအာင္ ေပါင္းအိုးမွာပါတဲ့ မီးဖိုရဲ့အပူခ်ိန္ကိုကူးေျပာင္းနိုင္ပါတယ္။
မိရိုးဖလာနည္းစဥ္အတိုင္းထမင္းခ်က္တယ္ဆိုတာ ဆန္ကိုေလာင္ကြ်မ္းေစျခင္းမ်ိဳးမဟုတ္ပဲ အပူေငြ႔နဲ႔တင္ထမင္းျဖစ္လာေအာင္ခ်က္ျပဳတ္တာျဖစ္ျပီး လ်ွပ္စစ္ထမင္းေပါင္းအိုးဆိုတာကလည္း သာမန္မီးေမႊး ခ်က္ျပဳတ္ရတဲ့ မီးဖိုအစား နည္းပညာပိုင္းဆိုင္ရာျမွင့္တင္ထားတဲ့အရာျဖစ္ပါတယ္။ သံုးစြဲသူေတြအတြက္မီးဖိုေခ်ာင္တြင္းမွာ ထင္းမီးဖိုေတြအတြက္ေနရာၾကီးၾကီးမားမားေပးဖို႔မလိုတာေၾကာင့္ သပ္ရပ္တဲ့ မီးဖိုေခ်ာင္ခန္းကိုပိုင္ဆိုင္မွာျဖစ္ျပီး အခ်ိန္လုျပီးအလုပ္လုပ္ေနရသူေတြအတြက္လည္း ထမင္းေပါင္းအိုးေတြဟာ အလြန္အသံုးဝင္ပါတယ္။ အခ်ိန္နဲ႔ေပါင္းအိုးအတြင္းထည့္တဲ့ေရနဲ႔ဆန္အေရာပမာဏကို ခ်ိန္ဆရန္ေတာ့လိုအပ္ျပီး ထမင္းေပါင္းအိုးအသံုးျပဳသူေတြဘက္က အိုးကိုေဆးရတာနဲ႔ ဆန္ေဆးရတဲ့ အပိုင္းေတြပဲ လုပ္ေဆာင္စရာရွိပါတယ္။
ထမင္းေပါင္းအိုးရဲ့အရြယ္အစား ၊ အမ်ိဳးအစားေပၚမူတည္ျပီး ထမင္းခ်က္ျပဳတ္ခ်ိန္ မိနစ္(၂၀) ကေန(၁)နာရီအထိ ၾကာျမင့္တတ္တယ္လို႔သိရၿပီး အခ်ိဳ႔ေသာနည္းပညာျမင့္ထမင္းေပါင္းအိုး ေတြမွာေတာ့ ထမင္းက်က္ခ်ိန္ကို အခ်ိန္တိတိက်က်နဲ႔မွတ္သား အသံုးျပဳနိုင္တယ္လို႕ပါရွိပါတယ္။ ထမင္းေပါင္းအိုးတစ္ခုဟာဆိုရင္ ထည့္ဝင္တဲ့ဆန္နဲ႔ေရပမာဏ အနည္းအမ်ား၊ အပူခ်ိန္နဲ႔ေလထုဖိအား ေပၚမူတည္ျပီး ထမင္းအိုးတစ္ခုျဖစ္လာဖို႔အခ်ိန္လိုပါတယ္။ ထမင္းေပါင္းအိုးေတြမွာလည္း ထည့္ဝင္နိုင္တဲ့ ဆန္ပမာဏ ကန္႔သတ္ခ်က္မ်ိဳးေတြရွိေနတာကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။
ထမင္းေပါင္းအိုးေတြရဲ့သမိုင္း
သမိုင္းေၾကာင္းအရေတာ့ ထမင္းေပါင္းအိုးေတြကို ဂ်ပန္နိုင္ငံမွာ ဒုတိယကမာၻစစ္ၾကိဳကာလျဖစ္တဲ့ (၁၉၃၇) ကာလကတည္းက စတင္အသံုးျပဳခဲ့ၾကတယ္လို႕သိရျပီး ေထာင့္မွန္စတုဂံပံုသ႑န္ရွိတဲ့ သစ္သားေသတၱာအတြင္းမွာ ဆန္႔က်င္ဘက္အေနအထားနဲ႔တည္ရွိတဲ့ လ်ွပ္ေခါင္းနွစ္ခုပါရွိေနပါတယ္ ။ ခ်က္ျပဳတ္ဖို႔ဆိုရင္ေတာ့ ယင္းေသတၱာကို ေဆးျပီးသားဆန္နဲ႔ေရေပါင္းစပ္ထည့္သြင္းျပီး လ်ွပ္ေခါင္းေတြကေန
လ်ွပ္စစ္ဓာတ္အားေပးပါတယ္။ ယင္းကေန ေရကိုဆူပြက္လာေစတာျဖစ္ပါတယ္။ ဒါေပမဲ့ တပ္ဆင္ထားတဲ့လ်ွပ္စစ္ဓာက္အားပမာဏဟာ မ်ားလြန္းတာေၾကာင့္ မီးဖိုေခ်ာင္မွာအသံုးျပဳဖို႔ေတာ့ မလြယ္ကူပါဘူး။
(၁၉၄၅) ေရာက္ခ်ိန္မွာေတာ့ ဂ်ပန္နိုင္ငံရဲ့ Mitsubishi Electric Coporation ကေန ဂ်ပန္နိုင္ငံအတြက္ ပထမဆံုးေသာ ထမင္းေပါင္းအိုးကိုဖန္တီးကာ ေစ်းကြက္အတြင္း ထည့္သြင္းလာခဲ့ပါတယ္။ Mitsubishi ရဲ့ထုတ္ကုန္ထမင္းေပါင္းအိုးေတြဟာဆိုရင္ အပူေပးကိြဳင္တပ္ဆင္ထားတဲ့ အလူမီနီယံအိုးေတြျဖစ္ျပီး ယခုေခတ္ထမင္းေပါင္းအိုးေတြလို အလိုအေလ်ာက္ပိ္တ္နိုင္တာမ်ိဳးေတြမရွိပဲ ခ်က္ျပဳတ္ေနစဥ္အျမဲ ေစာင့္ၾကည့္ေနဖို႔လိုအပ္ပါတယ္။
