Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျူးဘာသာ နှင့် လူမျိုးများအကြောင်း

by Thutamm
January 5, 2021
Reading Time: 1min read
0
ဂျူးဘာသာ နှင့် လူမျိုးများအကြောင်း
Share on FacebookShare on Twitter

ဂျူဒါအစ်ဇင်(လက်တင်ဘာသာတွင် လူဒါအစ်မတ်စ်မှ ၊ ဂရိဘာသာတွင် လောက်ဒါအစ်မောစ့် နှင့် ဟီဘရူးဘာသာတွင် ရဟုဒယုဒ သည်တန်နက် ဟု သိရှိထားသည့် ဟီဘရူးသမ္မာကျမ်း စာမှ ဆင်းသက်လာသော ယုံကြည်ခြင်းများနှင့် ဝတ်ပြုကိုးကွယ်ခြင်း ပုံစံတစ်ခုဖြစ်သည်။ တယ်မွတ် ကဲ့သို့သော နှောင်းပိုင်း ကျမ်းစာအုပ်များတွင် လေ့လာစူးစမ်းတွေ့ရှိခဲ့သည်။ ဂျူးလူမျိုးများ သည် ဂျူဒါအစ်ဇင်ကို ဘုရားသခင် ဖန်ဆင်းထူထောင်ပေးခဲ့သည့် အစ္စရေးကလေးငယ်များနှင့် ပိုင်ဆိုင်မှုတော်စပ် ခြင်း၏ ဖော်ပြချက်အဖြစ် မှတ်ယူထားသည်။

အစ္စရေးကလေးငယ်များသည် မူလအစအနေဖြင့် သမ္မာကျမ်းစာ ပါ ဘိုးဘေးဖြစ်သော ပက်ထရီအတ် ဂျက်ကော့ဘ် မှ ဆင်းသက်လာသည့် မျိုးနွယ်စု ဆယ့်နှစ်အုပ်စုဖြစ်သည်။ နောက်ပိုင်းတွင် ဂျူးလူမျိုးဖြစ်လာသည်။ အားလုံးသော အဖွဲ့များ၏ အဆိုအရ၊ ဘုရားသခင်သည် သူ၏ဥပဒေများနှင့် ပညတ်တော်များကို သိနတောင်ပေါ်တွင် မိုးဇက်သို့ စာဖြင့်ရော ၊ နှုတ်ဖြင့် ပါ တိုရာ ကျမ်းကို ဖွင့်ဟမြွက်ကြားခဲ့သည်။သို့သော်လည်း ကာရိတ် ဂျူဒါအစ်ဇင်သည် စာဖြင့် ရေးခဲ့သည့် တိုရာကိုသာ စောင့်ထိန်းကြပြီး လွတ်လပ်လှုပ်ရှားမှုရှိ သည့် လူသားဆန်သော ဂျူဒါအစ်ဇင်သည် ဘာသာမဲ့ ဖြစ်သည်။

ဂျူဒါအစ်ဇင် သည် နှစ်ပေါင်း ၃၀၀၀ ကျော် ထက်ကြာမြင့်စွာ သမိုင်းစဉ်ဆက်ရှိနေသည်ဟု ဆိုထားပါသည်။ ဂျူးဘာသာ သည် ရှေးအကျဆုံးသော ဘာသာရေးများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ယနေ့ထက်တိုင် ရှင်သန်လျက်ရှိ သည်။ သက်တမ်းအရင့်ဆုံးသော ဘာသာဖြစ်သည်။ယင်းဘာသာ၏ အဆိုအမိန့်များ၊ ရိုးရာများနှင့် တန်ဖိုးထားရှိမှုတို့သည် ခရစ်ယာန်၊ အစလာမ်နှင့် ဘဟေးယုံကြည်မှုတို့ အပါအဝင်နောက်ပိုင်း အေဗရာဟင်ဘာသာ ရေးများကို ဖန်တီးပေးခဲ့သည်။များစွာသော ဂျူးဘာသာ၏သွင်ပြင်လက္ခဏာများသည် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ၊ အနောက်တိုင်း လူမှုကျင့်ဝတ်များနှင့် မြို့ပြဥပဒေများအပေါ် လွှမ်းမိုးခဲ့ သည်။

