Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆမ်ဆောင်းကုမ္ပဏီအကြောင်း သိကောင်းစရာ

by Thutamm
January 27, 2021
Reading Time: 1min read
0
ဆမ်ဆောင်းကုမ္ပဏီအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဆမ်ဆောင်းကတော့ အီလက်ထရောနစ်ထုတ်ကုန်တွေသာမက စမတ်ဖုန်းထုတ်ကုန်တွေအဖြစ် ကျွန်တော်တို့နဲ့ ရင်းနှီးပြီး နာမည်တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ စာရင်းအရ ဆမ်ဆောင်းဟာ အမြတ်ငွေ ၂၂၃ဘီလျံ ဒေါ်လာ နဲ့ Apple ရဲ့ နောက် ဒုတိယအကြီးဆုံး IT နည်းပညာ ကုမ္ပဏီတစ်ခု အဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၄ခုနှစ်တုန်းကတောင် ဝန်ထမ်းပေါင်း ၄၈၉၀၀၀ ရှိတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီအကြောင်းကို သိလိုပါတယ် လို့ ပြောလာတဲ့ သုတဇုန် မိတ်ဆွေများအတွက် ဆမ်ဆောင်းကုမ္ပဏီရဲ့ စိတ်ဝင်စားဖွယ် အကြောင်းတချို့ကို ဗဟုသုတ အဖြစ် မျှဝေလိုက်ပါတယ်။

ဆမ်ဆောင်းကုမ္ပဏီကို ၁၉၃၈ ခုနှစ်ကတည်းက ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် လီဗျောင်ချော(Lee Byung-chul ) က စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်တုန်းကတော့ ကုန်သွယ်ရေးလုပ်ငန်း အဖြစ် တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ငါးခြောက် ၊ အစားအသောက်၊ အထည်အလိပ်၊ အာမခံ စသည့်လုပ်ငန်းများကို ဆယ်စုနှစ် ၃ခုကြာ လုပ်ကိုင်ခဲ့ပါတယ်။ Samsung ဆိုတဲ့အမည်အဓိပ္ပါယ်မှာ Sam က Three(သုံး) နဲ့ Sung က Star(ကြယ်) = Three Stars (ကြယ်သုံးပွင့်) ဖြစ်ပါတယ်။ အဲဒီကြယ်သုံးပွင့်ကတော့ ကြီးမားသော ၊ များပြားသော ၊ စွမ်းအားရှိသော အဓိပ္ပါယ်တွေကို ရည်ညွှန်းပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ လုပ်သား ၄၀ နဲ့ ခေါက်ဆွဲထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်ပါသေးတယ်။

စစ်ကြီးပြီးတဲ့အချိန်မှာတော့ ကိုရီးယားအစိုးရရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း တော်တေ်ာများများကို ကန်ထရိုက်ရခဲ့ပါတယ်။ အဲဒီထဲမှာ သင်္ဘောကျင်းလုပ်ငန်း ၊ ရေနံ နှင့် ဓာတုလုပ်ငန်း ၊ လေယာဉ်ထိန်းသိမ်းမှုလုပ်ငန်း တွေပါဝင်ပါတယ်။

၁၉၆၀ ခုနှစ်နောက်ပိုင်းမှာတော့ အီလက်ထရွန်းနစ်လုပ်ငန်း၊ ၁၉၇၀ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ ကို တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၇ခုနှစ် လီဗျောင်ချော ကွယ်လွန်ပြီးတဲ့နောက် သားဖြစ်သူ လီကောင်ဟီး ရဲ့လက်ထက်မှာတော့ ဆီမီးကွန်ဒတ်တာလုပ်ငန်း ၊ ဘဏ်လုပ်ငန်း ၊ နာရီလုပ်ငန်းများအပြင် ဆမ်ဆောင်းဘေစ့်ဘော အသင်း တို့ကို ထပ်မံချဲ့ထွင်ခဲ့ပါတယ်။ ဆမ်းဆောင်းရဲ့ စုစုပေါင်းလုပ်ငန်းခွဲပေါင်းဟာ ၈၀ ခန့် ရှိပါတယ်။

