Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တိုက်ကြီး ၇တိုက် က အမြင့်ဆုံးတောင် ၇ တောင်

by Thutamm
August 15, 2019
Reading Time: 1min read
0
တိုက်ကြီး ၇တိုက် က အမြင့်ဆုံးတောင် ၇ တောင်
Share on FacebookShare on Twitter

အမြင့်ဆုံးတောင်လို့ ဆိုလိုက်ရင် ကမ္ဘာမှာဆို ဧဝရက် ၊ မြန်မာမှာဆို ခါကာဘိုရာဇီ ဆိုတာအားလုံးသိပြီးဖြစ်မှာပါ။ ဒီတစ်ခါတော့ တိုက်ကြီးအလိုက် အမြင့်ဆုံးတောင်တွေရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

၁။ ဧဝရက်တောင် ၊ နီပေါ နဲ့ တိဘက်နယ်စပ် ၊ အာရှတိုက်

အာရှတိုက်ရဲ့အမြင့်ဆုံးတောင် ဧဝရက်တောင်ဟာ ကမ္ဘာပေါ်မှာလည်း အမြင့်ဆုံးတောင် ဖြစ်ပါတယ်။ နီပေါနိုင်ငံနဲ့ တိဘက်အစပ်မှာ ရှိတဲ့ဒီတောင်ကို နီပေါလို Sagarmāthā လို့ခေါ်ပြီး တရုတ်ပြည်ကတော့ Chomolungma လို့ခေါ်ကြပါတယ်။ အမြင့်ပေ ၂၉၀၂၉ပေ ရှိပါတယ်။ ၁၈၅၆ ခုနှစ်တွင် အနားယူသွားပြီဖြစ်သည့်အပြင် ယင်းတောင်ထိပ်ကိုမြင်ပင်မမြင်ဖူးခဲ့သော ဝေလလူမျိုး ဆာဗေးတိုင်း တာရေး အကြီးအကဲ George Everest ကို ဂုဏ်ပြု၍ ဧဝရတ်တောင် (Everest Mt.) ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဧဝရက်တောင်ရဲ့ သက်တမ်းဟာ နှစ် သန်းပေါင်း ၆၀ခန့် ရှိသွားပြီလို့ သိရပါတယ်။ ရေခဲပြီး အလွန်အေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ကာ အပူချိန် အနုတ် ၆၂ဒီဂရီဆဲစီးယပ်စ် အထိ ကျဆင်းတတ်ပါတယ်။ လေတိုက်နှုန်းလည်းပြင်းထန်ပြီး တစ်ခါတရံ ၁နာရီကို မိုင် ၂၀၀ နှုန်းတဲ့အထိ တိုက်ခတ်တတ်ပါတယ်။ တောင်တက်သမားတွေကတော့ ရာသီဥတုကောင်းမွန်တဲ့ မေလ မှ စတင်တက်ရောက်တတ်ကြပါတယ်။

၂။ Elbrus တောင် ၊ ရုရှား ၊ ဥရောပတိုက်

ဥရောပတိုက်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Elbrus တောင်ကတော့ ရုရှားနိုင်ငံတောင်ပိုင်း Caucasus တောင်တန်းစုထဲက တောင်တစ်တောင်ဖြစ်ပါတယ်။ ဒီတောင်ဟာ မီးတောင်ဖြစ်ပြီး dormant အမျိုးအစားမီးတောင်ဖြစ်ပါတယ်။ Dormant Volcanoe ဆိုတာ အရင်တချိန်က ပေါက်ကွဲခဲ့ပြီး နှစ်ပေါင်းများစွာ ပေါက်ကွဲခြင်းမရှိသော်လည်း ပေါက်ကွဲနိင်သေးသည်ဟု ယူဆသည့်မီးတောင်မျိုးကို ဆိုလိုပါတယ်။

Elbrus တောင်ဟာ အမြင့်ပေ ၁၈၅၁၀ ပေ ရှိပြီး ဒီတောင်မှာ မီးတောင်ပေါက်၀ နှစ်ခု ရှိပါတယ်။ ဒီမီးတောင် နောက်ဆုံးပေါက်ကွဲခဲ့တဲ့ အချိန်က အေဒီ ၁ရာစု မှာဖြစ်ပြီး အဲဒီနောက်ပိုင်းတော့ တစ်ခါမှ ပေါက်ကွဲခြင်း မရှိခဲ့ပါဘူး။ ဒီတောင်ရဲ့ခန့်မှန်းသက်တမ်းကတော့ နှစ်ပေါင်း ၂.၅သန်း ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၅၃စတုရန်းမိုင် ကျယ်ဝန်းတဲ့ Elbrus တောင်ဒေသမှာ ရေခဲမြစ်ပေါင်း ၂၂ စင်းလည်း ရှိနေပါသေးတယ်။