လိုက်နာကျင့်သုံးမှု

ဂျူးများသည် လူမျိုးဘာသာရေးအုပ်စုဖြစ်ပြီး ၎င်းတွင် ဂျူးလူမျိုးမှ မွေးဖွားလာသူများနှင့် ဂျူးဘာသာသို့ လွှဲပြောင်းလာသူများအပါအဝင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ ဂျူးလူမျိုးလူဦး ရေမှာ ၁၃ သန်းရှိသည်ဟု ခန့်မှန်းခဲ့ပြီး ၎င်းတို့ထဲမှ ၄၀% သည် အစ္စရေးနိုင်ငံနှင့် ၄၀%သည် အမေရိကန်နိုင်ငံတို့တွင် နေထိုင်နေကြသည်။ အကြီးမားဆုံးသော ဂျူးဘာသာရေးလှုပ်ရှားမှုများမှာ အစဉ်အလာ ဂျူဒါအစ်ဇင်၊ ရှေးရိုးစွဲ ဂျူဒါအစ်ဇင် နှင့် ပြုပြင်ပြောင်းလဲရေး ဂျူဒါအစ်ဇင်တို့ ဖြစ်သည်။ ယင်းအုပ်စုများ အတွင်း အထင်ကရ ခြားနားချက်မှာ ဂျူးဥပဒေကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ကွာခြားချက်ပင်ဖြစ်သည်။ရှေးရိုးစွဲနှင့် အစဉ်အလာ ဂျူဒါအစ်ဇင်တို့သည် ဂျူးဥပဒေကို လိုက်နာကျင့်သုံးရမည်ဟု မှတ်ယူထိန်းသိမ်း ထားကြပြီး အစဉ်အလာ ဂျူဒါအစ်ဇင်သည် ရှေးရိုးစွဲ ဂျူဒါအစ်ဇင်ထက် ၎င်း၏လိုအပ်ချက်များကို ပို၍ ခေတ်သစ်အမြင်ဖြင့် ပြန်ဆိုမြှင့်တင်ထားသည်။ ပြုပြင်ပြောင်းလဲရေး ဂျူဒါအစ်ဇင်သည် ကျန်အခြားသော ဂျူဒါအစ်ဇင်နှစ်မျိုးထက် ယေဘုယျအားဖြင့် ပို၍ လွတ်လပ်သည်။

၎င်း၏အထင်ကရ အနေအထားမှာ ဂျူးဥပဒေကို တားမြစ်ချုပ်ချယ်မှုများစာရင်း ဆိုသည်ထက် အထွေထွေလမ်းညွှန်ချက်များဟု ရှုမြင်ထားသည်။ ၎င်းတို့၏ မူရင်းအတိုင်း ဥပဒေကို ထိန်းသိမ်းဆောင်ရွက်ခြင်းသည် ဂျူးလူမျိုးအားလုံး ၏ လိုအပ်ချက်ဖြစ်သည်။ သမိုင်းအရ အထူးရုံးတော်များသည် ဂျူးဥပဒေကို လိုက်နာစေ သည်။ ယနေ့တွင် ယင်းရုံးတော်များ ဆက်လက်တည်ရှိနေသာ်လည်း ဂျူဒါအစ်ဇင် လိုက်နာကျင့်သုံးမှုသည် အများအားဖြင့် မိမိစိတ်ဆန္ဒအလျှောက်သာဖြစ်သည်။သာသာရေးကျမ်းကိစ္စများ ၊ ဥပဒေပြုကိစ္စရပ်များ အပေါ်တွင် မည်သူတစ်ဦးတစ်ယောက် သို့မဟုတ်မည်သည့်အဖွဲ့အစည်းကိုမှ လုပ်ပိုင်ခွင့်အာဏာပေးအပ်ထားခြင်းမရှိခဲ့ပါ။ သို့သော် မြင့်မြတ်သော ကျမ်းဂန်ပြဌာန်းချက်များတွင် ဂျူးဘာသာရေးဘွဲ့ရများနှင့် ပညာရှင်များမှ ပြန်ဆိုရေးသားထားကြသည်။

