Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆိုနီကုမ္ပဏီ အကြောင်း သိကောင်းစရာ

by Thutamm
May 15, 2020
Reading Time: 4min read
0
ဆိုနီကုမ္ပဏီ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အားလုံးနဲ့ ရင်းနှီးပြီးနာမည်ဖြစ်တဲ့ Sony ဆိုတာကတော့ ကမ္ဘာ့ထိပ်တန်း ဖျော်ဖြေရေးဆိုင်ရာ အီလက်ထရောနစ် ထုတ်ကုန်အမှတ်တံဆိပ် တခုအဖြစ် ရှိနေပြီးသူရဲ့ထုတ်ကုန်တွေရဲ့အရည်အသွေးပိုင်းအရလည်း ယနေ့တိုင် အီလက်ထရောနစ်ပစ္စည်း ဈေးကွက်အများစုကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Sony ကုမ္ပဏီ ဟာ ဂျပန်နိုင်ငံ၊တိုကျိုမြို့က မီနာတိုအရပ်မှာအခြေစိုက်ပြီး အများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေမှာသာမက ဘဏ္ဍာငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ၊ အာမခံလုပ်ငန်း၊ဘဏ်လုပ်ငန်းနဲ့ ကြေငြာအေဂျင်စီတွေအဖြစ်နဲ့လည်း ဝန်ဆောင်မှုတွေပေးနေတာကိုတွေ့ရပါတယ်။ ဒီလိုနာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်လာဖို့ အတွက်တော့ Sony ဟာများစွာသောအခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီတခါတော့ Sony ကုမ္ပဏီရဲ့ စိတ်ဝင်စားစရာ အချက်အလက်တချို့ကို သုတဇုန် မိတ်ဆွေတွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

Sony ကုမ္ပဏီကို ဒုတိယကမ္ဘာစစ်နွံထဲကနေ ဂျပန်တို့ ရုန်းထွက်နေချိန်ကာလဖြစ်တဲ့ (၁၉၄၆)ခုနှစ်၊မေလ(၇)ရက်နေ့မှာ ဂျပန်လူမျိုးတွေဖြစ်တဲ့ Masaru Ibuka နဲ့ Akio Morita တို့က ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ ယနေ့ခေတ်တန်ဖိုးနဲ့ တွက်ရင် အမေရိကန်ဒေါ်လာ ၁၅၀၀ ခန့် နဲ့ ဒီလုပ်ငန်းကို စခဲ့ကြတာဖြစ်ပါတယ်။

Sony ကိုစတင်တည်ထောင်ချိန်(၁၉၄၆)ခုနှစ်ကာလအချိန်ကတော့ ကုမ္ပဏီရဲ့အမည်ဟာ Tokyo Tsushin Kogyo (TTK) လို့သိကြတဲ့Tokyo Telecommunication Liberty (တိုကျိုရဲ့ဆက်သွယ်ရေးဆိုင်ရာအဖွဲ့အစည်း)ကိုရည်ညွှန်းပါတယ်။ နောက်ထပ်(၁၂)နှစ် ကာလကြာပြီးချိန်မှာတော့ (TTK)ဆိုတဲ့အမည်ကနေ Sony ဆိုပြီးဖြစ်လာခဲ့ပါတယ်။

Sony ဟာဂျပန်စကားတော့မဟုတ်ပါဘူး။ လက်တင်ဘာသာစကား Sonic နဲ့ ၁၉၅၀ တဝိုက်က အမေရိကန်လူငယ်တွေကိုခေါ်တဲ့ဗန်းစကား Sonny တို့ကို ပေါင်းစပ်ပြီး ပေးထားတဲ့ နာမည်ဖြစ်ပါတယ်။

Sony ဖြစ်လာမယ့် မူလကုမ္ပဏီရဲ့ အဓိကလုပ်ငန်းဟာ ရေဒီယိုပြုပြင်ရေးဖြစ်ပြီး ဒါနဲ့ အတူ ကိုယ်ပိုင်ထုတ်ကုန်အဖြစ် ထမင်းပေါင်းအိုးတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ (၁၉၄၆)ခုနှစ်ကာလက ထမင်းပေါင်းအိုးတွေထုတ်လုပ်ခဲ့ပေမယ့် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိတာကြောင့် ဈေးကွက်အတွင်းမှာတော့ အောင်မြင်မှုမရခဲ့ပါဘူး။ အကြောင်းကတော့ သူတို့ထုတ်တဲ့ ထမင်းပေါင်းအိုးတွေဟာ ဆန်တွေကိုအလွန်အမင်းခြောက်ကပ်စေလို့ ဖြစ်ပါတယ်။

