အမေရိကန် Seattle မြို့သားတဦးဟာ ကိုဗစ်ရောဂါကုသမှုအပြီး ဆေးရုံအဆင်းမှာတော့ ရောဂါပျောက်ကင်းသွားတာကို ဝမ်းမသာနိုင်တဲ့အပြင် ထိတ်လန့်စရာအဖြစ် နဲ့ ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ဆေးရုံမှာ အချိန်ကြာနေပြီး ကုသခဲ့တဲ့အတွက် ကုသစရိတ်စုစုပေါင်းအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁သိန်းအထိ ကျသင့်နေတာဖြစ်ပါတယ်။
အသက် ၇၀ အရွယ် Michael Flor ဆိုတဲ့ အဘိုးအိုဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ဒဏ်ကို သေလုမျောပါးခံစားခဲ့ရပြီးမှ ပြန်လည်သက်သာလာခဲ့ခြင်းဖြစ်ကာ ဆေးရုံက ငွေတောင်းခံလွှာဟာ သူ့ကိုနောက်တခါ သေလုမျောပါး ထပ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ငွေတောင်းခံလွှာ စာအိတ်ကို ဖွင့်ဖတ်အပြီးမှာတော့ ဘုရားသခင် လို့ အလန့်တကြားအော်မိခဲ့တယ် လို့ သူက ပြောပါတယ်။
Mr Flor ဟာ မတ်လ ၄ ရက်နေ့က Issaquah မြို့က Swedish Medical Centre မှာ တက်ရောက်ကုသခဲ့တာဖြစ်ပြီး သူ့ဆီကိုရောက်လာတဲ့ ဆေးရုံငွေတောင်းခံလွှာစာရွက်မှာ စာမျက်နှာစုစုပေါင်း ၁၈၁ မျက်နှာ တောင်ပါဝင်ပါတယ်။ သူဟာ ဆေးရုံ ၆၂ ရက်ကြာတက်ခဲ့ရပြီး ကုသစရိတ် နဲ့ နေထိုင်စရိတ် စုစုပေါင်းပါက အမေရိကန်ဒေါ်လာ ၁၁၂၂ ၅၀၁ ( မြန်မာငွေနဲ့တွက်ရင် သန်းပေါင်း ၁၆၀၀ နီးပါး) အထိ ကျသင့်ခဲ့တာဖြစ်ပါတယ်။
ကျွန်တော် ရောဂါကနေ အသက်ပြန်ရှင်လာတာကို အပြစ်တခုလို့ပဲ ခံစားရပါတယ်။ ကျွန်တော့်ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဒီငွေကို ကျွန်တော်ဘယ်လို့ ပြန်ဆပ်ရမှာလဲ ၊ အခုလို ဖြစ်လာတာအားလုံးဟာ အသက်ပြန်ရှင်လာခြင်းရဲ့အပြစ်တခုပါပဲ လို့ သူကငြီးတွားပြောဆိုပါတယ်။
ဗိုင်းရပ်စ်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ စနစ်တွေ ခဏခဏ တိုက်ခိုက်ခဲ့တာကြောင့် သူ့ရဲ့စရိတ်ဟာ အခုလောက်အထိ ကျသင့်ခဲ့တာဖြစ်ပါတယ်။ ငွေတောင်းခံလွှာမှာ ဖော်ပြချက်အရ အကြောင်းအရာပေါင်း ၃၀၀၀ ခန့်အတွက် ကျသင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆေးရုံရောက်လို့ ၂ရက်အကြာမှာပဲ Mr Flor ရဲ့ နှလုံး ၊ ကျောက်ကပ် နဲ့ အဆုပ်တွေဟာ ကောင်းကောင်းအလုပ်မတော့ပဲ သေလုနီးပါး ခံစားခဲ့ရတာကြောင့် အပြင်းအထန်ကုသခဲ့ရပြီး အဲဒီ ၂ရက်အတွက် ကုသစရိတ်ကတင် ဒေါ်လာ ၁သိန်းဖြစ်ပါတယ်။ သူ့ကို ဝင်ရောက်ကုသတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဝတ်တဲ့ အကာအကွယ်ဝတ်စုံက တင် ဒေါ်လာ ၁၀၀၀၀ နီးပါးအထိ စရိတ်ရှိနေပါတယ်။
