Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တိဘက်ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပိုတလာနန်းတော်

by Thutamm
August 15, 2019
Reading Time: 1min read
0
တိဘက်ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပိုတလာနန်းတော်
Share on FacebookShare on Twitter

တရုတ်ပြည် ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လာဆာမြို့ ပိုတလာကာ တောင်ပေါ်မှာရှိတဲ့အတွက် ပိုတလာနန်းတော်လို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။ အေဒီ ၆၃၇ခုနှစ်တုန်းက တိဘက်အင်ပါယာရဲ့ ၃၃ဆက်မြောက်ဘုရင် Songtsen Gampo က ဒီနေရာမှာ နန်းတော်တစ်ခု ကိုတည်ဆောက်ခဲ့ပါတယ်။ တောင်ကုန်းအထက်မှာတည်ဆောက်ထားတဲ့ ဒီနေရာကို စစ်မက်ဖြစ်ပွားတဲ့အခါမျိုးမှာ ခံတပ်အဖြစ်လည်း အသုံးပြုခဲ့ပါတယ်။

လက်ရှိမြင်ရတဲ့ အဆောက်အဦးတွေကိုတော့  ငါးဆက်မြောက် ဒလိုင်းလာမားဘုန်းတော်ကြီး လက်ထက် ၁၆၄၅ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တိဘက်လုပ်သား ၊ ပညာရှင် တွေ ပူးပေါင်းတည်ဆောက်ခဲ့ပြီး လက်ရှိအဆောက်အဦးတွေပြီးတဲ့အထိ ဆိုရင် နှစ်ပေါင်း ၅၀ကျော် အချိန်ယူ တည်ဆောက်ခဲ့ရပါတယ်။

တောင်ရဲ့အလယ်တည့်တည့်မှာ တည်ဆောက်ထားတာဖြစ်ပြီး နန်းတော်စု အဆောက်အဦးတွေကို အနီ နဲ့ အဖြူရောင်သာ သုံးပြီးတည်ဆောက်ထားပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၁၂၁၀၀ မှာတည်ရှိတာဖြစ်တာကြောင့် ကမ္ဘာ့အမြင့်ဆုံးဒေသမှာတည်ရှိတဲ့ နန်းတော်လည်း ဖြစ်ပါတယ်။

အလျား ၁၃၁၂ပေ ၊ အနံ ၁၁၄၈ပေ ကျယ်ဝန်းပြီး နံရံအထူမှာ ပျမ်းမျှ ၁၀ပေ အထူရှိပြီး အောက်ခြေနံရံအထူကတော့ ၁၆ပေခွဲအထိ ထူပါတယ်။ အဆောက်အအုံအောက်ခြေပိုမိုခိုင်ခံစေဖို့ အောက်ခံဖောင်ဒေးရှင်းမှာ ကြေးနီကို ထည့်သွင်းတည်ဆောက်ထားခဲ့ပါတယ်။

အထပ်ပေါင်း ၁၃ထပ်အထိမြင့်ပြီး အခန်းပေါင်း ၁၀၀၀ ၊ ကျောင်းဆောင်ပေါင်း ၁၀၀၀၀ နဲ ရုပ်ထုပေါင်း ၂သိန်းကျော်ရှိတဲ့ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် တိဘတ်ဘုန်းတော်ကြီးများ သတင်း သုံး နေထိုင်ခဲ့တဲ့ ကျောင်းဆောင်ဖြစ်ပြီး နန်းတော်ကြီးနဲ့ ပိုတူပါတယ်။ ကမ္ဘာ့အခမ်းနားဆုံး နန်းတော်များစာရင်းမှာလည်း ပါဝင်ပြီး စတုရန်းပေ ၁.၄သန်းအထိ ကျယ်တာကြောင့် ကမ္ဘာ့အကြီးဆုံးနန်းတော်တွေထဲမှာ ပါဝင်တဲ့ အဆောက်အဦးလည်း ဖြစ်ပါတယ်။

ပိုတလာနန်းတော် အတွင်း အထင်ကရ အဆောက်အအုံနှစ်ခုကတော့ နန်းတော်နီ ( Red palace ) နဲ့ နန်းတော်ဖြူ ( White palace )တို့ ဖြစ်တယ်။

Potrang Karpo လို့လည်းခေါ်တဲ့ နန်းတော်ဖြူ မှာတော့ အိပ်ဆောင်များ၊ ကျမ်းစာသင်ကျောင်း၊ တိဘက်အစိုးရ ရုံးခန်းများ၊ ပုံနှိပ်စက်ခန်း နဲ့ ဒလိုင်းလားမား သီတင်းသုံးရာနေရာတို့ ပါဝင်ပါတယ်။ အပြိုင်ရှိတဲ့ လှေကားတက်သုံးခု နဲ့ နန်းတော် အဝင်လမ်းကို ဆောက်ထားပြီ အလယ်လှေကားကတော့ ဒလိုင်းလားမား တစ်ပါးတည်း လျှောက်ခွင့်ရှိခဲ့တဲ့လှေကား ဖြစ်ပါတယ်။