Sony တံဆိပ်ကပ်ကာ ပထမဆုံးထုတ်ခဲ့တာကတော့ TR-55 transistor ရေဒီယိုတွေဖြစ်ပြီး ၁၉၅၅ တဝိုက်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကိုတော့ မူလနာမည်အတိုင်းပဲထားရှိပြီး ၁၉၅၈ခုနှစ်မှ Sony နာမည်ကို တရားဝင်ပြောင်းလိုက်တာဖြစ်ပါတယ်။

၁၉၅၅ ဝန်းကျင်မှာ ထပ်မံထုတ်လုပ်တဲ့ TR-63 အိတ်ဆောင် ရေဒီယိုတွေကတော့ အမေရိကန်အထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ဒီအိတ်ဆောင်ရေဒီယိုတွေဟာ အမေရိကန်ဆယ်ကျော်သက်တွေအကြား ရေပန်းစားခဲ့ပြီး ၁၉၆၈ ခုနှစ်အထိဆိုရင် ရေဒီယိုလုံးရေ ၅သန်းနီးပါးအထိ ရောင်းချနိုင်ခဲ့ပါတယ်။

၁၉၆၀ မှာတော့ အမေရိကန် နယူးယောက်မှာ ကုမ္ပဏီခွဲဖြစ်တဲ့ Sony Corporation of America ကို ထူထောင်ခဲ့ပါတယ်။ ၁၉၆၀-၈၀ တဝိုက်မှာတော့Sony ဟာ တီဗီ ၊ တိတ်ရီကော်ဒါ ၊ ထရန်စစ္စတာ၊ ရေဒီယို ၊ ဗီဒီယိုရီကော်ဒါ ၊ ကတ်ဆက် ၊ ဂဏန်းပေါင်းစက် ၊ မိုက်ခရိုဖုန်း စတာတွေကို ထုတ်လုပ်ခဲ့ပါတယ်။

Sony ဟာ သူ့ရဲ့နာမည်ကျော် အမှတ်အသားတခုဖြစ်တဲ့ Walkman အိတ်ဆောင်ကတ်ဆက်ကိုတော့ ၁၉၇၉ ခုနှစ် စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီထုတ်ကုန်ဟာ ကမ္ဘာ့တေးဂီတလောကကို လှုပ်ခတ်စေခဲ့တဲ့အရာဆိုလည်း မမှားပါဘူး။ အဲဒီအချိန်က အိတ်ဆောင်ကတ်ဆက်တွေဟာ အရွယ်ပမာဏကြီးတာကြောင့် Sonyရဲ့ Walkman ထွက်လာတဲ့ အခါ လူကြိုက်များကုန်ကြတယ်။

မိမိနှစ်သက်ရာ တိတ်ခွေကို သွားရင်းလာရင်း တပါတည်း နားထောင်လို့ရတဲ့အတွက် တကမ္ဘာလုံးက ဆယ်ကျော်သက်တွေသာ မက လူကြီးတွေထိ ရေပန်းစားခဲ့တယ်။ ၁ လကို Walkman အလုံးရေ ၅၀၀၀ လောက်ရောင်းရမယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပေမယ့် တကယ်တမ်းတော့ အစ ၂လမှာတင် အလုံးရေ ၅သောင်းကျော် ရောင်းချနိုင်ခဲ့တယ်။ ၂၀၀၉ ခုနှစ်ထိ ဆိုရင်တော့ Walkman လုံးရေ ၃၈၅ သန်း ရောင်းချနိုင်ခဲ့တဲ့အထိ အောင်မြင်မှုကြီးမားခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာတော့ Sonyဟာ SMC-70 လို့ခေါ်တဲ့ 8-bit တကိုယ်ရေသုံးကွန်ပျူတာ နဲ့ ၁၉၈၃ မှာတော့ ပိုမိုဖန်ရှင်စုံလာတဲ့ SMC-777 ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီကွန်ပျူတာမှာတော့ Sony BASIC ကိုသုံးကာ ရေးသားထားတဲ့ ဆော့ဝဲ ၈ ခုသာ ပါရှိပါတယ်။

