(Unicode)
ရှေးယခင်က ငွေကြေးအဖြစ် ကမာခွံတွေနဲ့ တိရိစ္ဆာန်တွေရဲ့ အရိုးတွေကို အသုံးပြုခဲ့ကြပေမယ့် ယနေ့အချိန်မှာတော့ ငွေကြေးဆိုင်ရာသင်္ကေတပစ္စည်းတွေဟာ ကြီးကြီးမားမားပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။ ယနေ့သုံးစွဲနေတဲ့ ငွေဒင်္ဂါးတွေ၊ငွေစက္ကူတွေ၊ အကြွေးဝယ်ကဒ်တွေနဲ့ကမ္ဘာအနှံ့အပြား မှာကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလျက်ရှိနေပါပြီ။
ဒါပေမဲ့ လူသားတွေဟာ လူရဲ့ကျင်ငယ်ရေ နဲ့ဘီယာဘူးအဖုံးကဲ့သို့သော ပစ္စည်းတွေကို ငွေကြေးဆိုင်ရာသုံးစွဲတဲ့ အမှတ်အသားအဖြစ် အသုံးပြုခဲ့ကြတယ်ဆိုရင် ကြားသိရသူအဖို့ ထူးဆန်းနေပါလိမ့်မယ်။ ဒီလိုသုံးစွဲခဲ့တဲ့သူတွေဟာ ဘယ်လိုနားလည်မှု ကိုအခြေခံပြီး ဒီပစ္စည်းတွေကို သုံးစွဲခဲ့ကြပါသလဲ။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာငွေကြေးဆိုင်ရာပေးချေမှုအနေနဲ့သုံးစွဲခဲ့ကြတဲ့ ထူးထူးဆန်းဆန်း အရာတွေအကြောင်းပဲဖြစ်ပါတယ်။
(၁) Tea bricks
ကုန်လွန်ခဲ့ပြီး ကာလတွေဖြစ်တဲ့(၉)ရာစုကနေ (၂၀)ရာစု အတွင်းမှာ Tea bricksလို့ ခေါ်တဲ့ အုတ်ချပ်တွေကို တာမစ်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနဲ့ရုရှား နိုင်ငံရဲ့အချို့နေရာတွေမှာငွေကြေးအဖြစ်သုံးစွဲခဲ့ကြပါတယ်။ ဒီအုတ်ချပ်တွေကို မတူညီတဲ့ အရွယ်အစား၊ ပုံစံအမျိုးမျိုးထုတ်လုပ်ခဲ့ကြပါတယ်။
ဒီအုတ်ချပ်တစ်ခုနဲ့အခြားတစ်ခုဟာ မတူညီပဲ အုတ်ချပ်ရဲ့ အရည်အသွေးနဲ့ ဒီအုတ်ချပ်ပေါ်မှာထွင်းထုထားတဲ့ လက်ရာတွေ အပေါ်မူတည်ပြီး ငွေကြေးတန်ဖိုး အနည်းအများ ခွဲခြားထားတာပါ။
(၂) Urine
ဒီသုံးစွဲတဲ့စနစ်ကတော့ အတော်လေးထူးဆန်းပြီး မျက်မှောက်ခေတ်မှာ သုံးစွဲနေကြတာပါ။ လူရဲ့ ဆီးကိုငွေကြေးပုံစံ ပေးချေမှုအနေနဲ့ အချို့အကျဉ်းထောင်တွေမှာ သုံးစွဲ နေကြတာပါ။ တစ်ခါတစ်ရံမှာတော့ မူးယစ်ဆေးနဲ့ပတ်သတ်ပြီး ရှောင်တစ်ခင် စစ်ဆေး မှုတွေကိုအကျဉ်းထောင်တွေမှာပြုလုပ်လေ့ရှိပါတယ်။ဒီလိုစစ်ဆေးရာမှာတာဝန်ရှိသူတွေဟာအကျဉ်းသားရဲ့ ဆီးနမူနာကိုသာယူပြီးစစ်ဆေးကြပါတယ်။မူးယစ်ဆေးသုံးစွဲကြောင်း ထင်ရှားပါက ထပ်ဆင့်ပြစ်ဒဏ်တွေထပ်မံ အရေးယူခြင်းခံရပါတယ်။
