(Unicode)
နန်းတော်ကို ဗိသုကာပညာရှင်က မတည်ဆောက်ပဲ စာပို့သမားက တည်ဆောက်တယ် ဆိုလို့ မသိသေးတဲ့ မိတ်ဆွေတွေကတော့ အံသြကောင်း အံသြနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်အဖြစ်မှန်ပါ။ ပြင်သစ်နိုင်ငံက အထင်ကရ အဆောက်အဦးတွေကို ဖော်ပြတဲ့အခါမျိုးမှာ ပြင်သစ်ရဲ့ကြီးမားခမ်းနားလွန်းတဲ့ နန်းတော် အဆောက်အဦးကြီးတွေနဲ့အတူ အမြဲတမ်းလိုလိုထည့်သွင်းဖော်ပြခံခဲ့ရတဲ့ အဆောက်အဦးကတော့ ဒီစာပို့သမားတည်ဆောက်ခဲ့တဲ့ နန်းတော် ဖြစ်ပါတယ်။ သူ့ရဲ့နန်းတော်ကိုတော့ ပြင်သစ်လို Le Palais idéal မြန်မာလို စိတ်ကူးယဉ် နန်းတော်လို့ခေါ်ပါတယ်။
ဒီအဆောက်အဦးဟာ ပြင်သစ်နိုင်ငံ၊ Hauterives ရွာမှာတည်ရှိပါတယ်။ ဒီအဆောက်အဦးဟာ ခရစ်ယာန်ကစလို့ ဟိန္ဒူဘာသာအထိ ဗိသုကာလက်ရာအမျိုးမျိုးကို ပေါင်းစပ်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒီအဆောက်အဦးမှာ ဝက်ဝံ ၊ ရေဘဝဲ၊ ဆင်၊ ဝန်ပိုငှက် စတဲ့ တိရစ္ဆာန်မျိုးစုံရုပ်လုံးတွေအပြင် ဘီလူး၊ နတ်သမီးငယ် စတဲ့ ဒဏ္ဍာရီပုံပြင်ဇာတ်ကောင်ရုပ်လုံးတွေ ပါဝင်ပြီး ကမ္ဘာအရပ်ရပ်က ဗိသုကာလက်ရာဟန်ပန်တွေကို တွေ့ရမှာဖြစ်ပါတယ်။
ဒီနန်းတော်ကို တည်ဆောက်ခဲ့သူကတော့ ပြင်သစ်စာပို့သမား Ferdinand Cheval ဖြစ်ပြီး ၁၈၇၉ခုနှစ် ဧပြီလမှာ နန်းတော်ကို စတင်ဆောက်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ Cheval ဟာ သူ့ရဲ့ငယ်ဘဝ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ သူငယ်ငယ်တုန်းက နန်းတော်ဆောက်ခဲ့တယ် ဆိုတဲ့ အိပ်မက်ကို မက်ခဲ့ပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ စာပို့သမား တစ်ယောက်သာဖြစ်ခဲ့ပါတယ်။
