Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပါရှန်အင်ပါယာ အကြောင်း သိကောင်းစရာ

by Thutamm
July 31, 2019
Reading Time: 1min read
0
ပါရှန်အင်ပါယာ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ : Academy

Persia ဆိုသည်မှာ ယနေ့အီရန် နိင်ငံတည်ရှိသည့်နေရာအား တစ်ချိန်က ဥရောပ တိုက်သားများ မှ ခေါ်ဆိုသည့် အမည်ဖြစ်သည် ။ ဥရောပ တိုက်သားများ မှ ထိုဒေသ အား ဘီစီ ၁၀၀၀ -ကျော်အချိန်မှ စတင်ကာ ၁၉၃၅ – အချိန်အထိ Persia ခေါ်ဆိုခဲ့ကြသည် ။ ထို့ကြောင့် ပါရှန်အင်ပါယာသည် ရှေးခေတ် အီရန်နိင်ငံသမိုင်း၏ ဖြစ်သည် ။

အေဒီ ၇ -ရာစု အချိန်တွင် အာရပ်မူဆလင်များ ကျူးကျော်တိုက်ခိုက်သိမ်းယူခဲ့ရာမှ ပါရှန်အင်ပါယာခေတ်ပျောက်ကွယ်ခဲ့ရသည် ။ ပါရှင် အင်ပါယာ ပျောက်ကွယ်ခဲ့သော်လည်း ပါရှန် လူမျိုးများသည် ဤဒေသ တွင် အုပ်စုများစွာ ကျန်ရှိကာ ဆက်လက် ရှင်သန်ခဲ့ကြသည် ။ ပါရှန် အင်ပါယာသည် တချိန်က ရှေးခေတ် အီဂျစ်များ ၊ဂရိ များ နှင့် သာမက ရော်မန် များ နှင့် လည်း ခေတ်ပြိုင်ဖြစ်ခဲ့သည့် ကမ္ဘာ့သမိုင်းတွင် ထင်ရှားသည့် အင်ပါယာ တစ်ခုဖြစ်သည် ။

သမိုင်း

ယနေ့အီရန်ဒေသတွင် ဘီစီ ၁၅၀၀ ခုနှစ် မှစ၍ Aryan လူမျိုးများ စတင်နေထိုင်ခဲ့ကြသည် ။ နောက်ပီုင်းတွင် အီရန်နိင်ငံရှိ Urmia ရေကန်ကြီး အနောက်ဖက်တွင် နေထိုင်သည့် Parsamash လူမျိုးများ ပြောင်းရွှေ့လာရာမှ “ ပါရှန်” ဟုအမည်တွင်လာခဲ့သည်ဟုဆိုသည် ။

ပါရှန်လူမျိုးများကိုးကွယ်သည့် Zoroastrianism ဘာသာမှာလည်း ဘီစီ ၁၅၀၀ – အချိန်ခန့်မှစတင် ပေါ်ပေါက်လာခဲ့သည်ဟု သမိုင်းပညာရှင်များမှ ယုံကြည်ကြသည် ။ သမိုင်းပညာရှင်များမှ ဤဒေသတွင် ပါရှန်အင်ပါယာသည် နှစ်ကြိမ်တိုင် ပေါ်ထွန်းခဲ့သည်ဟုဆိုသည် ။

ပထမပါရှန်အင်ပါယာ

ဘီစီ ၆၈၁ ခန့်တွင် စစ်သူကြီး Hakhamanish မှ ယနေ့အီရန်ဒေသ တောင်ကုန်းများတွင် အင်အားစုဆောင်းကာ ပါရှန် အင်ပါယာဖြစ်တည်လာရန် အစပျိုးခဲ့သည် ။ ဘီစီ ၅၅၀ တွင်ဘုရင်ဖြစ်လာသည့် ပါရှန်ဘုရင် Cyrus the Great သည် အနီးပါတ်ဝန်းကျင် ဒေသများကို စစ်ပွဲများဆင်နွဲပြီး နယ်မြေများကို ချဲ့ထွင် သိမ်းယူခဲ့သည် ။ ထိုအချိန်မှစ၍ ပထမ “ ပါရှန်အင်ပါယာ” စတင်ထူထောင်ခဲ့သည်ဟုသမိုင်းမှတ်တမ်းများမှဆိုသည် ။