အဲဒီအခါမှာ အကျဉ်းထောင်ထဲကမူးယစ်ဆေးသုံးစွဲနေသူတွေဟာ သူတို့ရဲ့ ဆီးနမူနာကို တာဝန်ရှိသူတွေကို ပေးဖို့အခက်အခဲကြီးစွာ ဖြစ်ရပါတယ်။ ဒါကြောင့်သူတို့ဟာ တစ်ခြား အကျဉ်းသား(မူးယစ်ဆေးမသုံးတဲ့သူ)ရဲ့ ဆီးနမူနာကို ရယူရန် ပိုင်ဆိုင်မှုတန်ဖိုးတစ်ခုနဲ့ ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါကြောင့် လူသားတွေရဲ့ ဆီးဟာ တစ်ချို့သော အကျဉ်းထောင် တွေမှာတော့ ပေးချေမှုဆိုင်ရာ တန်ဖိုးတစ်ခု အနေနဲ့ သတ်မှတ်အသုံးပြုနေတာပါ။
(၃) Laundary detergents
ပုံပါမြင်ရတဲ့ Tide အမျိုးအစား အဝတ်အထည် အစွန်းချွတ်ဆေးဟာ ဒီငွေကြေးဆိုင် ရာပေးချေမှုစာရင်းမှာ ပါဝင်လာမယ်လို့ ဘယ်သူကမှတွေးမိမယ်မထင်ပါဘူး။ လက်ရှိ အနေအထားမှာတော့ ဒီနာမည်ကျော်အစွန်းချွတ်ဆေးဟာ မူးယစ်ဆေးဝါးရောင်းချသူတွေအတွက် အလွန်အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်နေတာပါ။ ဒီအစွန်းချွတ်ဆေးဟာ လူသိများပြီး အလွန်ရောင်းကောင်းတဲ့ထုတ်ကုန်တစ်ခု ဖြစ်တာကြောင့် မူးယစ်ဆေးဝါး ကုန်သည်တွေဟာ ဒီဘူးတွေထဲမှာ မူးယစ်ဆေးဝါးတွေကို သိုလှောင်ပြီးတစ်နေရာကနေ တစ်နေရာကို သက်သာင့်သက်သာ သယ်ဆောင်ရောင်းချနေတာပါ။
ဒီအစွန်း ချွတ်ဆေးဟာ အိမ်တိုင်းမှာ၊နေရာတိုင်းမှာရှိတာကြောင့် အာဏာပိုင်တွေ အနေနဲ့မျက်စိ လည်စရာဖြစ်နေတာပါ။ ဒုစရိုက်လောကရဲ့ မှောင်ခိုဈေးကွက်မှာ ဆေးခြောက်နဲ့ ကိုကင်းထည့်ထားတဲ့ အဲဒီအစွန်းချွတ်ဆေး 150-0z ဘူးတစ်ဘူးဟာ အမေရိကန် ဒေါ်လာ (၁၀)ဒေါ်လာတန်ဖိုးရှိနေတာပါ။
(၄) Katanga Cross
ဒီကြက်ခြေခတ်ကိုမြင်လိုက်ရင်တော့ ဒီအရာဟာ ကျွန်ပ်တို့ဘိုးဘွားတွေလက် ထက်ထဲက တည်ဆောက်ခဲ့တဲ့ လက်မှုပစ္စည်းတစ်ခုလို့ထင်ကောင်း ထင်နိုင်ပါတယ်။ ဒီကြေးနီနဲ့ပြုလုပ်ထားတဲ့ကြက်ခြေခတ်ကို (၁၉)ရာစုကနေ(၂၀)ရာစုအစောပိုင်းကာလ တွေအထိ ကွန်ဂိုသမ္မတနိုင်ငံရဲ့ တရားဝင် ငွေကြေးအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။
Katanga ဆိုတဲ့အမည်ကတော့ ကွန်ဂိုနိုင်ငံက ပြည်နယ်တစ်ခုရဲ့နာမည်ဖြစ်ပြီး အဲဒီ ကြက်ကြေခတ်ကို ပုံစံအမျိုးမျိုးနဲ့ထုတ်လုပ်ပြီး ငွေကြေးဆိုင်ရာ အမှတ်အသားအနေ နဲ့ သုံးစွဲခဲ့ကြတာပါ။ ဒီကြေးနီကြက်ခြေခတ်ရဲ့ အချင်းဟာ (၂၀)cm အထိရှိပြီး 1kg အထိအလေးချိန်ရှိပါတယ်။
(၅) Rai Stones
Rai Stones တွေဟာ သမိုင်းတစ်လျှောက်အကြီးမားဆုံးထုထည်ရှိတဲ့ ငွေကြေးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီ Rai Stones တွေကို ခရိုအေးရှားနိုင်ငံ Adriatic ပင်လယ် ထဲက Rap ကျွန်းစုမှာ AD ၅၀၀ ဝန်းကျင်လောက်ကအသုံးပြုခဲ့ကြတာပါ။ Rai Stone တစ်ခုချင်းစီမှာကိုယ်ပိုင်သမိုင်းခေါင်းစဉ်တစ်ခုရှိပြီး အဲဒီကျောက်တုံးတွေရဲ့တန်ဖိုးကိုပါ ဆုံးဖြတ်နိုင်ပါတယ်။
