ပြည်ဖုံးကား
မေး ။ ။ ပြည်ဖုံးကားဆိုးတာ ဘာလဲဆရာ။ ကျွန် တော်တို့ မကြာခဏတော့ ကြားဖူးနေတာပဲ။ ဒီအကြောင်း ကို ပြည်ဖုံးကား ချလိုက်စမ်းပါကွာ။ ငါကတော့ သူနဲ့ပတ် သက်လို့ ပြည်ဖုံးကား ချလိုက်ပြီ ဆိုတာတွေကို မကြာခဏ ကြားဖူးပါတယ်။ ကျွန်တော် ဇာတ်ပွဲတွေမှာ ကြည့်တော့ လည်း ပြည်ဖုံးကားဆိုတာ ဇာတ်ခုံကို နောက်ဆုံးပိတ်လိုက် တဲ့ ကန့်လန့်ကာကြီးပါပဲ။ အဲဒါကြီး ကိုပဲ ပြည်ဖုံးကား ချတယ်လို့ ခေါ်နေကြတာပါပဲ။ ဒီတော့ ဘာကြောင့် ပြည် ဖုံးကားလို့ခေါ်တယ်ဆိုတာ နားမလည်နိုင်ဘူး ဆရာ။
ဖြေ ။ ။ မင်းတို့ခေတ် လူငယ်တွေ နားမလည်တာ အံ့သြစရာမရှိပါဘူး။ ငါကိုယ်တိုင်လည်း နောက်ပိုင်းကျမှ စဉ်းစားပြီး နားလည် လာရတာပါ။ ဒီလိုကွယ့်။ ပြည်ဖုံးကားဆိုတာ ရုပ်သေးပွဲကလာတဲ့ ဝေါဟာရပဲ။ ဘယ်နေရာမှာ သုံးလေ့ရှိလဲ ဆိုတော့ နှစ်ပြည်ထောင် ဇာတ်တွေကို ခင်းတဲ့ အခါမှာ သုံးလေ့ရှိတယ်။ နှစ်ပြည်ထောင်ဆိုတာက ဟို ဘက်တိုင်းပြည် (ဆိုကြပါစို့) ဗာရာဏသီပြည် နဲ့ ဝေသာလီပြည်။ နှစ်ပြည်ထောင် ပတ်သက်တဲ့ ဇာတ်လမ်းမျိုး ခင်း တော့မယ်ဆိုပါတော့။ ဇာတ်စင်ရဲ့ တစ်ဖက်က ဗာရာဏ သီပြည်၊ ကျန်တစ်ဖက်က ဝေသာလီပြည်ဆိုတာမျိုး ပြည် တည်ကြရတယ်။
ပထမရုပ်သေးစင်ရဲ့ လက်ယာဘက်က (ကြည့်သူရဲ့ လက်ဝဲဘက်) က ဗာရာဏသီပြည့်ရှင်မင်းကြီးနဲ့ ဝန်ကြီး တွေ ထွက်ကြ တယ်။ အဲဒီနောက် တိုင်းရေးပြည်ရေး အခြေ အနေတွေကို ရှင်ဘုရင်နဲ့ ဝန်ကြီးတွေ စကားဆိုကြတယ်။ အဲဒီအခန်းကို ‘ပြည်တည် တယ်’ လို့ ခေါ်ကြတယ်။ ရှင် ဘုရင်ကတော့ တစ်ပါးပေါ့။ ရုပ်သေးမှာ ဝန်ကြီးရုပ်လေး ရုပ် ပါတယ်။ ဝတ်ရုံအစိမ်းနဲ့ နှစ်ရုပ်၊ အနီ နဲ့ နှစ်ရုပ်ပါတယ်။ ဝတ်ရုံစိမ်းနဲ့ ဝန်ကြီးရုပ်တွေက ပေါင်းထုပ် (ဝန်ကြီး ဦးထုပ်) ဆင်ထားတယ်။ ဝတ်ရုံနီနဲ့ ဝန်ကြီး ရုပ်နှစ်ရုပ် ကတော့ နှစ်စထောင်ဦးပေါင်းကလေးတွေ ပတ်ထားတယ်။ ဝတ်ရုံစိမ်းဝန်ကြီးတွေက ပြည်ထဲဝန်၊ နန်းရင်းဝန် စသည် ဖြင့် အုပ်ချုပ်ရေး နဲ့ ပတ်သက်တယ်။ ဝတ်ရုံနီနဲ့ ဝန်ကြီး နှစ်ရုပ်ကတော့ စစ်ရေးမက်ရေး၊ လက်ရုံးရေးနဲ့ ပတ်သက် တယ်။ အခု နှစ်ပြည်ထောင်ဇာတ်ခင်းမှာဆိုတော့ ဝန်ကြီးရုပ် ကို တစ်ပြည်ထောင်ကို တစ်ရုပ်စီ ခွဲလိုက်ရတယ်။ ဒီတော့ ရုပ်သေးစင်ရဲ့ လက်ယာဘက်တိုင်းပြည်မှာ ရှင်ဘုရင်နဲ့ ဝန်ကြီးအစိမ်း၊ အနီနှစ်ရုပ်၊ လက်ဝဲဘက်မှာ ရှင်ဘုရင်နဲ့ ဝန်ကြီးအစိမ်း၊ အနီနှစ်ရုပ် ခွဲထား လိုက်တယ်။
သြော်- မေ့သွားလို့။ ပြောလိုက်ရဦးမယ်။ ဇာတ်လမ်း စတော့မယ်ဆိုရင် ရုပ်သေးစင်ရဲ့ အလယ်မှာ သစ်ပင်လေး စိုက်လိုက်တယ်။ သစ်ပင်ဆိုတာကဝါးလုံးတိုင်လေးတစ်ခုရဲ့ဝါးလုံးခေါင်းထဲမှာသစ်ခက်ကလေးတစ်ခုထိုးထားတာပါပဲ။ဒါမှမဟုတ်ရင်လည်း ကျောင်း ဆောင် အရုပ်ကလေးတစ်ခု ချပေး ထားတယ်။ အဲဒါလေး ချထားရင် နှစ်ပြည်ထောင်ဇာတ်ခင်းတော့ မယ်ဆိုတာ ပရိသတ်က သိနေကြ တယ်။ အလယ်မှာ သစ်ခက် (များ သောအားဖြင့် ညောင်ကိုင်း) ထိုး ထားပြီဆိုရင် တိုင်းပြည်နှစ်ပြည်ရဲ့ ကြား မှာ ခြားနေတဲ့ တောကြီးပေါ့။ ကျောင်းသင်္ခမ်းလေးဆိုရင်တော့ ရ သေ့သူတော်စင် စံနေတဲ့ ဝိဟာရ ပေါ့။ ဇာတ်လမ်းမှာ ရသေ့ သို့မ ဟုတ် တက္ကသိုလ်ဆရာကြီးတစ်ဦး ပါနေပြီဆိုတာ ပရိသတ်က သိနေ ကြပြီပေါ့။
