Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆံတော်ရှင် သမိုင်းဝင်ဖလေးဘုရား နှင့် ငလျှင်သမိုင်း

by Thutamm
July 27, 2019
Reading Time: 1min read
0
ဆံတော်ရှင် သမိုင်းဝင်ဖလေးဘုရား နှင့် ငလျှင်သမိုင်း
Share on FacebookShare on Twitter

ဓာတ်ပုံများအတွက် ဖေ့ဘုတ်တွင်မူရင်တင်ထားခဲ့တဲ့မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်

ဖလေးဘုရား (ခေါ်) ဆံတော်ရှင် ကျိုက်မတ်ကော်စေတီတော်မြတ်သည် ပဲခူးတိုင်း ၊ ကဝမြို့ အရှေ့ဘက် ၃ မိုင် ၅ ဖာလုံအကွာ ၊ အုန်းနှဲ-ကဝကား လမ်းမြောက်ဘက် ၆ ဖာလုံအကွာ ဖလေးရွာဦး၌ အပူဇော်ခံလျက် ရှိပါသည်။ ကဝမြို့နယ် ကဝလွင်ပြင်တွင် တစ်ရွာမှ တစ်ရွာ ကူးနေစဉ် ထုံးသင်္ကန်း ဖွေးဖွေးနှင့် စေတီတော်ကြီးတစ်ဆူကိုဖူးမြင်ရသောအခါ လက်အုပ်ချီမိုးရှိခိုးမိသော်လည်း ကျိုက်မတ်ကော် စေတီတော်မှန်း မသိခဲ့ကြောင်း ကျွန်တော် ဝန်ခံပါသည်။

စေတီမှာ ပဲခူးမှ ရွှေမောဓော စေတီတော်လောက် ရှေးမကျတောင် အလွန်ရှေးကျပုံ ရသည်။ ထိုအနီးနားမှ ဇွဲသဘုံမြို့ဟောင်းပင် ထိုစေတီတော် နောက်မှ တည်ခဲ့ပုံရသည်။ ဇွဲသဘုံမြို့သည် ရာဇာဓိရာဇ် ခေတ်၌ပင် အတော်စည်ကားသေးသည်။ ယခုတော့ မြို့အရာပင် တိမ်ကောနေပေပြီ။ ဤနေရာ၌ သမိုင်းကို ပြောလိုသည် မဟုတ်ပါ။ ဖလေးစေတီတော်၏ သက်တော် ကြာရင့်သည်ကိုသာ ဆိုလိုရင်း ဖြစ်သည်။ စေတီဟောင်းများကို ထပ်ကာ ထပ်ကာ ငုံကာ တည်ထား သောကြောင့် ယခုအခါ ရွှေမောဓေါ စေတီတော်နီးပါး မြင့်သည်။ ဆံတော်ရှင် ကျိုက်မတ်ကော်စေတီကြီးသည် ဉာဏ်တော် အတောင် ၂၁၀ (၃၁၅ ပေ) မြင့်သည်။

ဆံတော်ရှင်ကျိုက်မတ်ကော်စေတီတော်ကြီး၏ သမိုင်းကို ပြန်လည်ဖော်ထုတ်လျှင် မဟာသက္ကရာဇ် ၁၁ဝ ခုနှစ်တွင် မြတ်စွာ ဘုရားနှင့် ရဟန္တာ ၅ဝဝ သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ဒေသစာရီ ကြွရာက်လာခြင်းကို အခြေခံရ မည် ဖြစ်ပါသည်။ မြတ်စွာဘုရား ကြွရောက်တော်မူသောအခါ ရာ မညတိုင်းတောတောင်ထဲတွင် မှီတင်းနေထိုင်သော ရသေ့များ ဈာန် အဘိဉာဉ်ဖြင့်လာရောက်ဖူးမြော် ကြပါသည်။