ယင်းကာလက အဲဒီ Rai Stones တွေကို ခက်ခက်ခဲခဲဖန်တီးခဲ့ရပြီး တစ်နေရာကနေတစ်နေရာကို ခဲယဉ်းစွာသယ်ဆောင်ခဲ့ရပုံပါ။ ဒါအပြင် Rai Stones တွေရဲ့ ငွေကြေးဆိုင်ရာတန်ဖိုးအနည်းအများကို ဘယ်လိုတွက်ချက်ခဲ့ကြပါသလဲ ဆိုတာလည်း စဉ်းစားစရာဖြစ်ခဲ့ပါတယ်။
(၆) Lobi snakes
အာဖရိကတိုက် ဂါနာနိုင်ငံမှာရှိတဲ့ Lobi လူမျိုးနွယ်တွေဟာ မြွေတွေကို သူတို့လူမျိုး ရဲ့ယဉ်ကျေးမှုသမိုင်းကြောင်းမှာ အရေးပါတဲ့နေရာကနေပါဝင်တယ်လို့အယူရှိကြပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြတဲ့ Lobi တွေအတွက် သူတို့ရဲ့ လုပ်ငန်းခွင်မှာ များစွာသောအန္တရာယ်ရှိတဲ့ မြွေမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်။
ပုံမှာပါတဲ့ သံနဲ့ပြုလုပ်ထားတဲ့ မြွေရုပ်ကလေးတွေကို ဆောင်ထားမယ်ဆိုရင်တော့ အဲဒီမြွေအန္တရာယ်တွေကနေ ရှောင်ရှားနိုင်မယ်လို့ Lobi မျိုးနွယ်တွေကယုံကြည်ကြတာပါ။ ဒါကြောင့် အဲဒီသံနဲ့ပြုလုပ်ထားတဲ့ မြွေရုပ်ထုတွေဟာ Lobi လူမျိုးစုတွေအကြားမှာ တန်ဖိုးရှိတဲ့ ငွေကြေးဆိုင်ရာ သင်္ကေတတစ်ခု အနေနဲ့ ယနေ့တိုင် သုံးစွဲလျက်ရှိနေဆဲဖြစ်ပါတယ်။
(၇) Dolphin Teeth
ယခုဖော်ပြမဲ့ အကြောင်းအရာကတော့ ယုံကြည်ဖို့အတော်ခက်ခဲပါတယ်။ ဆော်လမွန် ကျွန်းစုနိုင်ငံမှာတော့ လင်းပိုင်ရဲ့သွားတွေကို ငွေကြေးအဖြစ် သုံးစွဲနေတယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံအခြေစိုက် Royal Society Open Science ဂျာနယ်ရဲ့ဖော်ပြချက်အရဆိုရင်တော့ ၁၉၇၆ ကနေ ၂၀၁၃ ခုနှစ်အထိ ငွေကြေးအဖြစ် အသုံးပြုနေတဲ့ လင်းပိုင်တွေရဲ့ သွားကို ရရှိရန် ရည်ရွယ်ချက်နဲ့ လူသားတွေရဲ့ သတ်ဖြတ်မှုကြောင့် လင်းပိုင်ကောင်ရေ ၁၅၄၀၀ အထိသေဆုံးခဲ့ရပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အလွန်ဆိုးရွားတဲ့အခြေအနေဖြစ်ပြီး လင်းပိုင်တွေမျိုးတုံးသွားနိုင်တဲ့ အခြေအနေပါ။
(၈) Shells
ပုံမှာဖော်ပြထားတဲ့ ခရုခွံတွေကို ငွေကြေးအဖြစ်အသုံးပြုနေတာကတော့ ဒီပစ္စည်း တွေရဲ့ လှပတဲ့သွင်ပြင်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ Shells Money တွေကို အာရှ၊အာဖရိက၊ အမေရိက၊ သြစတေးလျတိုက်တွေမှာရှိတဲ့ ဒေသအချို့မှာ တစ်ချိန်တစ်ခါတုန်းကတော့ ငွေကြေးအဖြစ်သုံးစွဲခဲ့ကြပါတယ်။