စာပို့သမား တစ်ယောက်အဖြစ်နဲ့ ဘဝကို ရုန်းကန်ခဲ့ရင်း ငယ်ဘ၀ အိပ်မက်ကိုမေ့လျော့ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့တော့ သတိရစရာ အကြောင်းပေါ်လာခဲ့ပါတယ်။ သူ စာပို့ရာလမ်းမှာ တစုံတစ်ခုကို ခလုပ်တိုက်မိခဲ့တာဖြစ်ပါတယ်။ ကြည့်လိုက်တဲ့အခါမှာတော့ လှပတဲ့ သဲကျောက်တုံး တစ်တုံး ဖြစ်နေပါတယ်။ သဲကျောက်တွေဟာ ရေကြောင့်ပုံသဏ္ဌာန် အမျိုးမျိုးဖြစ်ပေါ်နေပြီး အချိန်ကြာလာတဲ့နောက် မာကျောနေခဲ့တာဖြစ်ပါတယ်။ ဒီသဲကျောက်တုံးကို တွေ့လိုက်တဲ့အခါ သူ့ငယ်အိပ်မက်ကို ပြန်သတိရသွားပါတယ်။ ဒီမှာတင် ဒီလိုကျောက်တုံးတွေနဲ့ နန်းတော်တစ်ခု မဖြစ်မနေ တည်ဆောက်မယ်လို့ သံဓိဌာန်ချခဲ့ပါတယ်။
ဆင်းရဲပြီး ဆောက်လုပ်ရေးဆိုင်ရာ ဘာအတတ်ပညာမှ မရှိတဲ့ သာမန်စာပို့သမား တစ်ယောက်က နန်းတော်တည်ဆောက်မယ်ဆိုတော့ မဖြစ်နိုင်စရာလို့ ထင်စရာပါ။ ဒါပေမယ့် Cheval ကတော့ ငါမှပိုက်ဆံမချမ်းသာတာ ၊ ငါမှ ဘာဗိသုကာပညာမှမတတ်တာ လို့ မတွေးခဲ့ပါဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ထားနဲ့ သူ့ရည်မှန်းချက်ကို ဖြည်းဖြည်းချင်း စတင်အကောင်အထည်ဖော်ပါတော့တယ်။
သူဟာ စာပို့သမားတစ်ယောက်ဖြစ်တာကြောင့် တစ်နေ့ကို ၁၈မိုင်ခန့် လှည့်လည်သွားလာရပါတယ်။ ဒီလိုသွားလာတဲ့အခါမျိုးမှာ သူသဘောကျတဲ့ ကျောက်တုံးတွေ့ရင် သူ့အိမ်ကို ယူယူလာခဲ့ပါတယ်။ အစပိုင်းမှာတော့ ခြင်းတောင်းတစ်တောင်းနဲ့ ကောက်ယူပြီး နောက်ပိုင်းမှာတော့ တစ်ဘီးလက်တွန်းလှည်းကို အသုံးပြုပြီး လေးလံတဲ့ သဲကျောက်တုံးတွေကို တစ်တုံးပြီးတစ်တုံး တစ်ခေါက်ပြီးတစ်ခေါက် သယ်ယူ စုဆောင်းခဲ့ပါတယ်။
အဲဒီနောက်တော့ သယ်ယူလာတဲ့ ကျောက်တုံးတွေနဲ့ စတင်ဆောက်ပါတော့တယ်။ ဒီလိုတည်ဆောက်ရာမှာ ကျောက်တုံးတွေကို တွဲဆက်ဖို့ အင်္ဂတေအတွက် ထုံးကို အဓိကထားသုံးပါတယ်။ ပို့စကဒ်တွေ သူပို့တွေစာတွေပေါ်က အဆောက်အဦးပုံစံတွေကိုကြည့်ပြီး သူ့တည်ဆောက်မယ့် အဆောက်အဦးပုံစံကို ရေးဆွဲခဲ့တယ်။ သိတဲ့တတ်တဲ့သူတွေကိုလည်း မေးမြန်းရင်း ဗိသုကာပညာကိုလည်း လေ့လာခဲ့တယ်။ နေ့ပိုင်းအလုပ်လုပ်ရတဲ့အတွက် ဒီအဆောက်အအုံတည်ဆောက်တာကို ညဘက်ကျမှ လုပ်နိုင်တယ်။