၃။ ကလီမန်ဂျာရိုတောင် Mount Kilimanjaro ၊ တန်ဇန်းနီးယား ၊ အာဖရိကတိုက်

အာဖရိကအရှေ့ပိုင်း တန်ဇန်းနီးယားနိုင်ငံမှာ တည်ရှိတဲ့ တောင်ဖြစ်ပါတယ်။ အာဖရိကရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉၃၄၁ပေ မြင့်ပါတယ်။ ဒီတောင်ရဲ့အမည်နဲ့ ပတ်သတ်လို့ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် အများစုကတော့ ကြီးကျယ်ခမ်းနားတဲ့တောင် the Mountain (Kilima) of Greatness (Njaro) လို့ ဆိုကြပါတယ်။

ဒီတောင်မှာ “Kibo”, “Mawenzi” နဲ့ “Shira ဆိုတဲ့ မီးတောင်၀ သုံးခု ရှိနေပါတယ်။ မြင့်ပေမယ့် ပြေတာကြောင့် သာမန်လူတွေတောင် တက်ရောက်နိုင်တဲ့ တောင်ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ လူပေါင်း ၃သောင်းခန့် တက်ရောက်လေ့ရှိတဲ့ တောင်ဖြစ်ပါတယ်။ ဒီတောင်ပေါ်ကို ပထမဆုံးအနေနဲ့ ၁၈၈၉ခုနှစ်မှာ ဂျာမန်ဘူမိပညာရှင် Hans Meyer နဲ့ သြစတြီးယားတောင်တက်သမား Ludwig Purtscheller တို့က တက်ရောက်ခဲ့ကြပါတယ်။

၄။ အာဂွန်ကာကွာတောင် ၊ Aconcagua ၊ အာဂျင်တီးနား ၊ တောင်အမေရိကတိုက်

တောင်အမေရိကရဲ့ အမြင့်ဆုံးတောင်ကတော့ အာဂျင်တီးနားနိုင်ငံမှာရှိတဲ့ Aconcagua တောင်ပဲဖြစ်ပါတယ်။ အင်ဒီးတောင်တန်းစုထဲက တောင်တစ်တောင်ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ အနောက်အလယ်ပိုင်း မန်ဒိုဆာပြည်နယ်ထဲမှာ ရှိပါတယ်။ ဒီတောင်ရဲ့ အမြင့်ကတော့ ၂၂၈၃၇ပေ ဖြစ်ပါတယ်။

ဒီတောင်ပေါ်မှာလည်း ရေခဲမြစ်တွေအများကြီးရှိနေပြီး လူသိများတဲ့ရေခဲမြစ်ကတော့ ၆.၂မိုင် ရှည်လျားတဲ့ Ventisquero Horcones Inferior ဖြစ်ပါတယ်။ အာရှတိုက်ကတောင်တွေပြီးရင် အမြင့်ဆုံးတောင်ဖြစ်တဲ့ အာဂွန်ကာကွာတောင်ဟာ မီးငြိမ်းတောင်တစ်တောင်လည်း ဖြစ်ပါတယ်။ တောင်တက်သမားတွေကတော့ နိုဝင်ဘာလ ကနေ မတ်လအထိ အချိန်တွင်းမှာ တက်ရောက်လေ့ရှိကြပါတယ်။ ဒီတောင်ထိကို ပထမဆုံး တက်နိုင်ခဲ့သူကတော့ ဆွစ်ဇာလန်လူမျိုး Matthias Zurbriggen ပဲ ဖြစ်ပါတယ်။

၅။ ဒန်နာလီတောင် ၊ Denali ၊ အမေရိကန် ၊ မြောက်အမေရိကတိုက်

တချိန်က McKinley လို့ခေါ်ခဲ့တဲ့ Denali တောင်ဟာ မြောက်အမေရိကတိုက်ရဲ့ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ အမေရိကန် အလက်စကားပြည်နယ်ထဲက အလက်စကားတောင်တန်းစုမှာ ပါဝင်တဲ့တောင်တစ်တောင်ဖြစ်ပါတယ်။ ဒီတောင်ရဲ့ အမြင့်ကတော့ ၂၀၃၁၀ ပေ ဖြစ်ပါတယ်။