အဲဒီလို၊ ခုနက ပြောသလို လက်ယာဘက် ရှင်ဘုရင်နဲ့ ဝန် ကြီးနှစ်ပါး တိုင်းရေးပြည်ရေးစကား တွေ ပြောကြဆိုကြပြီး ရှင်ဘုရင် က ‘ဗွေနန်းပြာသာဒ်၊ လေသန်း၍ခတ် တော့၊ ရွှေပန်းချပ်ခေါင်အထက်စီး ဆီက၊ ညောင်ရွက်ကြီး၊ တဝဲဝဲယမ်း ပြီး၊ ဆည်း လည်းနှုတ်ခမ်း ရိုက်သံ ထင့် မင်းကြီးများ’ စသည်ဖြင့် လေ ပြေထိုးပြီး ဇာတ်လမ်းတစ်ခန်းနား လိုက်တယ်။ ဒီတော့ ဆိုင်းက လည်း လေပြေတီးလုံးကို တီးပေးရတယ်။ အဲဒီအချိန်မှာပဲ ပိတ်ဖြူစကြီးတစ် ခုနဲ့ ရှင်ဘုရင်၊ ဝန်ကြီး သုံးယောက် လုံးကို ဖုံးအုပ်ပြီး ပိတ်ဖြူစကို စင် လက်တန်းမှာ ချည်ထားလိုက် တယ်။ အဲဒီရှင်ဘုရင်ရဲ့ တိုင်းပြည် အကြောင်းကို ဖုံးထားလိုက်တဲ့ (တစ်ခန်းရပ် ထားလိုက်တဲ့) သ ဘောပါပဲ။ အဲဒီပိတ်ဖြူကြီးကို ပြည် ဖုံးကားလို့ ခေါ်တယ်။
အဲဒီတိုင်းပြည်ကို ပြည်ဖုံးကား ချထားပြီးမှ စင်ရဲ့လက်ဝဲဘက်က ရှင်ဘုရင်နဲ့ ဝန်ကြီးနှစ်ပါး ထွက် လာပါလိမ့်မယ်။ သူတို့ကလည်း တိုင်းရေးပြည်ရေး ပြောဆိုပြီး ဇာတ် လမ်းပန္နက် ရိုက်ကြရပါတယ်။ ဒါကြောင့် ဦးပုည ရေးတဲ့ တေးထပ် တစ်ပုဒ်မှာ ‘နှစ်ပြည်ထောင် တည် စ၊ အလယ်က ကျောင်းဆောင်၊ ရှေ့ က ဝေဘူတောင်၊ ရွှေဂူရောင်ရ သေ့’ ဆိုတဲ့ စာမျိုးတွေအပြင် နောက်ဆုံးအပိုဒ်မှာ ‘ဇာတ်လမ်း နှယ် ရှုပ်ပွေ၊ အရုပ်တွေပြည်ဖုံးနဲ့ လေး’ ဆိုတာမျိုး ရေးခဲ့ဖူးတယ်။ အဲ ဒီတော့ ပြည်ဖုံးကားဆိုတာ ရုပ် သေးပွဲကလာ တဲ့ နှစ်ပြည်ထောင် ဇာတ်ခင်းတဲ့အခါမှာ တစ်ပြည် ထောင်ရဲ့ ဇာတ်လမ်းကဏ္ဍပြီးသွား ရင် အဲဒီတိုင်းပြည်ကို ပိတ်ဖြူနဲ့ ဖုံးထားလိုက် တယ်။ အဲဒါကို ‘ပြည် ဖုံးကား’ ချတယ်လို့ ခေါ်ကြတယ်။ ဒီတော့ ပြည်ဖုံးကားဆိုတာ ရုပ် သေးသဘင်လောကက ထွက်ပေါ် လာတဲ့ ဝေါဟာရဖြစ်တယ်ဆိုတာ မှတ်ထားကြပေတော့ကွာ။ အဲဒါ ငါ့ အတွေ့အကြုံကို ပြန်တွေးပြီး စဉ်း စားမိသမျှ ရေး လိုက်တာ ပါပဲ။
အလောသုံးဆယ်
မေး – ဆရာ၊ အလောသုံးဆယ်ဆိုတာ ဘာကိုပြော တာလဲ ဆရာ၊ ကျွန်တော်တို့ ခဏခဏ သုံးဖူး၊ ကြားဖူးနေ ကြပါတယ်။ အရေးတကြီး၊ အပူတပြင်းကို ဆိုလိုတာကို တော့ ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့် အလောဆိုတာ သုံးဆယ်ဆိုတာတွေ ဘာမှန်းကို မသိဘူး။ ဆရာတတ်နိုင်ရင် ရှင်းပြပေးပါ။ ကျန်တဲ့ဗိုလ်လောင်းတွေကလည်း စိတ်ဝင်စားစွာ နားစွင့်နေကြတယ်။
ဖြေ – အလောသုံးဆယ်ဆိုတာ အလယ်သုံးဇောပေါ့ ကွာ။ ငါ့အဖြေကို ကြားလိုက်တော့ ဗိုလ်လောင်းတွေအား လုံး ဝါးခနဲရယ်ကြ တယ်။ ငါက ဟာသဖောက်လိုက်တယ် လို့ ထင်ကြတာပေါ့။ ငါကိုယ်တိုင် လည်း သူတို့နဲ့အတူ ရယ်မောမိ လိုက်ပါတယ်။ နောက်မှ ဆက်ပြီး ပြောရပါတယ်။
ဖြေ – အလောသုံးဆယ်ဆို တာကို အလယ်သုံးဇောလို့ ဖြေ လိုက်တော့ မင်းတို့က ငါ အရွှန်း ဖောက်တယ်လို့ထင်ပြီး ရယ်မော ကြတယ်။ ငါကိုယ်တိုင်လည်း ပထ မဆုံး စပြီးကြားလိုက်ရတော့ အဲဒီလိုပဲ ရယ်မောလိုက်မိတယ်။ နောက်တော့ အဲဒါကို ဖြေပေးတဲ့ ဦးလေးကြီးက ငါ့ကို ရှင်းပြတယ်။ သူပြောတာတွေကို မင်းတို့ကို ပြော ပြမယ်။ အလယ်သုံးဇောဆိုတဲ့အ ကြောင်းကိုပေါ့။ သူ ရှင်းပြ တာက လူတွေသေခါနီးမှာ ဇောခုနစ်တန် ပြန်သတဲ့။ အဲဒီဇောခုနစ်တန်ရဲ့ အလယ်သုံးဇောမှာ ‘မရဏသန္န၊ ကာမနိမိတ်’ ထင်တတ် တယ်ဆို ကိုး။ ကာမနိမိတ်ဆိုတာက မိမိ ဘယ်ဘဝ ရောက်မယ်ဆိုတာကို နိမိတ်ထင်သတဲ့ ဆိုကြပါစို့။ မီး တောက်မီးလျှံတွေကို နိမိတ်ထင်ရင် ငရဲပြည်ရောက်မယ့် နိမိတ်ပဲ လို့ ဆိုတယ်။ တောတောင်စိမ်းစိမ်း လန်းလန်းတွေကို မြင်ရရင်တိရစ္ဆာန်ဘဝရောက် ရ မယ့်နိမိတ်ပဲ။ကမ္ဗလာအနီရောင်ကြီးလွှမ်းမိုးတာကိုမြင်ရရင်လူ့ဘဝသန္ဓေဝင်ရမယ့်နိမိတ်ပဲလို့ဆိုတယ်။