ဘာသာရေးအဆိုအမိန့်နှင့် ယုံကြည်မှု၏မူများ

ဂျူဒါအစ်ဇင်သည် တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်ယုံကြည်သည်ဟု ယေဘုယျအားဖြင့် ထင်မြင်ယူဆရသည်။ သို့သော် အမြဲတစေမဟုတ်သော်လည်း သဘောတရားအရ ခိုင်မာသည်။ ဥပမာအားဖြင့် တစ်ဆူတည်းသော ဘုရားကို ယုံကြည် ကိုးကွယ်မှုကို အစဉ်အမြဲလိုက်နာကျင့်သုံးခြင်း မရှိခဲ့ပါ။ ရှေးခေတ် အစ္စရေးများတွင် အခြားသော ဘုရားများအပေါ် ကိုး ကွယ်မှု ပျံ့နှံ့လာသည်ကို ဂျူးသမ္မာကျမ်းစာ(တန်နက်) တွင် မှတ်တမ်းတင်ထားခြင်းများ ထပ်ခါ တစ်လဲလဲပြစ်တင်ကြိမ်းမောင်းထားခြင်းများတွေ့ရပါသည်။ ဂရိ-ရောမ ခေတ်တွင် ခရစ်ယာန်သာသနာ ပေါ်ပေါက်လာခြင်းအထိ ပြန်ဆိုရေးသားခဲ့မှုများ အပါအဝင်များစွာသော ကွဲဟြးနေသည့် ပြန်ဆိုရေးသားမှုများ ဂျူဒါအစ်ဇင်တွင် ရှိနေခဲ့သည်။

မျက်မှောက်ကာလများတွင် အချို့ပျော့ပြောင်းသော ဂျူးလုပ်ရှားမှု အဖွဲ့များ ပြောဆိုထိန်းသိမ်းထားသည်မှာ ဂျူးသမ္မာကျမ်းစာသည် လူသားစာရေးသူများမှ ရေးသားခဲ့ခြင်း ဖြစ်ပြီး သမိုင်းတွင် လှုပ်ရှားဆောင်ရွက်ခဲ့သော လူအဖြစ်တင်စားသုံးနှုန်းသော နတ်ဘုရား၏ ဖြစ်တည်မှုကို လက်မခံကြပေ။ ဂျူးသမိုင်း တစ်လျှောက် တွင် ပညာရှင်များသည် ဂျူဒါအစ်ဇင်၏အနှစ်သာရ ပို့ချချက်များကို များစွာသော နည်းနာများအဖြစ် အဆိုပြုခဲ့ကြပြီး ယင်းနည်းနာများအားလုံးသည် ဝေဖန်မှုများနင့် ကြုံတွေ့ခဲ့သည်။

အများဆုံးထင်ပေါ်သည့်နည်းနာမှာ ဆယ့်နှစ်ရာစုနှစ်တွင် ပေါ်ထွန်းခဲ့သည့် မိုင်မိုနိုက် ၏ ယုံကြည်မှုအခြေခံသဘောတရားဆယ့်သုံးချက် ဖြစ်သည်။ မိုင်မိုနိုက်၏ အဆိုအရ ယင်းအခြေခံသဘောတရားများအထဲမှ တစ်ခုမဟုတ် တစ် ခုကို ပစ်ပယ်သည့် ဂျူးလူမျိုးတစ်ယောက်ယောက်သည် အယူဝါဒစွန့်လွှတ်သူ ၊ ဘာသာဆန့်ကျင်သူအဖြစ် သုံးသပ်မည်။သို့သော်လည်း မိုင်မိုနိုက်ရောသူနှင့်ခေတ်ပြိုင်များပါဤအခြေခံသဘောတရားများသည်ဂျူးလူမျိုးအားလုံး၏ယုံကြည်မှုကိုမလွှမ်းခြုံနိုင်ဟုရှုမြင်ထားပြီးဂျူဒါအစ်ဇင်၏ကျမ်းဂန်အနှစ်သာရဖော်ပြချက်သက်သက်မျှသာ ဖြစ်သည်။ အခြားသော ဂျူးပညာရှင်များသည် မိုင်မိုနိုက်၏ အခြေခံသဘောတရားများမှ အနည်း ငယ်ခွဲထွက်သည့် ရှုထောင့်အမြင်များကို လက်ကိုင်ထားကြသည်။

