Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

007 (သို့) ဂျိမ်းစ်ဘွန်း ရဲ့ အချက်အလက်တချို့

by Thutamm
August 17, 2019
Reading Time: 2min read
0
007 (သို့) ဂျိမ်းစ်ဘွန်း ရဲ့ အချက်အလက်တချို့
Share on FacebookShare on Twitter

ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို စတင်ဖန်တီးသူကတော့ အင်္ဂလိပ်လူမျိုး စာရေးဆရာနဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ အီယန် ဖလဲမင်း (Ian Lancaster Fleming) ဖြစ်ပြီး သူဟာ ဒုတိယကမ္ဘာ စစ်ကာလအတွင်းက ဗြိတိသျှတော်ဝင်ရေတပ်ရဲ့ ထောက်လှမ်းရေးဌာနမှာ စစ်မှုထမ်းခဲ့ သူဖြစ်ပါတယ်။ ယင်းကာလက သိကျွမ်းခဲ့တဲ့ ဗြိတိန်တော်ဝင်ရေတပ်ထောက်လှမ်းရေး ကွန်မန်ဒိုတွေကို အခြေခံ ပြီး ဂျိမ်းစ်ဘွန်းဇာတ် ကောင်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာကျော်ရုပ်သံ ဇာတ်ကားအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ ပထမဆုံးဂျိမ်းစ်ဘွန်းဝတ္ထုကတော့ Casino Royale ဖြစ်ပြီး (၁၉၅၃) ခုနှစ်က ထုတ်ဝေခဲ့ ပါတယ်။ Ian Lancaster ဟာ ဂျိမ်းစ်ဘွန်းဆိုတဲ့နာမည်ကို အမေရိကန်လူမျိုးငှက်မျိုးစိတ် လေ့လာရေးပညာရှင် ဒေါက်တာဂျိမ်းစ်ဘွန်းဆိုသူထံမှ ဆင့်ပွားရယူခဲ့တာဖြစ်ပြီး သူရဲ့ဇာတ်လမ်းထဲမှာတော့ အဓိက ဇာတ်ကောင်ဂျိမ်းစ်ဘွန်းဟာ လန်ဒန်မြို့မှာအခြေစိုက် ပြီးကမ္ဘာအနှံ့ထောက်လှမ်းရေးလုပ်ငန်းတွေကို လိုက်လံဆောင်ရွက်နေသူ အထူးအေးဂျင့် တစ်ဦးအဖြစ် ပုံဖော်ထားပါတယ်။

ဂျိမ်းစ်ဘွန်းရဲ့ကိုယ်ပိုင်နံပါတ်ဟာ (၀၀၇)ဖြစ်ပြီး ဗြိတိန်လျို့ဝှက် ထောက်လှမ်းရေးဌာနခွဲ(၆)မှာ တာဝန်ထမ်းဆောင်ပါတယ်။ ဇာတ်ကားတွေထဲမှာတော့ ဂျိမ်းစ်ဘွန်းဟာ ခေတ်လွန်နည်းပညာမြင့်ပစ္စည်းတွေကိုအသုံးပြုလေ့ရှိသလို တွဲဖက်သရုပ်ဆောင် အမျိုးသမီးများရဲ့စွဲမက်ဖွယ်ရာ သရုပ်ဆောင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်။

ဂျိမ်းစ်ဘွန်းဝတ္ထုတွေအတွင်းမှာတော့ သူဟာစကော့လူမျိုးဖခင် Andrew Bond နဲ့ ဆွစ်ဇာလန်လူမျိုးမိခင် Monique Delacroix Bond တို့ကမွေးဖွားခဲ့တဲ့ စကော့-ဆွိဇာလန် ကပြားတစ်ယောက်ဖြစ်ပြီး သူရဲ့မိဘတွေကတော့ ဘွန်း(၁၁)နှစ်အရွယ်ထဲက ပြင်သစ်က Alps တောင်တက်လမ်းမှာကားမတော်တဆမှုနဲ့ကွယ်လွန်ခဲ့ရရှာပါတယ်။ မိဘမဲ့ကလေး တစ်ယောက်အနေနဲ့ ကြီးပြင်းလာရတဲ့ ဂျိမ်းစ်ဘွန်းဟာ ဆေးလိပ်အလွန်ကြိုက်သူဖြစ်ပြီး တစ်နေ့ကို စီးကရက် အလိပ်ပေါင်း ဒါဇင်နဲ့ချီပြီး သောက်လေ့ရှိသူဖြစ်ပါတယ်။

