Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စိတ်ဝင်စားစရာ လျှပ်စစ်ငါးရှဉ့် တို့အကြောင်း

by Thutamm
August 13, 2019
Reading Time: 1min read
0
စိတ်ဝင်စားစရာ လျှပ်စစ်ငါးရှဉ့် တို့အကြောင်း
Share on FacebookShare on Twitter

လျှပ်‌စစ်‌ဓာတ်‌ ကို လျှပ်စစ်ငါးရှဉ့် ကနေ စတင်‌‌တွေ့ရှိတယ်‌လို့ အစဉ်အဆက်ဆိုခဲ့ကြပါတယ်။

လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တဲ့(Electric eels)လို့ခေါ်တဲ့ ငါးရှဉ့်တွေဟာ ငါးအုပ်စု(၅၀၀)ရှိတဲ့အနက်တစ်ခု အပါအဝင်ဖြစ်တဲ့ မျိုးစိတ်တွေဖြစ်ကြပါတယ်။ ဒီသတ္တဝါတွေကို တောင်အမေရိကတိုက်မှာတည်ရှိတဲ့ အမေဇုံမြစ်နဲ့ Orinoco မြစ်တွေရဲ့ ရေတိမ်ပိုင်းနဲ့ ရွံနွံထူထပ်တဲ့အရပ်တွေမှာ အများအားဖြင့်တွေ့မြင်နိုင်ပါတယ်။ Electric eels လို့သိကြတဲ့ လျှပ်စစ်ငါးရှဉ့်တွေဟာ လူသားတွေ အတွက် ဘေးဖြစ်စေတဲ့ တိရိစ္ဆာန်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။

Electric Eels တွေကိုငါးရှဉ့်တွေလိုခေါ်ကြပေမဲ့ သူတို့ဟာ ငါးအမျိုးအစားတစ်မျိုးသာဖြစ်ပြီး Electrophorus electricus မျိုးစိတ်ဝင်ဖြစ်ပါတယ်။ သူတို့ဟာ ရေတိမ်ပိုင်းနဲ့ ရွံနွံထူတဲ့ဒေသတွေမှာအနေများပေမဲ့ တစ်နေ့ကို (၁၀)မိနစ်လောက် လေကိုရှုရှိုက်ရပါတယ်။ အရွယ်အစားအားဖြင့်  (၈) ပေ အထိရှည်လျားကြပြီး (၄၄)ပေါင်အထိအလေးချိန်ရှိကြပါတယ်။ လျှပ်စစ်ငါးရှဉ့် တွေဟာ ရှည်လျားပြီး ထုလုံးရှည်သဏ္ဍာန် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး အဖြူရောင်၊ အနက်ရောင် ၊အပြာရောင်၊ခရမ်းရောင်၊ အညိုရောင်စတဲ့ အရောင်အသွေးမျိုးစုံကို ပိုင်ဆိုင်ထားကြပါ တယ်။

သူတို့ဟာ Carnivores လို့ခေါ်တဲ့ အသားစားသတ္တဝါအုပ်စုဝင်တွေ ဖြစ်ကြ ပြီး ငါး၊ ငှက်၊ ကုန်းနေ ရေနေသတ္တဝါငယ်တစ်ချို့နဲ့ နို့တိုက်သတ္တဝါငယ်လေးတွေကို စားသောက်လေ့ရှိကြပါတယ်။သူ့ရဲ့ အမြီးပိုင်းဟာ ခန္ဓာကိုယ်အလျားရဲ့ ၄ ပုံတစ်ပုံလောက်ရှိပြီး အောက်ပိုင်း ရေယက်လေးတွေရှိပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေဟာ ပုံမှန်အားဖြင့်တစ်ကောင်တည်းသွားလာ လှုပ်ရှားလေ့ရှိကြပြီး Electric Eelsတွေရဲ့ အစုအဝေးကိုတော့ Swarm လို့ခေါ်ပါတယ်။ ရံဖန်ရံခါတော့ အစာ ရှာဖွေစားသောက်ရာနဲ့ စပ်လျဉ်းပြီး အုပ်စုလိုက်အနေအထားနဲ့ မြင်တွေ့ရတတ်ပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်(၈၀)ရာခိုင်နှုန်းလောက်ဟာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်တာဖြစ်ပြီး သဘာဝအရ သားကောင်ကို ဖမ်းဆီးရာမှာပဲဖြစ်ဖြစ်၊ မိမိကိုယ် ကိုကာကွယ်ရာမှာပဲဖြစ်ဖြစ် သူတို့ပိုင်ဆိုင်တဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်သုံးလေ့ရှိ ကြပါတယ်။

