ဂရိနိုင်ငံအလယ်ပိုင်းက Kalabaka မြို့အနီး ထာဝရဘုရားရဲ့တောင်အဖြစ် လူသိများတဲ့ Mount Athos ပေါ်မှာတော့ Meteora အမည်ရတဲ့ အရှေ့ပိုင်းခရစ်ယာန် ဘုရားကျောင်းတွေ တည်ရှိပါတယ်။ ရပ်သပ်ရှုမောစရာကောင်းတဲ့ ရှေးဗိသုကာလက်ရာတွေ ကြောင့်နာမည် ကျော်ကြားတဲ့ အဲဒီဘုရားကျောင်းတွေ တည်ဆောက်ခဲ့တဲ့ ခုနှစ်ကိုတော့တိတိကျကျ သိရှိခြင်းမရှိခဲ့ပေမဲ့ သမိုင်းပညာရှင်တွေကတော့ (၁၄) ရာစုလောက်ကတည်ဆောက်ခဲ့ တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
Meteora ဆိုတာကတော့ ဂရိဘာသာနဲ့ လေထဲတွင်မျောလွှင့်နေခြင်းလို့အဓိပ္ပါယ်ရပါတယ်။ အဲဒီ Mount Athos ပေါ်မှာရှိတဲ့ Eastern Orthodox monastries (ရှေးခရစ်ယာန် ဘုန်းတော်ကြီးကျောင်း ၊ ဘုရားရှိခိုးကျောင်း) တွေဟာ အလွန်ကြီးမားတဲ့ကျောက်တုံးကြီးတွေပေါ်မှာတည်ဆောက်ထားတာ ဖြစ်ပြီး ယင်းကသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်သားတိုင်တွေရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း(၆၀)ထက်မနည်းရှိနေပါတယ်။ ယင်းနေရာမှာပဲမီတာ(၄၀၀)အထိမြင့်မားတဲ့ဘုရားကျောင်းတွေတည်ရှိနေတာဖြစ်ပြီးမူလကတော့ ဘုရားကျောင်းအရေအတွက် (၂၄)လောက်ရှိခဲ့ပေမဲ့ ယနေ့အချိန်မှာတော့ (၆)ခုသာ ကျန်ရှိပါတော့တယ်။
ဒီဘုရားကျောင်း(၆)ခုကတော့ Holy Monastery of Great Meteoron, Holy Monastery of Varlaam, Holy Monastery of Rousanou, Holy Monastery of St.Niicholas Anapausas, Holy Monastery of St.Stephen နဲ့ Holy Monastery of Trinity တို့ဖြစ်ပါတယ်။ ဒါအပြင် Meteora monastries တည်ရှိနေရာအရပ်ဟာ ဂရိနိုင်ငံရဲ့ နာမည်ကျော်ပထဝီနဲ့သမိုင်း သုတေသနနယ်မြေဖြစ်တဲ့ Thessaly ဒေသရဲ့ အနောက်မြောက်အစွန်အဖျားမှာတည်ရှိပြီး အနီးဝန်းကျင်မှာ Pineios မြစ်နဲ့ Pindus တောင်တန်းတွေ ဝိုင်းရံတည်ရှိနေပါတယ်။
မြေပြင်ကနေထောင်မတ်တဲ့ အနေအထားနဲ့တည်ရှိနေတဲ့ ဒီဒေသကကျောက်တိုင်ကြီး တွေဟာ ဘူမိဗေဒနည်းအရနဲ့တောင်ရှင်းလင်းချပြဖို့ မလွယ်ကူပဲ ထူးဆန်းစွာတည်ရှိနေ တဲ့ အနေအထားတွေလည်း ရှိနေပါတယ်။ Volcanic plug လို့သိကြတဲ့ မီးတောင်ကနေထွက်တဲ့ ချော်ရည်ခဲတွေ ကြောင့် ယခုလိုပုံသဏ္ဍာန်မီးသင့် ကျောက်သားတွေ ဖြစ်ပေါ်နိုင်ပေမဲ့ Meteora monastries က ကျောက်သားတိုင်တွေကတော့ သဲကျောက်နဲ့ စရစ်ဖြုန်းကျောက်တွေရောစပ်ပြီး တည်ရှိနေလို့ဖြစ်ပါတယ်။ (စရစ်ဖြုန်းကျောက်ဆိုတာ ကတော့ သဲ၊ကျောက်နဲ့ ရွံတွေနှစ်ပေါင်းများစွာ အနည်ကျစုပုံရာမှ ဖြစ်ပေါ်လာပါတယ်)။