ပါရှန်အင်ပါယာ၏မြို့တော်မှာ Persepolis ဖြစ်ပြီးယခုအီရန်နိင်ငံ အနောက်တောင်ပိုင်းရှိ တောင်တန်း ဒေသဖြစ်သည် ။ ဘီစီ ၅၄၆ – အချိန်တွင် လစ်ဗျား ဘုရင် ၊ ဘီစီ ၅၃၉ – အချိန်တွင် ဘေဘီလုံဒေသ ကို အောင်နိင်ခဲ့ သည် ။ထိုအခါ ပါရှန်များသည် အီဂျစ်တို့ နှင့်ခေတ်ပြိုင်ဖြစ်လာခဲ့သည် ။ ထိုအချိန်က ပါရှန်များသည်ကမ ္ဘာပေါ်မှာ အင်အားအကြီးဆုံးအင်ပါယာကို ထူထောင်နိုင်ခဲ့သည် ။

နောက်ပိုင်းတွင် ပါရှန်များသည် ဂရိဒေသကိုနယ်ချဲ့ရန်ကြိုးစားခဲ့သည် ။ ဘီစီ ၄၉၀ တွင်ပါရှန် နှင့်ဂရိတို့ နှင့် ပထမစစ်ပွဲဖြစ်ပွားပြီး ပါရှန်ဘုရင် Darius I သည် Marathon တိုက်ပွဲ ၌ ဂရိတို့အား ရှုံးနိမ့်သွားခဲ့သည်။

ဘီစီ ၄၈၀ ၌ ပါရှန်ဘုရင် Xerxes I သည် Battle of Salamís စစ်ရှုံးပြီး နောက် ပါရှန်အင်ပါယာ တဖြည်ဖြည်း အင်အားနည်းကျဆင်းလာခဲ့သည်။ ဘီစီ ၃၃၄ မှ ၃၃၁ အတွင်း မက်ဆီဒိုးနီးယား မှ စစ်သူကြီး Alexander the Great သည် ပါရှန်များကို စစ်အောင်နိုင်ပြီးဤ ဒေသကို သိမ်းယူအုပ်ချုပ်ခဲ့သည် ။ ထိုအချိန်မှစ၍ ပါရှန်တို့၏ ပထမ အင်ပါယာ ကျရံှုးပျောက်ကွယ်ခဲ့ရသည် ။

Alexander နှင့် Seleucid ခေတ်

Alexander the Great သည်ပါရှန်ဒေသကို အောင်နိင်ပြီးနောက် ပါရှန်စစ်သားများအား မက်ဆီဒိုးနီးယားဒေသ သို့ခေါ်ဆောင်ကာ သူ့စစ်သားများအဖြစ်သိမ်းသွင်းခဲ့သည် ။ ထို့အတူ ပါရှန်အမျိုးသမီးများအား သူ့၏ စစ်သည်များ နှင့်လက်ဆက်စေခဲ့သည်ဟု သမိုင်းမှတ်တမ်းများကဆိုသည် ။ ဘီစီ ၃၂၃ – ခုနှစ်တွင် Alexander the Great ကွယ်လွန်ပြီးနောက် ပါရှန်ထီးနန်းကို သူ၏ စစ်သူကြီးများမှ အပြိုင်လုကာကြိုးပမ်းခဲ့ကြသည် ။

နှစ်ပေါင်း ၅၀၀ – ခန့်ဤဒေသ တွင် ပြိုင်ဖက်အချင်းချင်းစစ်မက်ဖြစ်ပွားနေခဲ့သည် ။ ဘီစီ ၂ – ရာစုတွင် Seleucid dynasty ( မင်းဆက် ) အား မောင်းထုတ်ကာ Parthian အင်ပါယာနယ်မြေဒေသဖြစ်လာခဲ့သည် ။

ဒုတိယပါရှန်အင်ပါယာ

အေဒီ ၂၂၄ တွင် ပါရှန်ဘုရင်၏ မျိုးနွယ် (Ardashir I ) မှ တော်လှန်ပုံကန်ပြီး Parthian များကို စစ်အောင်နိင်ခဲ့သည် ။ ထိုအချိန်မှစ၍ ဤဒေသတွင် ဒုတိယ ပါရှန်အင်ပါယာ (Sassanids ) အသစ်ကို ပြန်လည် ပေါ ်ပေါက် လာခဲ့သည် ။ သူ့လက်ထက် တွင် အာရှတိုက်အနောက်ဖက်ဒေသများ ၊ အိန္ဒိယ ဒေသ အများအပြား နှင့် ပန်ဂျပ်ပြည်နယ်များသည် ပါရှန်အင်ပါယာဒေသဖြစ်လာခဲ့သည် ။

Ardashir I ကွယ်လွန်ပြီးနောက် အေဒီ ၂၄၁ – ခုနှစ်တွင် သူ့သား Shapur I ဘုရင်ဖြစ်လာခဲ့သည် ။သူ့လက်ထက်တွင်ရောမများနှင့်စစ်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး ပါရှန်အင်ပါယာကို Tigris မြစ်အထိချဲ့ ထွင်နိုင်ခဲ့သည် ။ အီဂျစ်နဲ့အာရှအနောက်ပိုင်းဒေသကိုလည်း သိမ်းယူနိုင်ခဲ့သည် ။