သမိုင်းသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရဆိုရင်တော့ ဒီလှပတဲ့ရောင်စုံခရုခွံတွေကို ၁၂၀၀BC လောက်ကတည်းက ငွေကြေးဆိုင်ရာ သင်္ကေတအဖြစ်အသုံးပြုနေကြတာလို့ အခိုင်အမာပြောဆိုကြပါတယ်။ ကမ္ဘာပေါ်က ဝေးလံခေါင်ဖျား ဒေသတွေမှာလည်း ယနေ့အချိန်ထိ ဒီခရုခွံတွေကို ငွေကြေးဆိုင်ရာ ပေးချေမှုအဖြစ် သုံးစွဲလျက်ရှိနေဆဲပါပဲ၊၊
(၉) Arrowheads
ပုံမှာဖော်ပြထားတဲ့ Arrowheads(မြှားခေါင်း) အရွယ်အစားအမျိုးမျိုးကို ပင်လယ်နက် မြောက်ပိုင်းမှာရှိတဲ့ ဒေသအချို့တွေမှာ ရှေးအခါက တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ ကြပါတယ်။ Arrowheadsတွေကို ငွေသားနဲ့တူညီတဲ့တန်ဖိုး အနေနဲ့သတ်မှတ်ပြီး ယင်းဒေသတွေမှာသုံးစွဲခဲ့ကြတာပါ။
Arrowheadsတွေရဲ့ မာကျောတဲ့ အစိတ်အပိုင်း ပုံသဏ္ဍန်တွေကြောင့် လက်နက်အနေနဲ့ပါ ရှေးကာလကသုံးခဲ့ကြတယ်လို့ ပညာရှင်တွေ ကယူဆခဲ့ကြတာပါ။ Arrowheads ငွေကြေးတွေဟာ ပုံစံအမျိုးမျိုးထုတ်လုပ်ခဲ့ကြပြီး အဲဒီ Arrowheadsတွေကို ယှက်ထွေးတဲ့ပုံစံရှိတဲ့ လင်းပိုင်နဲ့ ငါးမျိုးစိတ်အချို့ရဲ့ ခန္ဓာ ကိုယ်အစိတ်အပိုင်းကနေ ရယူခဲ့ကြတာပါ။
(၁၀) Parmigiano Reggiano Cheese
ဥရောပမှာရှိတဲ့အီတလီလူမျိုးတွေဟာ နွားနို့ကနေထုတ်လုပ်တဲ့ဒိန်ခဲကိုနှစ်သက်ကြပါတယ်။ စားသောက်တဲ့အရာတစ်ခုထက်ပိုပြီး အလေးထားကြတာကြောင့် အီတလီနိုင်ငံ ကဘဏ်တစ်ခုဖြစ်တဲ့ Credito Emiliano ဘဏ် ကနေ အီတလီနိုင်ငံထုတ်ဒိန်ခဲတွေကို ငွေပေးချေမှု ပုံစံတစ်ခုအနေနဲ့အသိအမှတ်ပြုခဲ့ပါတယ်။
၁၉၅၃ကတည်းက ဒီအီတလီ အခြေစိုက်ဘဏ်ဟာ အသေးစားချေးငွေလုပ်ငန်းတွေမှာ Parmigiano Reggiano Cheese တွေနဲ့ ပေးချေဖို့သဘောတူညီခဲ့တာပါ။ ဒါကြောင့် အီတလီနိုင်ငံရဲ့ ဒိန်ခဲထုတ်လုပ်မှုဈေးကွက်ဟာ အလွန်ကြီးမားလာတာပါ။
(၁၁) Bottle Caps
အာဖရိကတိုက်မှာရှိတဲ့ ကင်မရွန်းနိုင်ငံမှာတော့ ဘီယာပုလင်း အဖုံးတွေကိုငွေကြေးဆိုင်ရာဆုအနေနဲ့ သတ်မှတ်ပေးပါတယ်။ ဒါကလည်း ဘီယာချက်စက်ရုံတွေအကြား အပြန်အလှန် ဈေးကွတ်မြှင့်တင်တဲ့အနေနဲ့ သောက်သုံးသူတွေကိုမက်လုံးပေးတာ လည်းဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ငွေကြေးအဖြစ်သုံးစွဲတဲ့အရာတွေက ထူးခြားတာကြောင့် ဗဟုသုတအနေနဲ့ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။
