Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တန် ၇၆၀၀ လေးတဲ့ ငါးထပ်တိုက်ခန်းတွဲကြီးကို ပေ ၁၈၀ အကွာအဝေး သို့ ရွှေ့ပစ်ခဲ့ကြခြင်း

by Thutamm
July 26, 2019
Reading Time: 1min read
0
တန် ၇၆၀၀ လေးတဲ့ ငါးထပ်တိုက်ခန်းတွဲကြီးကို ပေ ၁၈၀ အကွာအဝေး သို့ ရွှေ့ပစ်ခဲ့ကြခြင်း
Share on FacebookShare on Twitter

ဒီအဆောက်အအုံကတော့ ရိုမေးနီးယားနိုင်ငံ Alba Iulia ဆိုတဲ့မြို့မှာရှိတဲ့ ဆိုဗီယက်စတိုင် ဆောက်လုပ်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။ ဒီမြို့ရဲ့လမ်းတွေကို အချိုးကျစွာပြန်လည်ဖောက်လုပ် ပြင်ဆင်ဖို့ဖြစ်လာတာကတော့ ရိုမေးနီးယား ကွန်မြူနစ်ခေါင်းဆောင် Nicolae Ceaușescu ကြောင့်ဖြစ်ပါတယ်။

သူဟာ ၁၉၇၁ခုနှစ်မှာ အာရှကိုအလည်အပတ်သွားရင်း မြောက်ကိုရီးယားက မြို့အနေအထား တည်ဆောက်ပုံတွေကိုသဘောကျခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုမေးနီးယားကိုပြန်ရောက်တဲ့အခါ မြို့ကြီး ၊ မြို့ငယ် ၊ ရွာတွေကို ပြင်ဆင်တာတွေ အသစ်ပြန်လည်ဖောက်လုပ်တာတွေကို ပြုလုပ်စေခဲ့ပါတယ်။ ၁၉၇၁ခုနှစ်ကစလို့ ၁၉၉၀ ဝန်းကျင်အထိ ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။

Alba Iulia မြို့ကိုလည်း ၁၉၈၇ခုနှစ်မှာ Ceaușescu ရဲ့ဆန္ဒအတိုင်း မြို့လမ်းတွေကို ပြန်လည်ဖောက်လုပ်ခဲ့ပါတယ်။ ဒီလိုဖောက်လုပ်တဲ့နေရာမှာ တစ်မြို့လုံးနီးပါးအဆင်ပြေခဲ့ပေမယ့် တန် ၇၆၀၀ အလေးချိန် ရှိတဲ့ ၅ထပ်တိုင်ခန်းတွဲကြီးတစ်ခုကတော့ သူတို့ဖောက်လုပ်တဲ့ လမ်းမကျယ်ကြီးတစ်ခုရဲ့ အလယ်မှာ ဆိုးရွားစွာပိတ်လျှက်ရှိနေပါတယ်။

ပုံမှန်ဆိုရင်တော့ အဆောက်အအုံကိုဖျက်ပစ်ရမှာဖြစ်ပေမယ့် အဆောက်အအုံက ကြီးမားတာကြောင့် ပြန်လည်တည်ဆောက်ရင် စရိတ်အဆပေါင်းများစွာကုန်ကျမှာပါ။ ဒါ့အပြင် အဲဒီအဆောက်အအုံမှာနေထိုင်တဲ့ မိသားစုပေါင်းများစွာလည်း နေစရာမရှိဖြစ်သွားမှာဖြစ်တဲ့အတွက် အင်ဂျင်နီယာအဖွဲ့ဟာအကောင်းဆုံးနည်းလမ်းကို ရှာကြပါတယ်။

ဒီနည်းလမ်းကတော့အဆောက်အအုံကြီးတစ်ခုလုံးကို လွတ်တဲ့နေရာဆီရွှေ့ပစ်ဖို့ပါ။ အဲဒီအချိန်က ရိုမေးနီးယားနေရာတော်တော်များများမှာ အိမ်အလုံးလိုက်ရွှေ့တာက ခေတ်စားနေတဲ့အချိန်ဖြစ်ပါတယ်။ တစ်ခုလုံးရွှေ့တာထက်စာရင် နှစ်ခုခွဲရွှေ့ရင်ပိုအဆင်ပြေမယ်လို့ တွက်ချက်ခဲ့ကြပြီး အဆောက်အအုံကို အလယ်တည့်တည့်ကနေ နှစ်ခြမ်းခွဲလိုက်ပါတယ်။

