Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျစ်ပစီ လူမျိုးများ အကြောင်း သိကောင်းစရာ

by Thutamm
January 9, 2020
Reading Time: 1min read
0
ဂျစ်ပစီ လူမျိုးများ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဥရောပတိုက်တွင် အိုးအိမ်အတည်တကျမရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ခြေသလုံးအိမ်တိုင်ပြု၍ လှည့်လည် သွားလာနေ ထိုင်သော လူမျိုးကို ဂျစ်ပစီဟု ခေါ်သည်။ ဂျစ်ပစီတို့ကို ရှေးအခါက အိန္ဒိယနိုင်ငံ၌သာ တွေ့ရသည်။ ၁၃ဝဝ ပြည့်နှစ် လောက်က ဂျစ်ပစီတို့သည် အိန္ဒိယနိုင်ငံမှ ထွက်ခွာလာကြ၍ အီရန်နိုင်ငံကို ဖြတ်ကျော်ပြီးနောက် အာမေးနီးယားပြည်၊ ဆီးရီးယားပြည်၊ အီဂျစ်နိုင်ငံ နှင့် မြောက်အမေရိကတိုက်သို့ ရောက် သွားခဲ့ကြ၏။ ၁၅ဝဝ ပြည့်နှစ်ခန့်သို့ ရောက်သောအခါ သူတို့ သည် ဥရောပတိုက်သို့ ဝင်ရောက်မိကြ၍ စပိန်၊ အင်္ဂလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ရုရှား နှင့် ပြင်သစ်တိုင်းပြည်များတွင် အခြေစိုက်မိကြ၏။

ဂျစ်ပစီတို့ ဘာသာစကားကို ရိုမနီဘာသာဟု ခေါ်သည်။ ထိုဘာသာထဲတွင် ဂရိ၊ အာမီးနီးယန်းနှင့် ဆလားဗစ်စကားများ ပါဝင်သည်။ သူတို့တွင် ဘာသာစကားသီးသန့်ဟူ၍ မရှိချေ။ ရိုမနီဘာသာသည် ၁၄ မျိုးကွဲ၍ အခြားဘာသာစကားများနှင့် ရောနှောထွေးယှက်ကာ ကပြားဘာသာစကား ဖြစ်နေ သည်။ ထိုရိုမနီဘာသာစကားမှာ ဂျစ်ပစီတို့ ဘိုးဘွားများ လက်ထက်ကတည်းက သုံးစွဲလာသော ဘာသာဖြစ်၍ ရှေးကျသော သင်္သကရိုဋ် (သက္ကဋ) ဘာသာနှင့် ပြကရိုဋ်ဘာသာတို့၌သာ မူတည်၏။ ဂျစ်ပစီတို့သည် သူတို့၏ ဓလေ့ထုံးစံများကို လွန်စွာ အရေးထားလိုက်နာကြ၏။

ယေဘုယျအားဖြင့် ဂျစ်ပစီလူမျိုးတို့၏ အရပ်အမောင်းမှာ ၅ ပေ ၄ လက်မသာသာ မြင့်၏။ ရှေးကျသော ဂျစ်ပစီတို့မှာ အသားမည်း၍ မျက်လုံးအိမ်နက်၏။ ဆံပင်မှာမည်း၍ များသောအားဖြင့် ကုပ်ပေါ်ဝဲနေတတ်၏။ ဆံရှည်ဟူ၍ မထားကြချေ။ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေကြသော ဂျစ်ပစီတို့မှာ ထိုရှေးကျသော ဂျစ်ပစီများနှင့် ပုံပန်းသဏ္ဌာန် ခပ်ဆင်ဆင် တူ၏။

