Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆင်က ဆင်…ခွေးက ခွေး ၊ သင်က သင်…သူက သူ

by Thutamm
July 24, 2019
Reading Time: 1min read
0
ဆင်က ဆင်…ခွေးက ခွေး ၊ သင်က သင်…သူက သူ
Share on FacebookShare on Twitter

တစ်ခါက ဆင်တစ်ကောင်နဲ့ ခွေးတစ်ကောင်တို့ဟာ တစ်ချိန်တည်း ကိုယ်ဝန်ဆောင်ကြပါတယ် ။ သုံးလကြာတဲ့အခါ ခွေးမဟာ ခွေးလေး ၆ကောင်မွေးပါတယ်။ နောက် ၆လမြောက်မှာ ခွေးမက ကိုယ်ဝန်ထပ်ဆောင်ပြန်ပါတယ်။ ကိုးလရောက်တော့ ခွေး ၁ဒါဇင် ထပ်မွေးပြန်ပါတယ်။ အဲဒီအတိုင်းပဲ လည်ပတ်ရင်း ၁၈လ ကြာတဲ့အခါခွေးမဟာ ၃ကြိမ် ကိုယ်ဝန်ဆောင်ပြီး ၃ခါမွေးပြီးသွားပါပြီ။ ဆင်မကတော့ ကိုယ်ဝန်ဆောင်နေတုန်းပါပဲ။
ဒီတော့ ခွေးမက ဆင်မ ကိုမေးပါတယ်။
“ဟဲ့ ဆင်မ နင့်ဟာက ကိုယ်ဝန်ရော ဟုတ်ရဲ့လားဟယ် ၊ ငါဆိုရင် ကလေး ၃ခါမွေးပြီး တချို့တွေဆို ခွေးကြီးတွေတောင်ဖြစ်နေကြပြီ ၊ နင်က ခုထိကိုယ်ဝန်ဆောင်နေတုန်းပဲလား”

ဒီတော့ ဆင်မက ပြန်ဖြေပါတယ်။
” ဒီမှာ မခွေးမ ရှင်ပြောတာကို ကျွန်မနားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်မလွယ်ထားတာ ဆင်ပါ ခွေးမဟုတ်ပါဘူး ၊ ကျွန်မဟာ တစ်ခါမွေးဖို့ ၂နှစ် ကိုယ်ဝန်ဆောင်ရပါတယ်၊ ကျွန်မကလေးမွေးလာတဲ့အခါ မြေကြီးက သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့အခါ လူတွေ တအံတသြနဲ့ ရပ်ကြည့်ကြလိမ့်မယ် ၊ ဒီလို ခွန်အားကြီးမားပြီး လူတွေစိတ်ဝင်စားရတဲ့ သန္ဓေသား ကိုယ်ဝန်ကို လွယ်ထားရတာကြောင့် အချိန်ဒီလောက်ကြာနေတာပါ”

————————————————–

အခြားသူတွေ အောင်မြင်သွားချိန်မှာ သင်မအောင်မြင်သေးလို့ သင့်ယုံကြည်မှုတွေ မပျောက်ဆုံးပါစေနဲ့ ၊ သူတို့ကိုလည်း မနာလိုမဖြစ်ပါနဲ့ ၊ ကြီးမားတဲ့အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဇွဲ ၊ ယုံကြည်မှုနဲ့ အချိန်တွေအများကြီး ရင်းရပါတယ်။ သင်လွယ်ထားရတဲ့ အောင်မြင်မှုဟာ အခြားသူတွေထက် အများကြီးပိုနိုင်ပါတယ်။
အဲဒီတော့ အခြားသူတွေကိုမြင်ပြီး စိတ်ဓာတ်ကျ ၊ မနာလိုဖြစ်နေမယ့်အစား ကိုယ့်ရဲ့မနက်ဖြန်ကို ယုံကြည်မှုခွန်အား အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ မိတ်ဆွေ

 

Tags: motivationsuccessful

Related Posts

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ
People

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ

Messenger News Journal မှ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆိုင်မွန်လီသည် ဘာသာစကားနဲ့ ပတ်သက်ပြီး သဘာဝပေး အရည်အသွေးရှိသူဟု ဆိုလျှင် မမှား။ အသက် (၃၂) နှစ် အရွယ် တောင်ကိုရီးယားသားသည် ကိုရီးယား၊...

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ
Successful

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ

Via : Your Life Success Blog ” လူငယ်တွေ မင်းတို့ အောင်မြင်ချင်သလား၊ ကြီးပွားချမ်းသာချင်သလား၊ အဲဒါဆိုရင် သည်းခံပါ ” -တဲ့။ အာ.. ဘယ်လိုကြီးလဲ။ စိတ်ဓာတ်တက်ကြွအောင် ပြောရမယ့်အစား အောင်မြင်ချင်ရင်...

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Successful

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

ရေးသားသူ - Saya Aung Ko Latt သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ ၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။...

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့
motivation

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့

ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆို ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဆိုက်ကားဆရာတစ်ယောက် အကြောင်း ပြောပြမယ်.. ကျွန်တော်တို့ တက္ကသိုလ်စတက်တုန်းက အဆောင်နားမှာ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်။ ရိုးတယ် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!