Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုကြားက လူသိနည်းတဲ့ ဘုန်းတော်ကြီး

by Thutamm
August 17, 2019
Reading Time: 1min read
0
တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုကြားက လူသိနည်းတဲ့ ဘုန်းတော်ကြီး
Share on FacebookShare on Twitter

၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့သော ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုတွင် လူ့အသက်ပေါင်း ၁၅၀၀ ကျော်သေဆုံးခဲ့ပြီး ထိုအထဲတွင် Thomas Byles ဆိုသူ ကက်သလစ် အင်္ဂလိပ်ဘုန်းတော်ကြီးတစ်ပါးလည်း ပါဝင်သည်။ နာမည်အပြည့်အစုံ Thomas Roussel Davids Byles ဖြစ်သော ဘုန်းတော်ကြီးသည် တိုက်တန်းနစ် သင်္ဘောမနစ်မြုပ်မီ လူပေါင်းများစွာ စိတ်သောက ရောက်နေချိန်၌ ဆုတောင်းစာများကို ဖတ်ပေးနေခဲ့သည်။

အင်္ဂလန် ရော့ရှိုင်းယားပြည်နယ် လိဒ်မြို့တွင် နေထိုင်ခဲ့သည့် Thomas Byles သည် ၁၈၈၉ ခုနှစ်၌ အောက်စ်ဖိုဒ့်တက္ကသိုလ် Balliol ကောလိပ်မှ theology အထူးပြု ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဖခင်မှာ ပရိုတက်စတင့်တစ်ယောက်ဖြစ်သော်လည်း Thomas Byles သည် တက္ကသိုလ်တက်နေစဉ်အတွင်း ကက်သလစ်ဂိုဏ်းသို့ ပြောင်းလဲကိုးကွယ်ခဲ့သည့်အနေနှင့် Thomas ဆိုသည့်နာမည်ကို ယူခဲ့သည်။

ဘွဲ့ရပြီးနောက် အီတလီရောမမြို့ Beda ကောလိပ်တွင် ဘုန်းတော်ကြီးဖြစ် သင်တန်းကျောင်းသို့ တက်ရောက်ပြီးနောက် ၁၉၀၂ခုနှစ်တွင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် အင်္ဂလန်ရှိ St Helen’s Parish ခရစ်ယာန်ဘုရားကျောင်း၏ ဘုန်းတော်ကြီးအဖြစ် ခန့်ထားခြင်းခံရသည်။ သူမသေဆုံးခင်အချိန်အထိ ဒီကျောင်းမှာပင် နေထိုင်ခဲ့သည်။

၁၉၁၂ ခုနှစ်တိုက်တန်းနစ် သင်္ဘော နယူးယောက်ခရီးစဉ်တွင် သူပါလာခြင်းအကြောင်းမှာ ညီဖြစ်သူက မင်္ဂလာပွဲလာရန် ဖိတ်ကြားသောကြောင့်ဖြစ်သည်။ ဖာသာ Thomas ၏ ညီဖြစ်သူ William သည် အမေရိကန် နယူးယောက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး လက်ထပ်ခါနီးတွင် အစ်ကိုဖြစ်သူကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဖာသာThomas သည် တိုက်တန်းနစ်သင်္ဘောရှိရာ ဆောက်သမ်တန်သို့လာခဲ့ပြီးနောက် ဒုတိယတန်းစား လက်မှတ်ဝယ်ကာ စီးနင်းလိုက်ပါခဲ့ခြင်းဖြစ်သည်။ သင်္ဘောထွက်နေစဉ်အတွင်း သူသည် ဆုတောင်းစာများ ရွတ်ဖတ်နေခဲ့သည်။

သင်္ဘောကြီး ရေခဲဆောင်နှင့် တိုက်မိချိန်တွင် သူသည် အထက်ပိုင်းကုန်းပတ်ပေါ်တွင် ရှိနေခဲ့သည်။ ဘုန်းတော်ကြီးဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားသည့် ဖာသာ Thomas သည် ခရီးသည်များ အသက်ကယ်လှေပေါ်သို့ တက်ရောက်ရန် ကူညီပေးခဲ့သည်။ အဓိကအားဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ ကိုကူညီပေးခြင်းဖြစ်ပြီး အသက်ဘေးအတွက် စိတ်သောက ရောက်နေချိန်တွင် ချော့မြူရင်း အားပေးစကားများပြောကြားခဲ့သည်။ အသက်ကယ်လှေတွင် သူ့အတွက် နေရာတစ်နေရာရသည်။ သို့သော် ဖာသာ Thomas သည် ထိုနေရာကို မယူပဲ အခြားသူတစ်ယောက်အား အစားထိုးပေးခဲ့ပြီး သူကမှု သင်္ဘောပေါ်တွင်ပင် ကျန်ခဲ့သည်။