လျှပ်စစ်ငါးရှဉ့် တစ်ကောင်ရဲ့ ကိုယ်တွင်းမှာ (Electrocyte)လို့ခေါ်တဲ့ Cellပေါင်း (၆၀၀၀) လောက်ရှိနေပြီး လျှပ်စစ်ဓာတ်အား ၃၀၀ဗို့ လောက်ကနေ ၆၀၀ဗို့လောက်အထိကိုထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါဟာ မျက်မှောက်ခေတ်က အမေရိကန်နိုင်ငံထုတ် Wall Socket ထက် အားငါးဆ ပိုပြင်းပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေကထုတ်လုပ်တဲ့ လျှပ်စစ်အားဟာ လူတစ်ယောက်ကို ဓာတ်လိုက်ပြီး သေဆုံးသွားလောက် အောင်ပြင်းထန်ပြီး သန်မာတဲ့ မြင်းတစ်ကောင် တောင် ခဏအတွင်း လဲကျသွားနိုင်ပါတယ်။ ဒီလျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံသစ်တောမှာတော့ ကြောက်စရာအကောင်းဆုံး တိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေဟာ အမြင်အာရုံအတော်အားနည်းပြီး ပုံမှန်အားဖြင့်အစာ ရှာမယ်ဆိုရင်တော့ အတော်အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် သားကောင်ရှာဖွေရာ မှာတော့ သူတို့ဟာ လျှပ်စစ်ဓာတ်အား(၁၀)ဗို့ကျော်ကျော်လောက်ကို အသုံးပြုကြပြီး ပတ်ဝန်းကျင်မှာရှိတဲ့ သားကောင်တွေရဲ့ တည်နေရာကို သိရှိအောင် ကြိုးစားကြလေ့ရှိပါတယ်။ ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူ လျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။

သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး ပါးစပ်ကို အဆုတ်အဖြစ် အသုံးချနိုင်တဲ့ငါးမျိုးပါ။ပါးစပ်ကို အဆုတ်အဖြစ် အသုံးချတဲ့ငါးဖြစ်တာကြောင့် ဆူးပါတဲ့ ငါးကို စားတော့မယ်ဆိုရင် သူ့ရဲ့ပါးစပ်ထိခိုက်မှာဆိုးတဲ့အတွက် အရင်ဆုံး လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သားကောင်မလှုပ်နိုင်တော့မှ အလွယ်တကူ စားသုံးလေ့ရှိကြပါတယ်။

လျှပ်စစ်ငါးရှဉ့် တွေရဲ့မိတ်လိုက်ရာသီကတော့ ပူပြင်းတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ အထီးတွေဟာ သူတို့ရဲ့ တံတွေးကိုအသုံးပြုပြီး ဥတွေထားဖို့အသိုက်ကိုဖန်တီးလေ့ရှိပါတယ်။ အမတွေဟာ ဥပေါင်း(၁၇၀၀၀)လောက်ကို ဥလေ့ရှိပြီး ယင်းဥတွေကို အထီးရော အမရောက တာဝန်ယူစောင့်ရှောက်လေ့ရှိပါတယ်။

ဥမှပေါက်ပွားလာတဲ့ လျှပ်စစ်ငါးရှဉ့် သားပေါက်လေးတွေဟာ ကျောရိုးမဲ့ ရေသတ္တဝါငယ် လေးကိုစားသောက်ကြပြီး သူတို့ဟာ အခြားသော လျှပ်စစ်ငါးရှဉ့် တွေရဲ့ ဥတွေကိုလည်း လိုက်လံရှာဖွေ စားသောက်ကြပါတယ်။ လျှပ်စစ်ငါးရှဉ့် တစ်ကောင်ရဲ့သက်တမ်းဟာ ပုံမှန်အားဖြင့်(၁၅)နှစ် ဖြစ်ပြီး စနစ်တကျ မွေးမြူမယ်ဆိုရင်တော့ (၂၂)နှစ်လောက်အထိ ရှင်သန်နိုင်ပါတယ်။

VIDEO

ယ်။

Tags: animalskaung htet

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!