ဒါကလည်း ဂျိမ်းစ်ဘွန်းဇာတ်ကောင်တီထွင်သူ Ian Fleming ကိုယ်တိုင်က ဆေးလိပ်အလွန်ကြိုက်ပြီး တစ်နေ့ကိုအများဆုံး စီးကရက်အလိပ်(၈၀)လောက်အထိ သောက်ဖူးတယ်လို့ ဖွင့်ဟဖူးပါတယ်။ Ian Fleming ဟာ ဒုတိကမ္ဘာစစ်ကာလအတွင်းမှာပဲ ဂျာမေကာနိုင်ငံကိုရောက်ရှိခဲ့ပြီး Golden eye အမည်ရတဲ့အရပ်မှာ အခြေချပြီး ဂျိမ်းစ်ဘွန်းဝတ္ထုတွေကိုဖန်တီးရေးသားခဲ့ပါတယ်။

Ian ဟာသူမသေဆုံးသေးတဲ့အချိန်အထိ ဂျိမ်းစ်ဘွန်းအပါအဝင် စွန့်စားမှုဝတ္ထု(၁၄)အုပ်လောက်ကိုရေးသားခဲ့ပါတယ်။ သူရဲ့အဓိကဇာတ်ဆောင် ဂျိမ်းစ်ဘွန်းရဲ့စွန့်စားခန်းဝတ္ထုတွေဟာ နာမည်ကျော်ရုပ်ရှင်တွေ အဖြစ် ဆက်တိုက်အောင်မြင်ခဲ့ပြီးတော့ ၁၇ကားမြောက်မှာတော့ သရုပ်ဆောင် Pierce Brosnan ကို ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် နာမည်ကြီးလာစေခဲ့ပါတယ်။

အံ့သြသင့်စရာကောင်းတာကတော့ ယင်းကာလက နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် တွေဖြစ်တဲ့ Adam Weat, Clint Eastwood, Burt Reynolds စသူတွေဟာ ဂျိမ်းစ်ဘွန်း ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။ သူတို့အားလုံးရဲ့ အကြောင်းပြချက်ကတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားဟာ သူတို့ကို နာမည်ကြီးစေမယ့် ဇာတ်ကား ဖြစ်ပေမဲ့ ဝတ္ထုရဲ့အဓိက ဇာတ်ဆောင်ဟာ အင်္ဂလိပ်လူမျိုးသရုပ်ဆောင်ပဲ ဖြစ်သင့်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

ယနေ့အချိန်ထိ ဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်မင်းသား (၇)ဦးကသရုပ်ဆောင်ခဲ့ကြပြီး သူတို့ကတော့ Sean Connery, David Niven , George Lazenby ,Roger Moore , Timothy Dalton, Pierce Brosnan နဲ့ Daniel Craig တို့ဖြစ်ကြပါတယ်။ အများစုကတော့ ရှောင်ကွန်နရီကို ပထမဆုံး ဂျိမ်းစ်ဘွန်းမင်းသားလို့ ထင်ကြပေမယ့် သူဟာ ပထမဆုံး ဂျိမ်းစ်ဘွန်းမင်းသားမဟုတ်ပဲ တကယ့်ပထမဆုံးဂျိမ်းစ်ဘွန်းမင်းသားကတော့ Barry Nelson ဖြစ်ပြီး ၁၉၅၄ခုနှစ် Casino Royale (Climax!) တီဗီစီးရီးမှာ စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ကတော့ ယခုအသက်(၅၀)ရှိပြီဖြစ်တဲ့ Daniel Craig ပါဝင်သရုပ် ဆောင်ထားတဲ့ Spectre ဇာတ်ကားဖြစ်ပြီး သူဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်စီးရီးတွေ စတင်ရိုက် ကူးတဲ့ (၁၉၆၂) ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းမင်းသား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ Bond 25 ဇာတ်ကားကတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိမှာပါ။