ရသေ့ခြောက်ပါးစီ သုံးစုခွဲ၍ လာရောက်ပူဇော်သော အခါ မြတ်စွာဘုရားက ရသေ့ တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ချီး မြှင့်ခဲ့ပါသည်။ ထိုရသေ့များသည် မိမိတို့ နေထိုင်သော တောတောင် တွင်ဆံတော်များဌာပနာ၍ဆံတော် ရှင်စေတီများတည်ထား ပူဇော်ကြရာ ကျိုက်မတ်ကော်စေတီတော်လည်း ပါဝင်ကြောင်းသိရပါသည်။

နှစ်ပေါင်းများစွာ ကြာမြင့် သောအခါသဘာဝဘေးရန်ကြောင့် ဆံတော်ရှင်စေတီများပြိုကျပျက်စီး သွားခဲ့ပြီး မွန်ဘုရင်၊ ဗမာဘုရင် များက ပြန်လည်တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ကျိုက်မတ်ကော်စေ တီတော်သည်လည်း လူမသိသူမ သိဘဲ တောတောင်ထဲတွင် တိမ်မြုပ် ပျောက်ကွယ်နေရာ သာသနာနှစ် ၂၃၆ ခုနှစ်အထိ နှစ်ပေါင်း ၂ဝဝ ကျော်ကြာမြင့်ခဲ့သည်ဟု သမိုင်း ဆရာတို့က ဖွင့်ဆိုခဲ့ပါသည်။ သီရိဓမ္မာသောကမင်းကြီးလက်ထက် သာသနာပြုရဟန္တာများ စေလွှတ် သောအခါ အရှင်သောဏနှင့်အရှင် ဥတ္တရမထေရ်ကို ရာမညတိုင်းသို့ ကြွလာပြီး ကျိုက်မတ်ကော်စေတီ တော်အပါအဝင်ဆံတော်ရှင်ကျောက် စေတီခုနှစ်ဆူကို ရှာဖွေဖော် ထုတ် ပေးခဲ့ပါသည်။

ထိုအခါ သထုံပြည့် ရှင်စူဠသီရိမာသောကမင်းကတော ခြုံများရှင်းလင်းပြီး အသစ်တစ်ဖန် ပြန်လည် တည် ထားကြောင်း သိရပါသည်။ ရဟန္တာနှစ်ပါးက မြတ်စွာဘုရား၏ ပျောက်ဆုံးနေသော အသွားတော်(၃၃)ဆူကို ပြန်လည် ရှာ ဖွေ ပြီး တစ်ဆူခွဲပေးသဖြင့် ကျိုက် မတ်ကော်စေတီတော်တွင် ထည့် သွင်းဌာပနာခဲ့ပါသည်။ ထို့ကြောင့် ကျိုက်မတ်တော်စေတီတော် တွင် မြတ်စွာဘုရား၏ ဆံတော်နှင့် သွား တော်ဌာပနာနိုင်ခဲ့ပြီး တန်ခိုးအ လွန်ကြီးခြင်းဖြစ်ပါသည်။

စေတီတော်ကို ၃၀မီတာ (၁၀၀ပေ)ခန့် မြင့်သော တောင်မြောက် တန်းနေသည့် ဖလေးတောင်တန်းလေး အပေါ်၌ တည်ထားသည်။ ဤနေရာ၌ ထိုတောင်တန်းလေး ဖြစ်လာပုံကို အနည်း ပြောချင်သည်။ ဖလေးရွာ၊ ဖလေးစေတီတော်ကို ကောင်းကင်မှ ဖူးတွေ့ရပုံ မြန်မာပြည်၏ ငလျင်ဘူမိဗေဒ၌ ထင်ရှားသော စစ်ကိုင်းပြတ်ရွေ့ရှိသည်။