ဘာကလူတစ်ယောက်ကို ဂျူးဖြစ်စေသလဲ

ရိုးရာဂျူးဥပဒေအရ ၊ ဂျူးဆိုသည်မှာ ဂျူးလူမျိုးမိခင်တစ်ယောက်မှ မွေးဖွားလာသူ သို့မဟုတ် ဂျူးဥပဒေအရ ဂျူဒါအစ်ဇင်သို့ ကူးပြောင်းလာသူဖြစ်သည်။ အမေရိကန် ပြုပြင်ပြောင်းလဲရေး ဂျူဒါအစ်ဇင်နှင့် ဗြိတိသျှ လွတ်လပ်သော ဂျူဒါအစ်ဇင်သည် ဂျူးမိဘတစ်ဦးဦးမှ (ဖခင်ဖြစ်စေ ၊ မိခင်ဖြစ်စေ) မွေးဖွားလာပြီး၊ မိဘများမှ ဂျူးအဖြစ် မှတ်ပုံတင်ပြီး ပြုစုထူထောင်ထားသည့် ကလေးကိုသာ ဂျူးအဖြစ်လက်ခံသည်။ ဂျူ ဒါအစ်ဇင် ၏အားလုံးသော အဓိကလမ်းကြောင်းပုံစံများသည် ရိုးသားသော ဘာသာပြောင်းလာမှုအတွက် တံခါး ဖွင့်ထားပြီး၊ ဘာသာပြောင်းခြင်းကို ဂျူးဓလေ့ထုံတမ်းအရ အားမပေးပါ။ ဘာသာပြောင်းခြင်းလုပ် ငန်းစဉ်ကို အာဏာပိုင်တာဝန်ခံများမှ အကဲဖြတ်ပေးရမည်ဖြစ်ပြီး ဘာသာပြောင်းလာသူ သို့မဟုတ် သူမသည် ရိုးသားမှုနှင့် သိနားလည်မှုတို့အတွက် စစ်ဆေးမေးမြန်းခြင်းခံရမည်။ဘာသာပြောင်းလာသူများကို “ဘင် အေဗရာဟင်” (ben Abraham) သို့မဟုတ် “ဘတ်အေဗရာဟင်” (bat Abraham) ဟု အမည် ပေးသည်

အေဗရာဟင်၏သား သို့မဟုတ် သမီး

ရိုးရာဂျူဒါအစ်ဇင်သည် ဂျူးအဖြစ်မွေးဖွားလာသူ သို့မဟုတ် ဘာသာပြောင်းလာသူကို ဂျူးအဖြစ်ထာဝရ ထိန်းသိမ်းမှတ်ယူထားသည်။ သို့သော်လည်းပြုပြင်ပြောင်းလဲရေးဂျူဒါအစ်ဇင်သည်တစ်ခြားဘာသာ သို့ ပြောင်းသွားသူ ဂျူးတစ်ဦးကို ဂျူးအဖြစ် ဆက်လက်မသတ်မှတ်တော့ပါ။အစ္စရေးအစိုးရသည် တရားရုံးချုပ် ဆုံးဖြတ်ချက်များနှင့် ဥပဒေများဖြင့် အထက်ပါလုပ်ဆောင်ချက်ကို ရယူထားသည်။ အစ္စရေးနိုင်ငံတွင် ဂျူးမှတ်ပုံတင်ကို မည်ကဲ့သို့ ဆုံးဖြတ်သနည်းဆိုသည့် မေးခွန်းသည် စေ့ဆော်မှု တစ်ခုအဖြစ် 1950 ခုနှစ် ဒေးဗစ်ဘင်ဂူရီရင်း မှ နိုင်ငံသားအဖြစ် သတ်မှတ်ပေးရ မည့်ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့တစ်ဝန်းရှိ ဘာသာရေးအာဏာပိုင်များနှင့် ပညာတတ်များ သို့ မီဟူးရဟူဒီ (“who is a Jew”) (“မည်သူသည် ဂျူးတစ်ယောက်ဖြစ်သနည်း”) ဆိုသည့် ထင်မြင်ချက်များကို မေးမြန်းရာမှ ထွက် ပေါ်လာပါသည်။ ဤကိစ္စသည် ယနေ့ထက်တိုင် ဖြေရှင်း၍မပြီးနိုင်သေးဘဲ အခါအားလျော်စွာ အစ္စရေး နိုင်ငံရေးများတွင် ပြန်ပေါ်လာသည်။