အထူးကြပ်မတ်ကုသဆောင်မှာ အသက်ကယ်ပစ္စည်းအပြည့်အစုံနဲ့ ၄၂ ရက်ကြာ ကုသအပြီး ငွေတောင်းခံလွှာမှာတော့ ဒေါ်လာ ၄၀၈၉၁၂ အထိ ကျသင့်ခဲ့ပြီး အသက်ရှုအားကူးစက် ventilator ကို ၂၉ ရက်ကြာ အသုံးပြုခဲ့မှုအတွက်က ဒေါ်လာ ၈၂၂၁၅ ကျသင့်ပါတယ်။
ကံကောင်းတာ တခုကတော့ Mr Flor မှာ ကျန်းမာရေးအာမခံရှိနေတာပါ။ ဒါပေမယ့် ကုသစရိတ်ရဲ့ အများစုကို အာမခံကုမ္ပဏီက ပေးဆောင်ပေးခဲ့ရင်တောင်မှ ပမာဏဟာ များပြားလွန်းတာကြောင့် ကျန်ရှိတဲ့ တချို့တဝက်အတွက် Mr Flor အနေနဲ့ ဆပ်နိုင်ဖို့ မလွယ်ကူလှပါဘူး။
“ကျွန်တော့်အသက်ကို ကယ်တင်ဖို့ ဒေါ်လာ ၁သန်းကျော်ကို သုံးခဲ့ရတယ်။ အခု အဲဒီငွေတွေကို ပြန်ဆပ်ဖို့ ကျွန်တော့်ဘဝတခုလုံးကို သုံးရတော့မယ်။ ကျွန်တော့်မှာပြောစရာလည်း ဒါပဲရှိပါတော့တယ်” လို့ Mr Flor က ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တခုခုပြောဖို့ ဆေးရုံကို တိုင်းမ်မဂ္ဂဇင်းက ဆက်သွယ်ခဲ့ပေမယ့် ဆေးရုံဘက်ကနေ တစုံတရာ တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
——- ——– ———–
(Zawgyi)
ေဆး႐ုံအၾကာဆုံး တက္ခဲ့တဲ့ ကိုဗစ္လူနာ ကုသစရိတ္ ေဒၚလာ ၁၁သိန္းေက်ာ္ က်သင့္
အေမရိကန္ Seattle ၿမဳိ႕သားတဦးဟာ ကုိဗစ္ေရာဂါကုသမႈအၿပီး ေဆးရုံအဆင္းမွာေတာ့ ေရာဂါေပ်ာက္ကင္းသြားတာကို ၀မ္းမသာႏုိင္တဲ့အျပင္ ထိတ္လန္႔စရာအျဖစ္ နဲ႔ ႀကဳံခဲ့ရပါတယ္။ အဲဒါကေတာ့ ေဆးရုံမွာ အခ်ိန္ၾကာေနၿပီး ကုသခဲ့တဲ့အတြက္ ကုသစရိတ္စုစုေပါင္းအေနနဲ႔ အေမရိကန္ေဒၚလာ ၁၁သိန္းအထိ က်သင့္ေနတာျဖစ္ပါတယ္။
အသက္ ၇၀ အရြယ္ Michael Flor ဆုိတဲ့ အဘုိးအုိဟာ ကိုရုိနာဗုိင္းရပ္စ္ရဲ႕ဒဏ္ကို ေသလုေမ်ာပါးခံစားခဲ့ရၿပီးမွ ျပန္လည္သက္သာလာခဲ့ျခင္းျဖစ္ကာ ေဆးရုံက ေငြေတာင္းခံလႊာဟာ သူ႔ကိုေနာက္တခါ ေသလုေမ်ာပါး ထပ္ျဖစ္ေစတယ္လုိ႔ ဆုိပါတယ္။ ေငြေတာင္းခံလႊာ စာအိတ္ကို ဖြင့္ဖတ္အၿပီးမွာေတာ့ ဘုရားသခင္ လုိ႔ အလန္႔တၾကားေအာ္မိခဲ့တယ္ လုိ႔ သူက ေျပာပါတယ္။
