Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆလော့ (သို့) မျောက်မောင်းမ (သို့) မျောက်ပျင်း တို့အကြောင်း

by Thutamm
August 16, 2019
Reading Time: 1min read
0
ဆလော့ (သို့) မျောက်မောင်းမ (သို့) မျောက်ပျင်း တို့အကြောင်း
Share on FacebookShare on Twitter

ဆလော့(Sloth) ဆိုတဲ့အကောင်ငယ်လေးတွေကို ကာတွန်းကားကြည့်တဲ့သူဆိုရင် မကြာခဏမြင်ဖူးပါလိမ့်မယ်။  Zootopia ကြည့်ဖူးတဲ့သူဆို ရင်းနှီးမှာ အသေအချာပါ။ သွားလာလှု့ပ်ရှားရာမှာ အလွန်နှေးကွေးလွန်းပြီး အအိပ်ကြီးလွန်းတာကြောင့် ငပျင်းလေးတွေလို့လည်း ဆိုကြပါတယ်။ မြန်မာလိုဆိုရင်တော့ Sloth ကို မျောက်မောင်းမ(မျောက်ပျင်း) လို့ခေါ်မယ် ထင်ပါတယ်။

ဆလော့ကို ကျွန်တော်တို့သိကြတာက တစ်မျိုးတည်းဖြစ်ပေမယ့် တကယ်က ဆလော့က ၆မျိုးရှိပါတယ်။ အဓိကအုပ်စုကြီးကတော့ နှစ်ခုပါ။ Two-toed Sloth နဲ့ Three-toed Sloth ဆိုပြီးတော့ပါ။ လက်ချောင်း နှစ်ချောင်း နဲ့ သုံးချောင်းပါတဲ့ အကောင်ဆိုပြီးခွဲထားတာပါ။

Sloth ဟာသစ်ပင်နေနို့တိုက်သတ္တဝါ(mammals)အနွယ်ဝင်ဖြစ် Central America(မြောက်အမေရိကတိုက်ရဲ့ တောင်ဘက်စွန်းအပိုင်း) နဲ့ တောင်အမေရိကတိုက်တို့မှာ နေထိုင်ကြပါတယ်။ အရင်ကတော့ မြေပေါ်နေ Sloth ဖြစ်တဲ့ Megatherium ဆိုတာရှိခဲ့ဖူးပြီး အခုတော့ မျိုးတုံးပျောက်ကွယ်သွားပါပြီ။

သူတို့ဟာ အပူပိုင်း နဲ့ အပူလျှော့ပိုင်း ရာသီဥတုရှိရာ မိုးသစ်တောတွေမှာ အနေများတတ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟာ ပုံမှန်ထက်အဆပေါင်းများစွာ နှေးကွေးပါတယ်။ ဒါဟာ ဆလော့အကောင်အရေအတွက်ကို တဖြည်းဖြည်းလျှော့နည်းသွားစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။ ပုံမှန်ဆလော့တစ်ကောင်ဟာ ၂ပေကနေ ၂.၅ပေ အမြင့်ရှိပြီး ၈ပေါင်ကနေ ၁၇ပေါင်ခန့် အထိ အလေးချိန်ရှိပါတယ်။ကိုယ်ခန္ဓာ အမွှေးအရောင်ကလည်း အနက် ၊ အညို ၊ မီးခိုး စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ မျက်လုံးနဲ့ နားရွက်ကြီးပြီး အမြီးတိုပါတယ်။

ဆလော့တွေဟာ သစ်ရွက်တွေ သစ်သီးတွေ စားတတ်ပါတယ်။ Three-toed ဆလော့တွေဟာ အလွန်ပျော့ပြောင်းပြီး သူတို့ရဲ့ဦးခေါင်းဘယ်ညာကို ၂၇၀ဒီဂရီအထိ လှည့်နိုင်စွမ်းရှိပါတယ်။ Sloth တွေဟာ ပုံမှန်အားဖြင့် တစ်နေ့ကို နာရီ ၂၀ ဝန်းကျင်ခန့်အိပ်စက်တတ်ပါတယ်။ အိပ်နေတဲ့အခါ သစ်ပင်ပေါ်မှာ ရေညှိပင်တွေပေါက်နေတဲ့ပုံနဲ့တူပါတယ်။ ကျန်တဲ့အချိန်တွေကတော့ အစားအသောက်ရှာဖွေစားသောက်တတ်ကြပါတယ်။