ကျန်ရှိသော အသက်ကယ်လှေများပေါ်သို့ ခရီးသည်များကို ကူညီပို့ဆောင်ရင်း နောက်ဆုံးအသက်ကယ်လှေသာ ကျန်ရှိသော အချိန်ကို ရောက်လာသည်။ ဒီအချိန်တွင်လည်း ဘုန်းတော်ကြီးသည် သူ့ကိုနေရာပေးပါလျှက် လိုက်မသွားခဲ့ပေ။ အသက်ရှင်ခွင့် နှစ်ကြိမ်ရပါလျှက်နှင့် နှစ်ကြိမ်စလုံးကို ငြင်းဆန်ခဲ့သူဖြစ်သည်။

နောက်ဆုံးအသက်ကယ်လှေ ထွက်သွားပြီးနောက် ဖာသာ Thomas သည် သင်္ဘောကုန်းပတ်ပေါ်သို့ ပြန်တက်လာခဲ့သည်။ ထို့နောက် ကျန်ရှိသောသူများနှင့်အတူ စိတ်ပုတီးစိတ်ကာရွတ်ဆိုရင်း အသက်ဆုံးရှုံးခါးနီးလူများ၏ ဝိညာဉ်များအတွက် ဆုတောင်းလျက်ရှိခဲ့သည်။ သူ၏ဘေးပတ်လည်တွင်မူ ကက်သလစ်များ ၊ ပရိုတက်စတင့်များ ၊ ဂျူးများက ဒူးထောက်ရင်း ဆုတောင်းလျှက်ရှိသည်။ နောက်ထပ် ၂နာရီ မိနစ် ၄၀ခန့် ကြာမြင့်သည့် အချိန် သင်္ဘောကြီးနစ်မြုပ်သည့်အခါတွင် လူပေါင်း ၁၅၀၀ကျော်နှင့်အတူ ဖာသာ Thomas လည်း ပါသွားခဲ့တော့သည်။

သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာကြသူများသည် ဖာသာ Thomas ၏ ရဲရင့်မှုကို တသသပြောဆိုနေကြသည်။ ညီဖြစ်သူ  William က အစ်ကို မပါသော်လည်း မင်္ဂလာပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။ မင်္ဂလာပွဲပြီးသည်နှင့် ဝတ်စုံများကို ချွတ်လိုက်ကြပြီး ဖာသာ Thomas၏ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဇနီးမောင်နှံ နှစ်ယောက်စလုံး အီတလီရောမမြို့သို့သွားကာ ပုပ်ရဟန်းမင်း Pius X နှင့်တွေ့ဆုံခဲ့ကြသည်။ ပုပ်ရဟန်းမင်း Pius X က ဖာသာ Thomas အား အာဇာနည် (martyr for the Church) အဖြစ် သတ်မှတ်ကြေငြာခဲ့သည်။

ဖာသာ Thomas နေထိုင်ခဲ့သည့် St Helen ဘုရားကျောင်းတွင် သူတို့မိသားစုက အထိမ်းအမှတ်အနေနှင့် ရောင်စုံဖန်ပြတင်းပေါက် တစ်ခုကို တည်ဆောက်ခဲ့သည်။ ပြတင်းပေါက်ဘေးတွင်မှု ဖာသာ Thomas ၏ ပုံကိုချိတ်ဆွဲထားခဲ့သည်။ ဒါရိုက်တာ James Cameron ရိုက်ကူးသည့် တိုက်တန်းနစ်ဇာတ်ကားတွင်လည်း သင်္ဘောနစ်မြုပ်ခါနီးအချိန်၌ ကူကယ်ရာမဲ့လူများကို အားပေးနေသည့် ဘုန်းတော်ကြီးတစ်ပါးကို မြင်ကောင်းမြင်မိကြပေလိမ့်မည်။ ထိုသူမှာ အခြားသူအတွက် နှစ်ကြိမ်တိုင် အသက်ရှင်သန်ခွင့်ကို ငြင်းဆန်ခဲ့သော ဘုန်းတော်ကြီး Thomas Byles ပင် ဖြစ်လေသည်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!