စိန်ရောင်ကျောက်ရောင်ရွှေရောင် တဝင်းဝင်း မြင်ရရင် နတ်ပြည်ကို ရောက်မယ့် နိမိတ်ပဲလို့ ဆိုကြတယ်။ အဲဒီဇောခုနစ်တန်မယ် အလယ်သုံးဇောမှာ ကာမနိမိတ်မြင် လေ့ရှိသတဲ့။ ဒါကြောင့် လူမမာ တစ်ယောက်ရဲ့ အခြေအနေ သေလုနီးပါးဖြစ်နေရင် အလော သုံး ဆယ်လို့ ပြောတတ်ကြသတဲ့။ အဲဒါဟာ ငါမှတ်သားခဲ့ဖူးတဲ့ အဖြေ ပါပဲ။ ဇောခုနစ်တန်ကိုတော့ ငါ လည်း မေ့နေပြီ။ မသိတော့ ဘူး။ နောက်ထပ်ကြုံလာတဲ့ စာအုပ်တွေ မှာလည်း သတိထားကြည့်မိတယ်။ ဒါပေမယ့် ဇောခုနစ်တန် မတွေ့မိဘူး။ သေခါနီးမှာ ကာမနိမိတ် ဇောခုနစ်တန် ပြန်ရတယ်ဆိုတာ လောက်ပဲ မှတ်မိတယ်။ အဲဒီမှာ ဗိုလ်လောင်းတစ် ယောက်က ထပ်မေးပြန်တယ်။
မေး – ဆရာ၊ ရုတ်တရက် သေတာမျိုး ဆိုကြပါစို့။ ရင်အုံနှ လုံးသားတည့်တည့်ကို သေနတ် မှန်သွားလို့ သေတာမျိုးကြတော့ အဲဒီလို ဇောခုနစ်တန် ပြန်ချိန်ရ ပါ့မလားဆရာ။
ဖြေ – အဲဒါမျိုးတွေကို ငါ လည်း သို့လော သို့လော ဖြစ်ခဲ့ဖူး ပါတယ်။ မယုံနိုင်ဘူးဆိုပါတော့ ကွယ်။ ဇောပြန်မူအချိန် ဘယ်လိုမှ မရှိတော့ဘူး မဟုတ်လား။ အဲဒီ ဟာနဲ့ ပတ်သက်လို့ ငါကိုယ်တိုင်စဉ်းစားမိတာလေးကို ပြောပြချင် တယ်။ ဂျပန်ခေတ်တုန်းကပေါ့ကွယ်။ ငါနဲ့ ငါသူငယ်ချင်းတစ်ယောက် ငါတို့တောင်တွင်းကြီး မီးရထား လမ်းတစ်လျှောက် ငှက်ပစ်ထွက် ကြတယ်လို့ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာပေါ့လေ ငှက်လည် ပြီးတော့ ပစ်ကြတာပါ။ ဒီအချိန်က အင်္ဂလိပ်စစ်လေယာဉ်တွေက မီးရ ထားလမ်းကို လာပြီး ဖျက်ဆီးတတ် ကြတယ်။ လမ်းတစ်လျှောက်မှာ စစ်သေနတ်ပစ်တယ်၊ ဗုံးကြဲသွား တတ်တယ်။ ဒီတော့ အိပ်မက်ထဲမှာ ငါတို့လည်း လေယာဉ်သံကို နားတစွင့်စွင့်နဲ့လျှောက်သွားနေရတာပေါ့။ အဲဒီလိုဖြစ်နေတုန်း လေယာဉ်တွေ က ရောက် လာပြီး ဗုံးချ ပါလေရော။ ငါတို့ ဝပ်နေကြတဲ့နေရာနဲ့မလှမ်းမကမ်းမှာ ဗုံးနှစ်လုံးကျတယ်။ ဝုန်းဝုန်းဆိုပြီး မြည် လိုက်တော့ ငါလည်း အိပ်ရာက လန့်ပြီး နိုးသွားတယ်။ နိုးလာမှ သိ လိုက်ရတာက ဗုံးချတာမဟုတ်ဘူး။ ရေထမ်းသမားက သံပုံးနှစ်ပုံးကို ထမ်း ပြီး ရေတင်ဖို့ လှေကားပေါ် တက်လာတာမှာ ထမ်းပိုးကျိုးပြီး ရေပုံးနှစ်ပုံးက လှေကားပေါ်က ပြုတ်ကျလို့ ငါက အိပ်မက်ထဲမှာ ဗုံးကျ တယ်ထင်ပြီး လန့်နိုးတာပဲ။ တကယ်ဆိုတော့ ရေထမ်းသမား သံပုံးနှစ်ပုံး ပြုတ်ကျသွားတာ ဖြစ် နေတာပေါ့။