(Zawgyi)
ပုံမွန္မဟုတ္တဲ့ ေငြေၾကးသုံးစြဲမႈမ်ား
ေရွးယခင္က ေငြေၾကးအျဖစ္ ကမာခြံေတြနဲ႔ တိရိစာၦန္ေတြရဲ႕ အ႐ိုးေတြကို အသုံးျပဳခဲ့ၾကေပမယ့္ ယေန႔အခ်ိန္မွာေတာ့ ေငြေၾကးဆိုင္ရာသေကၤတပစၥည္းေတြဟာ ႀကီးႀကီးမားမားေျပာင္းလဲသြားၿပီပဲျဖစ္ပါတယ္။ ယေန႔သုံးစြဲေနတဲ့ ေငြဒဂၤါးေတြ၊ေငြစကၠဴေတြ၊ အေႂကြးဝယ္ကဒ္ေတြနဲ႔ကမာၻအႏွံ႔အျပား မွာက်ယ္က်ယ္ျပန႔္ျပန႔္သုံးစြဲလ်က္ရွိေနပါၿပီ။
ဒါေပမဲ့ လူသားေတြဟာ လူရဲ႕က်င္ငယ္ေရ နဲ႔ဘီယာဘူးအဖုံးကဲ့သို႔ေသာ ပစၥည္းေတြကို ေငြေၾကးဆိုင္ရာသုံးစြဲတဲ့ အမွတ္အသားအျဖစ္ အသုံးျပဳခဲ့ၾကတယ္ဆိုရင္ ၾကားသိရသူအဖို႔ ထူးဆန္းေနပါလိမ့္မယ္။ ဒီလိုသုံးစြဲခဲ့တဲ့သူေတြဟာ ဘယ္လိုနားလည္မႈ ကိုအေျခခံၿပီး ဒီပစၥည္းေတြကို သုံးစြဲခဲ့ၾကပါသလဲ။ ဒီေနရာမွာ မွ်ေဝေပးခ်င္တာကေတာ့ ကမာၻေပၚမွာေငြေၾကးဆိုင္ရာေပးေခ်မႈအေနနဲ႔သုံးစြဲခဲ့ၾကတဲ့ ထူးထူးဆန္းဆန္း အရာေတြအေၾကာင္းပဲျဖစ္ပါတယ္။
(၁) Tea bricks
ကုန္လြန္ခဲ့ၿပီး ကာလေတြျဖစ္တဲ့(၉)ရာစုကေန (၂၀)ရာစု အတြင္းမွာ Tea bricksလို႔ ေခၚတဲ့ အုတ္ခ်ပ္ေတြကို တာမစ္စတန္ႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ မြန္ဂိုလီးယားႏိုင္ငံနဲ႔႐ုရွား ႏိုင္ငံရဲ႕အခ်ိဳ႕ေနရာေတြမွာေငြေၾကးအျဖစ္သုံးစြဲခဲ့ၾကပါတယ္။ ဒီအုတ္ခ်ပ္ေတြကို မတူညီတဲ့ အ႐ြယ္အစား၊ ပုံစံအမ်ိဳးမ်ိဳးထုတ္လုပ္ခဲ့ၾကပါတယ္။
ဒီအုတ္ခ်ပ္တစ္ခုနဲ႔အျခားတစ္ခုဟာ မတူညီပဲ အုတ္ခ်ပ္ရဲ႕ အရည္အေသြးနဲ႔ ဒီအုတ္ခ်ပ္ေပၚမွာထြင္းထုထားတဲ့ လက္ရာေတြ အေပၚမူတည္ၿပီး ေငြေၾကးတန္ဖိုး အနည္းအမ်ား ခြဲျခားထားတာပါ။
(၂) Urine
ဒီသုံးစြဲတဲ့စနစ္ကေတာ့ အေတာ္ေလးထူးဆန္းၿပီး မ်က္ေမွာက္ေခတ္မွာ သုံးစြဲေနၾကတာပါ။ လူရဲ႕ ဆီးကိုေငြေၾကးပုံစံ ေပးေခ်မႈအေနနဲ႔ အခ်ိဳ႕အက်ဥ္းေထာင္ေတြမွာ သုံးစြဲ ေနၾကတာပါ။ တစ္ခါတစ္ရံမွာေတာ့ မူးယစ္ေဆးနဲ႔ပတ္သတ္ၿပီး ေရွာင္တစ္ခင္ စစ္ေဆး မႈေတြကိုအက်ဥ္းေထာင္ေတြမွာျပဳလုပ္ေလ့ရွိပါတယ္။ဒီလိုစစ္ေဆးရာမွာတာဝန္ရွိသူေတြဟာအက်ဥ္းသားရဲ႕ ဆီးနမူနာကိုသာယူၿပီးစစ္ေဆးၾကပါတယ္။မူးယစ္ေဆးသုံးစြဲေၾကာင္း ထင္ရွားပါက ထပ္ဆင့္ျပစ္ဒဏ္ေတြထပ္မံ အေရးယူျခင္းခံရပါတယ္။