Mr Flor ဟာ မတ္လ ၄ ရက္ေန႔က Issaquah ၿမဳိ႕က Swedish Medical Centre မွာ တက္ေရာက္ကုသခဲ့တာျဖစ္ၿပီး သူ႔ဆီကုိေရာက္လာတဲ့ ေဆးရုံေငြေတာင္းခံလႊာစာရြက္မွာ စာမ်က္ႏွာစုစုေပါင္း ၁၈၁ မ်က္ႏွာ ေတာင္ပါ၀င္ပါတယ္။ သူဟာ ေဆးရုံ ၆၂ ရက္ၾကာတက္ခဲ့ရၿပီး ကုသစရိတ္ နဲ႔ ေနထုိင္စရိတ္ စုစုေပါင္းပါက အေမရိကန္ေဒၚလာ ၁၁၂၂ ၅၀၁ ( ျမန္မာေငြနဲ႔တြက္ရင္ သန္းေပါင္း ၁၆၀၀ နီးပါး) အထိ က်သင့္ခဲ့တာျဖစ္ပါတယ္။
ကြ်န္ေတာ္ ေရာဂါကေန အသက္ျပန္ရွင္လာတာကို အျပစ္တခုလုိ႔ပဲ ခံစားရပါတယ္။ ကြ်န္ေတာ့္က်မွ ဘာလုိ႔ ဒီလုိျဖစ္ရတာလဲ။ ဒီေငြကို ကြ်န္ေတာ္ဘယ္လုိ႔ ျပန္ဆပ္ရမွာလဲ ၊ အခုလုိ ျဖစ္လာတာအားလုံးဟာ အသက္ျပန္ရွင္လာျခင္းရဲ႕အျပစ္တခုပါပဲ လုိ႔ သူကၿငီးတြားေျပာဆုိပါတယ္။
ဗုိင္းရပ္စ္ဟာ အသက္ရႈလမ္းေၾကာင္းဆုိင္ရာ စနစ္ေတြ ခဏခဏ တုိက္ခုိက္ခဲ့တာေၾကာင့္ သူ႔ရဲ႕စရိတ္ဟာ အခုေလာက္အထိ က်သင့္ခဲ့တာျဖစ္ပါတယ္။ ေငြေတာင္းခံလႊာမွာ ေဖာ္ျပခ်က္အရ အေၾကာင္းအရာေပါင္း ၃၀၀၀ ခန္႔အတြက္ က်သင့္ခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။
ေဆးရုံေရာက္လုိ႔ ၂ရက္အၾကာမွာပဲ Mr Flor ရဲ႕ ႏွလုံး ၊ ေက်ာက္ကပ္ နဲ႔ အဆုပ္ေတြဟာ ေကာင္းေကာင္းအလုပ္မေတာ့ပဲ ေသလုနီးပါး ခံစားခဲ့ရတာေၾကာင့္ အျပင္းအထန္ကုသခဲ့ရၿပီး အဲဒီ ၂ရက္အတြက္ ကုသစရိတ္ကတင္ ေဒၚလာ ၁သိန္းျဖစ္ပါတယ္။ သူ႔ကို ၀င္ေရာက္ကုသတဲ့ က်န္းမာေရး၀န္ထမ္းေတြ ၀တ္တဲ့ အကာအကြယ္၀တ္စုံက တင္ ေဒၚလာ ၁၀၀၀၀ နီးပါးအထိ စရိတ္ရွိေနပါတယ္။
အထူးၾကပ္မတ္ကုသေဆာင္မွာ အသက္ကယ္ပစၥည္းအျပည့္အစုံနဲ႔ ၄၂ ရက္ၾကာ ကုသအၿပီး ေငြေတာင္းခံလႊာမွာေတာ့ ေဒၚလာ ၄၀၈၉၁၂ အထိ က်သင့္ခဲ့ၿပီး အသက္ရႈအားကူးစက္ ventilator ကို ၂၉ ရက္ၾကာ အသုံးျပဳခဲ့မႈအတြက္က ေဒၚလာ ၈၂၂၁၅ က်သင့္ပါတယ္။
ကံေကာင္းတာ တခုကေတာ့ Mr Flor မွာ က်န္းမာေရးအာမခံရွိေနတာပါ။ ဒါေပမယ့္ ကုသစရိတ္ရဲ႕ အမ်ားစုကို အာမခံကုမၸဏီက ေပးေဆာင္ေပးခဲ့ရင္ေတာင္မွ ပမာဏဟာ မ်ားျပားလြန္းတာေၾကာင့္ က်န္ရွိတဲ့ တခ်ဳိ႕တ၀က္အတြက္ Mr Flor အေနနဲ႔ ဆပ္ႏုိင္ဖုိ႔ မလြယ္ကူလွပါဘူး။
“ကြ်န္ေတာ့္အသက္ကို ကယ္တင္ဖုိ႔ ေဒၚလာ ၁သန္းေက်ာ္ကို သုံးခဲ့ရတယ္။ အခု အဲဒီေငြေတြကို ျပန္ဆပ္ဖုိ႔ ကြ်န္ေတာ့္ဘ၀တခုလုံးကို သုံးရေတာ့မယ္။ ကြ်န္ေတာ့္မွာေျပာစရာလည္း ဒါပဲရွိပါေတာ့တယ္” လုိ႔ Mr Flor က ေျပာခဲ့ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး တခုခုေျပာဖုိ႔ ေဆးရုံကို တုိင္းမ္မဂၢဇင္းက ဆက္သြယ္ခဲ့ေပမယ့္ ေဆးရုံဘက္ကေန တစုံတရာ တုံ႔ျပန္ျခင္း မရွိခဲ့ပါဘူး။