အာဖရိက က ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံမှာ သမ္မတမူဂါဘီဟာ နှစ် ၄၀ နီးပါး အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အခုတော့ သူ့ရဲ့အာဏာကိုလက်လွှတ်ပေးခဲ့ပါပြီ။ ဇင်ဘာဘွေဟာ ငွေကြေးအလွန်ဖောင်းပွပြီး ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အာဏာရှင် မူဂါဘီကတော့ ဘီလျံနဲ့ချီပြီးချမ်းသာခဲ့ပါတယ်။ သူနေခဲ့တဲ့ စံအိမ်တစ်ခုတည်းရဲ့တန်ဖိုးတင် ပေါင် ၇.၅သန်း တန်ကြေးရှိပါတယ်။
အခန်းပေါင်း ၂၅ခန်းပါတဲ့ သူ့ရဲ့စံအိမ်တော်ကို အလှပဒီဇိုင်းအမျိုးမျိုးနဲ့ တန်ဆာဆင်ထားပါတယ်။ ကြီးမားတဲ့ရေကူးကန်ကိုလည်း သလင်းကျောက် ၊ ရွှေရိုင်း ၊ ဆင်စွယ်ရောင်အဆင်တန်ဆာတွေနဲ့ မွမ်းမံထားပါတယ်။ စံအိမ်ရဲ့အမိုးကတော့ တရုတ်ရိုးရာပုံစံဖြစ်နေပြီး ဒီအပြာရောင်အုပ်ကြွပ်တွေကိုတော့ တရုတ်နိုင်ငံရှန်ဟိုင်းကနေ တကူးတကတင်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီစံအိမ်တော်ကို ၂၀၀၃ခုနှစ်က ဆာဘီးယားဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။
အုပ်စိုးခဲ့စဉ် ၃၇နှစ်အတွင်းမှာ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ဒီအာဏာရှင်ဟာ သူ့ရဲ့အိမ်အတွင်းဘက်ကိုတော့ ရွှေရောင်လွှမ်းနေအောင်အလှဆင်ထားပါတယ်။ WikiLeak ရဲ့ ထုတ်ပြန်မှုစာရင်းအရ ဇင်ဘာဘွေဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပေမယ့် မူဂါဘီကတော့ ဒေါ်လာ ၁.၇၅ဘီလျံခန့်ချမ်းသာတယ် လို့သိရပါတယ်။ ဒါဟာ ဆွစ်ဇာလန်ဘဏ်မှာ လျို့ဝှက်အကောင့်နဲ့ အပ်နှံထားတဲ့စာရင်းမပါသေးပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးမှန်သမျှကိုလက်ဝါးကြီးအုပ်ထားခဲ့ပြီး Zimbabwe Consolidated စိန်ကုမ္ပဏီလို ၊ အာဖရိကရဲ့အကြီးဆုံး နို့ထွက်ပစ္စည်း နဲ့ မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ Omega Dairy farm တို့ကိုပိုင်ဆိုင်ထားသူပါ။
အခြားနိုင်ငံကြီးတွေရဲ့မြို့တွေမှာလည်း ဒေါ်လာသန်းချီတန်တဲ့ အိမ်ပေါင်းများစွာကို ဝယ်ထားပါသေးတယ်။ အခုတော့ သူဟာ သူ့ရဲ့အာဏာကိုလက်လွှတ်ပေးခဲ့ပြီဖြစ်တဲ့အတွက် တစ်တိုင်းပြည်လုံးဝမ်းသာနေကြပါတယ်။ အာဏာရှင် မူဂါဘီရဲ့ စံအိမ်တော်ပုံရိပ်တွေကိုအောက်မှာ ကြည့်နိုင်ပါတယ်။