Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တစ်ချိန်က စိမ်းလန်းခဲ့တဲ့ ဆာဟာရသဲကန္တာရ

by Thutamm
July 27, 2019
Reading Time: 1min read
0
တစ်ချိန်က စိမ်းလန်းခဲ့တဲ့ ဆာဟာရသဲကန္တာရ
Share on FacebookShare on Twitter

မူရင်းရေးသားသူ – Eaint Myat Chel

ဆာဟာရ သဲ ကန္တာရ ဟာ ကမ္ဘာမှာ အပူနွေးဆုံး ဖြစ်ပြီး အန္တာတိက နှင့် အာတိတ် ပြီးလျှင် ကမ္ဘာမှာ တတိယ အကြီးဆုံး ကန္တာရ ဖြစ်ပါတယ်။ သိုပေမယ့် လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ကျော်က ဆာဟာရ ဒေသ ဟာ ယခုထက် ၁၀ ဆ ပို၍ မိုးရွာသွန်းခဲ့ပြီး အစိမ်းရောင် သန်းခဲ့တယ် လို့ဆိုပါတယ်။

မကြာသေးမီ က ထုတ်ဝေခဲ့တဲ့ သိပ္ပံပညာ တိုးတက်ရေး Science Advances ဂျာနယ် မှာ့ လေ့လာမှု့ဆိုင်ရာ အထောက်အထား အသစ်များ အရ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ လောက် က ဆာဟာရ ဒေသ တွင် စိုစွတ်သော ကာလ ရှိခဲ့ပြီး လူသားများ လည်း နေထိုင်ခဲ့တယ် လို့ဆိုပါတယ်။

အရီဇိုးနား တက္ကသိုလ် – University of Arizona မှ အဏ္ဏဝါနုံးမြေများ ခွဲခြားစီစစ်မှု့ ဆိုင်ရာ သုတေသီများ ဟာ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ကျော် က ဆာဟာရ ဒေသ ရဲ့ မိုးရွာသွန်းမှု မိုးရေချိန် ပုံစံများ မှ တဆင့် စိတ်ဝင်စားဖွယ်ရာ ရလဒ်များ ကိုလည်း ထုတ်ဖော်နိုင်ခဲ့တယ်။

အဆိုပါ အရီဇိုးနား တက္ကသိုလ် က ဦးဆောင်သော အဖွဲ့သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ မှာ ၁၁,၀၀၀ ကြား ” အစိမ်းရောင် ဆာဟာရ ” မှာ ဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတု ပုံစံကိုလည်း ဆက်လက် ဖော်ထုတ်ခဲ့ ပါတယ်။ ထို အချိန်က ဆဟာရ ဒေသရဲ့ မိုးရွာသွန်းမှု ဟာ ယနေ့ခေတ် မိုးရွာသွန်းမှု ထက် ၁၀ ဆမျှ ပိုမို ရွာသွန်းခဲ့ တယ်လို့ ဆိုပါတယ်။

ယခု လက်ရှိ ထိုဒေသတွင် ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေအနေ မှာ့နောက်ပြန် ကြည့်မည် ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ နှင့် ၁၀,၀၀၀ ကြား အချိန်က ဆာဟာရ သဲကန္တာရ ဟာ သစ်ပင် ထူထပ်သော မြက်ခင်း လွင်ပြင်ဒေသ ဖြစ်ခဲ့ပြီး ထို မြက်ခင်း လွင်ပြင်များ တွင် အစားအစာ အတွက် သတ္တဝါများ ကို စုပေါင်း အမဲလိုက်သော လူ မျိုးနွယ်စုများ အခြချခဲ့သည် ဟု ဆိုပါတယ်။

 

အရီဇိုးနား တက္ကသိုလ် မှ ဂျက်စီကာ တိုင်ရ်နီ – Jessica Tierney ( Assistant Professor Of Geosciences . UA ) ကတော့ “ ဒါဟာ ယနေ့ခေတ် စွတ်စိုမှုထက် ၁၀ ဆ ရှိခဲ့တယ် ” ဟု ဆိုသည်။ ထိုအချက်ဟာ ယခုခေတ် ဆာဟာရ တွင် မိုးရွာသွန်း တဲ့ နှစ်စဉ် မိုးရေချိန် ပမာဏ ဟာ ယခင် အချိန် နှင့်စာလျှင် ၄ လက်မ ကနေ ၁ လက်မ ( ၁၀၀ မှ ၃၅ မီလီမီတာ ) သို့ ကျဆင်းသွားခဲ့ ခြင်း ဖြစ်သည်။

“အစိမ်းရောင် ဆာဟာရ” ကာလ တည်ရှိမှု့ကို ထုတ်ဖော်ခဲ့တဲ့ အခြား သုတေသန ပြုချက်တွေ ရှိခဲ့ ပေမဲ့ Tierney နှင့် အဖွဲ့ကတော့ လွန်ခဲ့တဲ နှစ်ပေါင်း ၂၅,၀၀၀ က ဖြစ်ပေါ်ခဲ့တဲ့ မိုးရေချိန် စံနှုန်းများ ကို အဓိကထား ပြီး ဆဟာရ ဒေသကို လေ့လာခဲ့ပါတယ်။

ရှေးဟောင်းသုတေသန ဆိုင်ရာ အထောက်အထားများ ကလည်း လူသားတွေ ဟာ စိုစွတ်သော ကာလ အတွင်း ဆာဟာရ ဒေသ၌ အမြောက်အများ နေထိုင်ခဲကြတယ် ဆိုတဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များကို ဖော်ပြခဲ့ပါတယ် ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈,၀၀၀ လောက်က အစပြုပြီး လူမျိုးနွယ်စု တစ်ချို့ဟာ ဆဟာရ ဒေသကို တဖြည်းဖြည်း စွန့်ခွာသွား ခဲ့ကြ ပါတယ်။

 

ထိုသို့ လူမျိုးနွယ်စုများ စွန့်ခွာသွားချိန် က စလို့ ဆာဟာရ ဒေသဟာ ခြောက်သွေ့လာ ခဲ့တယ် လို့ သုတေသီ တစ်ချို့က ဆိုပါတယ်။ ဒါပေမဲ့ အဲ့ဒီအချက်ဟာ သက်သေ အထောက်အထား ခိုင်မာမှု့ မရှိပါဘူး လို့ Tierney က ဆိုပါတယ်။

ဆဟာရ ဒေသရဲ့ လွန်ခဲ့သော နှစ်ပေါင်း တစ်ထာင်ကျော်ခန့် က ရွာသွန်းခဲ့သော မိုးရေချိန် မှတ်တမ်းများ ကို စုစည်းပြီး လေ့လာတွေ့ရှိချက်များ အရ ဆာဟာရ ဒေသ စတင် ခြောက်သွေ့ချိန် နှင့် လူများ စွန့်ခွာသွားချိန် ဟာ တိုက်ဆိုင် နေပါတယ်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် အတွင်း ခြောက်သွေ့လာတဲ့ ကာလ မှာတော့ လူတွေဟာ ဆဟာရ ဒေသကို စွန့်ခွာစေဟန် တူပါတယ်” လို့ Tierney က ဆိုသည်။

Tierney နှင့် သူမ၏ အဖွဲ့ဟာ ဆဟာရ ကန္တရ သဲမြေများ နဲ့ ပတ်သက်ပြီး အနောက်အာဖရိက ကမ်းလွန် ပင်လယ်ပြင်ရှိ ကွဲပြားခြားနားသော နေရာ လေးခု က အဏ္ဏဝါနုံးမြေ၏ ဗဟိုချက်မှာ့ အရေးပါတဲ့ အချက်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ ပါတယ်။

မော်ရိုကို မော်ရတီးနီးယား – Mauritania ၏ အနောက်မြောက်ဘက်ထောင့် မှ ရရှိသော အဏ္ဏဝါနုံးမြေ ၏ အချက်အလက်များ ၊ မိုးရေချိန် ပုံစံများ နှင့် ယခင် က ရှိခဲ့တဲ့ အစိမ်းရောင် ဆဟာရ ရဲ့ ဧရိယာ ၊ မိုးရေချိန် ပုံစံ အတိုင်းအတာ နှစ်ခု စလုံဟာ တူညီနေတယ်လို့ ဆိုပါတယ် ။

အကယ်၍များ ယခု ဆဟာရ ကန္တရ ရဲ့ ခြောက်သွေ့ကာလ မှာ့ တစ်ဖန် ပြန်လည်၍ စွတ်စိုလာလျှင် ဘယ်အရာတွေ ဟာ စိတ်ဝင်စားဖို့ကောင်းလာနိုင် မလဲ ……….

ထိုဒေသ တွင် ကျွဲ ၊ နွား တိရစ္ဆာန်များ ရဲ့ ကြီးပြင်းလာမှု့တွေဟာ များစွာ ကွဲလွဲလာ မလား။ ခြောက်သွေ့ ခဲ့သော ကာလ ဟာ ကွဲပြားခြားနားသော ယဉ်ကျေးမှု့နှစ်ခု ကို ပိုင်းခြားထားမလား …….. ။

ဒီ ရာသီဥတု ပြောင်းလဲမှှု့ အခြေအနေတွင် လူသားများ ဟာ အနောက်ပိုင်း ဆာဟာရ Western Sahara တွင် အလုပ်အကိုင် နှင့် လူနေမှုပုံစံ စတဲ့ အရာတွေ ဟာ ဘယ်လို သွေဖီသွားနိုင်မလဲ ဆိုတာ …………………

Ref:unearth.info

EΛIɴт MYΛт CнEʟ

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!