Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တရုတ်မှာ ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ရဲ့ လက်ရှိအခြေအနေ

by Thutamm
January 24, 2020
Reading Time: 1min read
0
တရုတ်မှာ ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ရဲ့ လက်ရှိအခြေအနေ
Share on FacebookShare on Twitter

ဝူဟန်ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အရင်မဖြစ်ဖူးသေးတဲ့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။ ဗိုင်းရပ်စ်ရဲ့အမည်ကိုတော့ Novel CoronaVirus (2019-nCoV) လို့ပေးထားပြီး တိရစ္ဆာန်တွေကနေ အဓိကကူးစက်ပျံ့နှံ့လာခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ဒီဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်နိုင်ကြောင်း အစိုးရက တရားဝင်ကြေငြာခဲ့ပါတယ်။ အဲဒီနေ့အထိ 2019-nCoV ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၂၁၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူအများစုဟာ ဘေဂျင်း၊ ရှန်ဟိုင်းမြို့၊ ဝူဟန်မြို့နဲ့ ဂွမ်ဒေါင်းပြည်နယ်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ဗိုင်းရပ်စ်ဟာ ယခင်က ၆ မျိုးရှိခဲ့ပြီး ယခုဗိုင်းရပ်စ်အသစ် 2019-nCoV  နဲ့ ဆိုရင် ၇မျိုး ရှိသွားပြီလို့ သိရပါတယ်။

ဒီဗိုင်းရပ်စ် စတင်ဖြစ်ပေါ်တဲ့နေရာကတော့ ဝူဟန်မြို့မှာရှိတဲ့ သားငါးနှင့် ပင်လယ်စာ လက်ကားဈေးကြီးဖြစ်နိုင်တယ်လို့ခန့်မှန်းထားပြီး ကူးစက်ခံရသူအများစုဟာ အဲဒီဈေးနဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပါတယ်။ ဒီဈေးမှာ တိရစ္ဆာန်အရှင်တွေကိုလည်း ရောင်းချကြောင်း သိရပါတယ်။ ဒါကြောင့် ဇန်နဝါရီလ ၁ရက်နေ့ကစလို့ ဈေးကိုပိတ်ကာ သန့်ရှင်းရေးတွေပြုလုပ်ခဲ့ပါတယ်။

ဒီရောဂါပိုး ကူးစက်ခံရသူတွေဟာ အအေးမိ ၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း ၊ ရင်ကြပ်ခြင်း ၊ အသက်ရှုကြပ်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ Corona virus အမျိုးအစား ပြင်းထန်စွာကူးစက်ခံရသူတွေဟာ အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါ၊ ကျောက်ကပ်ပျက်စီးတာတွေဖြစ်တတ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့ အထိ အန္တရာယ်ရှိပါတယ်။

ဝူဟန်မြို့တဆင့် အခြားနိုင်ငံတွေကို ခရီးသွားခဲ့တဲ့သူတွေကို အဲဒီနိုင်ငံတွေက စစ်ဆေးကြည့်ရမှာလည်း ဒီဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ရှိရပါတယ်။ ထိုင်း ၊ ဂျပန် ၊ ထိုင်ဝမ် ၊ ကိုရီးယား ၊ အင်္ဂလန် ၊ စကော့တလန် နဲ့ အမေရိကန် တို့မှာ ဒီလူနာတွေကို တွေ့ရှိခဲ့ကြောင်း အသီးသီးကြေငြာခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံ နဲ့ အီးယူနိုင်ငံတွေ ၊ ဝူဟန်မြို့နဲ့လေကြောင်းတိုက်ရိုက်ပျံသန်းတဲ့နိုင်ငံတွေမှာ အဝင်အထွက်ကို ကျန်းမာရေးတင်းကျပ်စွာ စစ်ဆေးလျှက်ရှိပါတယ်။