(၁၉၉၈)ခုနှစ်မှာတော့Sony ဟာ camcorder အမည်ရ ကင်မရာကိုထုတ်လုပ်ခဲ့ပါတယ်။ ယင်းကင်မရာဟာ Infrared light (အနီအောက်ရောင်ခြည်)ပါဝင်နေတာကြောင့် night vision ပိုင်းမှာအလွန် အဆင်ပြေပါတယ်။ နေ့ခင်းအချိန်တွေမှာရိုက်ရင်တောင် အနက်ရောင်ဝတ်ဆင်ထားတဲ့လူတွေရဲ့အဝတ်အစား အတွင်းဘက်ကို မြင်နိုင်ပါတယ်။ယင်းအချက်ကြောင့်ပဲကုမ္ပဏီဘက်ကထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့ရပါတယ်။ ရပ်ဆိုင်းခဲ့တဲ့အချိန်ထိ Sony ဟာကင်မရာ အလုံးပေါင်း (၇)သိန်းလောက်ကိုရောင်းချခဲ့ပြီးပြီလို့သိရပါတယ်။

လူတွေသိပ်မသိသေးတဲ့အချက်ကတော့ကမ္ဘာပေါ်မှာပထမဆုံးသော 4k စမတ်ဖုန်းတွေ ကိုစတင်ထုတ်လုပ်ခဲ့တာက Sony ကုမ္ပဏီဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဖုန်းအမည်ကိုတော့ Sony Xperia z5 premium လို့ခေါ်ပြီးယင်းကာလက ယခုလို 4k TV တွေ လူသိများခြင်းမရှိသေးပါဘူး။ ဒါကြောင့် Sony ဟာ ကမ္ဘာပေါ်မှာပထမဆုံးသော 4k စမတ်ဖုန်းတွေနဲ့ဈေးကွက်အတွင်းကိုဝင်ရောက်လာတဲ့ဖုန်းကုမ္ပဏီအဖြစ်လည်းရှိနေခဲ့တာဖြစ်ပါတယ်။

နောက်ထပ် Sony ရဲ့နာမည်ကျော်ထုတ်ကုန်တစ်ခုကတော့ ရေစိုခံနားကြပ်တွေဖြစ်ပါတယ်။ Sony ဟာသူထုတ်ကုန်ရဲ့အရည်အသွေးမှန်ကန်မှုကိုသက်သေပြဖို့ အတွက်လည်း ယင်းနားကြပ်တွေကို ရေအပြည့်ဖြည့်ထားတဲ့ဘူးတွေထဲမှာထည့်သွင်းပြီး ဈေးကွက်အတွင်းရောင်းချခဲ့ပါတယ်။ ဒါဟာနည်းပညာလောကမှာတော့အတော်ကို လူပြောများတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

Sony ကပထမဆုံးထုတ်လုပ်ခဲ့တဲ့ Audio recording system ရဲ့အမည်ကတော့ Sony Hiring ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Sony ဟာသူရဲ့ထုတ်ကုန်ကိုဈေးကွက်အတွင်း မရောင်းချခင် ချို့ယွင်းမှုတွေကိုထောက်ပြဖို့အတွက် ကျောင်းသား/သူတွေကိုအလုပ်ပေးခဲ့ပါတယ်။ ကလေးငယ်တွေထောက်ပြတဲ့ Sony Hiring ရဲ့အသံပိုင်းဆိုင်ရာပြသာနာတွေ၊အားနည်းချက်တွေကိုပြန်လည် ပြန်လည်မှတ်တမ်းတင် ပြီးပြည့်စုံမှ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

Sony ရဲ့ထုတ်ကုန်တွေထဲက playstation 2 ဂိမ်းစက်ကိုတော့အားလုံးကသိကြမယ်ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံး က Gamer တွေအလွန်ကိုနှစ်သက်ခဲ့ကြတဲ့ Sony ရဲ့နာမည်ကျော်ထုတ်ကုန်ဖြစ်ပြီး Dan Holmes အမည်ရလူငယ်တစ်ဦးဆိုရင် ဒီဂိမ်းစက်ကိုနှစ်သက်လွန်းတဲ့အတွက် သူရဲ့နာမည်ကို Playstation 2 လို့ တရားဝင်ပြောင်းလဲခဲ့ပါတယ်။ ဟာသတစ်ခုလို့ထင်ရပေမဲ့ယင်းဖြစ်ရပ်ဟာ (၂၀၀၂) ခုနှစ်မှာ အမှန်တကယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