ဒါအပြင် ယင်းကျောက်တောင်တွေမှာ ရောနှောပါဝင်နေတဲ့ စရစ်ဖြုန်းကျောက်အပါအဝင် ရာသီ ဥတုကနေတိုက်ရိုက်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ကျောက်သားတွေရဲ့ ဖွဲ့စည်းတည် ဆောက်ပုံဟာ Meteora monastries ရဲ့ အနီးဝန်းကျင်တောင်တွေနဲ့ မတူညီတဲ့ အချက် ဖြစ်ပါတယ်။ ဒီလိုကျောက်သားဖွဲ့စည်းပုံနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ဟာ ကမ္ဘာနေရာ အသီးသီးမှာဖြစ်ပေါ်လာနေပေမဲ့ ဒီနေရာရဲ့ကျောက်သားတိုင်တွေလို တော့ အနည်ကျကျောက်လွှာတွေ တစ်ညီတစ်ညာတည်းမျဉ်းမက်သဏ္ဍာန်ဖြစ်ဖို့တော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေဖြစ်ပါတယ်။
အကြမ်းဖျင်းလေ့လာချက်တွေအရတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း(၆၀)လောက်ကဖြစ်ပွားခဲ့တဲ့ကမ္ဘာကြီးရဲ့ရွေလျားမှုဖြစ်စဉ်အချို့ကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်က အလွှာတွေဟာ တဖြည်းဖြည်းအထက်ကိုတက်ရောက်လာပြီးကုန်းပြင်မြင့်တွေဖြစ်ပေါ်လာ စေတဲ့အပြင် ရေအောက်မှာရှိတဲ့မာကျောထူကဲတဲ့ သဲကျောက်အလွှာအတွင်းကနေလည်း မက်စောက်တဲ့ ကျောက်သားတိုင်တွေဖြစ်ပေါ်လာပါတယ်။ ယင်းကာလက Meteora monastries တည်ရှိရာဒေသဟာ ပင်လယ်ကြမ်းပြင်အောက် ဖြစ်ပုံပေါ်ပြီး နှစ်ကာလကြာညောင်းတဲ့ အခါ ရေ၊လေနဲ့ ပြင်းထန်တဲ့အပူချိန်တွေရဲ့ တိုက်စားမှုကြောင့် ဒီဒေသရဲ့ နေရာအချို့မှာ ယခုလိုကြီးမားတဲ့ ကျောက်သားတိုင်ကြီးတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပညာရှင်တွေ ကယူဆကြပါတယ်။
ဒီနေရာ အနီးဝန်းကျင်ကလိုဏ်ဂူတွေအတွင်းမှာတော့ အနည်းဆုံး နှစ်ပေါင်း ၂၀၀၀၀ မတိုင်ခင်ကတည်းက လူသားတွေနေထိုင်ခဲ့ကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့အကောင်းဆုံးဥပမာကတော့ ဂူရဲ့သုံးပုံနှစ်ပုံ လောက်က လူသားတွေတည်ဆောက်ထားတဲ့ Theopetra လိုဏ်ဂူဖြစ်ပြီး ဒီဂူရဲ့ သက်တမ်းဟာ အနည်းဆုံးနှစ်ပေါင်း(၂၃၀၀၀)လောက်ရှိတယ်လို့ သိရပါတယ်။ ဒီလိုဏ်ဂူကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ်ကို ကာကွယ် လိုတဲ့အနေနဲ့တည်ဆောက်ခဲ့တာဖြစ်မယ်လို့ယူဆရပြီး ယင်းကာလတုန်းက ကမ္ဘာကြီးရဲ့ နေရာအတော်တော်များများဟာ ရေခဲထုတွေဖုံးလွှမ်းနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် Theopetra လိုဏ်ဂူအတွင်းမှာပဲ Paleolithic နဲ့ Neolithic ကဲ့သို့သောရှေးလူသားမျိုး နွယ်တွေရဲ့ အနုပညာလက်ရာတွေကို တွေ့ရှိရပါတယ်။ Meteoraေ ဒသဟာ ဂရိနိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင်နေရာ ဖြစ်တဲ့အပြင် ရှေးဂရိစာပေ ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဒေသကို စတင်အခြေချ နေထိုင်ခဲ့သူတွေကတော့ Neolithic အနွယ်ဝင်လူမျိုးစုတွေဖြစ်ပြီး ယင်းနောက်မှာတော့ မြင့်မြတ်တဲ့ ကျင့်စဉ်ထူးတွေကိုကျင့်ကြံလေ့ရှိတဲ့ သူတော်စင်တွေ Hermitတွေ ဝင်ရောက် နေထိုင်ခဲ့ပါတယ်။
