Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆန်းပြားတဲ့ ကြယ်ပုံစံဒီဇိုင်းနဲ့ ကမ္ဘာကျော်ခံတပ်

by Thutamm
August 14, 2019
Reading Time: 1min read
0
ဆန်းပြားတဲ့ ကြယ်ပုံစံဒီဇိုင်းနဲ့ ကမ္ဘာကျော်ခံတပ်
Share on FacebookShare on Twitter

ရေးသားသူ – အောင်ခမ်း

နယ်သာလန်နိုင်ငံ၊ မြောက်ဘက်အစွန်း  Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိနေတဲ့ ခံတပ်တစ်ခု ဖြစ်ပါတယ်။ ထိုနေရာဟာ ဂျာမနီနဲ့ နယ်နိမိတ်ချင်းထိကပ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

နယ်သာလန်ရဲ့ အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီလက်အောက်ရောက်ချိန် ယင်းခံတပ်ရဲ့ အထောက်အပံ့ကြောင့် ဂျာမန်လက်အောက်ရောက်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့လို့ ဖြစ်ပါတယ်။

၁၅၉၃ ခုနှစ်က ၈နှစ် စစ်ပွဲအတွင်းမှာ ဒတ်ချ်ဘုရင် William the I of Orange မှ တည်ဆောက်ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့ သိမ်းပိုက်ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီတပ်များ ခြံရံနေပါတယ်။ ဒီတော့ ဒီတပ်နှစ်တပ်သာ ပေါင်းစုံမိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ်ဖွတ်ကျေအောင် ပျက်စီးရမှာမို့ အမျှော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ်တည့်တည့်မှာ ယခုလို ဧရာမ ခံတပ် အကြီးကြီး တည်ဆောက်ပါတယ်။

ကြယ်ပုံသဏ္ဍာန် အကွင်းပေါင်းများစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့်ခံပါတယ်။ အမြောက်တပ် ခေတ်စားတဲ့အချိန်ဆိုတော့ အမြောက်ဒဏ်ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက်ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။

ဂျာမနီတပ်လည်း နယ်သာလန်နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီးပေးမယ့် ယင်း ခံတပ် တစ်ခုတည်း ကပ်ကျန်နေပါတယ်။ ယင်းတပ်မှာလည်း နယ်သာလန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က Bourtange ခံတပ် ကို ရောက်ဖို့ထက် သူ့ရွှံ့နွံတွေမှာပဲ ဇာတ်သိမ်းသွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုတ် ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမားလှပါတယ်။

၁၅ ရာစုကတည်းက နယ်သာလန် ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ဘယ်လို စွမ်းတယ်ဆိုတာကို ယနေ့တိုင် သက်သေပြနေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံသိမ်းနိုင်တယ်ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြသွားပါတယ်။ Bourtange ခံတပ်ဟာ နှစ်ပေါင်းများစွာ တိုက်ပွဲပေါင်းများစွာကို ကြံ့ကြံ့ခိုင်အောင်မြင်ခဲ့တဲ့ ခံတပ် အဖြစ် ထင်ရှားခဲ့ပါတယ်။

၁၈၅၁ ခုနှစ်မှာတော့ ခံတပ်ကို ကျေးရွာအဖြစ် ပြောင်းလဲခဲ့ပြီး နှစ်ပေါင်း ၁၀၀ နီးပါး လူတွေအခြေချနေထိုင်ခဲ့တဲ့နေရာဖြစ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် ဝန်းကျင်မှာတော့ အစိုးရဟာ နေထိုင်သူအားလုံးကို ဖယ်ရှားလိုက်ပြီးတော့ ရေလမ်းကြောင်းများကို ပြန်လည်တူးဖော်၍ စစ်တန်းလျားများကို မူလအနေအထားသို့ ပြန်လည်ပြုပြင်ခဲ့ကာ သမိုင်းဝင်နေရာတစ်ခု အဖြစ် သီးသန့်ပြန်ထားခဲ့ပါတယ်။

ယနေ့မှာတော့ ပြတိုက်တစ်ခုအနေနဲ့ တည်ရှိနေပါပြီ။ ခံတပ်ကို အကောင်းပကတိ ထိန်းသိမ်းထားနိုင်သလို ဒီအထဲမှာ သမိုင်းဝင် ဘုရားကျောင်းတွေ ၊ ကျောက်ခင်းလမ်းတွေ ၊ သစ်သားလေရဟတ်ကြီးတွေ ၊ အံသြဖွယ်တည်ဆောက်ထားတဲ့ တံတားတွေ နဲ့ စစ်တန်းလျားတွေ ကို မြင်တွေ့နိုင်ပါသေးတယ်။

နယ်သာလန်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များအကြောင်းကို လေ့လာ လိုသူများအတွက် အကောင်းဆုံးနေရာများထဲမှာ Fort Bourtange ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

VIDEO

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!