နောက်တစ်ခု ပြောရဦးမယ်။မယ်။ တောထဲမှာ ငှက်လည်ပြီး ပစ်နေဆဲမှာ ငါလည်း လမ်းပျောက် သလို ဖြစ်သွားတယ်။ တောထဲမှာ ငါ့ဦးလေးက ‘အောင်သင်းရေ၊ အောင်သင်းရေ’ လို့ အော်ခေါ်ပြီးလိုက်ရှာနေတဲ့ အသံကြားရတယ်။ နောက်ဆုံးတော့ ‘ဟေ့ကောင် အောင်သင်း၊ အောင်သင်း’ လို့ ခေါ်သံနဲ့အတူ တဗြန်းဗြန်းနဲ့ တံခါးကို ပုတ်သံကြားမှ လန့်နိုးလာ တယ်။ နောက်တော့ ငါက တံခါး ပိတ်ထားလို့ ဦးလေးက တံခါးကို ပုတ်ပြီး ငါ့နာမည်ကို အော်ခေါ်နေ တာ တွေ့ရတယ်။ အိပ်မက်နဲ့ တိုက်ဆိုင်သွားမှုလို့ ဆိုရမှာပေါ့။ ကောင်းပြီ။ အဲဒီလို အိပ်မက် နဲ့ တကယ့်ဖြစ်ရပ်နဲ့ တိုက်ဆိုင် တာကို မင်းတို့ ကြုံကြဖူးသလား။ သည်တော့ ဗိုလ်လောင်းတွေ အားလုံးလိုလိုက ”ကြုံဖူးတယ် ဆရာ၊ လန့်ပြီး နိုးလာလိုက်မှ အိပ် မက်နဲ့ တကယ့်ဖြစ်ရပ်နဲ့ တိုက် တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို မကြာခဏ တွေ့ဖူးပါတယ်” လို့ ဖြေကြတယ်။ ဒီတော့မှ ငါက ဆက် ပြီးပြောပါတယ်။
ငါကိုယ်တိုင် အဲဒါတွေကို တိုက်ဆိုင်မှုသက်သက်ပဲလား၊ မတော်တဆတိုက်ဆိုင်တာ သက် သက်ပဲလားဆိုတာကို စဉ်းစား ကြည့်မိတယ်။ မတော်တဆ တိုက် ဆိုင်မှုဆိုရင်လည်း လူတစ်ယောက် တစ်သက်တာမှာ တစ်ခါပဲ တိုက် ဆိုင်နိုင်မှာပေါ့။ ခုတော့ ငါကိုယ် တိုင် အဲဒီလို တိုက်ဆိုင်မှုမျိုးတွေ လေးငါးခါလောက် ကြုံဖူးတယ်။ ငါတင်မဟုတ်ဘူး။ တခြားသူတွေ လည်း ကြုံကြဖူးတာကို တွေ့ရ တယ်။ အဲဒီတော့မှ ငါ့စိတ်ထဲမှာ မေး ခွန်းတစ်ခု ပေါ်လာတယ်။ အိပ် မက်ထဲမှာ ဗုံးချတာနဲ့ ရေပုံးနှစ်ပုံး ပြုတ်ကျတာ မတော်တဆ တိုက် ဆိုင်သွားတာမှ ဟုတ်ပါရဲ့လား။ အဲဒီတိုက်ဆိုင်မှုမျိုးဟာ မကြာခဏလူတွေမှာ ကြုံကြိုက်မိတာပဲလား ဆိုတာကို စဉ်းစားမိလာတယ်။
နောက်တစ်မျိုးက ရေပုံးနှစ်ပုံး ပြုတ်ကျသံကို ကြားလိုက်ရမှ ခုန က အိပ်မက်ကြီးကို ဆီလျော်တဲ့ ဇာတ်လမ်းဖြစ်အောင် မက်ပစ် လိုက်တာလားဆိုတာကို တွေးမိလာ တယ်။ အဲဒီတော့ မီးရထားလမ်းမှာ ငှက်ပစ်လည်တာတွေစတဲ့ ဇာတ် လမ်းကို ဝုန်းဆို အိပ်မက်မက်ပစ် လိုက်တာလို့ ငါ့စိတ်ထဲမှာ တွေးမိ လာတယ်။ မင်းတို့ စဉ်းစားကြည့် ပေါ့။ ရေပုံးပြုတ်ကျသံနဲ့ အိပ်မက် နဲ့ အံဝင် ခွင်ကျဖြစ်အောင် ပြင် ဆင်လာတဲ့ အိပ်မက်မဟုတ်ဘူး။ ရေပုံးပြုတ်ကျမှ ဒီအိပ်မက်ရှည်ကြီး ကို လှစ်ခနဲ မက်ပစ်လိုက်တာပါ လား လို့ ငါ့စိတ်ထဲမှာ ဆုံးဖြတ် လိုက်မိတယ်။ အိပ်မက်ထဲကဇာတ် လမ်းဖြစ်ရပ်က အတော်လေးကို ရှည်တာပဲ။ ဒီတော့ လက်ဖျစ်တစ် တွတ် လျှပ်တစ်ပြက်မှာ ဒီအိပ်မက် ရှည်ကို မက်နိုင်လောက်အောင် စိတ်က မြန်တယ်ဆိုတာ ပေါ်လာ တယ်။
နောင်အခါမှာ ဆရာဦးသုခ ကလည်း ဒီလိုတိုက်ဆိုင်မှုမျိုးကို တွေ့ဖူးကြောင်း၊ စိတ်ရဲ့အဟုန် လျင်မြန်မှုကို ဆင်ခြင်မိကြောင်း ရေး တာကို ငါ ဖတ်လိုက်ရပါသေး တယ်။ ဆရာကြီး ရွှေဥဒေါင်းကလည်း စိတ်ရဲ့အဟုန်ကို မှန်းဆလို့ မရနိုင်လောက်အောင် လျင်မြန် လှ ကြောင်း သူ့ရဲ့ ဆောင်းပါးတစ် စောင်မှာ ရေးတာကို ဖတ်လိုက်ရ ဖူးပါသေးတယ်။ ဒီတော့ လူတို့ရဲ့စိတ်ဟာ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်၊ လက်ဖျောက်တစ်ချက်ကာလအ တောအတွင်းမှာ ကုဋေတစ် သိန်း ဖြစ်နိုင်၊ ချုပ်နိုင်တယ်ဆိုတဲ့ ဘုရား ဟောတရားကို အပြည့်အစုံ နားမလည်နိုင်သော်လည်း ဝုန်းခနဲ အ သံကြားလိုက်တဲ့ အတွင်းမှာ အိပ် မက်ရှည်ကြီးတစ်ခု အိပ်မက်ဇာတ် လမ်းကြီးတစ်ခု ငါတို့စိတ်က ဖန် တီးလိုက်နိုင်တယ်ဆိုတာ ပေါ်မ လာဘူးလား။
