Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ထိုင်းနိုင်ငံက အဖြူရောင်ဘုရားကျောင်း (သို့) ဘုရားဖြူ

by Thutamm
November 28, 2019
Reading Time: 1min read
0
ထိုင်းနိုင်ငံက အဖြူရောင်ဘုရားကျောင်း (သို့) ဘုရားဖြူ
Share on FacebookShare on Twitter

ကမ္ဘာကတော့ အဖြူရောင်ဘုရားကျောင်းလို့သိကြတဲ့ Wat Rong Khun ဟာ ဆန်းပြားပြီး ခေတ်မီတဲ့ ဗိသုကာလက်ရာတွေကြောင့် နာမည်ကျော်ကြားပါတယ်။ ထိုင်းနိုင်ငံ Chiang Rai ပြည်နယ်အတွင်းမှာ တည်ရှိတဲ့ ဒီဘုရားကျောင်းကို ထိုင်းအနုပညာရှင်တစ်ဦးဖြစ်တဲ့  Chalermchai Kositpipat က ပိုင်ဆိုင်ပြီး သူကိုယ်တိုင်ဒီဇိုင်းထောက်ပြီး ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ၁၉၉၇ခုနှစ်မှာတော့ အခြားသူတွေလေ့လာလည်ပတ်နိုင်ဖို့ ဖွင့်လှစ်ပေးခဲ့ပါတယ်။

နောက်ခံသမိုင်း

၂၀ရာစုနှောင်းပိုင်းမှာ မူလတည်ရှိခဲ့တဲ့ Wat Rong Khun ကျောင်းတော်ဟာ အခြေအနေဆိုးရွားလာခဲ့ပါတယ်။ ပြုပြင်မွမ်းမံဖို့ လိုအပ်ပေမယ့် ရန်ပုံငွေကောက်ခံဖို့ အဆင်မပြေတာကြောင့် ဒေသခံအနုပညာရှင်တစ်ဦးဖြစ်တဲ့ Chalermchai Kositpipat က အစအဆုံး ကိုယ်တိုင်ငွေကြေးစိုက် ၊ လူစိုက်ကာ ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ ယနေ့အချိန်အထိ ဆက်လက်မွမ်းမံတည်ဆောက်နေဆဲဖြစ်ပြီး ထိုင်းဘတ်ငွေ သန်း ၄၀ (အမေရိကန်ဒေါ်လာ ၁.၂သန်းခန့်) သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါတယ်။

ကျောင်းတော်နဲ့ တဆက်တည်းမြေနေရာကိုလည်း တရားထိုင်ရာစင်တာတစ်ခု ဆောက်လုပ်ပေးဖို့ Kositpipat က ရည်မှန်းထားပါတယ်။ ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၇၀ခုနှစ်ခန့်မှ အပြီးသတ်နိုင်မယ်လို့ ရည်ရွယ်ထားတဲ့ ဒီကျောင်းတော်တည်ဆောက်ရေးမှာ အလှူငွေကိုလက်ခံပေမယ့် ထိုင်းဘတ် ၁သောင်းကျော်လွန်တဲ့ အလှူငွေကိုတော့ လက်မခံပါဘူး။ အကြောင်းကတော့ ငွေအများအပြားလှူဒါန်းသူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို မခံချင်လို့ ဖြစ်ပါတယ်။

အဆောက်အအုံများနှင့် နိမိတ်ပုံရိပ်များ

ကျောင်းတော်ဆောက်လုပ်ရေးလုပ်ငန်းတွေ အားလုံးပြီးစီးတဲ့အခါ ဒီကျောင်းတော်ဝန်းထဲမှာ လက်ရှိ ရှိနေတဲ့ သိမ် ၊ တရားထိုင်ခန်းမ ၊ အနုပညာပြခန်း နဲ့ သံဃာများသီတင်းသုံးနားနေဆောင် တို့အပါအဝင် အဆောက်အအုံး ကိုးလုံးအထိ ရှိလာမှာဖြစ်ပါတယ်။

သံသရာတံတား

အဖြူရောင်ကျောင်းတော် ပင်မအဆောက်အအုံရဲ့ ရှေ့မှာရှိပြီး ရေကန်ပေါ်မှာ ဖြတ်သန်းထိုးထားတဲ့ တံတားဖြစ်ပါတယ်။ တံတားရဲ့အရှေ့ဘက်မှာတော့ ရာပေါင်းများစွာသောလက်ရုပ်တွေကို တွေ့ရမှာဖြစ်ပြီး ဒါဟာ လူတွေရဲ့အတောမသတ်နိုင်တဲ့ ဆန္ဒတွေကိုရည်ညွှန်းထားတာဖြစ်ပါတယ်။ လောဘ ၊ ဒေါသ ၊ မောဟ တွေကို ပယ်သတ်နိုင်မှ ပျော်ရွှင်ခြင်းသို့ရောက်နိုင်မှာဖြစ်ကြောင်း ဒီတံတားက ပြဆိုနေပါတယ်။ ရေကန်ရဲ့ဘေးမှာတော့ ဗုဒ္ဓဝင်လာ ကိန္ဒရာရုပ်တု နှစ်ရုပ်ကို ထုလုပ်ထားပါတယ်။

