Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျပန်လူမျိုးတွေရဲ့ မှတ်တိုင်တစ်ခု (သို့) ကမ္ဘာကျော်ရေအောက်ကားလမ်း Tokyo Bay Aqua Line

by Thutamm
July 25, 2019
Reading Time: 1min read
0
ဂျပန်လူမျိုးတွေရဲ့ မှတ်တိုင်တစ်ခု (သို့) ကမ္ဘာကျော်ရေအောက်ကားလမ်း Tokyo Bay Aqua Line
Share on FacebookShare on Twitter

ဒီနေရာကတော့ ဂျပန်နိုင်ငံတိုကျိုပင်လယ်အော်မှာ ရှိတဲ့ Tokyo Bay Aqua Line ဆိုတဲ့ကားလမ်းတစ်ခုဖြစ်ပါတယ်။ Trans-Tokyo Bay Highway လို့လည်း လူသိများပါတယ်။

ဒီလမ်းဟာ aqua တံတား နဲ့ ရေအောက်တူးမြောင်းကို ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ Kawasaki မြို့နှင့် Kisarazu မြို့တို့ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်ပြီး အရှည် ၉မိုင်ရှိပါတယ်။

Kisarazu မြို့ဘက်ခြမ်း ၃မိုင် ကို တံတားထိုးထားပြီး Kawasaki မြို့ ဘက်ခြမ်း ၆မိုင်ကို တော့ ပင်လယ်ရေအောက် မြေကြီးကို ဥမင်လှိုင်ခေါင်းတူးကာ ဆက်သွယ်ထားခြင်းဖြစ်ပါတယ်။

တံတားတစ်ဆက်တည်းထိုးရင် ရပါလျှက်နဲ့ မထိုးပဲ ဥမင်ဖောက်တဲ့အကြောင်းကတော့ ပင်လယ်ကူးသင်္ဘောတွေလွတ်လပ်စွာ သွားလာနိုင်အောင်လို့ပါတဲ့။

၁၉၈၈ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ဆောက်လုပ်ချိန် ၉နှစ်ယူပြီးတည်ဆောက်ခဲ့ရပါတယ်။

ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလျံ ကုန်ကျခဲ့ပါတယ်။ တံတားနဲ့ ဥမင်လှိုင်ခေါင်းဆုံရာနေရာမှာတော့ လူလုပ်ကျွန်းလေးတစ်ခုကို ထည့်သွင်းဖန်တီးထားပါတယ်။

ဒီလမ်းကိုဖြတ်သန်းသူတွေ ခရီးတစ်ထောက်နားရင်း ပင်လယ်ပြင်ရှု့ခင်းတွေကိုကြည့်ကာ အပန်းဖြေစေဖို့ဖြစ်ပါတယ်။ ဒီကျွန်းလေးပေါ်မှာ ကားရပ်နားတဲ့နေရာ နဲ့ အတူ ငါးထပ်အဆောက်အဦးတစ်ခုရှိပါတယ်။

ဒီနေရာကိုတော့ Umihotaru(ပင်လယ်ပိုးစုန်းကြူး) လို့ခေါ်ပြီး စားသောက်ခန်းမ ၊ ဂိမ်းကစားတဲ့နေရာတွေ ၊ အမှတ်တရစတိုင်းဆိုင် နဲ့ ပန်းခြံတွေပါရှိပါတယ်။

Tokyo Bay Aqua Line ဖြစ်ပေါ်လာပုံသမိုင်းနဲ့ တည်ဆောက်ခဲ့ပုံအကြောင်းကို ဒီနေရာမှာ ပြတိုက်အနေနဲ့ ပြသထားပါသေးတယ်။

တံတားကိုဖြတ် ခရီးတစ်ထောက်နားပြီးရင်တော့ ဥပင်လှိုဏ်ခေါင်းထဲကို ဖြတ်ရမှာပါ။ ပင်လယ်ရေအောက်မြေကြီးကို တူးထားတာဖြစ်လို့ အန္တရာယ်ဖြစ်မှာ အသက်ရှုကျပ်မှာတွေကို ပူဖို့မလိုအောင်ပြုလုပ်ပေးထားပါတယ်။

ထိမ်းချုပ်ရေးစခန်းကနေ တူးမြောင်းထဲက လေတွေကို အမြဲသန့်စင်ပေးနေပြီး ဖုန်းလိုင်း ၊ အင်တာနက်လိုင်းနဲ့ မီးအလင်းတွေကိုလည်း ပြတ်တောက်မသွားအောင် ၂၄နာရီဆောင်ရွက်လျှက်ရှိပါတယ်။

အန္တရာယ်တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းထွက်နိုင်အောင် အရေးပေါ်ထွက်ပေါက်တွေကိုထားရှိပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေကလည်း အဆင်သင့်ရှိနေပါတယ်။

ဥမင်ထဲမှာပဲ ပုံမှန်သွားနေတဲ့ လမ်းမရယ် အရေးပေါ်ကယ်ဆယ်ဖို့အတွက်လမ်းရယ်ဆိုပြီး နှစ်ထပ်လမ်းကိုဆောက်လုပ်ထားတာဖြစ်ပါတယ်။

၉ မိုင်အရှည်ရှိတဲ့ ဒီလမ်းက တံတား နဲ့ ဥမင်တို့ကိုဖြတ်သန်းချိန်ဟာ ပျမ်းမျှအားဖြင့် ၁၅ မိနစ်ခန့်ကြာမြင့်မှာဖြစ်ပါတယ်။

ဒီလမ်းမရှိခင်ကဆိုရင်တော့ Kawasaki မြို့ကနေ Kisarazu မြို့ကိုရောက်ဖို့ ၁နာရီခွဲကြာမြင့်ခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှ ကားကြီးကားသေး မြောက်များစွာဟာ ဒီလမ်းကိုဖြတ်သန်းပြီးတော့ Yokohama ဘူတာ ၊ Haneda လေဆိပ် ၊ Tokyo ဘူတာ နဲ့ အဓိက စက်မှုဇုန်တွေဖြစ်တဲ့ Chiba ခရိုင် နဲ့ Kanagawa ခရိုင်က စက်မှုဇုန်တွေဆီကို သွားလာလျှက်ရှိပါတယ်။

ဒီကမ္ဘာကျော်လမ်းဟာ ဂျပန်လူမျိုးတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်သလို ဂျပန်တို့ရဲ့နည်းပညာမြင့်မားမှု နဲ့ ကြိုးစားအားထုတ်မှုတို့ကို ကမ္ဘာကလေးစားခဲ့ရတဲ့လမ်းဆိုရင်လည်း မမှားပါဘူး။

VIDEO

 

 

 

 

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!