အဲဒီတော့ ဗိုလ်လောင်းတွေ လည်း ငိုင်သွားကြတယ်။ ကျိုး ကြောင်းဆင်ခြင် စဉ်းစားကြပြီပေါ့။ သူတို့ကို စဉ်းစားခွင့်ပေးပြီး ခဏ ရှိမှ ငါက ဆက်ပြောပါတယ်။ ဒီလောက်ဆိုရင် မင်းတို့တစ် တွေ စိတ်ရဲ့အဟုန်ကို မှန်းဆလို့ ရလောက်ပါပြီ။ ဒီတော့ နှလုံးသား တည့်တည့်ကို သေနတ်ကျည် ဆန်က ထွင်းသွားစေဦးတော့၊ ဒါမှမဟုတ် ဦးခေါင်းပဲ ကြေသွားစေဦးတော့ စိတ်ကိုတားလို့ပိတ်လို့မရ နိုင်ဘူး။ သူ့အဟုန်က သေခါ နီး ဇောခုနစ်တန်မျှသာ မဟုတ်ဘဲ ဇောခုနစ်ထောင်၊ ခုနစ်သောင်း ပြန် စေဦးတော့ အချိန်လုံလောက်တယ် လို့ ငါ့စိတ်ထဲ မှာ တွေး မိပါတယ်။ မင်းတို့ဆက်ပြီး စဉ်းစားစေချင်ပါ တယ်။ ဗိုလ်လောင်းတွေလည်း ငိုင်ကျ သွားပြီး စဉ်းစားနေဆဲမှာပဲ အချိန် ပြည့် ခေါင်းလောင်းထိုးသံ ကြား လိုက်ရတာနဲ့ အတန်းကို ဖြုတ် လိုက်ရတယ်။ ဒီစာဖတ်ပြီး မင်းတို့ မျိုးဆက်သစ်လူငယ်တွေလည်း ဆက်ပြီးစဉ်းစားကြပေါ့ကွယ်။
လက်ဝဲ၊ လက်ယာဆိုတာ
တိုလီမိုလီစာပေဆိုတဲ့အတိုင်း ငါ့စိတ်ထဲမှာ ထင်ရာ မြင်ရာ တိုလီမိုလီတွေအကြောင်းကို ရေးနေခဲ့တာပါ။ အဲ ဒါလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ငါက လူငယ် လေးတွေနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိတော့ သူတို့တစ်တွေက မေးလာမြန်းလာတာတွေကြောင့် ကိုယ်သိသမျှ၊ တတ်သမျှ ဖြေခဲ့တာတွေကို ပြန်ရေးနေတာပါ။ ကိုယ်မဖြေနိုင်ခဲ့တာ တွေလည်း ရှိသပေါ့ကွယ်။ အဲဒါတွေကိုလည်း တစ်နေ့ကျ ရင် ရေးသင့်ရင် ရေးရဦးမှာပါပဲ။
တစ်ခါတစ်လေတော့လည်း ရှေးခေတ်သုံး ဝေါဟာရ အကြောင်းအရာတွေကိုသာမက ဒီနေ့ခေတ်သုံးဝေါဟာရတွေလည်း မေးချင် ရင် မေးလာတတ်တာကိုးကွယ့်။ ဆိုကြ ပါစို့။ မနေ့တစ်နေ့ကပဲ ကလေးတစ်ယောက်က မေး တယ်။ ”ဆရာ၊ လက်ဝဲဝါဒ၊ လက်ဝဲ သမား၊ လက်ယာ သမားဆိုတာ ဘာတွေလဲ ဆရာ။ ကွန်မြူနစ်ဝါဒ၊ ကွန်မြူ နစ်ဆိုတာကိုတော့ ကျွန်တော်တို့ ဝိုးတိုးဝါးတား နားလည်ကြပါတယ်။ ဘာကြောင့် ကွန်မြူနစ်ဝါဒသမားတွေကို လက်ဝဲသမားတွေလို့ ခေါ်ကြတာလဲဆရာ”။ ဒီလိုမေးလာ တော့ ငါလည်း တတ်သမျှ၊ မှတ်သမျှ၊ ကြားမိဖူးသမျှ ပြန် ပြီးဖြေရတော့တာပဲ။ ငါဖြေခဲ့တာတွေကို ပြန်ပြောပြမယ်။ တိုလီမိုလီပဲပေါ့ကွယ်။
အဲဒီ လက်ဝဲ-လက်ယာဆိုတဲ့ စကားတွေဟာ ဗြိတိသျှ ပါလီမန်-ဗြိတိသျှလွှတ်တော်က ဆင်းသက်လာတဲ့စကား လို့ ဆိုကြတယ်။ ဗြိတိသျှပါလီမန်မှာ အဓိကအားဖြင့် အစိုးရအဖွဲ့နဲ့ အတိုက်အခံအဖွဲ့ရယ်လို့ နှစ်ဖွဲ့ရှိတတ် တယ်။ ဒီတော့ သူတို့ ထုံးတမ်းအစဉ် အလာအရ ပါလီမန် အမတ်တွေ (လွှတ်တော်ကိုယ်စားလှယ်တွေ) မှာ လက်ရှိ အစိုးရကို ထောက်ခံတဲ့ အုပ်စုဟာ လွှတ်တော် ဥက္ကဋ္ဌ ကြီး ရဲ့ ရှေ့လက်ယာဘက်မှာ ထိုင်ကြရတယ်။ လက်ရှိအစိုးရ ကို အတိုက်အခံပြုနေတဲ့ အုပ်စုတွေဟာ လက်ဝဲဘက်မှာ ထိုင်ကြရ တယ်။ ကြားနေအုပ်စုတွေက အဲဒီနှစ်ဖွဲ့ကြားမှာ ထိုင်ကြရတယ်။ ငါတို့ မြန်မာပြည်လွှတ်တော်မှာလည်း အဲဒီလိုပဲ လူစု ခွဲပြီး လက်ယာ လက်ဝဲကြားနေရယ်လို့ ထိုင်ခဲ့ကြရတယ်။