ရောဂါပိုးမပျံ့ပွားစေဖို့ ဝူဟန်မြို့အပါအဝင် အနီးပတ်ဝန်းကျင်မှ မြို့ကြီး ၁၀ မြို့ကို အစိုးရက ပိတ်ထားလိုက်ပြီဖြစ်တာကြောင့် ဒီနေရာတွေမှာ လူအသွားအလာမရှိလောက်အောင် ရှင်းလင်းနေပြီဖြစ်ပါတယ်။။ ဒီလိုအပိတ်ခံထားရတဲ့ ဝူဟန်မြို့မှာ မြန်မာကျောင်းသား တစ်ရာကျော် ရှိနေတယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးစစ်ဆေးတာတွေ ၊ မြို့ပေါ်က နေရာအနှံ့ကို လေယာဉ်နဲ့ ဆေးဖြန်းတာတွေလုပ်ပြီး စိတ်ချရမယ့် အခြေအနေရောက်မှ ပြန်ဖွင့်ပေးမယ့် သဘောပါ။

Novel CoronaVirus ကို လက်ရှိအချိန်မှာတော့ ကာကွယ်နိုင်တဲ့ဆေးမရှိသေးတဲ့အပြင် တိကျတဲ့ကုထုံးတွေလည်း မရှိသေးပါဘူး။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ တရုတ်နဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့ဆေးပညာရှင်တွေက အမြန်ဆုံးကြိုးပမ်းလျှက်ရှိပါတယ်။ ဒီရောဂါပိုး မကူးစက်စေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာရမယ်လို့ အကြံပြုထားပါတယ်။
– တိရစ္ဆာန်တွေကို အကာအကွယ်မလုပ်ထားပဲ ထိတွေ့ခြင်းမပြုရန်
– အသား ငါး နဲ့ ဥတွေကို ကျက်သည်အထိ သေချာစွာ ချက်ပြုတ်ကြရန်
– မကြာခဏလက်ဆေးရန်

– ဖျားနာတာ ၊ အအေးမိတာ ၊ နှာခြေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူတွေနဲ့ အနီးကပ် ထိတွေ့နေထိုင်ခြင်း မပြုရန်
-တတ်နိုင်သမျှ လူထူတဲ့နေရာတွေကို မသွားရန်
– နှာခေါင်းစည်း (သို့) အဝတ်ကိုသုံးကာ နှာချေချောင်းဆိုးတဲ့အခါ လုံအောင်ပြုလုပ်ရန်

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ ဒီရောဂါကူးစက်ခံထားရသူပေါင်း ၈၃၀ ဦးရှိနေပြီး သေဆုံးသူကတော့ ၂၆ဦး ရှိသွားပါပြီ။ ဝူဟန် နဲ့ မြို့ကြီး ၁၀မြို့ကို ပိတ်ပစ်လိုက်တာကြောင့် အဲဒီမှာနေထိုင်တဲ့ လူပေါင်း သန်း ၂၀ ခန့်ဟာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရပါတယ်။

(မနေ့(ဇန် ၂၃) က နံနက် ၁နာရီ ၅၈ မိနစ် က ဝူဟန်မြို့က တိုက်ရိုက်ပျံသန်းလာတဲ့ China Eastern လေကြောင်းလိုင်း ခရီးစဉ်အမှတ် MU2659 ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ကပ်လာခဲ့ပါတယ်။ ဒီလေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၉ ဦး နဲ့ ခရီးသည် ၈၅ ဦးပါတယ်လို့ သိရပါတယ်။ လိုက်ပါလာသူများကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံရမှု သံသယရှိလူနာ မတွေ့ရကြောင်း လေဆိပ် ကူးစက် ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာနမှ ဒေါက်တာဉာဏ်ထက်လွင်က ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးပြောကြားခဲ့ပါတယ်။ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် Wuhan မြို့မှ Public transport ကို ယနေ့ယာယီပိတ်လိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။)

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!