ဂျူးလူဦးရေပြပုံများ

ကမ္ဘာပေါ်ရှိ ဂျူးလူမျိုးအရေအတွက် ရရှိနိုင်ရန်ခဲယဉ်းပါသည်။ အဘယ်ကြောင့်ဆိုသော် “မည်သူသည် ဂျူးတစ်ယောက်ဖြစ်သနည်း” ဆိုသည့် မေးခွန်း၏အဓိပ္ပါယ်သတ်မှတ်ချက်သည် ပြဿနာဖြစ်နေခြင်း ၊ အားလုံးသော ဂျူးများ သည် ဂျူးအဖြစ်မှတ်ပုံမတင်ထားခြင်း ၊ မှတ်ပုံတင်ထားသူများကိုလည်း အခြားသောဂျူးများမှ လက်မခံခြင်း တို့ကြောင့်ဖြစ်သည်။ ဂျူးနှစ်ချုပ်စာအုပ် (၁၉၀၁)အရ ၁၉၀၀ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ဂျူးလူဦးရေသည် ၁၁ သန်းပတ်ဝန်းကျင်ရှိသည်။ နောက်ဆုံးရရှိသည့် စာရင်းဇယားသည် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဂျူးလူဦးရေ ကွင်းဆင်းစစ်ဆေးချက်နှင့် ဂျူးပြက္ခဒိန် (၂၀၀၅)စာအုပ်တို့မှဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ဂျူးလူဦးရေ ကွင်းဆင်းစစ် ဆေးချက်အရ ကမ္ဘာတစ်ခုလုံးတွင် ဂျူးလူမျိုး ၁၃.၃ သန်းရှိသည်။ ဂျူးနှစ်ပြက္ခဒိန်တွင် ၁၄.၆ သန်းဟုဆို သည်။ ဂျူးလူဦးရေ တိုးပွါးမှုနှုန်းသည် ၂၀၀၀ မှ ၂၀၀၁ တွင် ဝ.၃% တိုးတက်ခဲ့ပြီး လက်ရှိကာလတွင် သုည ရာခိုင်နှုန်းနီးပါးသာရှိသည်။ ဆွေနီးမျိုးစပ် ထိမ်းမြားခြင်းနှင့် မွေးဖွားနှုန်းကျဆင်းခြင်းတို့သည် ဂျူးလူဦးရေ စာရင်းအပေါ် လွှမ်းမိုးလျက်သည်။ သို့သော်လည်း ဂျူဒါအစ်ဇင်သို့ ဘာသာပြောင်းလာမှုသည် ယင်းလူဦးရေစာရင်းကို အနည်းငယ်ပြောင်းလဲရန် ကူညီနိုင်ပါသည်။ လက်ရှိအချိန်တွင် ဂျူးလူဦးရေသည် ၁၇ သန်းကျော်အထိ ရှိလာပြီး နိုင်ငံအလိုက်ဆိုလျှင် အစ္စရေးတွင် ၇သန်းနီးပါး ၊ အမေရိကန်တွင် ၅ဒသမ၇ သန်းနဲ့အထက် တို့ဖြင့် အများဆုံးနေထိုင်ကြသည်။

ထင်ရှားသောဂျူးလူမျိုးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
Benjamin Disraeli (1804-1881) ဂရိတ်ဗြိတိန်ဝန်ကြီးချုပ်
Karl Marx (1818 – 1883) Marx ဝါဒတည်ထောင်သူ

Albert Einstein (1879 – 1955) ရူပဗေဒ နိုဗယ်ဆုရှင်
Niels Bohr (1885 – 1962) ရူပဗေဒ နိုဗယ်ဆုရှင်
Golda Meir (1898-1978) တည်ထာင်သူနှင့် အစ္စရေး၏ ၄ဦးမြောက်ဝန်ကြီးချုပ်

Elizabeth Taylor (1932-2011 ) ဗြိတိန်- အမေရိကန် သရုပ်ဆောင်
Steven Spielberg (1946 – ) ကမ္ဘာကျော်ဒါရိုက်တာ
Scarlett Johansson (1984 – ) ဟောလီးဝုဒ်သရုပ်ဆောင်
Mark Zuckerberg ဖေ့ဘုတ်တည်ထောင်သူ

Myanmar Wikipedia

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!