Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂရိဒဏ္ဍာရီလာ မြေအောက်ကမ္ဘာ မှ မြစ်ကြီးများ

by Thutamm
July 27, 2019
Reading Time: 1min read
0
ဂရိဒဏ္ဍာရီလာ မြေအောက်ကမ္ဘာ မှ မြစ်ကြီးများ
Share on FacebookShare on Twitter

Via : Eaint Myat Chel

“ ရေဗား ဆစ်ဂ် – River Styx ”

River Styx ဟာ underworld မှာ အထင်ရှားဆုံး မြစ်ကြီး ဖြစ်ပါတယ်။ Styx ဟာ Underworld ရဲ့အလယ်ကိုဖြတ်ပြီး စီးဆင်းနေ ပါတယ်။ ဒါကြောင့်သူ့ကို အဓိက မြစ် အဖြစ် သတ်မှတ်နိုင် ပါတယ်။ Underworld ရဲ့နယ်ပယ် အများစု ကို ကြီးမားတဲ့ မြစ်ကြီးတွေ က နေရာယူထား ပါတယ်။ Styx ကို အမုန်းမြစ် The River Of Hate လို့လဲ ခေါ်ပါတယ်။

အဲ့ဒီ မြစ်ကြီး ကို Styx နတ်ဘုရားမ ရဲ့ အမည်ကို ယူပြီး ပေးထားခြင်း ဖြစ်ပါတယ်။ Styx မြစ် ဟာ Underworld ကို တစ်နှစ် မှာ ၇ ကြိမ် လှည့်ပတ် နေပါတယ်။ နတ်ဘုရားမ Styx ဟာ တစ်ချိန် က Zeus ရဲ့အပေါင်းအပါ တွေထဲ က တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခု သူမ ဟာ Underworld မှာ နေပါတယ်။

သူမ ဟာ တရားမျှတမှု့ကို မြတ်နိုး တာကြောင့် မှန်ကန်တဲ့ သူ တွေ ဘက်က ရပ်တည် လက်စားချေ ပေးရာကနေ သူမ ဟာ အမုန်း နတ်ဘုရားမ ဖြစ်လာခဲ့ တာပါ။ Styx မြစ်ကြီး ထဲမှာ အမုန်းတွေ လက်စားချေ လိုတဲ့ စိတ်တွေ နဲ့ သေတဲ့ ဝိညဉ်တွေ ပြည့်နက် နေပါတယ်။

“ ရေးဗား အက်ခြာရွန် – River Acheron ”

Acheron မြစ်ကြီး ဟာ ပူဆွေး နာကြည်းမှုတွေ ရဲ့ မြ စ်ပါ Acheron မြစ် ရဲ့ကမ်းစပ် အနက်ရောင် သဲတွေ ရှိတဲ့ ကမ်းခြေ ကနေ နေ့စဉ် Acheron မြစ် နဲ့ Styx မြစ် ကို ဖြတ်ပြီး ကူတို့ပို့ပေးတဲ့ နာမည်ကြီး Charon ဟာ သေဆုံး သူတွေ ရဲ့ဝိညာဉ် တွေကို သင့်တော်ရာ ဘဝ သို့ ပို့ဆောင်ပေး ပါတယ်။

ဒါကြောင့် လူ့ဘဝ မှာ ကောင်းမှု့ကုသိုလ် မပြုခဲ့သူတွေ ဟာ သေဆုံးသွား ချိန်မှာ ကူတို့စီးနင်းဖို့ Charon ကို ကူတို့ခ မပေးနိုင်တဲ့ အခါ Underworld မှာပဲ ပိတ်မိနေ ပါ တော့တယ်။

ဝမ်းနည်းကြေကွဲမှု နဲ့ သေဆုံး သူတွေ နှလုံးကွဲပြီး သေဆုံး သူတွေ ခံစားပြီး သေဆုံး သူတွေ ဟာ Acheron မြစ်ကြီး ထဲသို့ ရောက်ရှိ သွားရ ပါတယ်။

