Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စပိန်နိုင်ငံက ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးစေတီတော်

by Thutamm
August 17, 2019
Reading Time: 1min read
0
စပိန်နိုင်ငံက ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးစေတီတော်
Share on FacebookShare on Twitter

ဒီစေတီတော်တည်ရှိတဲ့ အရပ်ကတော့ စပိန်နိုင်ငံ ၊ မာလာဂါပြည်နယ် ၊ ဘန်နယ်မက်ဒီနားမြို့က တောင်ကုန်းလေးတစ်ခုအပေါ်မှာ ဖြစ်ပါတယ်။ ဉာဏ်တော် ၁၀၈ပေ အမြင့်ရှိတဲ့ ဒီစေတီဟာ ဥရောပမှာ အကြီးဆုံး နဲ့ အမြင့်ဆုံးစေတီလည်း ဖြစ်ပါတယ်။

ဘူတန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Lopon Tchechu Rinpoche ကို ၁၉၁၈ခုနှစ်က ဘူတန်ဘုရင့်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ခဲ့ပြီး သူအသက် ၁၃နှစ်အရွယ်မှာတော့ ပိုမိုလေ့လာသင်ကြားလိုတဲ့အတွက် ဘူတန်ကနေ သူ့ဦးလေးဘုန်းကြီးရှိတဲ့ နီပေါကို ထွက်ခွာခဲ့ပါတယ်။ နီပေါက ဘုန်းတော်ကြီးကျောင်းမှာ ဗုဒ္ဓစာပေများကိုသင်ကြားရင် တစ်ဖက်ကလည်း ဂူတွေကိုလှည့်လည်ပြီး တရားကျင့်ကြံခြင်းကို တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်ဝန်းကျင်မှာတော့ ဘုန်းတော်ကြီးဟာ ဥရောပနိုင်ငံများကိုလှည့်လည်ရင်း လူထောင်ပေါင်းများစွာကို ဝိပသနာတရားပြခဲ့ပါတယ်။ သူရဲ့ပထမဆုံး ဥရောပ တပည့်တွေကတော့ Ole Nydahl နဲ့ သူ့ရဲ့ဇနီးတို့ဖြစ်ပါတယ်။ ဘုန်းတော်ကြီးဟာ ဒီလိုလှည့်လည် တရားပြရင်း ဥရောပတလျှောက်မှာ စေတီပေါင်း ၁၆ ဆူ ကို တည်ထားခဲ့ပါတယ်။

ဘန်နယ်မက်ဒီနားမြို့မှာ တည်ခဲ့တဲ့ စေတီကတော့ ဘုန်းတော်ကြီး နောက်ဆုံးတည်ခဲ့တဲ့စေတီဖြစ်ပြီး ဒီစေတီတည်လို့မပြီးဆုံးခင် ၄လ အလို သက်တော် ၈၅နှစ်အရွယ်မှာ ဘုန်းတော်ကြီးဟာ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာတော့ စေတီတော် တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို ဘူတန်ဘုန်းတော်ကြီးတွေနဲ့အတူ ဧည့်ပရိသတ်ပေါင်း ၄ထောင်ခန့် တက်ရောက်ခဲ့ကြပါတယ်။

တိဘက်မှာ စေတီတည်ဆောက်ပုံ ၈မျိုးရှိပြီး အသီးသီးဟာ ဗုဒ္ဓရဲ့အရေးအကြီးဆုံး ဖြစ်တော်စဉ်တွေကို ကိုယ်စားပြုပါတယ်။ ဒီစေတီကတော့ တရားထူးရခြင်း (သို့) ဉာဏ်ပညာအလင်းပွင့်ခြင်း ကိုရည်ညွန်းကိုယ်စားပြုတဲ့ ပုံသဏ္ဍာန်နဲ့ တည်ထားတာဖြစ်ပါတယ်။

စေတီကို အဆောက်အအုံပေါ်က ထပ်ဆင့်တည်ဆောက်ထားတာဖြစ်ပြီး ဒီဇိုင်းကတော့ ပိုလန်ဗိသုကာပညာရှင် Wojtek Kossowski ရဲ့ လက်ရာဖြစ်ပါတယ်။ စေတီအောက်ဘက်မှာတော့ ပေ ၁၀၀ ပတ်လည်ကျယ်ဝန်းတဲ့ ဝိပသနာတရားထိုင်ရာခန်းမ ရှိပြီး နံရံမှာတော့ ဗုဒ္ဓရဲ့ဘဝဖြစ်တော်စဉ် ပန်းချီများကို တွေ့ရမှာဖြစ်ပါတယ်။

ဒီစေတီ အဆောက်အအုံကို စနေ နဲ့ တနင်္လာနေ့ ကလွဲရင် ကျန်ရက်တွေမှာ လေ့လာလည်ပတ်ဖို့ ဖွင့်လှစ်ထားပြီး အဲဒီနေ့တွေမှာ ဝိပသနာ အတန်းတွေလည်းရှိနေမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘန်နယ်မက်ဒီနားမြို့က ဒီဗုဒ္ဓဘာသာစေတီတော်ဟာ အနောက်ကမ္ဘာမှာ အကြီးဆုံးစေတီဖြစ်သလို ဥရောပက ဗုဒ္ဓဘာသာဝင်အများဆုံး ဝိပသနာတရား လာရောက်အားထုတ်လေ့ရှိရာ နေရာတစ်ခုလည်း ဖြစ်လို့နေပါပြီ။

VIDEO

Tags: buddhismworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!