Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စိတ်ဝင်စားဖွယ် ပုဏ္ဏကတိုက်ခြင်း အကြောင်း

by Thutamm
July 25, 2019
Reading Time: 1min read
0
စိတ်ဝင်စားဖွယ် ပုဏ္ဏကတိုက်ခြင်း အကြောင်း
Share on FacebookShare on Twitter

Written by Phyo Aung

ပုဏ္ဏကတိုက်ခြင်းသည် ရှေးပဝေသဏီမှစ၍ ယနေ့အထိ ကမ္ဘာအရပ်ရပ်၌ ဖြစ်ပွားလေ့ရှိပြီး အနောက်နိုင်ငံသတင်းစာများ၌ တခါတရံ ရေးသားဖော်ပြတတ်ကြ၏။ ပုဏ္ဏကတိုက်ခြင်း(Poltergeist) သည် မူရင်း အင်္ဂလိပ်စကားမဟုတ်ပဲ ဂျာမန်စကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ဆူညံသောဝိဉာဉ် ဟု အဓိပ္ပါယ်ရသည်။ မြန်မာ အင်္ဂလိပ်အဘိဓာန်ပြုစုသူ ဒေါက်တာဘဟန် က သူ၏အဘိဓာန်တွင် “ပုဏ္ဏက” ဟု ဖော်ပြသည်။ နိုင်ငံတိုင်းတွင် ပုဏ္ဏကတိုက်လေ့ရှိသည်။ ကမ္ဘာကျော်ဂမ္ဘီရပညာရှင် Nandor Fodor က သူ၏စာအုပ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ဖြစ်ပွားခဲ့သော ပုဏ္ဏကတိုက်မှုစာရင်းကို အောက်ပါအတိုင်းပြုစုထားသည်။

(၁) အင်္ဂလန်နိုင်ငံ – ၁၂၇ ကြိမ်
(၂) ပြင်သစ်နိုင်ငံ – ၅၈ ကြိမ်
(၃) အမေရိကန် ပြည်ထောင်စု – ၅၆ ကြိမ်
(၄) ဂျာမနီနိုင်ငံ – ၂၉ ကြိမ်

(၅) အီတလီနိုင်ငံ – ၁၅ ကြိမ်
(၆) ကနေဒါနိုင်ငံ – ၁၃ ကြိမ်
(၇) အိန္ဒိယနိုင်ငံ – ၈ ကြိမ်
(၈) ရုရှားနိုင်ငံ – ၇ ကြိမ်

ပုဏ္ဏကတိုက်မှု၏ လက္ခဏာများ

ပုဏ္ဏကတိုက်မှုများ၏ လက္ခဏာခြင်းရာများမှာ တစ်ပုံစံတည်းလိုဖြစ်၏။ ထိုသို့ဖြစ်ပွားသော အိမ်များ၌ တံခါးခေါက်သံ ၊ ထုသံ ၊ ရိုက်သံ၊ လေးလံသော အရာဝတ္ထုများ ကြမ်းပေါ်သို့ ကျလာသော အသံများကို ကြားရ၏။ အိပ်ရာ ၊ ခုတင်၊ စားပွဲ၊ ကုလားထိုင် နှင့် အခြားပစ္စည်းများ သွက်သွက်ခါ အောင်လှုပ်ရှားခြင်း၊ တစ်စုံတစ်ယောက်က ဆွဲယူသွားသလို ရွေ့လျားသွားခြင်း၊ အဝတ်များကို မီးစွဲလောင်ခြင်း၊ ကျောက်ခဲများ နှင့်သဲများ မျက်နှာကျက်မှသော်လည်းကောင်း ၊ အိမ်ခေါင်းမိုးပေါ်သို့လည်း ကောင်း ဘယ်ကမှန်း မသိ ကျလာတတ်ခြင်း စသော ထူးဆန်းသည့် အခြင်းအရာများ ဖြစ်ပွားတတ်၏။