“ ရေးဗား လိသိစ် – River Lethe ”

Lethe ဟာ မေ့လျော့ခြင့် မျောလွင့်ခြင်း မြစ်ကြီး ပါ။ လူ့ဘဝမှာ နေထိုင်စဉ် က အများအကျိုး ကောင်းမှု့ မပြုခဲ့ သူတွေ ဟာ သေဆုံးသွားရင် လဲ အလျှင်အမြန်ပဲ မေ့ပျောက်သွားခြင်း ခံရ ပါတယ်။

ဥပမာ သေဆုံးသွားသူ မှာ ဝမ်းနည်းတမ်းတ လွမ်းဆွတ်ပေးမယ့် မိတ်ဆွေ ဆွေမျိုးသားချင်းတွေ မကျန်ခဲ့ဘူး ဆိုလျင် သူတို့ရဲ့ ဝိညဉ် တွေဟာ Lethe မြစ်ကြီး ထဲကို ရောက်သွား ပါတယ်။

Lethe ဆိုတာ လူတွေ ရဲ့မလိုအပ်တော့တဲ့ မှတ်ညဏ်တွေ ကို ယူဆောင်သွားတတ်တဲ့ မေ့ပျောက်ခြင်း နတ်ဘုရားမ ရဲ့ အမည်ကို အစွဲပြုပြီး ဒီ မြစ်ကြီး ကို အမည်ပေးထား တာပါ။

“ ရေဗား ဖလ်ဂါသင် – River Phlegethon ”

ဒီ မြစ် ကိုတော့တော်တော်များများ ကြားဖူး ကြမှာ ပါ။ ချော်ရည်တွေ စီးဆင်းနေတဲ့ မီး မြစ်ကြီး ပါ။ Phlegethon မြစ်ကြီး ဟာ Titan များ ကို ချုပ်နှောင်ထားတဲ့ Tartarus ထဲသို့ နက်ရှိုင်းစွာ စီးဝင်နေပါတယ်။

“ ရေဗား ကလိုဒိုက်ရပ်စ် – River Cocytus ”

Cocytus မြစ်ကြီး ဟာတော့ ပူဆွေး အော်ဟစ် ငိုကြွေးနေတဲ့ များစွာသော ဝိညဉ် တွေနဲ့ စီးဆင်းနေတဲ့ မြစ်ကြီး ပါ။ နတ်ဘုရားတွေ တောင်မှ ဒီ မြစ်ကြီးထဲ ကနေ ရူးသွပ် မသွားပဲ ပြန်တက်လာနိုင်တဲသူ ရှားပါတယ်။ သူ ဟာ Acheron မြစ်ကြီး ထဲကို စီးဝင်နေ ပါတယ်။

“ ရေဗား အိုရှင်းနပ်စ် – River Oceanus ”

Oceanus မြစ်ကြီး ဟာ ကမ္ဘာကြီး ပတ်ပြီး စီးဆင်းနေတဲ့ မြစ်ကြီး ပါ ။ ဒီ မြစ်ကြီး ဟာ Hades ရဲ့အရှေ့ဘက် ပိုင်နက် ကို နယ်နိမိတ် သတ်မှတ်ပေးထားတဲ့ မြစ်ကြီး လဲ ဖြစ်ပါတယ်။

Hades ရဲ့အနောက်ဘက် ပိုင်နက် ကတော့ Erebos ရဲ့ နယ်မြေ မှာ အဆုံးသတ်သွား ပါတယ်။ Erebos ဟာ God Of Darkness အမှောင် ရဲ့ နတ်ဘုရား ဖြစ် ပါတယ်။ သူ့ရဲ့ပိုင်နက် ဟာ Underworld ရဲ့အဆုံးမှာ ရှိပါတယ်။

SNM

Tags: amazingstory

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!