ဒါေၾကာင့္အေစာပိုင္းကာလ ထမင္းေပါင္းအိုးအသံုးျပဳသူေတြဟာ ဆိုရင္ရိုးရွင္းတဲ့နည္းအတိုင္းလ်ွပ္စစ္ကေနအပူေပးတဲ့နည္းကို က်င့္သံုးျပီး စိတ္မွန္းအပူခ်ိန္ေရာက္ခဲ့ရင္ေတာ့ ထမင္းေပါင္းအိုးရဲ့လ်ွပ္စစ္မီးခလုတ္ကိုပိတ္ေလ့ရွိပါတယ္။ ဒါေပမဲ့အခန္းအပူခ်ိန္နဲ႔လ်ွပ္စစ္စီး တဲ့ပမာဏဟာ အနည္း/အမ်ားရွိတာေၾကာင့္ အဲဒီထမင္းေပါင္းအိုးေတြကို တိက်တဲ့အခ်ိန္တစ္ခုသတ္ မွတ္ေပးလို႕မရပဲ မၾကာခဏအိုးအတြင္းက ထမင္းေတြပစ္ရတာမ်ိဳးသာျဖစ္ေပၚေလ့ရွိခဲ့ပါတယ္။
ယေန႔ေခတ္ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ ဆုိနီကုမၸဏီရဲ႕ အစပထမ ထုတ္ကုန္က ထမင္းေပါင္းအုိးေတြျဖစ္ခဲ့ၿပီး ၁၉၄၅ ခုႏွစ္တ၀ုိက္က ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ နည္းပညာလုိအပ္ေတြေၾကာင့္ ေအာင္ျမင္မႈေတာ့မရရွိခဲ့ပါဘူး။
ေနာက္ပိုင္းကာလမွာေတာ့ ေရွ႕ကဖန္တီးခဲ့တဲ့ ထမင္းေပါင္းအိုးေတြရဲ့ အားနည္းခ်က္အေပၚ ပညာရွင္ေတြ ကနမူနာယူျပီး အတြင္းပိုင္းမွာသစ္သားနဲ႔တည္ေဆာက္ထားတဲ့ ထမင္းေပါင္းအိုးေတြအထိ ေပၚထြက္လာခဲ့ပါတယ္။ ပထမဆံုးလက္ေတြ႔အသံုးျပဳနိုင္တဲ့ ထမင္းေပါင္းအိုးကိုေတာ့ ၁၉၅၅ ခုႏွစ္မွာ Toshiba Electric Corporation နဲ႔ ဆက္ႏြယ္မႈရွိတဲ့ Yoshitada Minami က တီထြင္နိုင္ခဲ့ပါတယ္။ သူရဲ့ထမင္းေပါင္းအိုးမွာေတာ့ ေလထုအလႊာ ကေန အပူကိုကာကြယ္ေပးနိုင္တဲ့ အခန္း(၃)ခန္းပါဝင္ေနျပီး လက္ေတြ႔က်က်ထမင္းခ်က္ျပဳတ္နိုင္ခဲ့ပါတယ္။ ၅ႏွစ္ၾကာအႀကိမ္ႀကိမ္ စမ္းသပ္ျပင္ဆင္ဖန္တီးခဲ့ရတာျဖစ္ပါတယ္။
၁၉၅၆ ခုႏွစ္မွာေတာ့ တုိရွီဘာကုမၸဏီဟာ ယေန႔ေခတ္ထမင္းေပါင္းအုိးေတြရဲ႕အစျဖစ္တဲ့ တုိရွီဘာ အလုိေလ်ာက္ထမင္းေပါင္းအုိးေတြကို ေစ်းကြက္အတြင္း စတင္ျဖန္႔ခ်ိႏုိင္ခဲ့ပါတယ္။ တုိရွီဘာဟာ ၁လအတြင္း ထမင္းေပါင္းအုိး အလုံးေပါင္း ၂သိန္းခန္႔အထိ ထုတ္လုပ္ေရာင္းခ်ခဲ့ရပါတယ္။ ေနာက္ ၄ႏွစ္အၾကာမွာေတာ့ ဂ်ပန္ႏုိင္ငံက အိမ္စုစုေပါင္းရဲ႕ တ၀က္ေလာက္မွာ ထမင္းေပါင္းအုိးေတြ ရွိလာၾကၿပီျဖစ္ပါတယ္။ ၁၉၉၀ ခုႏွစ္မွာေတာ့ တရုတ္ကုမၸဏီေတြဟာ လုပ္ေဆာင္မႈနည္းနည္း ေစ်းေပါေပါ နဲ႔ လွ်ပ္စစ္ထမင္းေပါင္းအုိးေတြကိုထုတ္လုပ္ၿပီး ႏုိင္ငံေပါင္းမ်ားစြာကို တင္ပုိ႔ေရာင္းခ်ခဲ့ပါေတာ့တယ္။ လက္ရွိအခ်ိန္မွာလည္း တကမာၻလုံးက ထမင္းေပါင္းအုိး စုစုေပါင္းရဲ႕ ၇၀% ကို တရုတ္က ထုတ္လုပ္ထားတာျဖစ္ပါတယ္။