အဲဒီကတစ်ဆင့် ပွားလားတာက လက်ရှိ နိုင်ငံရေး၊ စီးပွားရေးစနစ်ကြီးကို မကြိုက်ဘဲ ပြုပြင်ပြောင်းလဲပစ်ချင်တဲ့ဝါဒကိုစွဲကိုင်ထား တဲ့ သူတွေကို လက်ဝဲသမားလို့ ခေါ် လိုက်ကြတာပါပဲ။ ဒီတော့ ကွန်မြူနစ်ဝါဒက အဲဒီအခါက လက်ရှိအရင်းရှင်စီးပွားရေး နိုင် ငံရေး ဆန့်ကျင်တဲ့ ကွန်မြူ နစ်ဝါဒသမားတွေကို လက်ဝဲဝါဒီတွေလို့ သတ်မှတ်ကြ တယ်။ အဲဒီကွန်မြူနစ်ဝါဒီတွေကို ဆန့်ကျင် (တစ်နည်းအား ဖြင့်) စနစ်ဟောင်း နိုင်ငံရေး၊ စီးပွားရေးစနစ်ကို ကာကွယ် နေတဲ့ အုပ်စုတွေကို လယ်ယာသမားလို့ခေါ်ကြတယ်။ ဘယ်ဘက်ကိုမှမပါတဲ့သူတွေကိုတော့ကြားနေသမားတွေလို့သမုတ်ခဲ့ကြတယ်။ဒါပေမယ့် ဆိုရှယ် လစ်ဝါဒီ၊ ကွန်မြူနစ်ဝါဒီတွေကို လက်ဝဲဝါဒီလို့ ခေါ်ဝေါ်သမုတ်ကြတာ များလာခဲ့ပါတယ်။ ဒါကြောင့် အရင်းရှင် စီးပွားရေး၊ နိုင်ငံရေး ကို ထောက်ခံတဲ့ (ဆုပ်ကိုင်ထားတဲ့သူတွေကို) လက်ယာသမားလို့ သမုတ်တတ်ကြပါ တယ်။ အများဆုံးကတော့ ကွန်မြူ နစ်ဝါဒီ၊ ဆိုရှယ်လစ်ဝါဒီတွေကို လက်ဝဲသမားတွေလို့ ခေါ်ဆိုတတ် ကြတယ်။ သူတို့တစ်တွေ ရေးသား ထုတ်ဝေတတ်ကြတဲ့ ဝါဒဖြန့် စာ ပေတွေကိုလည်း လက်ဝဲစာပေ၊ တော်လှန်ရေးစာပေ၊ ကွန်မြူနစ်စာ ပေရယ်လို့ ခေါ်လာတတ်ပါတယ်။
ငါတို့ တိုင်းပြည်ရဲ့ ပါလီမန် (လွှတ်တော်) မှာလည်း အစိုးရအဖွဲ့ နဲ့ အတိုက်အခံအဖွဲ့ရယ်လို့ ပေါ် လာခဲ့ဖူးပါတယ်။ ဖဆပလ အစိုးရတက်တဲ့အခါမှာ ဖဆပလဘက်တော်သားတွေ (တစ်နည်းအားဖြင့်) ဖဆပလအမတ်တွေ (လွှတ်တော်ကိုယ်စား လှယ်) တွေ ဟာ လွှတ်တော်ကြီးရဲ့ လက်ယာဘက်မှာ နေရာယူကြတယ်။ အဲဒီအခါက အစိုးရအဖွဲ့ရဲ့အတိုက်အခံဖြစ်နေတဲ့ပမညတ အဖွဲ့ ဝင်တွေ ကတော့ လက်ဝဲဘက်မှာ ထိုင်ကြတယ်။ အဲဒီလိုနည်းနဲ့ ကွန်မြူနစ်ဝါဒီ တွေကို လက်ဝဲသမားတွေလို့ ခေါ် ကြတယ်။ လက်ဝဲစာပေတွေလည်း ထွန်းကားလာတယ်။ သူတို့တစ် တွေက များသောအားဖြင့် လက်ဝဲ သမားလို့ ဂုဏ်ယူတတ်ကြတယ်။ တော်လှန်ရေးသမားဆိုတဲ့ အမည် ကိုလည်း ဝမ်းမြောက်စွာ ခံယူ တတ်ကြတယ်။ ငါတို့ စာပေလောကမှာ တောင်မှ အဲဒီလို လက်ဝဲစာရေး ဆရာရယ်လို့ ဂုဏ်ယူပြောဆိုတတ် ကြတယ်။
နောက်တော့ ဒီဝါဒတွေ ဟာ ကမ္ဘာမှာလည်း ဒီလိုပဲ ပျံ့နှံ့ လွှမ်းမိုးလာတယ်။ ဆိုဗီယက်တို့၊ တရုတ် တို့လို နိုင်ငံကြီးတွေ ကို လက်ဝဲနိုင်ငံကြီးတွေလို့ ခေါ်ကြ တယ်။ အင်္ဂလန်၊ အမေရိကန်စတဲ့ နိုင်ငံကြီးတွေကို လက်ယာနိုင်ငံ ကြီး တွေလို့ ခေါ်ကြတယ်။ ငါတို့မြန် မာပြည်က အင်္ဂလိပ်ရဲ့ကျွန်အဖြစ် က တော်လှန်လွတ်မြောက်ချင်တဲ့ ဆန္ဒတွေ ရှိနေတယ် မဟုတ်လား။ ဒီတော့ ကွန်မြူနစ်လက်ဝဲဝါဒကို ဖျက်ဆီးခဲ့ကြတယ်။ ဒါကြောင့် တို့ ဗမာအစည်းအရုံးက သခင်တွေကလည်း လက်ဝဲဝါဒကို ပြင်းပြင်း ထန် ထန်၊ တက်တက်ြ<ွကြ<ွက လက်သီးလက်မောင်းတန်းပြီး ဟောပြော ခဲ့ကြတယ်။ စာပေမှာဆိုရင်လည်း အင်္ဂလိပ်ကို ဆန့်ကျင် တဲ့ တော်လှန်တဲ့စာပေတွေကို အလေးထား ဘာသာပြန်ဆိုခဲ့ကြတယ်။ အဲဒီထဲ မှာ နဂါးနီစာအုပ်တိုက်ဟာ အထင် ရှားဆုံးပါပဲ။ ကွယ်လွန်သူ ဝန်ကြီး ချုပ်ကိုယ်တိုင်တောင်မှ ‘လူမွဲတို့၏ ထွက်ရပ်လမ်း’ ဆိုတဲ့ လက်ဝဲစာ အုပ်မျိုးတွေကို ရေးသားခဲ့ဖူးတယ်။ သခင် အမည်ခံတဲ့ တို့ဗမာအစည်း အရုံးတွေဟာ လက်ဝဲစာပေတွေကို အများဆုံး အစဉ်တစိုက် ရေးသား ခဲ့ကြတယ်။