Sonyရဲ့ အရောင်းရဆုံးဂိမ်းစက်တော့ PlayStaion 2 ဖြစ်ပြီး ကမ္ဘာ့နံပါတ် ၁ အရောင်းရဆုံးနေရာကို ရယူထားပါတယ်။ ကမ္ဘာတဝှမ်းကို စက်အလုံးပေါင်း ၁၅၅သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီစက်ရဲ့နောက်မှာတော့ PS4 လုံးရေ ၁၁၀ သန်း ၊ PlayStation ၁၀၂သန်း နဲ့ PS3 လုံးရေ ၈၇သန်းကျော်ကို ရောင်းချထားနိုင်ခဲ့ပါတယ်။

Columbia ဆိုတဲ့စာတန်းနဲ့အတူ မီးတုတ်ကိုင်ထားတဲ့အမျိုးသမီးလိုဂိုကို ရုပ်ရှင်တွေမှာ မကြာခဏမြင်ဖူးကြမှာပါ။ ဒါဟာ Columbia Pictures ဆိုတဲ့ ဟောလိဝုဒ်ရဲ့ရုပ်ရှင်ကုမ္ပဏီကြီးတခုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ Sony ဟာ ဒီကုမ္ပဏီကြီါ်ကို အမေရိကန်ဒေါ်လာ ၃.၄ဘီလျံ နဲ့ဝယ်ယူပြီး ဟောလိဝုဒ်ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ Sony Pictures Entertainment ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ထွက်ရှိတဲ့ ရုပ်ရှင်ရဲ့လိုဂိုတွေရဲ့ အောက်ဘက်မှာ Sony Pictures Entertainment စာတန်းကို သတိထားကြည့်မိရင် မြင်နိုင်ပါတယ်။

၁၉၉၆ ခုနှစ်မှာ ကွန်ပျူတာတွေကို အဓိကထုတ်လုပ်ဖို့အတွက် ကုမ္ပဏီခွဲ Vaio ကို ထူထောင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း Vaio တံဆိပ်ကွန်ပျူတာတွေကို အမေရိကန် ၊ ဂျပန် နဲ့ ဘရာဇီးတို့မှာ အဓိကရောင်းချနေသေးပေမယ့် ဆိုနီကုမ္ပဏီအနေနဲ့တော့ ရှယ်ာ ၂၅% သာ ပိုင်ဆိုင်ပါတော့တယ်။

(၂၀၀၅) ပြည့်နှစ်တုန်းကတော့ Sony ကုမ္ပဏီဟာ Sony Ericsson k750 ဖုန်းကိုထုတ်လုပ်ခဲ့ပါတယ်။ ယင်းကင်မရာဟာ 2 megapixels ကင်မရာပါဝင်ပြီး ယင်းကာလကထွက်ခဲ့တဲ့ဖုန်းတွေအနက်မှာတော့ ကင်မရာစွမ်းရည်အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

(၂၀၀၅) ခုနှစ်၊သြဂုတ်လ(၁)ရက်နေ့မှာဆိုရင် Sony ဟာ W800i အမည်ရ Walkman ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ ယင်း Walkman brand ဟာဆိုရင်နာရီ(၃၀)ဆက်တိုက်သီချင်းနားထောင်နိုင်တာကြောင့် ယင်းကာလကနည်းပညာမြင့်ဇိမ်ခံပစ္စည်းတွေအနက်မှာတော့ အလွန်ကိုနာမည်ကျော်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါအပြင် (၂၀၀၈)ခုနှစ်၊အောက်တိုဘာ(၂၂)ရက်နေ့ကစတင်ထုတ်ဝေခဲ့ပါတဲ့ ကမ္ဘာဖုန်းဈေးကွက်မှာ ပထမဆုံးသော (8.1) megapixels ပါဝင်နေတဲ့ C905 ဟာလည်း Sony ရဲ့ထုတ်ကုန် ဖြစ်ပါတယ်။