အဲဒီအခါမွာ အက်ဥ္းေထာင္ထဲကမူးယစ္ေဆးသုံးစြဲေနသူေတြဟာ သူတို႔ရဲ႕ ဆီးနမူနာကို တာဝန္ရွိသူေတြကို ေပးဖို႔အခက္အခဲႀကီးစြာ ျဖစ္ရပါတယ္။ ဒါေၾကာင့္သူတို႔ဟာ တစ္ျခား အက်ဥ္းသား(မူးယစ္ေဆးမသုံးတဲ့သူ)ရဲ႕ ဆီးနမူနာကို ရယူရန္ ပိုင္ဆိုင္မႈတန္ဖိုးတစ္ခုနဲ႔ ကမ္းလွမ္းခဲ့ၾကပါတယ္။ ဒါေၾကာင့္ လူသားေတြရဲ႕ ဆီးဟာ တစ္ခ်ိဳ႕ေသာ အက်ဥ္းေထာင္ ေတြမွာေတာ့ ေပးေခ်မႈဆိုင္ရာ တန္ဖိုးတစ္ခု အေနနဲ႔ သတ္မွတ္အသုံးျပဳေနတာပါ။
(၃) Laundary detergents
ပုံပါျမင္ရတဲ့ Tide အမ်ိဳးအစား အဝတ္အထည္ အစြန္းခြၽတ္ေဆးဟာ ဒီေငြေၾကးဆိုင္ ရာေပးေခ်မႈစာရင္းမွာ ပါဝင္လာမယ္လို႔ ဘယ္သူကမွေတြးမိမယ္မထင္ပါဘူး။ လက္ရွိ အေနအထားမွာေတာ့ ဒီနာမည္ေက်ာ္အစြန္းခြၽတ္ေဆးဟာ မူးယစ္ေဆးဝါးေရာင္းခ်သူေတြအတြက္ အလြန္အေရးပါတဲ့ပစၥည္းတစ္ခုျဖစ္ေနတာပါ။ ဒီအစြန္းခြၽတ္ေဆးဟာ လူသိမ်ားၿပီး အလြန္ေရာင္းေကာင္းတဲ့ထုတ္ကုန္တစ္ခု ျဖစ္တာေၾကာင့္ မူးယစ္ေဆးဝါး ကုန္သည္ေတြဟာ ဒီဘူးေတြထဲမွာ မူးယစ္ေဆးဝါးေတြကို သိုေလွာင္ၿပီးတစ္ေနရာကေန တစ္ေနရာကို သက္သာင့္သက္သာ သယ္ေဆာင္ေရာင္းခ်ေနတာပါ။
ဒီအစြန္း ခြၽတ္ေဆးဟာ အိမ္တိုင္းမွာ၊ေနရာတိုင္းမွာရွိတာေၾကာင့္ အာဏာပိုင္ေတြ အေနနဲ႔မ်က္စိ လည္စရာျဖစ္ေနတာပါ။ ဒုစ႐ိုက္ေလာကရဲ႕ ေမွာင္ခိုေဈးကြက္မွာ ေဆးေျခာက္နဲ႔ ကိုကင္းထည့္ထားတဲ့ အဲဒီအစြန္းခြၽတ္ေဆး 150-0z ဘူးတစ္ဘူးဟာ အေမရိကန္ ေဒၚလာ (၁၀)ေဒၚလာတန္ဖိုးရွိေနတာပါ။
(၄) Katanga Cross
ဒီၾကက္ေျခခတ္ကိုျမင္လိုက္ရင္ေတာ့ ဒီအရာဟာ ကြၽန္ပ္တို႔ဘိုးဘြားေတြလက္ ထက္ထဲက တည္ေဆာက္ခဲ့တဲ့ လက္မႈပစၥည္းတစ္ခုလို႔ထင္ေကာင္း ထင္ႏိုင္ပါတယ္။ ဒီေၾကးနီနဲ႔ျပဳလုပ္ထားတဲ့ၾကက္ေျခခတ္ကို (၁၉)ရာစုကေန(၂၀)ရာစုအေစာပိုင္းကာလ ေတြအထိ ကြန္ဂိုသမၼတႏိုင္ငံရဲ႕ တရားဝင္ ေငြေၾကးအေနနဲ႔ အသုံးျပဳခဲ့ၾကပါတယ္။
Katanga ဆိုတဲ့အမည္ကေတာ့ ကြန္ဂိုႏိုင္ငံက ျပည္နယ္တစ္ခုရဲ႕နာမည္ျဖစ္ၿပီး အဲဒီ ၾကက္ေၾကခတ္ကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ထုတ္လုပ္ၿပီး ေငြေၾကးဆိုင္ရာ အမွတ္အသားအေန နဲ႔ သုံးစြဲခဲ့ၾကတာပါ။ ဒီေၾကးနီၾကက္ေျခခတ္ရဲ႕ အခ်င္းဟာ (၂၀)cm အထိရွိၿပီး 1kg အထိအေလးခ်ိန္ရွိပါတယ္။
(၅) Rai Stones