နိဗ္ဗာန်တံခါး

တံတားကိုဖြတ်ပြီးတဲ့အခါ နိဗ္ဗာန်တံခါး၀ ကိုရောက်ပါလိမ့်မယ်။ ဒီတံခါးဝမှာတော့ ရာဟုဂြိုဟ်မင်း နဲ့ မရဏမင်းတို့က စောင့်ကြပ်နေပါတယ်။ သိမ်ကျောင်းရဲ့ရှေ့မှာတော့ တရားထိုင်နေဟန် ဗုဒ္ဓဆင်းတုတော်များစွာကို တွေ့ရမှာဖြစ်ပါတယ်။

သိမ်ကျောင်းတော်

ပင်မအဆောက်အအုံဖြစ်တဲ့ ဒီသိမ်ကျောင်းတော်တစ်ခုလုံးကို အဖြူရောင်တွေနဲ့ပဲ ခြယ်သထားပါတယ်။ အပြင်ဘက်ကိုတော့ မှန်တွေနဲ့စီခြယ်ထားပြီး ထိုင်းအနုပညာဗိသုကာလက်ရာတွေနဲ့ ဆောက်လုပ်ထားပါတယ်။ ဘုံသုံးဆင့်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး နဂါးရုပ်တွေကိုလည်း ထည့်သွင်းထုလုပ်ထားပါသေးတယ်။ နံရံပေါ်က ပန်းချီကားမှာတော့ မီးညွှန့်မီးလျံများနဲ့အတူ မကောင်းဆိုးဝါးတွေရဲ့ မျက်နှာကို ဆွဲထားပါတယ်။ ဒါ့အပြင် အနောက်ပိုင်းမှာ အလွန်ကျော်ကြားတဲ့ မိုက်ကယ်ဂျက်ဆင် ၊ Matrix ဇာတ်ကားမှ Neo ၊ ဟယ်ရီပေါ်တာ ၊ စူပါမန်းတို့အပါအဝင် အရုပ်ပေါင်းများစွာကိုလည်း ထည့်သွင်းထားပါသေးတယ်။ အနုမြူစစ်ပွဲများ ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ထည့်သွင်းရေးခြင်းဟာ အဓိပ္ပါယ်ကောက်ဖို့ခက်ပေမယ့် လူတွေရဲ့စိတ်မမှန်မှု ကောက်ကျစ်မှုတွေကို ဖော်ညွှန်းထားတာဖြစ်ပါတယ်။

ရွှေရောင်အဆောက်အအုံ

တစ်ခန်းလုံးရွှေရောင်ဖြစ်နေတဲ့ အိမ်သာများရှိရာ ရွှေရောင်အဆောက်အအုံဟာ လှပဆန်းကြယ်တဲ့လက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ နောက်ထပ်အဆောင်တစ်ခု ဖြစ်ပါတယ်။ ပထမ သိမ်ဖြူတော်က စိတ် ကို ကိုယ်စားပြုပြီး ၊ ရွှေရောင်အဆောင်က ရုပ် ကိုကိုယ်စားပြုပါတယ်။ ရုပ် ဆိုတာ လူတွေရဲ့ငွေကြေး ၊ အာဏာလိုအင်တွေကို တပ်မတ်မှု အညစ်အကြေးတွေကို ရည်ညွှန်းပြီး စိတ်ငြိမ်းချမ်းမှုကတော့ အဲဒီ ပိုင်ဆိုင်မှုတွေကို လိုချင်တပ်မက်ခြင်းမရှိတော့ကြောင်း ဆိုလိုပါတယ်။

ငလျှင်လှုပ်ခတ်မှု

၂၀၁၄ခုနှစ်မေလ ၅ရက်နေ့က လှုပ်ခဲ့တဲ့ Mae Lao ငလျှင်ကြောင့် ဘုရားကျောင်းဟာ ပျက်စီးခဲ့ရတဲ့အတွက် ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် မေလ ၇ရက်နေ့ ကျွမ်းကျင်သူ ပညာရှင်များနဲ့ စစ်ဆေးအပြီးမှာတော့ ပျက်စီးခြင်းဟာ အပေါ်ယံသာဖြစ်ပြီး ဆိုးဆိုးရွားရွားပျက်စီးခဲ့ခြင်း မရှိတဲ့အတွက် မေလ ၈ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ Kositpipat ကတော့ ဒီကျောင်းတော်ကို ကမ္ဘာပေါ်မှာ အလှဆုံးဘုရားကျောင်းဖြစ်စေပြီး သူ့ဘဝတစ်ခုလုံးကို ဒီကျောင်းတော်တည်ဆောက်ရေးမှာ မြုပ်နှံထားတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

VIDEO နဲ့ အရင်သွားလည်ကြည့်ပါ 🙂

ဒီအဆောက်အအုံကို ဝင်ရောက်မယ်ဆိုရင် ထိုင်းနိုင်ငံသားတွေကတော့ အခမဲ့ဖြစ်ပြီး တခြားနိုင်ငံကသူတွေကတော့ ထိုင်းဘတ် ၅၀ ဝင်ကြေးပေးရမှာဖြစ်ပါတယ်။

သုတဇုန်

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!