ဒီအခါတုန်းက ငါတို့နဲ့ သ ဘာဝချင်း ညီနေတဲ့ တိုင်းပြည်အ ထဲမှာ အိုင်ယာလန်နိုင်ငံလေးဟာ ထိပ်ဆုံးက ပါနေတာပေါ့။ ဒါ ကြောင့် အိုင်ယာလန်သူပုန်ဗုံးအဖွဲ့၊ ကျွနု်ပ်နှင့် မိုက်ကယ်ကောလင်းစတဲ့ အင်္ဂလိပ်ကို တော်လှန်တဲ့လှုပ် ရှားမှုတွေအကြောင်း လှိုင်လှိုင်ကြီး ဘာသာပြန်ခဲ့ကြတယ်။ စာဖတ် ပရိသတ်ကလည်း ဝမ်းမြောက်ဝမ်း သာ ဆီးကြိုဖတ်ရှုကြတယ်။ နောက်တော့ အင်္ဂလိပ်ဆန့် ကျင်တဲ့ စာပေကနေပြီး ကွန်မြူနစ် ဝါဒဆီကို ကူးသွားကြတယ်။ အဲဒီ လိုနည်းနဲ့ လက်ဝဲဝါဒ၊ လက်ဝဲ သ မား၊ လက်ဝဲစာရေးဆရာ စသည် အားဖြင့် ပေါ်ပေါက်လာခဲ့တယ်။ စစ်ပြီးစခေတ်မှာ လက်ဝဲစာပေတွေ ဟာ တော်တော်လေး ရေ ပန်းစားခဲ့ တယ်။ ခုတော့ဖြင့် ကွန်မြူနစ်ဝါဒ၊ လက်ဝဲဝါဒဆိုတာတွေရဲ့အပေါ် အားထားယုံကြည်မှု နည်းပါးပြီး သို့လော၊ သို့လော သံသယတွေ ဝင်လာကြတယ်လို့ ထင်မိတာပဲ။ ဒီလောက်ဆိုရင် လက်ဝဲသ မား၊ လက်ယာသမားစတဲ့ ဝေါဟာ ရတွေ ပေါ်ပေါက်လာခဲ့ပုံ ရှင်း လောက်ပြီ ထင်ပါတယ်။
မူးတင်း၊ မတ်တင်း
လွန်ခဲ့တဲ့ ၃၊ ၄ ရက်က ကျောင်းသားလေးတစ် ယောက် ငါ့ကို မေးတယ်။ ”ဆရာ၊ နှစ်ကျပ်မူးတင်း၊ သုံး ကျပ်မတ်တင်း စသည် အားဖြင့် ပြောလေ့ရှိကြတယ်။ နှစ် ကျပ်မှာ တစ်မူးလျော့တယ်။ သုံးကျပ်မှာ တစ်မတ်လျော့ တယ်ဆိုတာမျိုးကိုတော့ သိတာပေါ့ ဆရာ။ ဒါပေမယ့် ဆရာ့ကို မေးချင်တာက တင်းဆိုတာက ဘာကိုဆိုလိုတာ လဲ ဆရာ။ ဘာကြောင့် မူးတင်း၊ မတ်တင်း လို့ ပြော တာလဲ။ အဲဒါကို သိချင်လို့ပါ ဆရာ”
ကဲ-ဖြတ်ပြီး မင်းတို့ကို မေးလိုက်ရဦးမယ်။ အဲဒီ မူး တင်း၊ မတ်တင်းကို မင်းတို့ကောသိလား။ ဒီလိုကွယ့်။ ဒီ စကားလုံးတွေရဲ့ ရင်းမြစ်က ငွေကြေးရေတွက်တဲ့နေရာမှာ သုံးစွဲနေကြတာ မှန်သော်လည်း ရင်းမြစ်အားဖြင့် အလေး ချိန်ခွင်ကစပြီး ပေါ်ပေါက် လာ တဲ့ ဝေါဟာရတွေပဲ။ ဟိုရှေး ခေတ်က အလေးချိန်ခွင်ကို သုံးနေကြသော်လည်း အလေး က ပြည့်ပြည့်စုံစုံရှိတာမဟုတ်ဘူး။ ဒီတော့ ဆီတို့၊ ဆား တို့၊ အသားတို့ကို အရှိအတိုင်း အလေးအချိန်ကို ချိန် ကြည့်လိုက်တယ်။ ချိန်ခွင်တစ်ဖက်က ပိဿာလေး၊ တစ် ဖက် က အသားတုံးပေါ့။ တစ်ပိဿာ မပြည့်ဘူး။ ချိန်ခွင် လျှာက အလေးဘက်ကို ပြနေတယ်။ ဘယ်လောက်လျော့ နေလည်း မသိရဘူး။ ဒီတော့ အသားတုံးရှိတဲ့ ချိန်ခွင်ခွက် ထဲကို တစ်ဆယ်သားအလေး ထည့်လိုက်တယ်။ ဒီတော့ ချိန်ခွင်လျှာက မှန်သွားပြီဆိုကြပါစို့။ တစ်ပိဿာကို တစ်ဆယ်သားအလေး တင်းပေးလိုက်ရတာပေါ့။ တစ်ပိဿာ တစ်ဆယ်သားတင်း ခေါ်တယ်။ ကိုးဆယ် သားပေါ့ ကွာ။ အဲဒီလို ချိန်တဲ့ပစ္စည်းဘက်မှာ အလေးတင်းပေးရတာကိုပဲ တစ်ပိဿာ တစ်ဆယ်သားတင်း၊ နှစ်ပိဿာကို အစိတ်သား တင်း စသည်အားဖြင့် ခေါ်ကြတယ်။ အတိုချုပ်ကတော့ ချိန်တဲ့ပစ္စည်းဘက်က အလေးတင်းပေးရတာကို ပြောတာ ပါပဲ။
နောင်အခါမှာတော့ အလေးချိန်မှာသာမကတော့ဘဲ ငွေကြေးရေတွက်တဲ့အခါ မူးတင်း၊ မတ်တင်း စသည်အား ဖြင့် သုံးစွဲလာကြ တယ်။ နှစ်ကျပ်မတ်တင်းဆိုရင် နှစ်ကျပ် မှာ တစ်မတ်လျော့တယ်ပေါ့။ တစ်ကျပ် ခုနစ်ဆယ့်ငါးပြား ပေါ့။ စင်စစ်အားဖြင့် ငါတို့ ဒီကနေ့ သုံးစွဲနေကြတဲ့ ငါးမူး၊ သုံးမတ်၊ တစ်ကျပ်ဆိုတာတွေဟာ အလေးချိန်က ဆင်း သက်လာတဲ့ စကားတွေပဲ။ ရှေးကတော့ ငွေစ ကြေးစတွေ ကို ရောင်းဝယ်ဖလှယ်ရေး ပစ္စည်းတွေအဖြစ်နဲ့ သုံးစွဲခဲ့ကြ တာကိုး။ ဒီတော့ ငွေနှစ် ကျပ်သားဆိုရင် ငွေစနှစ်ကျပ်သား ကို အလေးနဲ့ ချိန်တွယ်ပြီး ကုန်ပစ္စည်း ရောင်းကြ ဝယ်ကြ တယ်။ အဲဒီကနေပြီးတော့ ငွေကြေးရေ တွက်ရာမှာလည်း မူးတင်း၊ မတ်တင်းဆိုတဲ့ စကားတွေ ပါလာတာပါပဲ။