Rai Stones ေတြဟာ သမိုင္းတစ္ေလွ်ာက္အႀကီးမားဆုံးထုထည္ရွိတဲ့ ေငြေၾကးေတြ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒီ Rai Stones ေတြကို ခ႐ိုေအးရွားႏိုင္ငံ Adriatic ပင္လယ္ ထဲက Rap ကြၽန္းစုမွာ AD ၅၀၀ ဝန္းက်င္ေလာက္ကအသုံးျပဳခဲ့ၾကတာပါ။ Rai Stone တစ္ခုခ်င္းစီမွာကိုယ္ပိုင္သမိုင္းေခါင္းစဥ္တစ္ခုရွိၿပီး အဲဒီေက်ာက္တုံးေတြရဲ႕တန္ဖိုးကိုပါ ဆုံးျဖတ္ႏိုင္ပါတယ္။
ယင္းကာလက အဲဒီ Rai Stones ေတြကို ခက္ခက္ခဲခဲဖန္တီးခဲ့ရၿပီး တစ္ေနရာကေနတစ္ေနရာကို ခဲယဥ္းစြာသယ္ေဆာင္ခဲ့ရပုံပါ။ ဒါအျပင္ Rai Stones ေတြရဲ႕ ေငြေၾကးဆိုင္ရာတန္ဖိုးအနည္းအမ်ားကို ဘယ္လိုတြက္ခ်က္ခဲ့ၾကပါသလဲ ဆိုတာလည္း စဥ္းစားစရာျဖစ္ခဲ့ပါတယ္။
(၆) Lobi snakes
အာဖရိကတိုက္ ဂါနာႏိုင္ငံမွာရွိတဲ့ Lobi လူမ်ိဳးႏြယ္ေတြဟာ ေႁမြေတြကို သူတို႔လူမ်ိဳး ရဲ႕ယဥ္ေက်းမႈသမိုင္းေၾကာင္းမွာ အေရးပါတဲ့ေနရာကေနပါဝင္တယ္လို႔အယူရွိၾကပါတယ္။ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းကိုသာ အဓိကလုပ္ကိုင္ၾကတဲ့ Lobi ေတြအတြက္ သူတို႔ရဲ႕ လုပ္ငန္းခြင္မွာ မ်ားစြာေသာအႏၲရာယ္ရွိတဲ့ ေႁမြမ်ိဳးစုံနဲ႔ႀကဳံေတြ႕ေနရပါတယ္။
ပုံမွာပါတဲ့ သံနဲ႔ျပဳလုပ္ထားတဲ့ ေႁမြ႐ုပ္ကေလးေတြကို ေဆာင္ထားမယ္ဆိုရင္ေတာ့ အဲဒီေႁမြအႏၲရာယ္ေတြကေန ေရွာင္ရွားႏိုင္မယ္လို႔ Lobi မ်ိဳးႏြယ္ေတြကယုံၾကည္ၾကတာပါ။ ဒါေၾကာင့္ အဲဒီသံနဲ႔ျပဳလုပ္ထားတဲ့ ေႁမြ႐ုပ္ထုေတြဟာ Lobi လူမ်ိဳးစုေတြအၾကားမွာ တန္ဖိုးရွိတဲ့ ေငြေၾကးဆိုင္ရာ သေကၤတတစ္ခု အေနနဲ႔ ယေန႔တိုင္ သုံးစြဲလ်က္ရွိေနဆဲျဖစ္ပါတယ္။
(၇) Dolphin Teeth
ယခုေဖာ္ျပမဲ့ အေၾကာင္းအရာကေတာ့ ယုံၾကည္ဖို႔အေတာ္ခက္ခဲပါတယ္။ ေဆာ္လမြန္ ကြၽန္းစုႏိုင္ငံမွာေတာ့ လင္းပိုင္ရဲ႕သြားေတြကို ေငြေၾကးအျဖစ္ သုံးစြဲေနတယ္လို႔ ဆိုပါတယ္။ အဂၤလန္ႏိုင္ငံအေျခစိုက္ Royal Society Open Science ဂ်ာနယ္ရဲ႕ေဖာ္ျပခ်က္အရဆိုရင္ေတာ့ ၁၉၇၆ ကေန ၂၀၁၃ ခုႏွစ္အထိ ေငြေၾကးအျဖစ္ အသုံးျပဳေနတဲ့ လင္းပိုင္ေတြရဲ႕ သြားကို ရရွိရန္ ရည္႐ြယ္ခ်က္နဲ႔ လူသားေတြရဲ႕ သတ္ျဖတ္မႈေၾကာင့္ လင္းပိုင္ေကာင္ေရ ၁၅၄၀၀ အထိေသဆုံးခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ အလြန္ဆိုး႐ြားတဲ့အေျခအေနျဖစ္ၿပီး လင္းပိုင္ေတြမ်ိဳးတုံးသြားႏိုင္တဲ့ အေျခအေနပါ။
(၈) Shells
ပုံမွာေဖာ္ျပထားတဲ့ ခ႐ုခြံေတြကို ေငြေၾကးအျဖစ္အသုံးျပဳေနတာကေတာ့ ဒီပစၥည္း ေတြရဲ႕ လွပတဲ့သြင္ျပင္ေၾကာင့္ျဖစ္ေကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။ Shells Money ေတြကို အာရွ၊အာဖရိက၊ အေမရိက၊ ၾသစေတးလ်တိုက္ေတြမွာရွိတဲ့ ေဒသအခ်ိဳ႕မွာ တစ္ခ်ိန္တစ္ခါတုန္းကေတာ့ ေငြေၾကးအျဖစ္သုံးစြဲခဲ့ၾကပါတယ္။