ဒါ့အပြင် ကားအစီးပေါင်း ၅သိန်းခန့်ထုတ်လုပ်နိုင်တဲ့ မော်တော်ကား စက်ရုံကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းကြောင့် ကားတစ်စီးမှ မထုတ်လုပ်နိုင်ခဲ့တဲ့အပြင် များပြားလွန်းတဲ့လုပ်ငန်းတွေကို မထိန်းသိမ်းနိုင်တော့တာကြောင့် ဒေဝါလီခံရတော့မလိုတောင် ဖြစ်ခဲ့ပါတယ်။ အကြွေးလည်း ဘီလျံနဲ့ချီပြီးတင်ခဲ့ပါတယ်။

ဒီအခြေအနေမှာ ပြိုလဲခါနီးဖြစ်နေတဲ့ ဆမ်ဆောင်းရဲ့အခက်အခဲကို ကယ်တင်ပေးခဲ့သူကတော့ စီအီးအို ရန်ချောင်ယွန်းဖြစ်ပါတယ်။ သူဟာ ဆမ်ဆောင်းကော်ပိုရေးရှင်းကြီးကို သိသိသာသာပြောင်းလဲပစ်ခဲ့ပါတယ်။ အကြီးမားဆုံးပြောင်းလဲမှုကတော့ ဝန်ထမ်းပေါင်း ၂သောင်းခန့်ကို အလုပ်ဖြုတ်ပစ်တာပါ။ ဒါ့အပြင် ကုမ္ပဏီရဲ့ ကုန်ကျစရိတ်တွေကိုလည်း နည်းသထက်နည်းအောင်းလျော့ချပစ်ခဲ့ပါတယ်။ ဒီလို ပြောင်းလဲမှုကြောင့် ၂၀၀၀ခုနှစ်အရောက်မှာတော့ အကြွေး ၁၀ ဘီလျံကို ပြန်ဆပ်နိုင်ခဲ့တဲ့အပြင် ဆမ်ဆောင်း အီလက်ထရောနစ် လုပ်ငန်းဟာလည်း ပြန်လည်ဦးမော့ လာခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ ဆမ်ဆောင်းကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးဖြစ်ခဲ့တဲ့အပြင် ဆမ်းဆောင်းရဲ့အမြတ်အစွန်းဟာ တောင်ကိုရီးယားနိုင်ငံ စုစုပေါင်း GDP ရဲ့ ၁၇% နဲ့ ညီမျှပါတယ်။ ဆမ်ဆောင်းကုမ္ပဏီနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ် အချက်တချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဆမ်ဆောင်းဟာ ၁၉၇၀ခုနှစ်မှာ ပထမဆုံး အီလက်ထရောနစ် ထုတ်ကုန်အနေနဲ့ ၁၂လက်မ အဖြူအမည်း တီဗီကို ထုတ်လုပ်ခဲ့ပါတယ်။

၂။ ဆမ်ဆောင်းထုတ်ကုန်တွေရဲ့ အစိတ်အပိုင်းအားလုံးနီးပါးကို ဆမ်ဆောင်းရဲ့ကိုယ်ပိုင် စက်ရုံတွေကပဲ ထုတ်လုပ်ပါတယ်။ ၁၀% ခန့်သော အစိတ်အပိုင်းတွေကိုသာ အခြားကုမ္ပဏီတွေဆီက ယူရပါတယ်။

၃။ ဆမ်ဆောင်းလိုဂိုဟာ ၁၉၇၀ခုနှစ်က စလို့ ၃ကြိမ်ပြောင်းလဲခဲ့ပါတယ်။ လက်ရှိလိုဂိုကတော့ ၁၉၉၃ခုနှစ်ကတည်းက ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

၄။ ဆမ်ဆောင်းဟာ လူအရင်းအမြစ် စီမံခန့်ခွဲမှုစင်တာကို ၁၉၉၃ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သင်ရိုးပေါင်း ၆၄ခုပါဝင်ပြီး လုပ်သားပေါင်း ၅၃၄၀၀ ကို သင်ကြားပေးခဲ့ပါတယ်။ အဲဒီထဲကနေ နိုင်ငံအတွက် ကျွမ်းကျင်သူပေါင်း ၅၀၄၅ယောက်ကို မွေးထုတ်ပေးခဲ့ပါတယ်။