ဂျိမ်းစ်ဘွန်းရဲ့ ကိုယ်ပိုင်နံပါတ်ဖြစ်တဲ့ (၀၀၇)ဆိုတဲ့ နံပါတ်ကတော့ အခြားတော့မဟုတ်ပါဘူး။ ဒီနံပါတ်ဟာ လန်ဒန်ကနေ Canterbury ကိုပြေးဆွဲနေတဲ့ ဘတ်ကားရဲ့နံပါတ်ပဲ ဖြစ်ပါ တယ်။ စာရေးဆရာ Ian Fleming ဟာ(၀၀၇)ဆိုတဲ့ အဲဒီဘတ်ကားလိုင်းကို မကြာခဏ စီးနင်းနေရာမှ သူရဲ့ဂျိမ်းစ်ဘွန်းဝတ္ထုတွေအတွင်းမှာ ထည့်သွင်းရေးသားဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားတစ်ယောက်ဖြစ်တဲ့ ရှောင်ကွန်နရီ (Sean Connery) က ဂျိမ်းစ်ဘွန်းဇာတ် ကားတစ်ခုလုံးကို သရုပ်ဆောင်နေချိန်အတွင်းမှာ ဆံပင်တုကိုတပ်ဆင်ပြီး သရုပ်ဆောင် ခဲ့ရပါတယ်။ အကြောင်းကတော့ သူဟာ အသက်(၂၁)နှစ်အရွယ်ကတည်းက ထိပ်ပြောင်လာခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ဒါအပြင် Sean Connery ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Never Say Never Again ဆိုတဲ့ဇာတ်ကားမှာ သူရဲ့ကိုယ်ခံပညာ လေ့ကျင့်ရေးရေးနည်းပြဟာ ကမ္ဘာကျော်အက်ရှင်မင်းသား Steven Seagal ဖြစ်ပါတယ်။ သူတို့ရဲ့ တွဲဖက်လေ့ကျင့်ရေးထရိန်နင်တစ်ခုမှာတော့ Steven Seagal နဲ့ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် Sean Connery ရဲ့ လက်ကောတ်ဝတ်အရိုး ကျိုးသွားခဲ့ဖူးပါတယ်။ ဒီအကြောင်းကိုတော့ သိရှိသူအလွန် နည်းပါတယ်။

နာမည်ကျော်ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Never Say Never Again နဲ့ Thunderball ဆိုတဲ့ဇာတ်ကားတွေရဲ့ ဇာတ်အိမ်ဟာတူညီနေပြီး မင်းသားအဖြစ် Sean Connery တစ်ဦးတည်းက ဇာတ်ကား(၂)ုလုံးမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ (၁၉၆၄) ခုနှစ်ကထွက်ရှိခဲ့တဲ့ Goldfinger ဂျိမ်းစ်ဘွန်းရုပ်ရှင်ကတော့ လူကြိုက်အများဆုံးဖြစ်ခဲ့ပြီး ဂျိမ်းစ်ဘွန်းသရုပ်ဆောင် Sean Connery ဟာလည်း ဂျိမ်းစ်ဘွန်းသရုပ်ဆောင်မင်းသားတွေ အနက် အကောင်းဆုံးမင်းသားအဖြစ် အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။

ဒီရုပ်ရှင်ကား မှာတော့ ဂျိမ်းစ်ဘွန်းဟာသူရဲ့နာမည်ကျော် Aston Martin ကားကိုပထမဆုံး စီးနင်းသရုပ်ဆောင်သွားခဲ့တဲ့အပြင် နည်းပညာခေတ်လွန်ကိရိယာတန်ဆာပလာတွေကို ချပြသုံးစွဲပြီး ကမ္ဘာတစ်ဝှမ်းကရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ အာရုံကိုဖမ်းစားခဲ့ပါတယ်။ အဲဒီ Goldenfinger ဇာတ်ကားအတွင်းမှာပဲ ပထမဆုံးသော လေဆာရောင်ခြည်လက်နက်ကို အသုံးပြုပြီး သရုပ်ဆောင်ရတဲ့ပြကွက်တွေကို ထည့်သွင်းခဲ့ပါတယ်။

ဂျိမ်းစ်ဘွန်းကားတွေရဲ့နောက်ထပ် စိတ်ဝင်စားစရာအချက်ကတော့ ဂျိမ်းစ်ဘွန်းမင်းသား အဖြစ်သရုပ်ဆောင်ခဲ့ဘူးတဲ့ George Lazenby ဟာ နာမည်ကျော်မော်ဒယ်တစ်ယောက်သာဖြစ်နေပြီး သရုပ်ဆောင်တစ်ယောက်မဟုတ်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဂျိမ်းစ်ဘွန်း မင်းသားတွေအနက် လူကြိုက်အနည်းဆုံးမင်းသားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ George Lazenby ဟာ သူရဲ့ကိုယ်ပိုင်စတိုင်နဲ့ ထုတ်လုပ်သူကို ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး နောက်မှာတော့ ဂျိမ်းစ်ဘွန်းမင်သားအဖြစ် ရွေးချယ်ခံခဲ့ရပြီး (၁၉၆၉) ခုနှစ်မှာ ထုတ်ဝေခဲ့ တဲ့ On Her Majesty’s Secret Service ဇာတ်ကားမှာသရုပ်ဆောင်ခွင့်ရရှိ ခဲ့ပါတယ်။ ဒီရုပ်ရှင်မထုတ်ခင် (၁၉၆၈)အချိန်ထိ သြစတေးလျနိုင်ငံသား George Lazenbyဟာ ကမ္ဘာကြေးအမြင့်ဆုံး အမျိုးသားမော်ဒယ်တစ်ယောက် အဖြစ်ရပ်တည်နေခဲ့တာ လည်းဖြစ်ပါတယ်။