သမိုင္းသုေတသနပညာရွင္ေတြရဲ႕ ေတြ႕ရွိခ်က္အရဆိုရင္ေတာ့ ဒီလွပတဲ့ေရာင္စုံခ႐ုခြံေတြကို ၁၂၀၀BC ေလာက္ကတည္းက ေငြေၾကးဆိုင္ရာ သေကၤတအျဖစ္အသုံးျပဳေနၾကတာလို႔ အခိုင္အမာေျပာဆိုၾကပါတယ္။ ကမာၻေပၚက ေဝးလံေခါင္ဖ်ား ေဒသေတြမွာလည္း ယေန႔အခ်ိန္ထိ ဒီခ႐ုခြံေတြကို ေငြေၾကးဆိုင္ရာ ေပးေခ်မႈအျဖစ္ သုံးစြဲလ်က္ရွိေနဆဲပါပဲ။
(၉) Arrowheads
ပုံမွာေဖာ္ျပထားတဲ့ Arrowheads(ျမႇားေခါင္း) အ႐ြယ္အစားအမ်ိဳးမ်ိဳးကို ပင္လယ္နက္ ေျမာက္ပိုင္းမွာရွိတဲ့ ေဒသအခ်ိဳ႕ေတြမွာ ေရွးအခါက တြင္တြင္က်ယ္က်ယ္အသုံးျပဳခဲ့ ၾကပါတယ္။ Arrowheadsေတြကို ေငြသားနဲ႔တူညီတဲ့တန္ဖိုး အေနနဲ႔သတ္မွတ္ၿပီး ယင္းေဒသေတြမွာသုံးစြဲခဲ့ၾကတာပါ။
Arrowheadsေတြရဲ႕ မာေက်ာတဲ့ အစိတ္အပိုင္း ပုံသ႑န္ေတြေၾကာင့္ လက္နက္အေနနဲ႔ပါ ေရွးကာလကသုံးခဲ့ၾကတယ္လို႔ ပညာရွင္ေတြ ကယူဆခဲ့ၾကတာပါ။ Arrowheads ေငြေၾကးေတြဟာ ပုံစံအမ်ိဳးမ်ိဳးထုတ္လုပ္ခဲ့ၾကၿပီး အဲဒီ Arrowheadsေတြကို ယွက္ေထြးတဲ့ပုံစံရွိတဲ့ လင္းပိုင္နဲ႔ ငါးမ်ိဳးစိတ္အခ်ိဳ႕ရဲ႕ ခႏၶာ ကိုယ္အစိတ္အပိုင္းကေန ရယူခဲ့ၾကတာပါ။
(၁၀) Parmigiano Reggiano Cheese
ဥေရာပမွာရွိတဲ့အီတလီလူမ်ိဳးေတြဟာ ႏြားႏို႔ကေနထုတ္လုပ္တဲ့ဒိန္ခဲကိုႏွစ္သက္ၾကပါတယ္။ စားေသာက္တဲ့အရာတစ္ခုထက္ပိုၿပီး အေလးထားၾကတာေၾကာင့္ အီတလီႏိုင္ငံ ကဘဏ္တစ္ခုျဖစ္တဲ့ Credito Emiliano ဘဏ္ ကေန အီတလီႏိုင္ငံထုတ္ဒိန္ခဲေတြကို ေငြေပးေခ်မႈ ပုံစံတစ္ခုအေနနဲ႔အသိအမွတ္ျပဳခဲ့ပါတယ္။
၁၉၅၃ကတည္းက ဒီအီတလီ အေျခစိုက္ဘဏ္ဟာ အေသးစားေခ်းေငြလုပ္ငန္းေတြမွာ Parmigiano Reggiano Cheese ေတြနဲ႔ ေပးေခ်ဖို႔သေဘာတူညီခဲ့တာပါ။ ဒါေၾကာင့္ အီတလီႏိုင္ငံရဲ႕ ဒိန္ခဲထုတ္လုပ္မႈေဈးကြက္ဟာ အလြန္ႀကီးမားလာတာပါ။
(၁၁) Bottle Caps
အာဖရိကတိုက္မွာရွိတဲ့ ကင္မ႐ြန္းႏိုင္ငံမွာေတာ့ ဘီယာပုလင္း အဖုံးေတြကိုေငြေၾကးဆိုင္ရာဆုအေနနဲ႔ သတ္မွတ္ေပးပါတယ္။ ဒါကလည္း ဘီယာခ်က္စက္႐ုံေတြအၾကား အျပန္အလွန္ ေဈးကြတ္ျမႇင့္တင္တဲ့အေနနဲ႔ ေသာက္သုံးသူေတြကိုမက္လုံးေပးတာ လည္းျဖစ္ပါတယ္။
အထက္မွာေဖာ္ျပခဲ့တဲ့ ေငြေၾကးအျဖစ္သုံးစြဲတဲ့အရာေတြက ထူးျခားတာေၾကာင့္ ဗဟုသုတအေနနဲ႔ ေဝမွ်လိုက္ျခင္းျဖစ္ပါတယ္။