သဘာဝရဲ့ဖန်တီးမှုကနေ ရတဲ့ သဲကျောက်တုံးတွေနဲ့ ဆောက်တာဖြစ်လို့ သူ့အဆောက်အအုံကို “သဘာဝရဲ့ ဘုရားကျောင်း” Temple of Nature လို့ အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ စာပို့ရင်း ၊ ကျောက်တုံးကောက်ရင်း ၊ အဆောက်အဦးကို ညဘက်မှာ ရေနံဆီမီးအိမ်ထွန်းပြီး တည်ဆောက်ရင်းနဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့အဆောက်အဦးကြီး ပြီးဆုံးသွားခဲ့တယ်။ ဒီအတွက် အချိန်ဘယ်လောက်ကြာခဲ့တယ် ထင်ပါသလဲ။
‘၃၃နှစ်’
ဟုတ်ပါတယ်။ တည်ဆောက်တဲ့အချိန်ကနေ ပြီးဆုံးတဲ့အချိန်အထိ နှစ်ပေါင်း ၃၃နှစ် ကြာမြင့်ခဲ့ပါတယ်။ သူ့အသက် ၄၃ နှစ်အရွယ်မှာ စတင်တည်ဆောက်ခဲ့တဲ့ ဒီအဆောက်အဦးဟာ သူ့အသက် ၇၅နှစ်ကျော် အရွယ်ရောက်မှ ပြီးဆုံးခဲ့ပါတယ်။ ဒီလိုတည်ဆောက်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်တွင်းမှာ သူတွေ့ရတဲ့ အခက်အခဲတွေကတော့ အလွန်များပြားခဲ့ပါတယ်။ အပြင်ဘက်နံရံတစ်ခုတည်ဆောက်တာတင် အချိန် နှစ် ၂၀ ယူခဲ့ရပါတယ်။ ဒါပေမယ့် အခက်အခဲတွေကို ဇွဲမလျော့ပဲ ကျော်လွှားခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ သူ့ရဲ့စိတ်ကူးယဉ် အိပ်မက်ဟာ တကယ်ဖြစ်လာပါတယ်။
ပြီးဆုံးပြီးတဲ့နောက်မှာတော့ စာပို့သမားတစ်ယောက် တည်ဆောက်ခဲ့တဲ့ ဒီအဆောက်အဦးကို ပြင်သစ်ရဲ့ အထင်ကရ ဗိသုကာပညာရှင်တွေက လာရောက်ချီးကျူးခဲ့ရုံသာမက စာရေးဆရာတွေရဲ့ ဆောင်းပါးတွေမှာပါ ထည့်သွင်းချီးကျူးခံခဲ့ရပါတယ်။ Cheval ဟာ သူသေဆုံးပြီးတဲ့နောက် သူ့ရုပ်အလောင်းကို သူတည်ဆောက်ခဲ့တဲ့ ဒီနန်းတော်မှာ မြုပ်စေချင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါကို အစိုးရက ခွင့်မပြုခဲ့တာကြောင့် နန်းတော်နဲ့ မနီးမဝေးမှာ သူ့ရဲ့ဂူဗိမာန်ကို ထပ်မံတည်ဆောက်ခဲ့ပြန်ပါတယ်။