ပထမဆုံးအဆောက်အအုံရဲ့ အောက်ခြေအထိတူးကြပြီး ဟိုက်ဒရောလစ်စနစ်ကို အသုံးပြုပြီး အေဆောက်အအုံကို ထိမ်းထားပါတယ်။ ပြီးတဲ့အခါ ၃၃ ဒီဂရီစောင်းကာ တည်ဆောက်ထားတဲ့ရထားသံလမ်း နဲ့ ဘီးတွေကို အဆောက်အအုံအောက်ကို သွင်းပြီး အဆောက်အအုံတစ်ခြမ်းစီကို တစ်ဖက်စီရွေ့လျားစေပါတယ်။

screw jack တွေကိုသုံးတဲ့ ဟိုက်ဒရောလစ်နည်းပညာဟာ အဲဒီတုန်းက အလွန်ရေပန်းစားတဲ့နည်းပညာဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အဆောက်အအုံတစ်ခြမ်းစီကို လမ်းကျယ်နဲ့လွတ်အောင် ပေ၁၈၀ခန့်အထိ ရွှေ့ပစ်နိုင်ခဲ့ကြပါတယ်။ ဒီလိုရွှေ့တဲ့အချိန်မှာ ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေရဘူးဆိုတဲ့ အာမခံချက်နဲ့ အဆောက်အအုံမှာနေထိုင်သူအားလုံးကို ပုံမှန်အတိုင်းနေစေပြီး ရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဆောက်အအုံက တိုက်ခန်းတစ်ခုမှာနေတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် အဆောက်အအုံရွှေ့ချိန်မှာ ဖန်ခွက်တစ်ခွက်ထဲကို ရေအပြည့်ဖြည့်ပြီး စားပွဲပေါ်မှာတင်ကာ စမ်းသပ်ခဲ့ပါတယ်။ အဆောက်အအုံရွေ့ပြီးချိန်မှာ ဖန်ခွက်ထဲကရေတွေဟာ ဖိတ်ကျခြင်းမရှိတဲ့အထိ ရွှေ့လျားမှုညှင်သာခဲ့တယ် လို့ဆိုပါတယ်။ ဒီအတွေ့အကြုံရှိပြီးသူတွေဖြစ်တာကြောင့် ရွှေ့ခဲ့တဲ့ ကြာချိန်ဟာ ၅နာရီနဲ့ မိနစ် ၄၀ ပဲ ရှိပါတယ်။

အဲဒီနေ့ကတော့ ၁၉၈၇ခုနှစ် မေလ ၂၇ရက်နေ့ဖြစ်ပြီး ဦးဆောင်သူအင်ဂျင်နီယာကတော့ Eugen Iordăchescu ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့လုပ်သက်နှစ်ပေါင်း ၃၀အတွင်း အဆောက်အအုံပေါင်းများစွာကို ဦးဆောင်ရွှေ့ခဲ့သူလည်းဖြစ်ပါတယ်။

ရွှေ့ပြီး အောက်ခြေဖောင်ဒေးရှင်းကို ပြန်လည်တည်ဆောက်ခဲ့တဲ့ ဒီအဆောက်အအုံဟာ နှစ်ပေါင်း ၃၀ကျော် ကြာမြင့်ခဲ့ပေမယ့် ယခုထက်တိုင် Alba Iulia မြို့မှာ အခိုင်အခန့်တည်ရှိနေပါသေးတယ်။

ဒီဗီဒီယိုကတော့ ဆွစ်ဇာလန်နိုင်ငံမှာ အဆောက်အအုံတစ်ခုကိုရွှေ့ခဲ့တဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။

Ref:
https://www.theguardian.com/cities/2016/dec/14/bucharest-moved-churches-safety-communist-romania
http://www.visitalbaiulia.com/80-flats-on-wheels/

Moving a 7,600 ton apartment building to create a boulevard in a Romanian town, 1987

Tags: amazingworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!