(Unicode)
မြန်မာမှု ဇာတ်သဘင်လောက၌ ဘုရားဒကာကြီး ဦးဘိုးစိန်မှာ နေတစ်ဆူ လတစ်ဆူသဖွယ် ထင်ရှား ခဲ့သူဖြစ်သည်။ သူ့ခေတ်၌ သူ့ကိုကျော်နိုင်သည့် ဇာတ်အဖွဲ့ဟူ၍ မရှိပေ။ ဦးဘိုးစိန်၏ ထူးခြားချက်မှာ ပညာရပ်နှင့်စပ်လျဉ်းလာလျှင် ဘယ်တော့မှ တင်းတိမ်အားရသည် မရှိခဲ့။အရိုးပေါ် အရွက်မဖုံးစေပဲ အသစ်၊ အသစ်တို့ကို တီထွင်ဖန်တီးလိုခြင်းပင်ဖြစ်၏။
ဦးဘိုးစိန် မတိုင်မီအခါဇာတ်သဘင်ကရာတွင် ဇာတ်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တို့ကို ကပြလေ့မရှိပေ။ ရွှေစကားလက် ပြဇာတ်၊ ငပျင်းဇာတ်၊ပေါက်ကျိုင်းဇာတ်၊ ဖာတစ်လုံးခေါင်းကျားဇာတ် စသည့်ဒဏ္ဍာရီ၊ ရာဇဝင်၊သိုက်သမိုင်းဇာတ်တို့ကိုသာ ကပြလေ့ရှိသည်။ ဦးဘိုးစိန် လက်ထက်တွင်ကား ၎င်းဇာတ်တို့မျှဖြင့် မတင်းတိမ်နိုင်။ ဇာတ်နိပါတ်တော်များကိုပါ တီထွင်ကပြလေတော့သည်။ ထိုသို့ တီထွင်ကပြလေတိုင်း ပရိသတ်အပေါင်းမှာ တစ်ခဲနက် အားပေးကြည့်ရှု ကြကုန်၏။ ဤတွင်ဦးဘိုးစိန်သည် အသစ်အသစ်သောဇာတ်ထုပ်တို့ဖြင့် တင်ဆက်ကပြရာ၌ အနုပညာ၏စွမ်းအားက အဘယ်မျှကြီးမားလေသည်မသိ။ မလိုလားအပ်သော အကျိုးဆက်တို့က ရိုက်ခတ်လာကြလေ၏။
ပမာအားဖြင့် “ပဋိက္ခရား” ဇာတ်ထုပ်ကို တင်ဆက်ကပြ၏။ လွန်စွာမှ အသက်ဝင် သရုပ်ပါလှသည့် အတွက်အချို့သော မြန်မာအမျိုးသမီးငယ်များသည် ထိုလူမျိုးများကိုအထင်တကြီးဖြင့် ယူကြသည်အထိဖြစ်ခဲ့ရလေသည်။“မင်းညီနောင်” ဇာတ်ထုပ်ကို တင်ဆက် ကပြသော အခါတွင်လည်းရွှေဖျဉ်းညီနောင်ကို ကိုးကွယ်မှုတွေက ပိုမိုများပြားလာပြန်၏။ အထူးသဖြင့် “ထိလပ်ပိုးဥ” ဇာတ်ထုပ်ကို တင်ဆက်ကပြသောအခါ တုန်လှုပ်ဖွယ်ရာ အဖြစ်ဆိုးနှင့် ကြုံရလေတော့၏။