နန်းတော်တည်ဆောက်ခဲ့တဲ့ ပညာနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး သူ မကွယ်လွန်မီ ၁နှစ်အလိုမှာ အထိမ်းအမှတ် ဂူဗိမာန်တည်ဆောက်ခြင်း ပြီးဆုံးခဲ့ပါတယ်။ ဒီဂူဗိမာန်ကို ‘Tomb of Silence and Endless Rest’ လို့လူတွေကခေါ်ကြပါတယ်။ နောက်တစ်နှစ်အကြာ အသက် ၈၈နှစ်အရွယ်မှာတော့ Cheval ကွယ်လွန်ခဲ့ပြီး သူတည်ဆောက်ခဲ့တဲ့ ဗိမာန်မှာပဲ သူ့ကိုမြုပ်နှံခဲ့ပါတယ်။
ယနေ့မှာတော့ ပြင်သစ်နိုင်ငံ Hauterives မှာ Cheval ရဲ့ စိတ်ကူးယဉ်နန်းတော်ဟာ ခန့်ထည်စွာ တည်ရှိနေခဲ့ပါပြီ။ ဒီနန်းတော်ဟာ အမြင့် ၄၅ပေ ၊ အလျား ၈၅ပေ ရှိပြီး ကမ္ဘာအရပ်ရပ်က ခရီးသွားတွေဟာ ပြင်သစ်ကိုရောက်တဲ့အခါ တကူးတကလာရောက် ကြည့်ရှု့နေကြရသလို ပြင်သစ်ရဲ့ အမွေအနှစ် အဆောက်အအုံအဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
တကယ်တော့ Cheval ဟာ ကမ္ဘာကျော်ချင်လို့ သူ့နန်းတော်ကို တည်ဆောက်ခဲ့တာမဟုတ်ပဲ သူ့ရဲ့အိပ်မက်ကိုသာ မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ကူးယဉ်နန်းတော်ဟာ စာပို့သမားတစ်ယောက်ရဲ့ မလျှော့သောဇွဲနဲ့ တည်ဆောက်ခဲ့တဲ့ တစ်ခုတည်းသော နန်းတော်အဖြစ် ယနေ့တိုင် ကမ္ဘာကျော်နေဆဲ ဖြစ်ပါတော့တယ်။
VIDEO
(Zawgyi)
စာပို႔သမားတစ္ေယာက္ တည္ေဆာက္ခဲ့ေသာ ကမာၻေက်ာ္နန္းေတာ္
နန္းေတာ္ကို ဗိသုကာပညာရွင္က မတည္ေဆာက္ပဲ စာပို႔သမားက တည္ေဆာက္တယ္ ဆိုလို႔ မသိေသးတဲ့ မိတ္ေဆြေတြကေတာ့ အံၾသေကာင္း အံၾသႏိုင္ပါတယ္။ ဒါေပမယ့္ ဒါဟာ တကယ့္အျဖစ္မွန္ပါ။ ျပင္သစ္ႏိုင္ငံက အထင္ကရ အေဆာက္အဦးေတြကို ေဖာ္ျပတဲ့အခါမ်ိဳးမွာ ျပင္သစ္ရဲ႕ႀကီးမားခမ္းနားလြန္းတဲ့ နန္းေတာ္ အေဆာက္အဦးႀကီးေတြနဲ႔အတူ အၿမဲတမ္းလိုလိုထည့္သြင္းေဖာ္ျပခံခဲ့ရတဲ့ အေဆာက္အဦးကေတာ့ ဒီစာပို႔သမားတည္ေဆာက္ခဲ့တဲ့ နန္းေတာ္ ျဖစ္ပါတယ္။ သူ႔ရဲ႕နန္းေတာ္ကိုေတာ့ ျပင္သစ္လို Le Palais idéal ျမန္မာလို စိတ္ကူးယဥ္ နန္းေတာ္လို႔ေခၚပါတယ္။
