Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စင်ကာပူမှာ တားမြစ်ပိတ်ပင်ထားတဲ့ အရာ ၁၁ ခု

by Thutamm
October 26, 2020
Reading Time: 2min read
0
စင်ကာပူမှာ တားမြစ်ပိတ်ပင်ထားတဲ့ အရာ ၁၁ ခု
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံငယ်လေး ဖြစ်တဲ့ စင်ကာပူ ဟာ အာရှမှာတော့ ဒုတိယ ဧရိယာအသေးဆုံးနိုင်ငံဖြစ်ပါတယ်။ နယ်မြေကျဉ်းကျဉ်းလေးဖြစ်ပေမယ့် ဒီနေရာမှာ လူမျိုးပေါင်းစုံတဲ့ လူဦးရေ ၆သန်းနီးပါးနေထိုင်တာကြောင့် ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအထူထပ်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။ လူမျိုးပေါင်းစုံပေမယ့် ငြိမ်းချမ်းစွာရှိနေရခြင်းအကြောင်းကတော့ ဥပဒေ စည်းကမ်းပေါင်းစုံနဲ့ တင်းကြပ်စွာ ပြဌာန်းထားလို့ဖြစ်ပါတယ်။ မည်သူမဆို စည်းကမ်းကို ချိုးဖောက်ရင် ထိုင်တန်တဲ့ ပြစ်ဒါဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။ စင်ကာပူမှာ အခြားနိုင်ငံတွေနဲ့ မတူညီတဲ့ ဥပဒေအချို့ကိုလည်း ပြဌာန်းထားပါတယ်။ ဒီတခါတော့ ဒါတွေကို မသိသေးတဲ့ သုတဇုန် မိတ်ဆွေများအတွက် ဝေမျှသွားပါမယ်။

၁။ စင်ကာပူမှာ ပီကေစားတာ ၊ သယ်ဆောင်တာ ၊ လက်ဝယ်ထားရှိတာတွေပြုလုပ်လျှင် ငွေဒဏ် ၊ ကြိမ်ဒဏ် ၊ ထောင်ဒဏ်တွေကို ခံရနိုင်ပါတယ်။ ရောင်းချတဲ့သူဆိုရင်တော့ ဒေါ်လာ ၁သိန်း ဒါမှမဟုတ် ၂နှစ်အထိ ပြစ်ဒဏ်ခံရမှာပါ။ စင်ကာပူမှာ ပီကေကို ပိတ်ပင်လာခဲ့တာ ၁၉၉၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ဆေးအဖြစ်သုံးစွဲမယ်ဆိုရင်တော့ ဆရာဝန်ထောက်ခံချက်နဲ့အတူ တရားဝင်ခွင့်ပြုထားတဲ့ ဆေးဆိုင်တချို့ကနေ ဝယ်ယူနိုင်ပါတယ်။

၂။ တခြားသူကို နားမခံသာဖြစ်စေတဲ့ ဂီတာ စတဲ့ တူရိယာပစ္စည်းတွေ တီးတာ မှုတ်တာ သီဆိုတာတွေကိုလည်း ပိတ်ပင်ထားပါတယ်။ အများပြည်သူ နေရာတွေမှာ တီးနိုင် မှုတ်နိုင် ဆိုနိုင်ပေမယ့် အခြားသူတွေကို အနှောက်အယှက်ပေးတယ်လို့ သတ်မှတ်ရင် ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ရိုက်ခံရမှာဖြစ်သလို ထောင် ၃လလည်း ကျချင်ကျသွားနိုင်ပါတယ်။

၃။ အများပြည်သူ သွားလမ်း ၊ ယာဉ်သွားလမ်းတွေဟာ စွန်လွှတ်တာ ဒါမှမဟုတ် ကစားနည်းတခုခု ကစားနေတာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ သတ်မှတ် ခွင့်ပြု ထားတဲ့နေရာတွေမဟုတ်ပဲ ဒီလိုလုပ်ခဲ့မယ်ဆိုရင်တော့ ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ အထိပေး ဆောင်ရမှာ ဖြစ်ပါတယ်။

၄။ လမ်းပေါ်မှာ ကိုယ့်ပါးစပ်နဲ့ ကိုယ်တံတွေးထွေးတာ ဘာဖြစ်လဲ မထင်ပါနဲ့။ စင်ကာပူမှာ ဆိုရင်တော့ ဒါဟာ ဥပဒေကို ချိုးဖောက်တာပါပဲ။ ကော်ဖီဆိုင် ၊ ဈေး ၊ မုန့်ဆိုင် ၊ ကျောင်း ၊ ဇာတ်ရုံ ၊ ဘတ်စ်ကား ၊ အများပြည်သူသွားလမ်းတွေပေါ်မှာ တံတွေးထွေးတာကို မိခဲ့မယ်ဆိုရင်တော့ သင့်အိတ်ထဲက ဒေါ်လာ ၁၀၀၀ ခုန်ထွက်သွားပါလိမ့်မယ်။

၅။ ညစ်ညမ်းဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ စာအုပ်တွေ ဖြန့်ဝေခြင်းကိုလည်း စင်ကာပူမှာ တားမြစ်ထားပါတယ်။ အွန်လိုင်းစကားပြောဂရုတွေမှာ ဒီလိုပုံတွေ ဗီဒီယိုတွေ ပို့မိတဲ့ စင်ကာပူနိုင်ငံသား အချို့ဟာ ဒဏ်ငွေ ဒေါ်လာ ၂၀၀၀၀ ၊ ထောင် ၃လ ၊ ၆လ ကျခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။