ဖြစ်ပုံကား ဇာတ်လမ်းသဘောအရ ထိလပ်-ပိုးဥဇာတ်မှာ ကိုယ်ပျောက်အတတ်ကို ရရန်ဟုဆိုကာ နေစေ့လစေ့ကိုယ်ဝန်ဆောင် မယားကိုသတ်၍ ဝမ်းဗိုက်ကိုခွဲပြီး ဝမ်းထဲမှ အရှင်လတ်လတ်သားငယ်ကို မီးကင်စားသောဇာတ် ဖြစ်သည်။ ဤတွင် ဦးဘိုးစိန်၏ ကပြသရုပ်ဆောင်မှုမှာ သရုပ်ပါလွန်းသဖြင့် တစ်နေ့သ၌မှော်အင်းကျောက်တန်းရွာမှ “ဆရာစစ်” ဆိုသူသည် ကိုယ်ဝန်ဆောင်မယားကို ဗိုက်ခွဲသတ်ကာ ရင်သွေးငယ်ကို မီးကင်စားခဲ့သည်ဟူ၏။ သည့်အတွက်ရုံးရောက်၊ ဂါတ်ရောက်ပြီး အုတ်အော် သောင်းနင်း ဖြစ်ပွားခဲ့လေသည်။
ဤသတင်းကိုကြားပြီးသည့်နောက် ဦးဘိုးစိန်သည် နောင်တ အကြီးအကျယ်ရပြီး ဘယ်သောအခါမှ ထိလပ်-ပိုးဥဇာတ်ကို လုံးဝမဆိုလုံးဝမကတော့ချေ။ လောကီလောကုတ်နှစ်ဖြာသော အကျိုးရှိမည့် ဘုရားဟော ဇာတ်နိပါတ်တို့ကိုသာ တင်ဆက်ကပြလေတော့သည်။
ဆရာနန္ဒာမိုးကြယ်ရဲ့ မြန်မာ့လျို့ဝှက်ချက် ၁၀၀ မှ
(Zawgyi)
ဇာတ္မင္းသားႀကီးဦးဘိုးစိန္ လံုးဝမကေတာ့တဲ့ ဇာတ္ထုပ္
ျမန္မာမႈ ဇာတ္သဘင္ေလာက၌ ဘုရားဒကာႀကီး ဦးဘိုးစိန္မွာ ေနတစ္ဆူ လတစ္ဆူသဖြယ္ ထင္ရွား ခဲ့သူျဖစ္သည္။ သူ႔ေခတ္၌ သူ႔ကိုေက်ာ္ႏိုင္သည့္ ဇာတ္အဖြဲ႔ဟူ၍ မရွိေပ။ ဦးဘိုးစိန္၏ ထူးျခားခ်က္မွာ ပညာရပ္ႏွင့္စပ္လ်ဥ္းလာလွ်င္ ဘယ္ေတာ့မွ တင္းတိမ္အားရသည္ မရွိခဲ့။အ႐ိုးေပၚ အ႐ြက္မဖံုးေစပဲ အသစ္၊ အသစ္တို႔ကို တီထြင္ဖန္တီးလိုျခင္းပင္ျဖစ္၏။
ဦးဘိုးစိန္ မတိုင္မီအခါဇာတ္သဘင္ကရာတြင္ ဇာတ္ႀကီးဆယ္ဘြဲ႔ႏွင့္ ငါးရာ့ငါးဆယ္ ဇာတ္နိပါတ္ေတာ္တို႔ကို ကျပေလ့မရွိေပ။ ေ႐ႊစကားလက္ ျပဇာတ္၊ ငပ်င္းဇာတ္၊ေပါက္က်ဳိင္းဇာတ္၊ ဖာတစ္လံုးေခါင္းက်ားဇာတ္ စသည့္ဒ႑ာရီ၊ ရာဇဝင္၊သိုက္သမိုင္းဇာတ္တို႔ကိုသာ ကျပေလ့ရွိသည္။ ဦးဘိုးစိန္ လက္ထက္တြင္ကား ၎ဇာတ္တို႔မွ်ျဖင့္ မတင္းတိမ္ႏိုင္။ ဇာတ္နိပါတ္ေတာ္မ်ားကိုပါ တီထြင္ကျပေလေတာ့သည္။ ထိုသို႔ တီထြင္ကျပေလတိုင္း ပရိသတ္အေပါင္းမွာ တစ္ခဲနက္ အားေပးၾကည့္႐ႈ ၾကကုန္၏။ ဤတြင္ဦးဘိုးစိန္သည္ အသစ္အသစ္ေသာဇာတ္ထုပ္တို႔ျဖင့္ တင္ဆက္ကျပရာ၌ အႏုပညာ၏စြမ္းအားက အဘယ္မွ်ႀကီးမားေလသည္မသိ။ မလိုလားအပ္ေသာ အက်ဳိးဆက္တို႔က ႐ိုက္ခတ္လာၾကေလ၏။
ပမာအားျဖင့္ “ပဋိကၡရား” ဇာတ္ထုပ္ကို တင္ဆက္ကျပ၏။ လြန္စြာမွ အသက္ဝင္ သ႐ုပ္ပါလွသည့္ အတြက္အခ်ဳိ႕ေသာ ျမန္မာအမ်ဳိးသမီးငယ္မ်ားသည္ ထုိလူမ်ဳိးမ်ားကိုအထင္တႀကီးျဖင့္ ယူၾကသည္အထိျဖစ္ခဲ့ရေလသည္။“မင္းညီေနာင္” ဇာတ္ထုပ္ကို တင္ဆက္ ကျပေသာ အခါတြင္လည္းေ႐ႊဖ်ဥ္းညီေနာင္ကို ကိုးကြယ္မႈေတြက ပိုမိုမ်ားျပားလာျပန္၏။ အထူးသျဖင့္ “ထိလပ္ပိုးဥ” ဇာတ္ထုပ္ကို တင္ဆက္ကျပေသာအခါ တုန္လႈပ္ဖြယ္ရာ အျဖစ္ဆိုးႏွင့္ ၾကံဳရေလေတာ့၏။
ျဖစ္ပံုကား ဇာတ္လမ္းသေဘာအရ ထိလပ္-ပိုးဥဇာတ္မွာ ကိုယ္ေပ်ာက္အတတ္ကို ရရန္ဟုဆိုကာ ေနေစ့လေစ့ကိုယ္ဝန္ေဆာင္ မယားကိုသတ္၍ ဝမ္းဗိုက္ကိုခြဲၿပီး ဝမ္းထဲမွ အရွင္လတ္လတ္သားငယ္ကို မီးကင္စားေသာဇာတ္ ျဖစ္သည္။ ဤတြင္ ဦးဘိုးစိန္၏ ကျပသ႐ုပ္ေဆာင္မႈမွာ သ႐ုပ္ပါလြန္းသျဖင့္ တစ္ေန႔သ၌ေမွာ္အင္းေက်ာက္တန္း႐ြာမွ “ဆရာစစ္” ဆိုသူသည္ ကိုယ္ဝန္ေဆာင္မယားကို ဗိုက္ခြဲသတ္ကာ ရင္ေသြးငယ္ကို မီးကင္စားခဲ့သည္ဟူ၏။ သည့္အတြက္႐ံုးေရာက္၊ ဂါတ္ေရာက္ၿပီး အုတ္ေအာ္ ေသာင္းနင္း ျဖစ္ပြားခဲ့ေလသည္။
ဤသတင္းကိုၾကားၿပီးသည့္ေနာက္ ဦးဘိုးစိန္သည္ ေနာင္တ အႀကီးအက်ယ္ရၿပီး ဘယ္ေသာအခါမွ ထိလပ္-ပိုးဥဇာတ္ကို လံုးဝမဆိုလံုးဝမကေတာ့ေခ်။ ေလာကီေလာကုတ္ႏွစ္ျဖာေသာ အက်ဳိးရွိမည့္ ဘုရားေဟာ ဇာတ္နိပါတ္တို႔ကိုသာ တင္ဆက္ကျပေလေတာ့သည္။
ဆရာနႏၵာမုိးႀကယ္ရဲ႕ ၿမန္မာ့လ်ဳိ႕၀ွက္ခ်က္ ၁၀၀ မွ