သို့ရာတွင် တစ်နေရာရာ၌ အတည်တကျ စွဲမြဲ၍ နေတတ်သော ဂျစ်ပစီတို့မှာ များသောအားဖြင့် သူတို့ အခြေစိုက်ရာဒေသရှိလူမျိုးများဘက်သို့ နွယ်၍ ရုပ်ပြောင်းသွားတတ်၏။ နေရာအတည်တကျ မနေထိုင်ကြဘဲ ကြုံရာအလုပ်များကို လုပ်ကိုင်စားသောက်လေ့ရှိသည်။ အစုလိုက်ပြောင်းလေ့ရှိသည်။

ဂျစ်ပစီလူမျိုးတစ်စု တစ်စုတွင် သူတို့တင်မြှောက်ထားသော အကြီးအကဲများကို ဘုရင်နှင့် ဘုရင်မဟု ခေါ်ကြသည်။ ထို ဘုရင်နှင့် ဘုရင်မတို့က အုပ်ချုပ်ကာ ကိုယ့်လူစုနှင့်ကိုယ် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာနေထိုင်ကြ၏။ ရွှေ့ပြောင်းသည့်အခါ သူတို့၏ အိမ်ထောင်ပစ္စည်းကလေးများ၊ သားသမီးများနှင့် မွေးမြူထားသောခွေးများကို ရထားပေါ်သို့ တင်ဆောင်သွားတတ်၏။ ဂျစ်ပစီတို့သည် အလွန်တောက်ပ သော အရောင်များကို နှစ်ခြိုက်၏။

အဝတ်အစားများကိုသော် လည်းကောင်း၊ အသုံးအဆောင်ပစ္စည်းများကိုသော်လည်းကောင်း တောက်ပစွာ ဆင်ယင် ခြယ်လှယ်ထား၏။ ဂျစ်ပစီမိန်းမများမှာ ဇာထိုး၊ ပန်းချုပ်၊ ဗေဒင်ဟောခြင်းတို့၌ ကျွမ်းကျင်၏။ အဝတ် အစားများကို ဇာပန်းများ ထိုးထားလေ့ရှိ၏။ မိန်းမများသည် လက်ဝတ်လက်စားများကို အလွန်မက်ကြ၏။ ရွှေလက်ကောက် ကြီးများ ဝတ်ကာ နားနှစ်ဖက်၌လည်း ရွှေနားကွင်းများကို တစ်ချွင်ချွင်မြည်အောင် ဆွဲထားတတ်ကြလေသည်။

ဂျစ်ပစီတို့မှာ တစ်စုနှင့်တစ်စု ဓလေ့ထုံးစံချင်း မတူကြချေ။ သို့သော် ဂျစ်ပစီလူမျိုးစုတိုင်း၌ပင် ပွဲတော်နေ့များ၊ ပျော်ပွဲရွှင်ပွဲ ကခုန်ပွဲများ ရှိကြလေသည်။ ပွဲတော်ကျင်းပသည့်ညများ၌ စခန်း ချရာ တဲများရှေ့တွင် မီးပုံကြီးများပုံ၍ ယောက်ျားများက အတီး အမှုတ်များတီးကာ မိန်းမကလေးများက သီချင်းများဆိုပြီးလျှင် ကခုန်မြူးထူးကြ၏။

ဂျစ်ပစီတို့မှာ ပျော်ပျော်နေတတ်သည်။ အခြေအတည်တကျ မရှိချေ။ ရှေးကျသော ဂျစ်ပစီတို့မှာ အသက်မွေးဝမ်းကျောင်း မကောင်းချေ။ ရပ်ရွာထဲ၌လှည့်လည်၍ ခိုးဝုက်တိုက်ခိုက် လိမ်လည်လှည့်ဖြား၍ စားတတ်၏။အမေရိက တိုက်နှင့် ဥရောပတိုက်ရှိ ဂျစ်ပစီတို့မှာ အများအားဖြင့် ဆင်းရဲ နွမ်းပါးသူများဖြစ်ကြသည့်အတိုင်း တစ်ဝမ်းတစ်ခါးဝအောင်မျှပင် မစားသောက်နိုင်ကြချေ။