အစောပိုင်းတွင် ရော်မန်များကို အောင်နိင်ပြီး ဆီးရီးယား နှင့် မက်ဆီဒိုးနီးယားဒေသများကို သိမ်းယူကာ အာရှတိုက်အနောက်ဖက်၏ ကျယ်ပြန့်သည့်ဧရိယာများသည် ပါရှန်အင်ပါယာ ဖြစ်လာခဲ့သည် ။ နောက်ပိုင်း ပါရှန်ဘုရင် Shapur II လက်ထက်တွင် ရော်မန်များကိုစစ်ရံှုးပြီးနယ်မြေများ ဆုံးရှုံးခဲ့ပြန် သည် ။

အေဒီ ၄၀၀ – ခန့်တွင် ပါရှင် ဘုရင် Yazdegerd I သည် ရော်မန်များ နှင့်ငြိမ်းချမ်းရေးရယူကာ ခရစ်ယန် ဘာသာကိုလဲ ပါရှန်ဒေသ တွင်ကိုးကွယ်ယုံကြည်ခွင့်ပေးခဲ့သည် ။ အေဒီ ၅၂၀ – ခန့်တွင် ပါရှန်ဘုရင် Kavadh I သည် ရော်မန်များ နှင့် စစ်ပွဲတဖန်ဖြစ်ပွားကာ ပါရှန်အင်ပါယာ ကျယ်ပြန့်လာခဲ့သည် ။

Kavadh I ၏သား ပါရှန်ဘုရင် Khosrau I လက်ထက်တွင်ရော်မန်များကို စစ်ပွဲအောင်နိင်ကာ Black Sea ဒေသ အထိ အင်ပါယာ ကျယ်ပြန့်လာခဲ့သည် ။ ဒုတိယ ပါရှန်အင်ပါယာသည် Khosrau I လက်ထက်တွင် အင်အားအကြီးဆုံး ၊ အကျယ်ပြန့် ဆုံးဖြစ်ခဲ့ပြီး ပါရှန်တို့၏ Zoroastrianism ဘာသာမှာလည်း ပြန်လည်ထွန်းတောက်လာခဲ့သည် ။

အင်ပါယာ ကျရှုံးခြင်း

အေဒီ ၆၀၂ – ခုနှစ် ပါရှန်ဘုရင် Khosrau II လက်ထက်မှစ၍ ရော်မန်များ နှင့် ကာလရှည်ကြာ စစ်ပွဲပြန်လည်ဖြစ်ပွားလာခဲ့သည် ။ အေဒီ ၆၂၇ တွင် Byzantine အင်ပါယာ၏ ရော်မန်ဘုရင် Heraclius ကိုစစ်ရှုံးပြီး နောက်ပြန်လည်ကျရှုံးခဲ့သည်။ သို့သော်လဲ ပါရှန်များသည် ရော်မန်တို့၏ ရန်ကိုကြံ့ကြံ့ခံနိင်ခဲ့ကြသည် ။

အေဒီ ၆၃၀ – ခန့်တွင် ယနေ့ဆော်ဒီအာရေဗျနိင်ငံ မကာဒေသ မှ စတင်ခဲ့သည့် အစ္စလမ် အယူဝါဒ နှင့်အတူ အာရပ်မူဆလင်များ အားကောင်းလာခဲ့သည် ။ နောက်ဆုံး ပါရှန် ဘုရင် Yazdegerd III သည် အေဒီ ၆၅၁ တွင်အာရပ်မူဆလင် များကိုစစ်ရှုံးပြီး ပါရှန်အင်ပါယာ သည်လည်း ပျောက်ကွယ်ခဲ့ရသည် ။

ရှေးခေတ်အချိန်က ပါရှန်များသည် ယဉ်ကျေးမှုမြင့်မားသည့် လူမျိုးများဖြစ်ကြသည် ။ ပါရှန် ဘာသာစကား ၊ ပါရှန်အယူဝါဒ ၊ နှင့် အနုပညာများ ၏  အငွေ့အသက်များ မှာလည်း ဥရောပ နှင့် အာရှတခွင်သို့ပျံ့နှံ့ ကာ ရောနှော ပေါင်းစပ်သွားခဲ့သည် ။ ယနေ့အချိန်တွင် ပါရှန်အင်ပါယာခေတ် အဆောက်အဦးအများစုမှာ ဖျက်ဆီးခံခဲ့ရပြီး အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဆိုသည် ။

Tags: world historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!