ရန်ကုန်မြို့က ပုဏ္ဏကတိုက်မှု နှစ်ခု

၂၀၁၀ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၁ နှောင်းပိုင်းများက ရန်ကုန်မြို့ရှိ မြို့နယ်နှစ်ခု၌ နေအိမ်တိုက်ခန်းအတွင်းမှ အဝတ်အစားများ၊ အိပ်ယာခင်းများ ၊ အရာဝတ္ထုများ ထူးဆန်းစွာ မီး များရုတ်တရက် စွဲလာသောကြောင့် မီးသတ်ကားများနှင့် ရပ်ကွက်လူကြီးများ က ၎င်းအိမ်များ၌ နေ့ရောညပါ ရက်အတော်ကြာစောင့်ကြည့်ခဲ့ကြရသည်။ ထိုအိမ်များ၌ အံ့ဖွယ်သရဲ မီးထလောင်တိုင်း ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရသော သတင်းများကို Eleven သတင်းများနှင့် အခြား ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ ဖော်ပြခဲ့ကြသည်ကို ထူးထူးခြားခြား ဖတ်ရှုခဲ့ရ၏။

အိပ်နေသူကို မယူသွားသော ပုဏ္ဏကတိုက်မှု

ပုဏ္ဏကတိုက်ခြင်းကို စူးစမ်းလေ့လာခဲ့သော စိတ်ပညာရှင် ဆာဝီလီယံ ဘာရက် ၏ အဆိုအရ အရာဝတ္ထုများသည် ဓမ္မတာ အတိုင်းမဟုတ်ဘဲ လေထဲသို့ပျံတက်ပြီး နှေးကွေးစွာ ဝှေ့ဝိုက် ရွေ့လျားနေတတ်၏။ အောက်သို့ ကျသောအခါ ကြည့်နေသူများကို မထိခိုက်ဘဲ ညင်သာစွာ ကျလာတတ်၏။ တခါတရံ ပန်းကန်ခွက်ယောက်များမှာတစ်စုံတစ်ယောက် ကပစ်ပေါက်လိုက်သလို ပြန့်ကျဲ၍ ကွဲအက်ပျက်စီးသွား၏။ အိပ်ရာပေါ်၌ အိပ်နေသူများကို ညင်သာစွာ မယူဆွဲချပြီး အိပ်ရာခင်း၊ ခေါင်းအုံးများကို ဆွဲယူသွား၏။

နေမိန္ဒရ တောင်ပေါ်က အစောင့်အကြပ်များ

၁၉၀၀ ပြည့်လွန်နှစ်များက သထုံမြို့၊ နေမိန္ဒရ တောင်ပေါ်၌ သိမ်ဆောက်ရန် ကျောက်တိုင်များ၊ သစ်ဝါးများ ကို အစုအလိုက်အပုံအလိုက် တောင်ပေါ်သို့ပို့ဆောင် ထားကြပြီးနောက်လူအင်အား ဆယ်ယောက် ကျော်ဖြင့် ညရောက်တိုင်း အထူးစောင့်ကြပ်ကြ၏။
သို့သော် နောက်တနေ့နံနက်မိုးလင်းတိုင်း သိမ်ဆောက်ရန်ပစ္စည်းများနှင့်တကွ အစောင့်အကြပ်များအားလုံးသည် သူတို့၏ပစ္စည်းများ၊ ရွက်ဖျင်တဲများ နှင့်အတူ တောင်အောက်သို့ထူးဆန်းစွာ ရောက်နေကြသည်ကို အံ့ဖွယ်သရဲ အကြိမ်ကြိမ်ကြုံခဲ့ကြရကြောင်း စွန်းလွန်းဆရာတော်ဘုရား၏ ထေရုပ္ပတ္တိ စာအုပ်တွင်ရေးသား ဖော်ပြထားသည်။

ဆယ်ကျော်သက်များရှိနေစဉ် ပုဏ္ဏကတိုက်မှုများ

ပုဏ္ဏကတိုက်သော နေရာများ၌ ဆယ်ကျောက်သက် အရွယ် အပျိုပေါက်၊ လူပျိုပေါက် တစ်ဦးဦးရှိနေတတ် သည်ဟုသိရ၏။ ၎င်းတို့မရှိသော အခါ အံ့ဖွယ်သရဲ အဖြစ်အပျက်များ မှာရပ်စဲသွားလေ့ရှိသည်။ ၎င်းတို့၏ လက်ချက်မဟုတ်သော်လည်း ၎င်းတို့ကိုအကြောင်းပြု၍ ဖြစ်ပွားသည်ဟု ယူဆထားကြ၏။ ပုဏ္ဏကတိုက်သော အိမ်များ၌ တွေ့ရသော ဆယ်ကျော်သက်လူငယ်များမှာ အများအားဖြင့် စိတ်ပုံမမှန်သော သူများ၊ စိတ်မတည်ငြိမ်သောသူများ ဖြစ်နေလေ့ရှိသည်။