ဂျစ်ပစီတို့တွင် ထူးဆန်းသော ဓလေ့ထုံးစံများ ရှိသည်၊ မွေးခါစ နို့စို့ကလေးကို ရေစီးနေသောမြစ်ချောင်းထဲတွင် ရေချိုး ပေးရ၏။ လက်ထပ်ပွဲတွင် သတို့သားနှင့် သတို့သမီးသည် မီးပုံပေါ်လွှားခုန်၍ သူတို့၏လက်များကို ဓားနှင့်ခြစ်ပြီးလျှင် လက်နှစ်ဖက်ကို စည်းနှောင်ထားရသည်။ ထိုသို့ ပြုလုပ်ခြင်း မှာ သွေးချင်းရောသွားစေရန် ဖြစ်သည်။ လူတစ်ယောက် သေ လျှင်လည်း ထိုသူ၏ပစ္စည်းဝန်ထုပ်အားလုံးကို မီးတင်ရလေ သည်။

ဂျစ်ပစီယောက်ျားများ၏ သက်မွေးဝမ်းကျောင်းပညာမှာ မမာသောမြင်းများကို ဆေးကုပေးခြင်း၊ သတ္တုထည်များလုပ် ခြင်း၊ ပန်းပဲလုပ်ခြင်း၊ ဆပ်ကပ်ပွဲပြခြင်း၊ တီးမှုတ်သီဆိုခြင်း တို့ဖြစ်၏။ မိန်းမများကမူ ဗေဒင်ဟောခြင်း၊ နက္ခတ်ကြည့်ခြင်း၊ ဇာထိုးခြင်းတို့ဖြင့် ဝမ်းကျောင်းကြ၏။ အလုပ်အကိုင် ရှားပါး သည့် အခါများ၌ ဂျစ်ပစီတို့သည် သူတောင်းစားဘဝကိုပင် ရောက်ခဲ့ကြရ၏။

ဂျာမနီနိုင်ငံ၌ သွားရောက်နေထိုင်ကြသော ဂျစ်ပစီတို့မှာ ဟစ်တလာလက်ထက်က နာဇီတို့၏ နှိပ်စက် ညဉ်းပန်းမှုတို့ကို များစွာခံခဲ့ကြရ၏။ နာဇီများကသူတို့ကို လူရာမဝင်သောသူများဟု ရှုတ်ချကာ သူတို့၏နေရေး ထိုင်ရေး၊ ရွှေ့ပြောင်းသွားလာရေး၌ များစွာ တားမြစ်ခဲ့၏။ အမေရိက တိုက်နှင့် ဥရောပတိုက်ရှိ အချို့ဒေသများ၌ ဂျစ်ပစီတို့ကို နေရာ မရွေ့ပြောင်းရန် ပြင်းထန်စွာ ဥပဒေဖြင့် တားမြစ်ထားလေသည်။

ယနေ့ကမ္ဘာနေရာအနှံ့အပြားတွင် နေထိုင်သည့် ဂျစ်ပစီလူမျိုး အရေအတွက်မှာ သန်း ၂၀ ခန့် ရှိသည်။ ဂျစ်ပစီ(ရိုမနီ)လူမျိုးများ အများဆုံးနေထိုင်သော ငါးနိုင်ငံမှာ အမေရိကန် ၊ ဘရာဇီး ၊ တူရကီ ၊ စပိန် နှင့် ရိုမေးနီးယားတို့ဖြစ်ကြသည်။ အမေရိကန်တွင် ၁သန်းခန့် ၊ ဘရာဇီးတွင် ၈သိန်းခန့် ၊ တူရကီတွင် ၅သိန်းကျော် ၊ စပိန်တွင် ၇သိန်းခွဲကျော် ၊ ရိုမေးနီးယားတွင် ၆သိန်းခန့် နေထိုင်ကြသည်။

ကိုးကား
လှသမိန် ၏ ဗဟုသုတစွယ်စုံ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!