Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စက်ဘီးစီးရင်း ကန်ရတဲ့ ဘောလုံးအားကစားပွဲ

by Thutamm
August 17, 2019
Reading Time: 1min read
0
စက်ဘီးစီးရင်း ကန်ရတဲ့ ဘောလုံးအားကစားပွဲ
Share on FacebookShare on Twitter

စက်ဘီး နဲ့ ဘောလုံး ဘာဆိုင်လို့လဲ လို့ထင်ကောင်းထင်မိကြမှာပါ။ မဆိုင်ပေမယ့် ဒီနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ အားကစားနည်းတစ်ခုကတော့ ရှိနေပါတယ်။ ဒါကတော့ စက်ဘီးစီးရင်းဘောလုံးကန်ရတဲ့ Cycle-ball လို့ အမည်ရတဲ့ အားကစားနည်း ဖြစ်ပါတယ်။ ဂျာမန်တွေကတော့ ဒါကို radball လို့ခေါ်ပါတယ်။

ဒီအားကစားနည်းဟာ ကမ္ဘာမှာတော့ လူသိနည်းပါတယ်။ လူသိနည်းတယ်ဆိုပေမယ့် အခုမှပေါ်ပေါက်လာတာမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ကျော် ၁၈၉၃ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ အားကစားနည်းဖြစ်ပါတယ်။ တီထွင်သူကတော့ အမေရိကန်-ဂျာမန်လူမျိုး နီကိုးလက်စ် အက်ဒ်ဝက် ကော့ဖ်မန်း (Nicholas Edward Kaufmann) ဆိုသူဖြစ်ပါတယ်။

ဆပ်ကပ်သမားတစ်ဦးဖြစ်တဲ့ နီကိုးလက်စ် ဟာ ၁၈၉၃ ခုနှစ်မှာ သူ့ရဲ့ခွေးကလေး Mops နဲ့အတူ စက်ဘီးစီးရင်း စတန့်မျိုးစုံကို ပြသခဲ့ပါတယ်။ အဲဒီနောက်တော့ ခွေးနေရာမှာ ဘောလုံးကို အစားထိုးဖို့အကြံရခဲ့ပြီး Cycle-ball အားကစားနည်း စတင်ဖြစ်လာခဲ့ပါတယ်။ အမေရိကန်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဒီအားကစားနည်းဟာ အမေရိကန်မှာတော့ မတွင်ကျယ်ခဲ့ပဲ ဥရောပမှာတော့ ခေတ်စားခဲ့ပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ချက်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာသာမက အာရှက ဂျပန်နိုင်ငံမှာလည်း ဒီအားကစားနည်းဟာ ယခုတိုင်အောင် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

Cycle-ball ကို ပထမဆုံး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအဖြစ် ၁၉၂၉ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ အအောင်မြင်ဆုံးကစားသမားတွေကတော့ ချက်ကစားသမားတွေဖြစ်တဲ့ Pospíšil brothers ပေါ့စ် စပစ်ဆယ်လ်ညီနောင် ဖြစ်ပြီး ၁၉၆၅ ကနေ ၁၉၈၈ အတွင်းမှာ ကမ္ဘာ့ချန်ပီယံ အကြိမ် ၂၀ ဖြစ်ခဲ့ကြပါတယ်။

အပေါ်ကိုထောင်ထားတဲ့ ဂိုက်တံပါရှိပြီး ဘရိတ်မပါတဲ့ စက်ဘီးတွေကို အသုံးပြုကြတာဖြစ်ပါတယ်။ ဂိုးဖမ်းတဲ့အခါမှာပဲ လက်နဲ့ထိခွင့်ရှိပြီး တလျှောက်လုံးမှာတော့ ဘောလုံးကို ဦးခေါင်း ၊ စက်ဘီးနဲ့သာ ထိရမှာဖြစ်ပြီး ကန်တဲ့အခါမှာလည်း စက်ဘီးနဲ့သာ ကန်ရမှာဖြစ်ပါတယ်။ ဘောလုံးကို ထိတွေ့နေစဉ်မှာ ခြေထောက်ကိုမြေပြင်နဲ့ ထိခွင့်မရှိပါဘူး။ ကစားပွဲကတော့ ၇မိနစ်စီ နှစ်ပိုင်းဆော့ရမှာဖြစ်ပါတယ်။

ဘရိတ်မပါတဲ့ စက်ဘီးတွေကို စီးနင်းရတာဖြစ်တဲ့အတွက် အရှိန်များတဲ့အခါမျိုးမှာ လဲကျ ၊ တိုက်မိတာတွေရှိတတ်ပြီး အန္တရာယ်များတဲ့ အားကစားနည်းလည်းဖြစ်ပါတယ်။ စက်ဘီးကို အထူးကျွမ်းကျင်ပိုင်နိုင်တဲ့ သူတွေမှသာ ဆော့လို့ရတဲ့ အားကစားနည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်သင်းကို နှစ်ယောက်စီဆော့ကြပေမယ့် တခါတရံ ၅ယောက် ၆ယောက်ဆော့ကြတာတွေလည်း ရှိပါတယ်။

ဒီအားကစားပြိုင်ပွဲတွေကို UCI လို့ခေါ်တဲ့ နိုင်ငံတကာ စက်ဘီးအားကစားအဖွဲ့ (Union Cycliste Internationale) ကနေ ဦးစီးကျင်းပပေးနေတာဖြစ်ပါတယ်။ ရုံတွင်းအားကစားနည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ(UCI Indoor Cycling World Championship ) တွေကို နှစ်စဉ်ကျင်းပနေပြီး ၂၀၀၅ နဲ့ ၂၀၀၇ အာရှရုံတွင်းအားကစားပြိုင်ပွဲမှာလည်း ထည့်သွင်းကျင်းပခဲ့ပါသေးတယ်။

မမြင်ဖူးသေးတဲ့ မိတ်ဆွေများ အောက်က ဗီဒီယိုမှာ ဒီအားကစားကို ဘယ်လိုဆော့သလဲ ဆိုတာ ကြည့်ရှု့နိုင်ပါတယ်။

VIDEO

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!