ဒီအေဆာက္အဦးဟာ ျပင္သစ္ႏိုင္ငံ၊ Hauterives ႐ြာမွာတည္ရွိပါတယ္။ ဒီအေဆာက္အဦးဟာ ခရစ္ယာန္ကစလို႔ ဟိႏၵဴဘာသာအထိ ဗိသုကာလက္ရာအမ်ိဳးမ်ိဳးကို ေပါင္းစပ္တည္ေဆာက္ထားျခင္း ျဖစ္ပါတယ္။ ဒီအေဆာက္အဦးမွာ ဝက္ဝံ ၊ ေရဘဝဲ၊ ဆင္၊ ဝန္ပိုငွက္ စတဲ့ တိရစာၦန္မ်ိဳးစုံ႐ုပ္လုံးေတြအျပင္ ဘီလူး၊ နတ္သမီးငယ္ စတဲ့ ဒ႑ာရီပုံျပင္ဇာတ္ေကာင္႐ုပ္လုံးေတြ ပါဝင္ၿပီး ကမာၻအရပ္ရပ္က ဗိသုကာလက္ရာဟန္ပန္ေတြကို ေတြ႕ရမွာျဖစ္ပါတယ္။
ဒီနန္းေတာ္ကို တည္ေဆာက္ခဲ့သူကေတာ့ ျပင္သစ္စာပို႔သမား Ferdinand Cheval ျဖစ္ၿပီး ၁၈၇၉ခုႏွစ္ ဧၿပီလမွာ နန္းေတာ္ကို စတင္ေဆာက္ခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ Cheval ဟာ သူ႔ရဲ႕ငယ္ဘဝ အိပ္မက္ကို အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ပါတယ္။ သူငယ္ငယ္တုန္းက နန္းေတာ္ေဆာက္ခဲ့တယ္ ဆိုတဲ့ အိပ္မက္ကို မက္ခဲ့ပါတယ္။ ဒါေပမယ့္ အ႐ြယ္ေရာက္လာတဲ့အခါမွာေတာ့ စာပို႔သမား တစ္ေယာက္သာျဖစ္ခဲ့ပါတယ္။
စာပို႔သမား တစ္ေယာက္အျဖစ္နဲ႔ ဘဝကို ႐ုန္းကန္ခဲ့ရင္း ငယ္ဘ၀ အိပ္မက္ကိုေမ့ေလ်ာ့ခဲ့ပါတယ္။ ဒါေပမယ့္ တစ္ေန႔ေတာ့ သတိရစရာ အေၾကာင္းေပၚလာခဲ့ပါတယ္။ သူ စာပို႔ရာလမ္းမွာ တစုံတစ္ခုကို ခလုပ္တိုက္မိခဲ့တာျဖစ္ပါတယ္။ ၾကည့္လိုက္တဲ့အခါမွာေတာ့ လွပတဲ့ သဲေက်ာက္တုံး တစ္တုံး ျဖစ္ေနပါတယ္။ သဲေက်ာက္ေတြဟာ ေရေၾကာင့္ပုံသဏၭာန္ အမ်ိဳးမ်ိဳးျဖစ္ေပၚေနၿပီး အခ်ိန္ၾကာလာတဲ့ေနာက္ မာေက်ာေနခဲ့တာျဖစ္ပါတယ္။ ဒီသဲေက်ာက္တုံးကို ေတြ႕လိုက္တဲ့အခါ သူ႔ငယ္အိပ္မက္ကို ျပန္သတိရသြားပါတယ္။ ဒီမွာတင္ ဒီလိုေက်ာက္တုံးေတြနဲ႔ နန္းေတာ္တစ္ခု မျဖစ္မေန တည္ေဆာက္မယ္လို႔ သံဓိဌာန္ခ်ခဲ့ပါတယ္။
ဆင္းရဲၿပီး ေဆာက္လုပ္ေရးဆိုင္ရာ ဘာအတတ္ပညာမွ မရွိတဲ့ သာမန္စာပို႔သမား တစ္ေယာက္က နန္းေတာ္တည္ေဆာက္မယ္ဆိုေတာ့ မျဖစ္ႏိုင္စရာလို႔ ထင္စရာပါ။ ဒါေပမယ့္ Cheval ကေတာ့ ငါမွပိုက္ဆံမခ်မ္းသာတာ ၊ ငါမွ ဘာဗိသုကာပညာမွမတတ္တာ လို႔ မေတြးခဲ့ပါဘူး။ ျဖစ္ကိုျဖစ္ရမယ္ဆိုတဲ့ စိတ္ထားနဲ႔ သူ႔ရည္မွန္းခ်က္ကို ျဖည္းျဖည္းခ်င္း စတင္အေကာင္အထည္ေဖာ္ပါေတာ့တယ္။