သူတို့ရဲ့ ဝမ်းဗိုက်ထဲမှာ အခန်းပေါင်း များစွာ ပါဝင်ပြီး အဲဒီထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက မာကျောတဲ့ အရွက်တွေကို ချိုးဖျက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစာချေဖျက်နိုင်စွမ်းဟာ နှေးကွေးပြီး အစာကြေဖို့ တစ်လ ဒါမှမဟုတ် တစ်လထက်ပိုပြီး အချိန်ယူရလေ့ရှိပါတယ်။ Sloth တွေဟာ များသောအားဖြင့် Cecropia သစ်ပင်တွေမှာ နေထိုင်လေ့ရှိကြပါတယ်။

ဆလော့တွေဟာ မြေပေါ်မှာသွားတဲ့အခါ ၁၀ပေ အကွာအဝေးကိုရောက်ဖို့ ၁မိနစ်သွားရပါတယ်။ ဒါပေမယ့် ရေကူးတဲ့အခါမှာတော့ ၁မိနစ်ကို ၄၅ပေ အကွာအဝေးထိရောက်အောင် ကူးနိုင်ပါတယ်။

အပင်ပေါ်ကနေ မြေပြင်ပေါ်ကို ဆင်းခဲတဲ့သတ္တဝါဖြစ်ပြီး အပေါ့အလေး သွားချင်မှသာ ဆင်းလေ့ရှိပါတယ်။ ဆင်းခဲတဲ့အကြောင်းကတော့ မြေပေါ်ရောက်တာနဲ့ သူတို့ဟာ တောကောင်ကြီးတွေရဲ့အစာ အချိန်မရွေးဖြစ်သွားနိုင်လို့ပါ။ သူတို့ကို အဓိက ရန်ရှာစားသောက်တဲ့အကောင်တွေကတော့ ကျားသစ် ၊ မြွေ ၊ Ocelot ဆိုတဲ့ တောကြောင်ကြီး တွေနဲ့ အသားစားငှက်တွေပဲဖြစ်ပါတယ်။

သူတို့ရဲ့လက်သည်းတွေဟာ ၃လက်မကနေ ၄လက်မဝန်းကျင်အထိ ရှည်လျားပါတယ်။ ဒါကြောင့်လည်း မြေပေါ်မှာသွားရင်နှေးပေးမယ့် သစ်ပင်ပေါ်မှာ သွားလာတဲ့အခါ မြန်ဆန်အောင် ဒီလက်သည်းတွေက ကူညီပေးပါတယ်။ လက်သည်းတွေကို တောကောင်ကြီးတွေရဲ့ အန္တရာယ်ကို ကာကွယ်တဲ့လက်နက်အဖြစ်လည်း သုံးတတ်ကြပါတယ်။ တိုက်ခိုက်တဲ့အခါ Sloth တွေဟာ ကိုက်တတ်သလို ၊ ကျယ်လောင်စွာအော်လေ့လည်း ရှိပါတယ်။

များသောအားဖြင့် Sloth တွေဟာ တစ်ကိုယ်တည်းနေထိုင်တတ်ကြပြီး မိတ်လိုက်ရာသီရောက်မှသာ အခြား Sloth တွေနဲ့ ဆုံလေ့ရှိကြပါတယ်။ မိတ်လိုက်ရာသီရောက်တဲ့အခါ Sloth အမတွေဟာ အသံပေးတတ်ပါတယ်။ ဒီအခါမျိုးမှာ မိတ်လိုက်လိုတဲ့ Sloth အထီးတွေဟာ အချင်းချင်းတိုက်ခိုက်ကြတတ်ပါတယ်။ အနိုင်ရသူဟာ မိတ်လိုက်ခွင့်ကို ရတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဟာ ၇လ ကနေ ၁၀လ အထိကြာတတ်ပါတယ်။ မွေးကာစ ဆလော့တွေဟာ ၆လကနေ ၂နှစ်ခန့် အထိ မိခင်ရဲ့ထိမ်းသိန်းစောင့်ရှောက်မှုကို ခံကြရပါတယ်။ ပုံမှန်အားဖြင့် Sloth တွေရဲ့ သက်တမ်းဟာ ၁၀နှစ်မှ ၁၆နှစ်ဖြစ်ပြီး တခါတရံမှာတော့ ၃၀နှစ် ဝန်းကျင်အထိရှိတတ်ပါတယ်။

VIDEO

သုတဇုန်

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!