hermit ဘုန်းတော်ကြီးတွေဟာမူလကတည်းက မြေပြင်ကနေ ပေ(၁၈၀၀)လောက်မြင့်တဲ့ ကျောက်သားမျှော်စင်တွေမှာနေထိုင်လေ့ရှိကြပြီး တနင်္ဂနွေနေ့ကလွဲပြီး ကျန်တဲ့အချိန်တွေမှာတရားအားထုတ်ခြင်း၊ ဆုတောင်းမေတ္တာပို့ သခြင်းတို့ကို ဆောင်ရွက်နေသူတွေဖြစ်ပါတယ်။ သူတို့ဟာ(၁၁)ရာစု အစောပိုင်းကာလ တွေမှာ Meteora အနီးက ကျောက်သားလိုဏ်ဂူတွေအတွင်းမှာ တရားအားထုတ်မှုတွေ ပြုလုပ်ခဲ့ပြီး (၁၄)ရာစုမတိုင်ခင်အထိ ယခုတွေ့မြင်ရတဲ့ Meteora ဘုန်းတော်ကြီး ကျောင်းတွေကို တည်ဆောက်ခဲ့ခြင်းတော့မရှိပါဘူး။
ဘိုင်ဇန်တိုင်းအင်ပါယာခေတ်ရောက်ချိန်မှာတော့ ဂရိနိုင်ငံမြောက်ပိုင်းကို အင်အားအလုံးအရင်းနဲ့ ချီတက်တိုက်ခိုက်ခဲ့ တဲ့ တူရကီတပ်တွေကြောင့် hermit တွေအနေနဲ့ အရေးပေါ်ခိုလှုံရာ နေရာလိုအပ်လာပါတယ်။ ဒီအတွက် ယခု Meteora ဘုရားကျောင်းတွေတည်ရှိရာ အလွန်မြင့်မားတဲ့ ကျောက်သားတိုင်ထိပ်ကို လှေကားရှင်တွေကကိုအသုံးပြုပြီး တက်ရောက်နိုင်ဖို့ အကြံရလာခဲ့ပါတယ်။
ဒီလိုအခြေပြုခိုလှုံရင်းနဲ့ (၁၄)ရာစုရောက်တဲ့အချိန်မှာတော့ Meteora ကျောက်တိုင်ကြီးတွေအပေါ်မှာ ဘုန်းတော်ကြီးကျောင်းတွေ တည်ဆောက်ဖို့ကြိုးစားလာကြပါတယ်။ သူတို့ဟာ စုစုပေါင်း(၂၀)ထက်မနည်းတဲ့ အဆောက်အအုံတွေကို Meteora ကျောက်သားတိုင်တွေပေါ်မှာ တည်ဆောက်ခဲ့ကြပါတယ်။ (၁၆)ရာစုရောက်ချိန်မှာတော့ ခရစ်ယာန်ဘုန်းတော်ကြီးအချို့နဲ့ သီလရှင်တွေကို Meteora ဘုရားကျောင်းတွေအတွင်းမှာရှိလာခဲ့ပြီး Eastern Orthodox church တွေရဲ့လမ်းစဉ်အတိုင်း ဆောက်ရွက်ခဲ့ကြပါတယ်။
(၁၉၂၀)ရောက်ချိန်မှာတော့ အနီးနားတောင်ကုန်းတွေကနေ တံတားသဖွယ်များစွာ ပြုလုပ်ပြီး Meteora ဘုရားကျောင်းဆီကို သွားရောက်တဲ့ ကျောက်သားလှေကားတွေကို ထွင်းထုခဲ့ပါတယ်။ ယင်းကျောက်လှေကားတွေကို ယခုတိုင်အသုံးပြုနေရပြီး (၁၉၂၁)ခုနှစ်က လာရောက်လည်ပတ်တဲ့ ရိုမေးနီး ယားဘုရင်မ Queen Mrie ဟာ Meteora ကျောင်းတိုက်အတွင်းကို ပထမဆုံးဝင်ရောက်ခွင့်ပြုတဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းကလည်း ဒီတေစ် ခုလုံးဟာ ဗုံးကြဲတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး များစွာသောရှေးဟောင်း အမွေအနှစ်များစွာဟာလည်း မသမာသူတွေရဲ့ ခိုးယူခြင်းကိုခံခဲ့ရပါတယ်။
ယနေ့အချိန်မှာတော့ Meteora ဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဥရောပတစ်ခွင် မှာလည်းကျော်ကြားတဲ့ တောင်တက်ခရီးစဉ်ပြုလုပ်ရာနေရာလည်း ဖြစ်နေပါပြီ။ ဒါအပြင် Meteora ဒေသမှာတည်ရှိတဲ့ လှပတဲ့တောင်ကုန်းတောင်တန်းတွေရဲ့ရှုခင်းကလည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်လျက်ရှိနေပြီး ဂရိနိုင်ငံရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကို အဓိက အထောက်အကူပြုလျက်ရှိပါတယ်။
VIDEO