ဆယ်ကျော်သက်၏ အိပ်ယာမှ ထူးဆန်းသောအသံများ

ပုဏ္ဏကတိုက်သောအိမ်မှ အသက်၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးမှာ စိတ်ပုံမှန်မဟုတ်သောသူ ဖြစ်၏။ သူ အိပ်ပျော်နေစဉ် သုတေသီများက စောင့်ကြည့်ခဲ့ကြရာ အိပ်ယာမှာ ပြင်းထန်စွာ တုန်ခါ၍ ထူးဆန်းသောအသံများ ထွက်ပေါ်လာသည်ကို ကြုံခဲ့ကြရသည်။

ဖန်ခွက်များကို ကွဲစေသော ၁၆နှစ်သား

ဖရိဗတ်တက္ကသိုလ်မှ စိတ်ဝိညာဉ်သုတေသီ ဆရာတစ်ဦးနှင့် စိတ်ပညာရှင်တစ်ဦး တို့သည် ဂျာမဏီ ၊ ဟမ်းဘတ်မြို့ ရှိ ဖန်နှင့် မှန်ပစ္စည်းများအရောင်းဆိုင်၌ လုပ်ကိုင်နေသော အသက်၁၆နှစ် လူငယ်တစ်ဦးကို စောင့်ကြည့်လေ့လာခဲ့ကြသည်။ ထိုလူငယ် ရှိနေစဉ် တခါတရံ၌ ဆိုင်ရှိ ဖန်ခွက်များ ၊ ပန်းကန်ပြားများ ထူးဆန်းစွာ အလိုလိုကြမ်းပြင်ပေါ် သို့ကျ၍ ကွဲကုန်၏။
ထိုလူငယ်အား စိတ်ပညာရှင်၏ ရုံးခန်းထဲသို့ ခေါ်လာရာ ရုံးခန်းထဲရှိ ဖန်ခွက်များ အလိုလိုကွဲကြကုန်၏။

သံဝက်အူများလည်း မခံနိုင်ပါ

ထိုလူငယ်အား အခြားစက်ရုံတစ်ခုသို့ ခေါ်ဆောင်၍ လေ့လာကြည့်ရာ လူငယ်၏ အနီးနားရှိ သံဝက်အူများသည် ထူးဆန်းစွာ အလိုအလျောက် ချောင်ကျလာသည်ကို တွေ့ကြရပြန်သည်။

အဖြေရှာမရသော စိတ်၏စွမ်းရည်ထူးများ

လေ့လာခဲ့ကြသောအနောက်တိုင်းမှ သုတေသီဆရာတို့၏ အဆိုအရ ၎င်းအဖြစ်အပျက်များမှာ သေသူတစ်ဦးဦးနဲ့ ပတ်သက်မှုမရှိ။ အာရုံထင်ခြင်းမျိုးလည်းမဟုတ်။ ကြည့်ရှုသူများအားလုံး က အရာဝတ္ထုများ ထူးဆန်းစွာ ရွေ့လျားနေသည်ကို အထင်အရှား တွေ့မြင်ကြရ၏။
အထက်ပါသတင်းမှတ်တမ်းများ နှင့် စိတ်ဝိညာဉ်သုတေသီတို့ ၏ တွေ့ရှိချက်များအရ ရှေးက မြန်မာတို့ ယုံကြည်ခဲ့ကြသလို ပယောဂဆရာတို့၏ အောက်လမ်းပညာအစွမ်းကြောင့်မဟုတ်ဘဲ စိတ်ဂဏှာ မငြိမ်ဖြစ်နေသော လူပျို ၊ အပျိုပေါက်တို့၏ စိတ်ဝိညာဉ်က ရုပ်ဝတ္ထုများကို အံ့ဖွယ်သရဲ လှုပ်ရှားသွားလာနိုင်အောင် ပြုလုပ် ဖန်တီးခြင်း ဖြစ်ကြောင်း(သို့မဟုတ်)သိပ္ပံပညာဖြင့် ရှင်းပြ၍မရအပ်သော ရုပ်ကိုစိတ်ကစေစား ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ကမ္ဘာတစ်လွှားက ပုဏ္ဏကတိုက်ခြင်း ဗီဒီယိုကိုအောက်မှာ ကြည့်နိုင်ပါတယ်။

ကိုးကား။ ။ စိတ်ဝိညာဉ်ဆိုင်ရာ လေ့လာတွေ့ရှိချက်များ (ဦးအေးမောင်)

Tags: ghostknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!