Sony ဟာသူရဲ့မိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Ericsson နဲ့ပူးပေါင်းထုတ်လုပ်ရတဲ့အကြောင်းကတော့ (၁၉၉၀)ခုနှစ် ဂျပန်ဈေးကွက်အတွင်းက Nokia နဲ့ Motorola လို ဖုန်းကုမ္ပဏီတွေအကြား ဆက်လက်ရပ်တည်ဖို့ခက်ခဲနေတဲ့ Ericsson ရဲ့အခြေအနေကြောင့်ဖြစ်ပါတယ်။ (၁၉၉၁) ခုနှစ် ရောက်ချိန်မှာတော့ Sonyဟာ Ericsson နဲ့ပူးပေါင်းပြီး ဖုန်းတွေထုတ်ဝေခဲ့ပါတယ်။ဒီလိုနည်းနဲ့ Sonyဟာဖုန်းဈေးကွက် အတွင်းဝင်ရောက်ခဲ့ပြီး Ericsson နဲ့လက်တွဲချိန်(၁၇)နှစ်အကြာ (၂၀၁၂)ခုနှစ်ရောက်ချိန်မှာတော့ Sony က Ericsson ကုမ္ပဏီကိုအပြီးတိုင်ဝယ်ယူလိုက်ပါတော့တယ်။

ကမ္ဘာပေါ်မှာရောင်းအကောင်းဆုံး TV brand တွေထဲမှာ Sony တီဗီတွေဟာလည်း ထိပ်ဆုံးကပါနေပါတယ်။ အရည်အသွေးနဲ့တည်ဆောက်ပုံဒီဇိုင်းတွေ၊ကာလာရှုခင်းတွေအရလည်း Sony ဟာကမ္ဘာ TV အရောင်းဈေးကွက်ကိုယနေ့တိုင်ဦးဆောင်ထားနေဆဲဖြစ်ပါတယ်။

လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Sony ရဲ့အဓိကထုတ်ကုန်ကတော့ TV နဲ့ Sound System တွေဖြစ်ပါတယ်။ အဲဒီအီလက်ထရွန်းနစ်ထုတ်ကုန်တွေကပဲ ကမ္ဘာဈေးကွက်အတွင်း စံချိန်တင်ရောင်းချခဲ့ပြီး Sony အမှတ်တံဆိပ်ကိုထင်ရှားစေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့တီဗီထုတ်လုပ်မှုအများဆုံး ကုမ္ပဏီ ၅ ခုစာရင်းမှာ Samsung Electronics, LG Electronics, TCL , Hisense နဲ့ ပါဝင်ရပ်တည်နေပါတယ်။

Sony ကော်ပိုရေးရှင်းရဲ့အောက်မှာပဲ ဂိမ်း နဲ့ ဒစ်ဂျစ်တယ်ဖျော်ဖြေရေး ၊ အီလက်ထရောနစ် ၊ ဓာတ်ပုံ နဲ့ ဗီဒီယို ၊ တေးဂီတ နဲ့ ငွေကြေးဆိုင်ရာ ဆိုပြီး ကုမ္ပဏီတွေကဏ္ဍတွေ ထပ်ခွဲထားပါသေးတယ်။

ယခုဖော်ပြပေးခဲ့တဲ့အချက်တွေဟာ ကမ္ဘာကျော်အီလက်ထရွန်းနစ်ကုမ္ပဏီ Sony ရဲ့ လူသိနည်းတဲ့ အချက်အလက်အချို့ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ Sony ဟာ အလုပ်သမား (၁၁၄၄၀၀) လောက်နဲ့လုပ်ငန်းလည်ပတ်လျက်ရှိနေပြီးလက်ရှိ CEO ကတော့ Kenichiro Yoshida ဖြစ်ပါတယ်။ (၁၉၄၆)ခုနှစ်၊မေလ(၇)ရက်နေ့မှာစတင် တည်ထောင်ခဲ့တာကြောင့် လက်ရှိSony ရဲ့သက်တမ်းဟာ (၇၃)နှစ်ရှိနေပြီဖြစ်ကာ စတင် (၂၀၁၉)ခုနှစ်ရဲ့ Sony ရဲ့အသားတင်ဝင်ငွေကတော့ ဂျပန်ယန်း (၉၁၆.၂)ဘီလီလျံအထိ ရှိနေခဲ့တာကိုတွေ့ရပါတယ်။

Tags: world companiesworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!