Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တွေ့ရှိသူတိုင်း ပဟေဠိဖြစ်ခဲ့ရတဲ့ ၁၆ရာစု ဘုရားကျောင်းနံရံပေါ်က အာကာသလူသားရုပ်ရဲ့အဖြေ

by Thutamm
July 25, 2019
Reading Time: 1min read
0
တွေ့ရှိသူတိုင်း ပဟေဠိဖြစ်ခဲ့ရတဲ့ ၁၆ရာစု ဘုရားကျောင်းနံရံပေါ်က အာကာသလူသားရုပ်ရဲ့အဖြေ
Share on FacebookShare on Twitter

စပိန်နိုင်ငံ Salamanca မြို့မှာ အဓိက ဘုရားရှိခိုးကျောင်းနှစ်ခုရှိပါတယ်။ ဒီအထဲက Vieja ဘုရားရှိခိုးကျောင်းဟာ ၁၂ရာစု အလယ်ပိုင်းလောက် ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ ရှေးအကျဆုံး ဘုရားကျောင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နောက်ဘုရားရှိခိုးကျောင်းနာမည်က Nueva ဖြစ်ပါတယ်။ ပထမတစ်ခုကို ဘုရားရှိခိုးကျောင်းဟောင်း ၊ ဒုတိယ တစ်ခုကို ဘုရားရှိခိုးကျောင်းသစ်လို့ ခေါ်ကြပါတယ်။ ဘုရားရှိခိုးကျောင်းသစ်လို့ခေါ်ပေမယ့် ၁၆ရာစု ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ၁၈ရာစုဝန်းကျင်မှာ ပြီးဆုံးခဲ့ပါတယ်။

ဘုရားရှိခိုးကျောင်းသစ် Nueva ဟာ အလွန်လက်ရာမြောက်ပြီး များပြားလှတဲ့ အလှအပ ကျောက်ရုပ်များစွာကို နံရံပေါ်မှာ ထွင်းထုထားပါတယ်။ ဒီအထဲမှာ အထူးခြားဆုံး အရုပ်တစ်ရုပ် ရှိပါတယ်။ အဲဒါကတော့ ယနေ့ခေတ် အာကာသဝတ်စုံကို ဝတ်ဆင်ထားတဲ့လူသားနဲ့ ချွတ်စွပ်တူတဲ့ ရုပ်တုဖြစ်ပါတယ်။ အာကာသဝတ်စုံ ဝတ်ထားတဲ့လူသားဟာ အကာသရဲ့ ဆွဲအားနည်းပါးမှုကြောင့် မျောလွင့်နေဟန်ပါ။ ဒီအရုပ်ဟာ အာကာသလူသားတွေမှာ ရှိသင့်တဲ့ ဖိနပ် ၊ ဦးထုပ် ၊ ကျောမှာပိုးထားပြီး ရှေ့အင်္ကျီနဲ့ဆက်ထားတဲ့ အသက်ရှု ကိရိယာဘူး တွေသာမက ဖိနပ်အောက်ဘက်ခွာက အစ ၂၀ရာစုနောက်ပိုင်း အာကာသဝတ်စုံ ဝတ်ထားတဲ့သူနဲ့ ချွတ်စွပ်တူနေပါတယ်။

၁၆ရာစုက ရုပ်တုဟာာ ဘာကြောင့် ၂၀ရာစုမှာမှ ရှိတဲ့ အာကာသလူသားနဲ့ ချွတ်စွပ် တူနေရတာလဲ ဆိုတဲ့ ပြသနာဟာ ပညာရှင် အတော်များများကိုခေါင်းခဲစေခဲ့ပါတယ်။ အင်တာနက်ပေါ်မှာလည်း မကြာခဏပျံနှံ့လေ့ရှိပြီး လူတွေကို စဉ်းစားမရစေနိုင်တဲ့ မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။

တကယ်တော့ ဒီပြသနာရဲ့အဖြေဟာ ရိုးရှင်းလွန်းလှပါတယ်။ ဘုရားကျောင်းဟာ ၁၆ရာစုက လက်ရာဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူသိနည်းကြတဲ့အကြောင်းကတော့ ဒီဘုရားကျောင်းကို ၁၉၉၂ခုနှစ်တုန်းက ပြန်လည် ထိမ်းသိမ်းပြုပြင်ရေးတွေလုပ်ခဲ့တယ် ဆိုတာပါ။ Jeronimo Garcia ရဲ့ဦးဆောင်မှု နဲ့ပြုလုပ်ခဲ့ပြီး ဒီအထဲမှာ ကျောက်ဆစ် ပန်းပုပညာရှင် Miguel Romero လည်း ပါဝင်ပါတယ်။

သူတို့အဖွဲ့ဟာ ၁၆ရာစုက ဘုရားကျောင်းကို ၂၀ရာစုမှာ ပြန်ပြင်ခဲ့တယ်ဆိုတဲ့ သင်္ကေတ တစ်ခုအနေနဲ့ ထူးခြားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ လူတွေကို ခေါင်းခဲစေတဲ့ အာကာသဝတ်စုံ နဲ့ လူသားရုပ်ကို ထည့်သွင်းခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ ဘုရားကျောင်းမျက်နှာစာမှာ ရှိတဲ့ ပုံပန်းမကျတဲ့ အရုပ်တစ်ရုပ်ကိုလည်း ရေခဲမုန့်စားနေဟန် ထည့်သွင်းခဲ့ပါသေးတယ်။ လူတွေကို ခေါင်းရှုပ်စေခဲ့တဲ့ အဓိက တရားခံတွေဖြစ်ပါတယ်။

Tags: amazing

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!