သူဟာ စာပို႔သမားတစ္ေယာက္ျဖစ္တာေၾကာင့္ တစ္ေန႔ကို ၁၈မိုင္ခန႔္ လွည့္လည္သြားလာရပါတယ္။ ဒီလိုသြားလာတဲ့အခါမ်ိဳးမွာ သူသေဘာက်တဲ့ ေက်ာက္တုံးေတြ႕ရင္ သူ႔အိမ္ကို ယူယူလာခဲ့ပါတယ္။ အစပိုင္းမွာေတာ့ ျခင္းေတာင္းတစ္ေတာင္းနဲ႔ ေကာက္ယူၿပီး ေနာက္ပိုင္းမွာေတာ့ တစ္ဘီးလက္တြန္းလွည္းကို အသုံးျပဳၿပီး ေလးလံတဲ့ သဲေက်ာက္တုံးေတြကို တစ္တုံးၿပီးတစ္တုံး တစ္ေခါက္ၿပီးတစ္ေခါက္ သယ္ယူ စုေဆာင္းခဲ့ပါတယ္။
အဲဒီေနာက္ေတာ့ သယ္ယူလာတဲ့ ေက်ာက္တုံးေတြနဲ႔ စတင္ေဆာက္ပါေတာ့တယ္။ ဒီလိုတည္ေဆာက္ရာမွာ ေက်ာက္တုံးေတြကို တြဲဆက္ဖို႔ အဂၤေတအတြက္ ထုံးကို အဓိကထားသုံးပါတယ္။ ပို႔စကဒ္ေတြ သူပို႔ေတြစာေတြေပၚက အေဆာက္အဦးပုံစံေတြကိုၾကည့္ၿပီး သူ႔တည္ေဆာက္မယ့္ အေဆာက္အဦးပုံစံကို ေရးဆြဲခဲ့တယ္။ သိတဲ့တတ္တဲ့သူေတြကိုလည္း ေမးျမန္းရင္း ဗိသုကာပညာကိုလည္း ေလ့လာခဲ့တယ္။ ေန႔ပိုင္းအလုပ္လုပ္ရတဲ့အတြက္ ဒီအေဆာက္အအုံတည္ေဆာက္တာကို ညဘက္က်မွ လုပ္ႏိုင္တယ္။
သဘာဝရဲ႕ဖန္တီးမႈကေန ရတဲ့ သဲေက်ာက္တုံးေတြနဲ႔ ေဆာက္တာျဖစ္လို႔ သူ႔အေဆာက္အအုံကို “သဘာဝရဲ႕ ဘုရားေက်ာင္း” Temple of Nature လို႔ အမည္ေပးခဲ့ပါတယ္။ ဒီလိုနဲ႔ စာပို႔ရင္း ၊ ေက်ာက္တုံးေကာက္ရင္း ၊ အေဆာက္အဦးကို ညဘက္မွာ ေရနံဆီမီးအိမ္ထြန္းၿပီး တည္ေဆာက္ရင္းနဲ႔ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕အေဆာက္အဦးႀကီး ၿပီးဆုံးသြားခဲ့တယ္။ ဒီအတြက္ အခ်ိန္ဘယ္ေလာက္ၾကာခဲ့တယ္ ထင္ပါသလဲ။
‘၃၃ႏွစ္’
ဟုတ္ပါတယ္။ တည္ေဆာက္တဲ့အခ်ိန္ကေန ၿပီးဆုံးတဲ့အခ်ိန္အထိ ႏွစ္ေပါင္း ၃၃ႏွစ္ ၾကာျမင့္ခဲ့ပါတယ္။ သူ႔အသက္ ၄၃ ႏွစ္အ႐ြယ္မွာ စတင္တည္ေဆာက္ခဲ့တဲ့ ဒီအေဆာက္အဦးဟာ သူ႔အသက္ ၇၅ႏွစ္ေက်ာ္ အ႐ြယ္ေရာက္မွ ၿပီးဆုံးခဲ့ပါတယ္။ ဒီလိုတည္ေဆာက္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ေက်ာ္တြင္းမွာ သူေတြ႕ရတဲ့ အခက္အခဲေတြကေတာ့ အလြန္မ်ားျပားခဲ့ပါတယ္။ အျပင္ဘက္နံရံတစ္ခုတည္ေဆာက္တာတင္ အခ်ိန္ ႏွစ္ ၂၀ ယူခဲ့ရပါတယ္။ ဒါေပမယ့္ အခက္အခဲေတြကို ဇြဲမေလ်ာ့ပဲ ေက်ာ္လႊားခဲ့တဲ့အတြက္ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕စိတ္ကူးယဥ္ အိပ္မက္ဟာ တကယ္ျဖစ္လာပါတယ္။