Denali ဆိုတဲ့အမည်ကိုတော့ ဒေသခံ Koyukon လူမျိုးတွေကပေးထားတာဖြစ်ပြီး ကြီးကျယ်တဲ့အရာ The Great One လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတောင်ရဲ့နေရာအနှံ့ဟာ အမြဲလိုလိုနှင်းတွေနဲ့ ဖုံးနေလေ့ရှိပြီး အရှည်မိုင် ၃၀ အထက် ရေခဲမြစ်ပေါင်းများစွာဟာလည်း ဒီတောင်ပေါ်မှာ ရှိနေပါတယ်။ အပူချိန်ကလည်း အနုတ် ၆၀ ကနေ ၈၀ ဒီဂရီဆဲစီးယပ်စ် ဝန်းကျင်အထိရှိပြီး ဒီအခြေအနေမှာ လူတစ်ယောက်ကို ချက်ချင်းရေခဲသွားစေနိုင်ပါတယ်။

၆။ Kosciuszko တောင် ၊ သြစတြေးလျတိုက်

သြစတြေးလျရဲ့ အမြင့်ဆုံးတောင်ကတော့ Kosciuszko တောင်ဖြစ်ပြီး သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ထဲမှာရှိတဲ့ တောင်တစ်တောင်ဖြစ်ပါတယ်။ Snowy တောင်တန်းစုထဲမှာ ပါဝင်တဲ့ ဒီတောင်ရဲ့အမြင့်ပေဟာ ၇၃၁၀ ပေ ပဲ ရှိပါတယ်။

ဒီတောင်ရဲ့အမည်ကိုတော့ ၁၈၄၀ မှာ ပိုလန်စူးစမ်းရှာဖွေရေးသမားတစ်ယောက်ဖြစ်တဲ့ Paweł Edmund Strzelecki က ပိုလန်စစ်ဗိုလ်ချုပ် Tadeusz Kościuszko ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခဲ့ခြင်းဖြစ်ပါတယ်။ ဒေသခံတွေကတော့ Kozzy လို့ပဲခေါ်လေ့ရှိကြပါတယ်။ ကမ္ဘာပေါ်က ရှားပါးတဲ့ အပင် နဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာဟာ ဒီတောင်ဝန်းကျင်တဝိုက်မှာ ရှိနေပါတယ်။

၇။ Vinson Massif တောင် ၊ အန္တာတိကတိုက်

အခြားတိုက်ကြီးတွေမှာ တောင်တွေရှိသလို အန္တာတိကတိုက်မှာလည်း တောင်တွေရှိပါတယ်။ အန္တာတိက တိုက်ရဲ့ အမြင့်ဆုံးတောင်ကတော့ အမြင့်ပေ ၁၆၀၅၀ပေ ရှိတဲ့  Vinson Massif တောင်ပဲ ဖြစ်ပါတယ်။ ဒီတောင်ဟာ တောင်ဝန်ရိုးစွန်းကနေ မိုင်ပေါင်း ၇၅၀ အကွာ ၊ အန္တာတိကတိုက် မြောက်ဘက်အကျဆုံးအပိုင်းမှာ တည်ရှိနေပါတယ်။

Vinson Massif တောင်ကို ၁၉၅၈ခုနှစ်မှာ အမေရိကန်ရေတပ်ကနေ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တောင်ရဲ့အမည်ကိုတော့ အန္တာတိကရှာဖွေရေးကို ပံ့ပိုးထောက်ခံပေးခဲ့တဲ့ အမေရိကန် ဂျော်ဂျီယာပြည်နယ်က လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ Carl Vinson ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်းဖြစ်ပါတယ်။ ဒီတောင်ထိပ်ကိုတော့ ၁၉၆၆ခုနှစ်မှာ တောင်တက်သမား Nicholas Clinch ဦးဆောင်တဲ့ အမေရိကန်အဖွဲ့တစ်ဖွဲ့က ပထမဆုံးတက်ရောက်နိုင်ခဲ့ပါတယ်။

သုတဇုန်

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!