ထိုပြတ်ရွေ့တစ်လျောက် မြေထုချပ်ကြီးများ တောင်မြောက် ရွေ့သောအခါ ထိစပ်ရာ မျက်နှာပြင်ရှိ ကျောက်စိုင်များကို ဖိညစ်၍သွားတတ်သလို ဆွဲဆန့်၍လည်း သွားသည်။ ထိုအခါ ဖိညစ်ခံရသည့်နေရာ များသည် တောင်ကုန်းငယ်များ အတန်းလိုက် ဖြစ်ကျန်သကဲ့သို့ ဆွဲဆန့်ခံရသည့် နေရာများ၌လည်း ချိုင့်ဝှမ်းများ ဖြစ်ကျန်ရစ်သည်။ ဖလေးတောင်သည် ထိုနည်းနှင့် ဖြစ်လာသော တောင်ကုန်း pressure ridge ဖြစ်သည်။

ပဲခူးမြို့မြောက်ဖက် ဘုရားကြီးမြို့အနား၌ ရွှေဒန်းအင်း ဆိုတာရှိသည်။ ထိုအင်းသည် ဆွဲဆန့်ခံရသော sag pond အမျိုးအစား ဖြစ်သည်။ ဆိုလိုသည်မှာ ဖလေးစေတီသည် စစ်ကိုင်း ပြတ်ရွေ့အပေါ်မှ စေတီ ဖြစ်သည်။ ထိုကြောင့် ငလျင်လှုပ်သဖြင့် မကြာခဏ ပြိုကျသည်။ သို့သော် ပြိုကျသည့် အခါတိုင်း ပြန်ပြင်နိုင်သည် မဟုတ်ပေ။ မြို့ကြီး ပြကြီး စေတီတော် မဟုတ်သဖြင့် ပျက်၍ အတော်ကြီး ကြာမှ ပြင်နိုင်ကြသည်။ ပြင်ပြီးနောက် ငလျင်ဒဏ်ကြောင့် ပြိုရပြန်သည်။

မြန်မာနှစ် ၁၂၉၂ (၁၉၃၀)က ငလျင်ကြီး လှုပ်သဖြင့် အပေါ်ပိုင်းများ ပျက်ခဲ့သော စေတီတော်ကို ပြထားသည်။ ၁၂၉၂ငလျင်ဒဏ်ကြောင့် ပျက်သွားသော ဖလေးစေတီတော် ဖလေးစေတီတော်သည် ငလျင်ဒဏ်ကို အကြိမ်များစွာ ခံရပုံရသည်။ ရှေးမှတ်တမ်း အချို့၌ ပြထားသည်မှာ ခရစ်နှစ် ၉၅၆၊ ၁၃၈၉၊ ၁၅၆၇၊ ၁၇၆၈ နှင့် ၁၈၃၀ များ၌လည်း ငလျင်ကြောင့် ပျက်စီး ဆိုသည်။ ၁၉၃၀ ပဲခူးငလျင်ကြီး လှုပ်စဉ်က ဗဟိုချက်ကို ပြရာ၌ ဤဖလေး စေတီတော် တည်ရာ တောင်ကုန်းငယ်တစ်ဝိုက်ကို ပြသည်။ နောက်ပိုင်း လေ့လာချက်များ အရလည်း ဖြစ်နိုင်သည်။

ဖလေးတောင်ကုန်းမှ အခြားသော ပြတ်ရွေ့ငယ်တစ်ခု တာဝဖက်သို့ ဖြာထွက်သွားသည်ကို တွေ့ထားပြီး ထိုဖြာထွက်သော အပိုင်းကလည်း (ငလျင်ကြီး လှုပ်သည့် အထောက်အထား မတွေ့ရသေးသည့်တိုင်) စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ပင် အရွေ့ရှိသည်။ စစ်ကိုင်းပြတ်ရွေ့၏ ပဲခူးအဆစ်ပိုင်း၌ ဖလေးတောင်သည် အလယ်၌ရှိသည်။ မြောက်ဖက် ဘုရားကြီးမြို့ဟောင်း အနီးမှ တောင်ဖက် ပင်လယ်ဝထိ ၁၁၀ ကီလိုမီတာ ရှည်သည်။ ထိုမျှ ရှည်သော ပြတ်ရွေ့သည် ငလျင်ပမာဏ ၇.ဝနှင့် အထက် လှုပ်လေ့ ရှိသည်။ ဖြောင့်တန်းနေသော စစ်ကိုင်းပြတ်ရွေ့နှင့် ဤ ဖလေးတောင်ကို ကြည့်မိတိုင်း ငလျင်ကြီးနှင့် ဆက်စပ်မိမြဲ ဖြစ်သည်။