ၿပီးဆုံးၿပီးတဲ့ေနာက္မွာေတာ့ စာပို႔သမားတစ္ေယာက္ တည္ေဆာက္ခဲ့တဲ့ ဒီအေဆာက္အဦးကို ျပင္သစ္ရဲ႕ အထင္ကရ ဗိသုကာပညာရွင္ေတြက လာေရာက္ခ်ီးက်ဴးခဲ့႐ုံသာမက စာေရးဆရာေတြရဲ႕ ေဆာင္းပါးေတြမွာပါ ထည့္သြင္းခ်ီးက်ဴးခံခဲ့ရပါတယ္။ Cheval ဟာ သူေသဆုံးၿပီးတဲ့ေနာက္ သူ႔႐ုပ္အေလာင္းကို သူတည္ေဆာက္ခဲ့တဲ့ ဒီနန္းေတာ္မွာ ျမဳပ္ေစခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ ဒါကို အစိုးရက ခြင့္မျပဳခဲ့တာေၾကာင့္ နန္းေတာ္နဲ႔ မနီးမေဝးမွာ သူ႔ရဲ႕ဂူဗိမာန္ကို ထပ္မံတည္ေဆာက္ခဲ့ျပန္ပါတယ္။
နန္းေတာ္တည္ေဆာက္ခဲ့တဲ့ ပညာနဲ႔တည္ေဆာက္ခဲ့တာျဖစ္ၿပီး သူ မကြယ္လြန္မီ ၁ႏွစ္အလိုမွာ အထိမ္းအမွတ္ ဂူဗိမာန္တည္ေဆာက္ျခင္း ၿပီးဆုံးခဲ့ပါတယ္။ ဒီဂူဗိမာန္ကို ‘Tomb of Silence and Endless Rest’ လို႔လူေတြကေခၚၾကပါတယ္။ ေနာက္တစ္ႏွစ္အၾကာ အသက္ ၈၈ႏွစ္အ႐ြယ္မွာေတာ့ Cheval ကြယ္လြန္ခဲ့ၿပီး သူတည္ေဆာက္ခဲ့တဲ့ ဗိမာန္မွာပဲ သူ႔ကိုျမဳပ္ႏွံခဲ့ပါတယ္။
ယေန႔မွာေတာ့ ျပင္သစ္ႏိုင္ငံ Hauterives မွာ Cheval ရဲ႕ စိတ္ကူးယဥ္နန္းေတာ္ဟာ ခန႔္ထည္စြာ တည္ရွိေနခဲ့ပါၿပီ။ ဒီနန္းေတာ္ဟာ အျမင့္ ၄၅ေပ ၊ အလ်ား ၈၅ေပ ရွိၿပီး ကမာၻအရပ္ရပ္က ခရီးသြားေတြဟာ ျပင္သစ္ကိုေရာက္တဲ့အခါ တကူးတကလာေရာက္ ၾကည့္ရႈ႕ေနၾကရသလို ျပင္သစ္ရဲ႕ အေမြအႏွစ္ အေဆာက္အအုံအျဖစ္လည္း သတ္မွတ္ျခင္းခံခဲ့ရပါတယ္။
တကယ္ေတာ့ Cheval ဟာ ကမာၻေက်ာ္ခ်င္လို႔ သူ႔နန္းေတာ္ကို တည္ေဆာက္ခဲ့တာမဟုတ္ပဲ သူ႔ရဲ႕အိပ္မက္ကိုသာ မျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ စိတ္ကူးယဥ္နန္းေတာ္ဟာ စာပို႔သမားတစ္ေယာက္ရဲ႕ မေလွ်ာ့ေသာဇြဲနဲ႔ တည္ေဆာက္ခဲ့တဲ့ တစ္ခုတည္းေသာ နန္းေတာ္အျဖစ္ ယေန႔တိုင္ ကမာၻေက်ာ္ေနဆဲ ျဖစ္ပါေတာ့တယ္။
VIDEO