ဂျိမ်းစ်ဘွန်းဇာတ်ကားထုတ်လုပ်သူတွေရဲ့ အချို့သော အယူသည်းမှုတွေကလည်း ထူးဆန်းပါတယ်။ အဖြစ်ကတော့ ဂျိမ်းစ်ဘွန်းမင်းသားတစ်ဦးဖြစ်တဲ့ Pierce Brosnan နဲ့ ပုဂ္ဂိုလ်ရေးအရ ချုပ်ဆိုတဲ့စာချုပ်အတွင်းမှာ ဂျိမ်းစ်ဘွန်းမင်းသားရဲ့ အမှတ်အသားလို ဖြစ်နေတဲ့ tuxedo(ညစာစားပွဲ)ဝတ်စုံကို ဂျိမ်းစ်ဘွန်းဇာတ်ကားတွေမှလွဲပြီး အခြားမည်သည့် ဇာတ်ကားတွင်မှ မဝတ်ဆင်ရန် မင်းသား Pierce Brosnan ကိုမေတ္တာ ရပ်ခံတာဖြစ်ပါတယ်။

ဒါအပြင် Pierce Brosnan ဟာ For Your eyes Only ဆိုတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားအတွင်းမှာပဲ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Cassandra Harris နဲ့လက် ထပ်ခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ သြစလေးလျရုပ်ရှင်မင်းသမီး Cassandra Harris ဟာ သူမရဲ့ ပထမဆုံးဂျိမ်းစ်ဘွန်းဇာတ်ကားမထွက်ချိန်မှာပဲ သားအိမ်ကင်ဆာ ရောဂါနဲ့ကွယ်လွန်ခဲ့ရပါတယ်။

Dr.No ဇာတ်ကားကနေ Quantum of Solace ဇာတ်ကားအထိ အဓိကသရုပ်ဆောင် ဂျိမ်းစ်ဘွန်းဟာ လူပေါင်း(၃၅၂)ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ ဂျိမ်းစ်ဘွန်းမင်းသားတွေအနက်မှာတော့ Pierce Brosnan ဟာ လူအသတ်ဆုံးမင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပြီး Golden Eye ဇာတ်ကား အတွင်းမှာပဲ လူ(၄၇)ယောက်အထိ သတ်ခဲ့ပါတယ်။ Sean Connery ကတော့ အငြိမ်းချမ်းဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကောင်လို့ယူဆရမှာဖြစ်ပြီး Dr No ရုပ်ရှင်ကား မှာလူ(၄)ယောက်ကိုသာ ရှားရှားပါးပါးသတ်ခဲ့ရပါတယ်။

သရုပ်ဆောင်စဉ်အတွင်းမှာ ဂျိမ်းစ်ဘွန်းကိုင်ဆောင်အသုံးပြုခဲ့တဲ့ Walther PPk ဟာ နာဇီခေါင်းဆောင် ဟစ်တလာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တယ်လို့ဆိုတဲ့ သေနတ်နဲ့ မော်ဒန်အမျိုးအစားတူညီပါတယ်။ ဂျိမ်းစ်ဘွန်းဟာ သူရဲ့သရုပ်ဆောင်ကာလအတွင်း သေနတ်အကြိမ်ပေါင်း (၄၆၆၂)ချက် ပစ်ခတ်ခဲ့ပါတယ်။

ဂျိမ်းစ်ဘွန်းမင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားအားလုံးရဲ့ အရပ်အမောင်းဟာ (၆ပေ၁)ကနေ(၆ပေ၂)အထိရှိကြတဲ့သူတွေဖြစ်ပေမဲ့ Daniel Craig ကတော့အရပ်အပု ဆုံးဂျိမ်းစ်ဘွန်းလို့ဆိုရမှာဖြစ်ပြီး (၅)ပေ(၁၀)လက်မသာရှိပါတယ်။

ယခုမျှဝေပေးခဲ့တာ ကတော့ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကားတွေ အတွင်းက ပရိတ်သတ်တွေ သတိမပြု မိလောက်တဲ့ အကြောင်းအရာအချို့ဖြစ်ပြီး ဂျိမ်းစ်ဘွန်းချစ်သူတွေအနေနဲ့ ကျေနပ်ကြလိမ့် မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပိုစ့် အနေနဲ့ ထပ်လာမှာကတော့ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားတွေရဲ့ အကြောင်းပါ။

သုတဇုန်

 

Tags: world actorsworld film

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!