သဘာဝဘေးရန် လောကဓံ အမျိုးမျိုးကို ကြုံတွေ့ခဲ့သည့် ကျိုက်မတ်ကော်စေတီတော်အား ယခုအချိန်တွင် ဖူးတွေ့ရသည်အ တိုင်း အသစ်တစ်ဖန်တည်ထား ကိုး ကွယ်နိုင်ရန် တည်ဆောက်ပြုပြင် ခဲ့သူ သာသနာပြုဆရာတော်မှာ ပဲခူး(၁ဝ)မိုင်ကုန်းမှ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုန္ဒရဖြစ်ပါသည်။ ကျိုက်မတ်ကော် စေတီ တော်၏ ထူးခြားချက်မှာ ပန်းတင် ခုံပေါ်တွင် ရဟန္တာ ၅ဝဝ စေတီ တော်ကြီးကို ဝိုင်းပတ်၍ဆွမ်းခံကြွ နေပုံ ထုလုပ်ထားခြင်းဖြစ်ပြီးရဟန္တာ ပုံတော်များလက်ရာအလွန်မြောက် သဖြင့် တကယ့် ရဟန္တာအရှင်မြတ် များဆွမ်းခံကြွနေသည့်ဟုပင် ထင်မိပါသည်။

ကျွန်တော်သည် မြန်မာ နိုင်ငံတစ်ဝန်းရှိ ဘုရားပုထိုးစေတီ များကို ရောက်ဖူးသော်လည်းဤမျှ များပြားသော ရဟန္တာ များ ဆွမ်းခံကြွနပုံကိုမတွေ့ဖူးပါ။ သုဝဏ္ဏဘူမိ သထုံပြည်သို့ မြတ်စွာဘုရားနှင့် ရဟန္တာများ ဆွမ်းခံကြွလာပုံကို ထုဆစ် ထားခြင်း ဖြစ်သဖြင့် ဘုရား ဒါယကာအလှူရှင်များ စိတ်ကူး ကောင်းပုံနှင့် သဒ္ဓါတရားထက်သန် ပုံကို လေးစားမိပါသည်။

ဆံတော်ရှင် ကျိုက်မတ် ကော်စေတီတော်ကြီးသည် မြန်မာနိုင်ငံတွင် ဉာဏ်တော်စတုတ္ထအ မြင့်ဆုံးနှင့် ထီးတော် ဒုတိယအကြီး ဆုံးဖြစ်ကြောင်း၊ ကျိုက်မတ်ကော် စေတီတော်အနီး တောအုပ်ထဲမှ ဆင်ဖြူတော် ရရှိဖူးကြောင်းလည်း ဆရာချစ်စံဝင်း၏ ပြောကြားချက်အရသိရပါသည်။ တပို့တွဲလပြည့်တွင် ကျင်းပသော ကျိုတ်မတ်ကော်ဘုရားပွဲ သို့ ဒေသခံများနှင့် အတူလှည်းဖြင့် သွားနိုင်လျင် ရှေးခေတ်မွန်လူမျိုး များ ၏ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် အလှူဒါနထက်သန်မှုတို့ကိုပိုမို နား လည်လာလိမ့်မည်ဟုထင်မိပါသည်။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ဆံတော်ရှင် ကျိုက်မတ်ကော်စေတီတော် – ဘသန်းတင်
ဖလေးဘုရား- မွန်သမိုင်း၊ ငလျင်သမိုင်း

Tags: pagodas

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!