အဲဒီကနေ နောက်တစ်ဆင့် တက်လိုက်တော့ ဥပစာ စကားတွေ ဖြစ်အောင် ဆိုကြပါစို့။ ”သူ့ကို ဘုရားသွားဖို့၊ ကျောင်းသွားဖို့ အဖော်စပ်ပါတယ်။ အဲဒါကို သူက မူးတင်း၊ မတ်တင်း လုပ်နေတယ်။ ဒါကြောင့် ငါတစ်ယောက်တည်း ပဲ သွားလိုက်ရတယ်” ဆိုတာမျိုးပေါ့။
အောက်စော်နံ
ကလေးတစ်ယောက်က အ စားအသောက် အသုံးအဆောင် တွေ ဟောင်းနွမ်းလို့၊ ပစ်ထားလို့ အနံ့ဆိုးထွက်နေရင် အောက်စော် နံလို့ပြောကြတာ ဘာကြောင့်လဲ ဆရာ။ အဲဒီပစ္စည်းတွေ တခြား ပစ္စည်းတွေရဲ့ အောက်ဘက်မှာ ရောက်နေလို့ ဒီအနံ့မျိုး ထွက်လာ တာ ကို အောက်စော်နံလို့ ပြော တာလားလို့ ငါ့ကို မေးတယ်။ ငါ လည်း သူ့ကို စဉ်းစားမိသမျှ ဖြေခဲ့ ပါတယ်။ ငါ့အဖြေမှန်ပြီလို့ မပြောဝံ့ပါဘူး။ ထင်တယ်လို့သာ ပြောဝံ့ ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃ဝ ကျော်လောက်က မော်လမြိုင်ကော လိပ်မှာ အမှုထမ်း ဖို့ ရောက်သွားခဲ့ ရတယ်။ ၁၉၆၄ လောက်ကပေါ့။ အဲဒီနှစ် ကျောင်းဖွင့်စမှာ မိုးကြီးစွေ လိုက်တာ နေ့နေ့ညည သဲလိုက် ဖွဲလိုက် ရွာနေတော့တာပဲ။ ငါတို့ လုံချည်၊ မျက်နှာသုတ်ပဝါဆိုတာ တွေကို ဘယ်လိုပဲလျှော်လျှော် နေ ရောင်မတွေ့ရဘူး။ အရိပ်ထဲမှာပဲ လှန်း ထားရတာပေါ့။ အထူးသဖြင့် မျက်နှာသုတ်ပဝါတွေက အနံ့ ထွက်နေတော့တာပါပဲ။ အောက် စော်သိုး စော်နံနေတာပေါ့ကွယ်။ အဲဒီမှာတင် ‘အောက်စော်နံ’ ဆိုတဲ့ စကားလုံးကို သွားပြီးသတိရမိခဲ့တာ ပါပဲ။ ငါတို့က အညာသားတွေ မဟုတ်လား။ နေရောင်က မပြတ်ဘူး။ အဝတ်အစားတွေဆိုရင် လည်းပဲ နေပြလေ့၊ နေလှန်းလေ့ ရှိ ကြတယ်။ ဒီတော့ အနံ့အသက် မထွက်ဘူးပေါ့။ အဲဒီလိုနေ နံ့ ထွက်လာတာကို ငါတို့ အညာသား တွေက အလွန်ကြိုက်ကြတယ်။
ငါတို့ အညာသားတွေဟာ ရှေးခေတ်ကတော့ အောက်ပြည်၊ အောက်ရွာကို သွားလေ့ လာလေ့ မရှိကြဘူး။ ကုန်သည်တွေ၊ လှေ သမားတွေလောက်သာ အောက် ပြည်ကို အရောက်အပေါက်များကြ တယ်။ အောက်ပြည်အောက်ရွာမှာ ရက်လကြာရှည် နေရ တတ်သူတွေက စစ်သည်တော်တွေသာလျှင်ဖြစ်တယ်။ အဲဒီတော့ အောက်ပြည်အောက်ရွာရဲ့ မိုးစွေတာကို စိတ်ပျက်ကြပုံပေါ်တယ်။ အဲဒီစစ် သည်တော်တွေရဲ့ စိတ်ပျက်လက် ပျက် ရေရွတ်တဲ့အသံကို သူတို့စာ တွေထဲမှာ တွေ့ရတတ်ပါတယ်။
စစ်ထွက် စာဆိုတော် စိန္တ ကျော်သူရဲ့ ဓနုဖြူတွင်ချီ ရတုထဲ မှာ ရေရွတ်ညည်းညူသံကို ထင် ထင်လင်းလင်း ကြားရနိုင်ပါတယ်။ ‘အောက်မိုးအောက်လေ ပီတော့ ၏။ ကြားဖူးသည်နှင့် ညီတော့၏’ ဆိုတဲ့ ရေရွတ်ညည်းညူသံကို ခု ထက်ထိ မှတ်မိနေပါသေးတယ်။ ဆိုလိုတာက ငါတို့ အညာ ပြည်ရွာ မိုးနည်းရပ်ဝန်းဒေသက လူ တွေဟာ နေရောင်ကို ချစ်ကြ တယ်။ နေရနံ့ကို တပ်မက်ကြတယ်။ ဒီတော့ မိုးစွေခိုက်မှာ အောက်ပြည် အောက်ရွာမှာကြုံတတ်တဲ့ အောက် သိုးသိုးအနံ့ကို စိတ်ပျက်တာ သဘာဝကျပါတယ်။ ဒါကြောင့် အောက် ပြည်အောက်ရွာမှာ ကြုံရတတ်တဲ့ အောက်သိုးသိုးအနံ့ကို အောက်စော် နံတယ်လို့ ဝေါဟာရ သုံးခဲ့ကြ တာ ဖြစ် လိမ့်မယ် ထင်တာပဲ။
အဲဒါဟာ မော်လမြိုင်ကော လိပ်မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံ ကြောင့် ငါ တွေးမိခဲ့တဲ့ အတွေးပါ ပဲ။ ဒီတော့ ငါ့အတွေးကို မှန်လှပြီ လို့ မဆိုလိုပါဘူး။ မင်းတို့ ဆက် ပြီး တွေးကြဖို့ မျှဝေလိုက်တာပါ။
ဈေးကွက်ဂျာနယ်မှ