၅။ ဆမ်ဆောင်းနဲ့ ပတ်သတ်ရင် အိုင်တီ နဲ့ အီလက်ထရောနစ်ထုတ်ကုန်တွေကို သာ ကျွန်တော်တို့ သတိထားမိကြပေမယ့် တကယ်ဆော့ ဆမ်ဆောင်းဟာ ကမ္ဘာကျော် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ အင်ချွန်းလေဆိပ် ၊ မလေးရှားအမွှာတာဝါ နဲ့ ကမ္ဘာ့အမြင့်ဆုံး Burj Khalifa တာဝါဟာ တည်ဆောက်ရေးတွေမှာ ဆမ်ဆောင်းဆောက်လုပ်ရေးက အဓိကတည်ဆောက်ခဲ့တာပါ။

၆။ အီလက်ထရောနစ် နဲ့ ဆောက်လုပ်ရေးမှာသာမက စက်မှုလုပ်ငန်းမှာလည်း ဆမ်ဆောင်းဟာ နောက်ကျမကျန်ခဲ့ပါဘူး။ Samsung Heavy Industries ဟာ ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်ရေး လုပ်ငန်းစု တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့သင်္ဘောဒေါက်ကျင်းဟာ စတုရန်းပေ ၄သန်းတောင် ကျယ်ဝန်းပါတယ်။ အဲဒီသင်္ဘောကျင်းကနေ နှစ်စဉ်နှစ်တိုင်းမှာ သင်္ဘောအကြီးစား အစင်း ၃၀ ခန့်ကို တည်ဆောက်လျှက်ရှိပါတယ်။

၇။ ကိုရီးယားလေတပ်ဟာ ဆမ်ဆောင်းကို အမြဲအမှတ်ရနေမှာပါ။ အကြောင်းကတော့ ဆမ်ဆောင်းဟာ လေယာဉ်တွေကိုလည်း ထုတ်လုပ်ပေးခဲ့ပြီး ကိုရီးယားရဲ့ပထမဆုံး KF-16 လေယာဉ်ကို ဆမ်ဆောင်းက ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာတော့ ဒီလေယာဉ် နဲ့ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းစုကို ဆမ်ဆောင်းဟာ Hanwha Group ထံရောင်းချခဲ့ပါတယ်။

၈။ ၂၀၁၂ ခုနှစ်မှာတော့ ဆမ်ဆောင်းဟာ ၁၉၉၈ခုနှစ်ကတည်းက အရောင်းရဆုံး မိုဘိုင်းဖုန်းတံဆိပ်နေရာကို ရယူထားတဲ့ နိုကီရာ ကိုကျော်လွန်ကာ နံပါတ် ၁ မိုဘိုင်းကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

၉။ ၂၀၁၂ခုနှစ်မှာတော့ ဆမ်ဆောင်းဟာ Apple ထံ မူပိုင်ခွင့်ချိုးဖောက်မှု နဲ့ ဒေါ်လာ ၁.၀၅ဘီလျံကို လျှော်ခဲ့ရပါသေးတယ်။

၁၀။ ဆမ်ဆောင်းရဲ့ အသက်အာမခံလုပ်ငန်းဟာလည်း တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး အာမခံလုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံပေါင်း ၇နိုင်ငံမှာ သုံးစွဲသူပေါင်း ၈သန်း ဝန်ထမ်းပေါင်း ၆ထောင်ခန့်နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းစု ဖြစ်ပါတယ်။

၁၁။ ဆမ်ဆောင်း ဆေးဝါး နဲ့ ကုသရေး စင်တာဟာလည်း နိုင်ငံရဲ့ ဝန်ဆောင်မှု အကောင်းဆုံး စင်တာဖြစ်နေပြန်ပါတယ်။ ဒီစင်တာမှာ ဆေးရုံတစ်ရုံ နဲ့ ကင်ဆာဌာနတွေ ပါဝင်ပါတယ်။ ဆေးရုံကတော့ စတုရန်းပေ ၂သိန်းခန့်ကျယ်ဝန်းကာ အထပ်ပေါင်း ၂၅ထပ်(မြေအောက် ၅ထပ် အပါအဝင်) ၊ ဌာနပေါင်း ၄၀ ၊ အထူးကု ဌာန ၁၀ ခု နဲ့ ကုတင် ၁၃၀၆ ခု ဆန်တဲ့ဆေးရုံပါ။ ကင်ဆာဌာမှာတော့ ကုတင်ပေါင်း ၆၅၅ခု ပါဝင်ပြီး ဝန်ထမ်းပေါင်း ၇၄၀၀ နဲ့ လည်ပတ်နေပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!