၆။ အခြားသူရဲ့ ဝိုင်ဖိုင်ကို ခိုးယူသုံးစွဲခြင်းဟာလည်း ကြီးလေးတဲ့ အပြစ်ဒဏ်ပါပဲ။ စင်ကာပူ ဆိုက်ဘာဥပဒေအရ အခြားသူရဲ့ဝိုင်ဖိုင်ကို တရားမဝင် ဟက်တာ ခိုးယူသုံးစွဲတာကို မိခဲ့လျှင် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀ ကနေ ထောင်ဒဏ် ၃နှစ်အထိ ကျခံသွားရနိုင်ပါတယ်။

၇။ စင်ကာပူက အများပြည်သူသုံးအိမ်သာတွေဟာ အမြဲသန့်ရှင်းနေလေ့ရှိပါတယ်။ ဒီနေရာမှာလည်း စည်းကမ်းတချက်ရှိနေပါတယ်။ ဒါကတော့ အိမ်သာတက်ပြီး ရေဆွဲမချပဲ ထွက်သွားခဲ့ရင် စည်းကမ်းချိုးဖောက်တာပါပဲ။ အမြန်လိုနေလို့ မေ့သွားလို့ ဆိုပြီး မရပါဘူး။ ဒဏ်ငွေ ဒေါ်လာ ၁၅၀ ပါတဲ့။

၈။ အများပြည်သူ သွားလာတဲ့နေရာတွေမှာ အဝတ်အဝတ်ပဲသွားလာနေတာဟာလည်း ဥပဒေချိုးဖောက်တာပါပဲ။ ကိုယ့်အိမ်မှာဆိုရင်တော့ အဝတ်မဝတ်ပဲ နေလို့ရပါတယ်။ ဒါပေမယ့် လိုက်ကာတွေ ချမထားလို့ အခြားသူတွေမြင်သွားခဲ့ရင်တော့ လူမြင်ကွင်းမှာ အဝတ်မဝတ်ခြင်း ဥပဒေနဲ့ ငြိသွားပါပြီ။ ဒါဆိုရင်တော့ ဒဏ်ငွေ ဒေါ်လာ ၂၀၀၀ ကနေ ထောင်ဒဏ် ၃လအထိ ကျခံရနိုင်ပါတယ်။

၉။ စင်ကာပူမှာ လမ်းပေါ်သွားနေလာနေရင်း ကိုယ့်ဆီက ပေါင်မုန့်အပိုင်းအစလေးဖြစ်ဖြစ် လမ်းပေါ်က ခိုတွေ ကို အစာကျွေးမယ်ဆိုရင်လည်း ဥပဒေချိုးဖောက်တာပါပဲ။ စင်ကာပူမှာ ခိုတွေကို အစာကျွေးတာကို တားမြစ်ထားပြီး ချိုးဖောက်ရင်တော့ ဒဏ်ငွေ ဒေါ်လာ ၅၀၀ ဆောင်ရမှာဖြစ်ပါတယ်။

၁၀။ သတ်မှတ်တဲ့နေရာမှာ စည်းကမ်းတကျမဟုတ်ပဲ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ဟာလည်း စင်ကာပူ ဥပဒေကို ချိုးဖောက်နေပါတယ်။ ဒါကို ချိုးဖောက်ခဲ့ရင်တော့ ဒဏ်ငွေအဖြစ် ဒေါ်လာ ၁၀၀၀ ဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ အမှိုက်မပစ်ရ ဆိုတဲ့ ဆိုင်းဘုတ်ဟာ အမှိုက်တွေအောက် ရောက်နေလေ့ရှိပါတယ်။

၁၁။ သတ်မှတ်ထားတဲ့ လူကူးကုန်းကျော်တံတား ၊ လူကူးမျဉ်းကြားတွေကနေ စည်းကမ်းတကျမဟုတ်ပဲ စည်းမဲ့ကမ်းမဲ့ လမ်းကူးတာဟာလည်း စင်ကာပူ ဥပဒေကို ချိုးဖောက်တာပါပဲ။ ဒါကို မိခဲ့ရင်တော့ ဒေါ်လာ ၅၀ ဆောင်ရမှာပါ။ ဒါပေမယ့် ပထမဆုံး အကြိမ်ပဲ ဒေါ်လာ ၅၀ ဖြစ်ပြီး ထပ်ကာ ထပ်ကာ ချိုးဖောက်မိမယ်ဆိုရင်တော့ ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ ကနေ ထောင် ၃လအထိ အချုပ်ကျသွားနိုင်ပါတယ်။ စင်ကာပူမှာ နှစ်စဉ် လူပေါင်းထောင်နဲ့ချီပြီး ဒဏ်ရိုက်ခံရလေ့ရှိပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက် ၁၁ ချက်အပြင် တခြားနိုင်ငံတွေနဲ့ မတူတဲ့ စင်ကာပူတားမြစ်ထားတဲ့ ဥပဒေတွေ အများကြီး ရှိနေပါသေးတယ်။

Ref: Things that are illegal in Singapore – BusinessInsider

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!