Potrang Marpo လို့ခေါ်တဲ့ နန်းတော်နီ မှာတော့ ဟောပြောပွဲခန်းမ ၊ ဝတ်ပြုသူများအတွက်နေရာ ၊ ဘုရားကျောင်းဆောင်များ ၊ စာကြည့်တိုက် နဲ့ အနုပညာပြခန်းတွေကိုထားရှိပါတယ်။ ဒီနေရာကိုတော့ ဆေးသုတ်ခြင်းအပြင် ရတနာတွေနဲ့ အလှဆင်ထားသလို ပန်းပုရုပ်တွေကိုလည်း ထားရှိပါတယ်။

ပိုတလာနန်းတော်ရဲ့ လက်ရာအမြောက်ဆုံးနေရာကတော့ နန်းတော်နီရဲ့အပေါ်ဆုံးမှာ ရှိနေပါတယ်။ ရွှေရောင်အမိုးအုပ်စု golden roof group လို့ခေါ်တဲ့ ဒီနေရာမှာ ရွှေချထားတဲ့အမိုး ၇ခုပါဝင်ပါတယ်။ ဒီအမိုး ၇ ခုဟာ ဒလိုင်းလားမားတွေရဲ့အရိုးအိုးစေတီအမိုးတွေ ဖြစ်ပါတယ်။

ပိုတလာနန်းတော်ရဲ့ အရေးအကြီးဆုံး နေရာတစ်ခုကတော့ စိန့်ကျောင်းဆောင်ဖြစ်ပါတယ်။ ဒီနေရာမှာ အဝလောကိတေသွာရ ဘုရားလောင်း နဲ့ သာဝက နှစ်ပါး တို့ရဲ့ရုပ်တု ရှိပါတယ်။ အဲဒီကျောင်းဆောက်အောက်မှာတော့ Dharma လိုဏ်ဂူရှိပါတယ်။ ဒီလိုဏ်ဂူမှာ နန်းတော်ကို စတည်ခဲ့သူ ဘုရင် Songtsen Gampo ဟာ ဗုဒ္ဓဘာသာပိဋကတ်ကျမ်းတွေကိုလေ့လာခဲ့ပါတယ်။

ခေတ်အဆက်ဆက်ဒလိုင်းလားမား များ နေထိုင်သီတင်းသုံးခဲ့ရာ ပိုတလာနန်းတော်ဟာ တိဘက်ဗုဒ္ဓဘာသာရဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်သလို တိဘက်ရိုးရာအုပ်ချုပ်ရေးဌာနလည်းဖြစ်ခဲ့ပါတယ်။ ၁၄ဆက်လက် ဒလိုင်းလာမား ဘုန်းတော်ကြီး အိန္ဒိယကို မပြောင်းရွှေ့မီ ၁၉၅၉ခုနှစ်အထိ တိဘက်ရဲ့ အကြီးအကဲနေထိုင်တဲ့ နေရာဖြစ်ခဲ့ပါတယ်။ နန်းတော်ရဲ့ရှေးအကျဆုံးနေရာလည်း ဖြစ်ပါတယ်။

ပိုတာလာနန်းတော်တွင် ခေတ်အဆက်ဆက်ဒလိုင်းလားမား များ နေထိုင်သီတင်းသုံးခဲ့ရာ အခန်းများနှင့် ၎င်းတို့ပျံလွန်တော်မူပြီးနောက်တွင်မြှုပ်နှံခဲ့သော ကြီးကျယ်ခမ်းနားတဲ့ ဂူဗိမာန်များလည်း ရှိနေပါတယ်။ ရွှေပြားများပေါ်တွင် ရေး ထွင်းထားသော ဗုဒ္ဓကျမ်းစာလက်ရေးစာမူများ၊ ခေတ်အဆက်ဆက်တရုတ်ဧကရာဇ်များမှ ပေးအပ်ထားသော လက်ဆောင်ပစ္စည်းများအပါအဝင် အလွန်ရှားပါးသော တိဘက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာကိုလည်း ထိန်းသိမ်း ထားပါတယ်။

၁၉၉၄ခုနှစ်တည်းက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြတိုက်အဖြစ် ပြသထားပါတယ်။  USA Today သတင်းစာကတော့ ဒီနေရာကို ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ၇ခု ထဲမှာ ထည့်သွင်းထားပါတယ်။ တစ်နေ့ကို လာရောက်လေ့လာသူပေါင်း ၁၅၀၀ ခန့်ရှိပြီး တခါတရံမှာတော့ ၅၀၀၀ ခန့်ထိအောင် လာရောက်ကြပါတယ်။

VIDEO

သုတဇုန်

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!